ရန္ကုန္တကၠသိုလ္ဝင္းအတြင္း သစ္ပင္ ၇၀ ေက်ာ္ ခုတ္လွဲဖို႔ျပင္ေန

MPA
(Zawgyi)⤵⤵⤵
ရန္ကုန္တကၠသိုလ္ဝင္းထဲမွာ လမ္းေဖာက္ဖို႔အတြက္ဆိုၿပီး အာဏာပိုင္ေတြက သစ္ပင္ေတြ ခုတ္လွဲေနသလို ေနာက္ထပ္ သစ္ပင္ေတြခုတ္မယ့္ အစီအစဥ္ေတြ ရွိေနပါတယ္။

"အခုထိ ခုတ္ၿပီးတာက အ႐ြယ္အမ်ိဳးအစားစုံ သစ္ပင္ ၁၀ ပင္ေက်ာ္ ရွိၿပီ" "ေနာက္သူတို႔ ခုတ္မယ့္ လ်ာထားသတ္မွတ္ထားတာက ၇၆ ပင္ ဆိုေပမယ့္ တကယ္တမ္းမွာ အဲဒီ အေရ အတြက္ထက္ ပိုမ်ားေနတယ္" လို႔ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢ ဥကၠဌ ကိုညီေဇာ္ က ဘီဘီစီကို ေျပာပါတယ္။

ခုတ္မယ့္ သစ္ပင္ေတြကို အမွားျခစ္နဲ႔ သတ္မွတ္ထားတယ္၊ အဲဒီသစ္ပင္ေတြထဲမွာ လက္ႏွစ္ဖက္စာေလာက္ရွိေနတဲ့ သက္တမ္းရင့္ အပင္ႀကီး ေတြလည္းပါသလို အပင္အမ်ိဳးအစားေတြ အေနနဲ႔လည္း ကုကၠိဳပင္ေတြ၊ စိန္ပန္းပင္ေတြ၊ ဝါးပိုးဝါး႐ုံစတဲ့ အမ်ိဳးစုံ ပါတယ္လို႔ သူ က ဆက္ေျပာျပပါတယ္။

ရန္ကုန္တကၠသိုလ္ ရာျပည့္ပြဲေတာ္ က်င္းပဖို႔ အစိုးရပိုင္းအပါအဝင္ ေက်ာင္းအာဏာပိုင္ေတြက ျပင္ဆင္ေနၿပီး အဲဒီထဲမွာ ေက်ာင္းပတ္လမ္း ေဖာက္လုပ္ေရးလည္း ပါဝင္ပါတယ္။

ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢရဲ႕ ႏိုဝင္ဘာလ ၁ ရက္ေန႔ထုတ္ျပန္ခ်က္တခု အရ ရန္ကုန္တကၠသိုလ္ ပါေမာကၡခ်ဳပ္က သစ္ပင္ေတြ ခုတ္သြားတာကို မသိလိုက္ရေၾကာင္းနဲ႔ စည္ပင္က ျပဳလုပ္ေနျခင္းေၾကာင့္ အဲဒီလုပ္ငန္းေတြကို ေက်ာင္းက ႀကီးၾကပ္ဖို႔ ဝန္ထမ္း အင္အား မရွိေၾကာင္းလည္း သိရပါတယ္။

MPA
ဒီသစ္ပင္ေတြ ခုတ္ေန၊ ခုတ္မယ့္အေရးေတြနဲ႔ ပတ္သက္ၿပီး ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢနဲ႔ ဆရာမ်ား သမဂၢက ကိုယ္စားလွယ္ေတြဟာ ပါေမာကၡခ်ဳပ္နဲ႔ ၿပီးခဲ့တဲ့ ရက္ပိုင္းေတြက ေတြ႕ဆုံေဆြးေႏြးခဲ့ၾကသလို အရင္တုန္းက ေဆြးေႏြးခဲ့ၿပီးတဲ့ေနာက္ သစ္ပင္ေတြခုတ္ေနတာ မရပ္သြားေသးတဲ့အတြက္ ႏိုဝင္ဘာလ ၂ ရက္ေန႔က ရန္ကုန္တကၠသိုလ္မ်ား ေက်ာင္းသားမ်ား သမဂၢ က ေက်ာင္းသားတခ်ိဳ႕က ဝင္းအတြင္းမွာ လွည့္လည္ ဆႏၵျပခဲ့ၾကပါတယ္။

ရန္ကုန္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ ကိုညီေဇာ္က "သူတို႔အေၾကာင္းျပတာက တကၠသိုလ္ပတ္လမ္းေဖာက္တာက ေက်ာင္းတြင္း လမ္းပန္းဆက္သြယ္ေရး ပိုေကာင္းဖို႔ဆိုၿပီး အေၾကာင္းျပတယ္၊ ဒါေပမဲ့ ရန္ကုန္တကၠသိုလ္ဝင္းကို ဝင္တဲ့ ဝင္ေပါက္ေတြအားလုံးကို ပိတ္ထားၿပီး ပတ္လမ္းကို ေဖာက္တယ္ဟာမ်ိဳးက တကယ္တမ္းလိုအပ္လား၊ သစ္ပင္ေတြကိုခုတ္ဖို႔ တကယ္တမ္းလိုအပ္လားဆိုတာ ျပန္စဥ္းစားဖို႔လိုတယ္" လို႔ ေျပာပါတယ္။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း သစ်ပင် ၇၀ ကျော် ခုတ်လှဲဖို့ပြင်နေ

ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ လမ်းဖောက်ဖို့အတွက်ဆိုပြီး အာဏာပိုင်တွေက သစ်ပင်တွေ ခုတ်လှဲနေသလို နောက်ထပ် သစ်ပင်တွေခုတ်မယ့် အစီအစဉ်တွေ ရှိနေပါတယ်။

"အခုထိ ခုတ်ပြီးတာက အရွယ်အမျိုးအစားစုံ သစ်ပင် ၁၀ ပင်ကျော် ရှိပြီ" "နောက်သူတို့ ခုတ်မယ့် လျာထားသတ်မှတ်ထားတာက ၇၆ ပင် ဆိုပေမယ့် တကယ်တမ်းမှာ အဲဒီ အရေ အတွက်ထက် ပိုများနေတယ်" လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဌ ကိုညီဇော် က ဘီဘီစီကို ပြောပါတယ်။

ခုတ်မယ့် သစ်ပင်တွေကို အမှားခြစ်နဲ့ သတ်မှတ်ထားတယ်၊ အဲဒီသစ်ပင်တွေထဲမှာ လက်နှစ်ဖက်စာလောက်ရှိနေတဲ့ သက်တမ်းရင့် အပင်ကြီး တွေလည်းပါသလို အပင်အမျိုးအစားတွေ အနေနဲ့လည်း ကုက္ကိုပင်တွေ၊ စိန်ပန်းပင်တွေ၊ ဝါးပိုးဝါးရုံစတဲ့ အမျိုးစုံ ပါတယ်လို့ သူ က ဆက်ပြောပြပါတယ်။

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော် ကျင်းပဖို့ အစိုးရပိုင်းအပါအဝင် ကျောင်းအာဏာပိုင်တွေက ပြင်ဆင်နေပြီး အဲဒီထဲမှာ ကျောင်းပတ်လမ်း ဖောက်လုပ်ရေးလည်း ပါဝင်ပါတယ်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ နိုဝင်ဘာလ ၁ ရက်နေ့ထုတ်ပြန်ချက်တခု အရ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က သစ်ပင်တွေ ခုတ်သွားတာကို မသိလိုက်ရကြောင်းနဲ့ စည်ပင်က ပြုလုပ်နေခြင်းကြောင့် အဲဒီလုပ်ငန်းတွေကို ကျောင်းက ကြီးကြပ်ဖို့ ဝန်ထမ်း အင်အား မရှိကြောင်းလည်း သိရပါတယ်။
ဓာတ်ပုံ မူပိုင် MPA

ဒီသစ်ပင်တွေ ခုတ်နေ၊ ခုတ်မယ့်အရေးတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနဲ့ ဆရာများ သမဂ္ဂက ကိုယ်စားလှယ်တွေဟာ ပါမောက္ခချုပ်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တွေ့ဆုံဆွေးနွေးခဲ့ကြသလို အရင်တုန်းက ဆွေးနွေးခဲ့ပြီးတဲ့နောက် သစ်ပင်တွေခုတ်နေတာ မရပ်သွားသေးတဲ့အတွက် နိုဝင်ဘာလ ၂ ရက်နေ့က ရန်ကုန်တက္ကသိုလ်များ ကျောင်းသားများ သမဂ္ဂ က ကျောင်းသားတချို့က ဝင်းအတွင်းမှာ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကိုညီဇော်က "သူတို့အကြောင်းပြတာက တက္ကသိုလ်ပတ်လမ်းဖောက်တာက ကျောင်းတွင်း လမ်းပန်းဆက်သွယ်ရေး ပိုကောင်းဖို့ဆိုပြီး အကြောင်းပြတယ်၊ ဒါပေမဲ့ ရန်ကုန်တက္ကသိုလ်ဝင်းကို ဝင်တဲ့ ဝင်ပေါက်တွေအားလုံးကို ပိတ်ထားပြီး ပတ်လမ်းကို ဖောက်တယ်ဟာမျိုးက တကယ်တမ်းလိုအပ်လား၊ သစ်ပင်တွေကိုခုတ်ဖို့ တကယ်တမ်းလိုအပ်လားဆိုတာ ပြန်စဉ်းစားဖို့လိုတယ်" လို့ ပြောပါတယ်။

BBC Burmese
https://www.bbc.com
ရန္ကုန္တကၠသိုလ္ဝင္းအတြင္း သစ္ပင္ ၇၀ ေက်ာ္ ခုတ္လွဲဖို႔ျပင္ေန ရန္ကုန္တကၠသိုလ္ဝင္းအတြင္း သစ္ပင္ ၇၀ ေက်ာ္ ခုတ္လွဲဖို႔ျပင္ေန Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.