အာဖဂန္နစၥတန္ႏိုင္ငံ နန္ဂါဟာျပည္နယ္တြင္ အိုင္အက္စ္အဖြဲ႕ဝင္ ၂၄၁ ဦး လက္နက္ခ်

အာဖဂန္နစၥတန္ႏိုင္ငံ ကူးနားျပည္နယ္တြင္ ဩဂုတ္လက အစိုးရထံ အိုင္အက္စ္အဖြဲ႕ဝင္မ်ား လက္နက္ခ်ျခင္း အခမ္းအနားအား ေတြ႕ရစဥ္ (ဆင္ဟြာ)

 ဂ်လာလာဘတ္၊ အာဖဂန္နစၥတန္၊ ႏိုဝင္ဘာ ၁၆ ရက္ (ဆင္ဟြာ)

အာဖဂန္နစၥတန္ႏိုင္ငံ အေရွ႕ပိုင္းတြင္ အမ်ိဳးသား၊ အမ်ိဳးသမီးႏွင့္ ကေလးငယ္မ်ား အပါအဝင္ အိုင္အက္စ္အဖြဲ႕ဝင္ႏွင့္ သစၥာခံ ၂၄၁ ဦးသည္ အစိုးရထံ လက္နက္ခ်ခဲ့ေၾကာင္း ႏိုဝင္ဘာ ၁၆ ရက္၌ စစ္တပ္က ထုတ္ျပန္သည့္ ေၾကညာခ်က္အရ သိရသည္။

“ၿပီးခဲ့တဲ့ ၃ ရက္အတြင္း အက္ခ်င္ခ႐ိုင္နဲ႔ မိုမန္ဒါရာခ႐ိုင္ေတြမွာ အမ်ိဳးသား ၇၁ ဦး၊ အမ်ိဳးသမီး ၆၃ ဦးနဲ႔ ကေလး ၁၀၇ ဦး စုစုေပါင္း အိုင္အက္စ္အဖြဲ႕ဝင္ႏွင့္ သစၥာခံ ၂၄၁ ဦးက ေဒသခံအာဏာပိုင္မ်ားထံ လက္နက္ခ်ခဲ့ၾကတယ္” ဟု ေၾကညာခ်က္၌ ေဖာ္ျပထားသည္။၎တို႔က လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားထံ လက္နက္မ်ိဳးစုံ ၆၇ ခုေက်ာ္ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း ေၾကညာခ်က္အရ သိရသည္။

အာဖန္နစၥတန္ႏိုင္ငံ အေရွ႕ပိုင္း၌ လြန္ခဲ့သည့္ႏွစ္ႏွစ္အတြင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားထံ လက္နက္ခ်ဝင္ေရာက္ခဲ့သည့္ စစ္ေသြးႂကြအေရအတြက္မွာ ယခုအႀကိမ္သည္ ပမာဏအမ်ားဆုံးျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ဆိုသည္။နန္ဂါဟာျပည္နယ္ႏွင့္ အနီးဝန္းက်င္ရွိ ကူးနားႏွင့္ ႏူရီစတန္ ျပည္နယ္မ်ားတြင္ လႈပ္ရွားေနသည့္ အိုင္အက္စ္အဖြဲ႕ကမူ အဆိုပါ သတင္းႏွင့္ပတ္သက္၍ မွတ္ခ်က္ျပဳေျပာၾကားထားျခင္းမရွိေပ။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာပြည်နယ်တွင် အိုင်အက်စ်အဖွဲ့ဝင် ၂၄၁ ဦး လက်နက်ချ

အာဖဂန်နစ္စတန်နိုင်ငံ ကူးနားပြည်နယ်တွင် ဩဂုတ်လက အစိုးရထံ အိုင်အက်စ်အဖွဲ့ဝင်များ လက်နက်ချခြင်း အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

    ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အိုင်အက်စ်အဖွဲ့ဝင်နှင့် သစ္စာခံ ၂၄၁ ဦးသည် အစိုးရထံ လက်နက်ချခဲ့ကြောင်း နိုဝင်ဘာ ၁၆ ရက်၌ စစ်တပ်က ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

“ပြီးခဲ့တဲ့ ၃ ရက်အတွင်း အက်ချင်ခရိုင်နဲ့ မိုမန်ဒါရာခရိုင်တွေမှာ အမျိုးသား ၇၁ ဦး၊ အမျိုးသမီး ၆၃ ဦးနဲ့ ကလေး ၁၀၇ ဦး စုစုပေါင်း အိုင်အက်စ်အဖွဲ့ဝင်နှင့် သစ္စာခံ ၂၄၁ ဦးက ဒေသခံအာဏာပိုင်များထံ လက်နက်ချခဲ့ကြတယ်” ဟု ကြေညာချက်၌ ဖော်ပြထားသည်။၎င်းတို့က လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လက်နက်မျိုးစုံ ၆၇ ခုကျော် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကြေညာချက်အရ သိရသည်။

အာဖန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း၌ လွန်ခဲ့သည့်နှစ်နှစ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လက်နက်ချဝင်ရောက်ခဲ့သည့် စစ်သွေးကြွအရေအတွက်မှာ ယခုအကြိမ်သည် ပမာဏအများဆုံးဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။နန်ဂါဟာပြည်နယ်နှင့် အနီးဝန်းကျင်ရှိ ကူးနားနှင့် နူရီစတန် ပြည်နယ်များတွင် လှုပ်ရှားနေသည့် အိုင်အက်စ်အဖွဲ့ကမူ အဆိုပါ သတင်းနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောကြားထားခြင်းမရှိပေ။

(Xinhua)
http://www.xinhuamyanmar.com
အာဖဂန္နစၥတန္ႏိုင္ငံ နန္ဂါဟာျပည္နယ္တြင္ အိုင္အက္စ္အဖြဲ႕ဝင္ ၂၄၁ ဦး လက္နက္ခ် အာဖဂန္နစၥတန္ႏိုင္ငံ နန္ဂါဟာျပည္နယ္တြင္ အိုင္အက္စ္အဖြဲ႕ဝင္ ၂၄၁ ဦး လက္နက္ခ် Reviewed by THITHTOOLWIN on 01:50 Rating: 5
Powered by Blogger.