လႊတ္ေတာ္ၾကားနာပြဲ သက္ေသထြက္ဆိုသူကို Trump တိုက္ခုိက္

ယူကရိန္းဆုိင္ရာ အေမရိကန္ သံအမတ္ႀကီးေဟာင္း Marie Yovanovitch. (ႏုိဝင္ဘာ ၁၅၊ ၂၀၁၉)

(Zawgyi / Unicode)

ရာထူးက ျဖဳတ္ခ်ခံထားခဲ့ရတဲ့ ယူကရိန္းဆုိင္ရာ အေမရိကန္ သံအမတ္ႀကီး Marie Yovanovitch လႊတ္ေတာ္ၾကားနာပြဲမွာ လာေရာက္ထြက္ဆိုေနခ်ိန္မွာပဲ သမၼတ Donald Trump က တြစ္တာကေန သူ႔ကို ေဝဖန္္တိုက္ခုိက္ခဲ့ပါတယ္။

ယူကရိန္းအေရးနဲ႔ ပတ္သက္ၿပီး သမၼတ Trump ကို အေရးယူႏုိင္ေရး ေအာက္လႊတ္ေတာ္ ေကာ္မတီက စုံစမ္းေမးျမန္းေနတဲ့အခ်ိန္မွာ အဲဒီလို ေရးသားခဲ့တာလည္း ျဖစ္ပါတယ္။

Marie Yovanovitch သြားခဲ့သမွ်ေနရာတိုင္း အေျခအေန ဆိုးသြားသလို သူအလုပ္စလုပ္ခဲ့တဲ့ ဆိုမာလီယာမွာ ဘာျဖစ္သြားခဲ့သလဲ ဆိုၿပီး သမၼတ Trump က ေရးခဲ့ပါတယ္။

အဲဒီေနာက္ ယူကရိန္းသမၼတ Zelenskiy နဲ႔ ဒုတိယအႀကိမ္ ဖုန္းေျပာခ်ိန္မွာ ယူကရိန္းသမၼတက သံအမတ္ႀကီး Yovanovitch နဲ႔ ပတ္သက္ၿပီး မႏွစ္ၿမိဳ႕တဲ့သေဘာ သူ႔ကိုေျပာခဲ့တယ္ ဆုိၿပီးေတာ့လည္း တကယ္မဟုတ္တဲ့အခ်က္ကို သမၼတ Trump က တြစ္တာမွာ ေရးသားခဲ့တာပါ။

သမၼတ Trump ရဲ႕ တြစ္တာက အဲဒီလိုေရးသားခ်က္ဟာ လႊတ္ေတာ္ၾကားနာပြဲမွာ သက္ေသအျဖစ္ လာေရာက္ထြက္ဆိုေနတဲ့ Ms. Yovanovitch ေၾကာက္လန္႔သြားေအာင္လုပ္တာ ျဖစ္တယ္လို႔ ေအာက္လႊတ္ေတာ္ ေထာက္လွမ္းေရးေကာ္မတီ ဥကၠ႒ Adam Schiff က ေ၀ဖန္ေျပာဆိုပါတယ္။

ယူကရိန္းအေရးနဲ႔ ပတ္သက္ၿပီး ဒီမိုကရက္ ေအာက္လႊတ္ေတာ္ေကာ္မတီက ေမးျမန္းေနတဲ့ သက္ေသေတြကို သမၼတ Trump က ထိုးႏွက္တုိက္ခိုက္ေနတာမွာ အခု Ms. Yovanovitch ကို ေနာက္ဆံုး ထိုးႏွက္ေရးသားထားတာလည္း ျဖစ္ပါတယ္။

သမၼတ Trump ကေတာ့ သက္ေသေတြကုိ ထိတ္လန္႔ေအာင္ သူလုပ္တာမဟုတ္ဘူးဆိုၿပီး ျငင္းဆိုခဲ့သလို ဒီမိုကရက္ေတြဘက္က ပြင့္လင္းျမင္သာမႈ မရွိဘူးဆိုၿပီး တန္ျပန္စြပ္စြဲခဲ့တာပါ။

--------------------------------

(Unicode)

လွှတ်တော်ကြားနာပွဲ သက်သေထွက်ဆိုသူကို Trump တိုက်ခိုက်

ရာထူးက ဖြုတ်ချခံထားခဲ့ရတဲ့ ယူကရိန်းဆိုင်ရာ အမေရိကန် သံအမတ်ကြီး Marie Yovanovitch လွှတ်တော်ကြားနာပွဲမှာ လာရောက်ထွက်ဆိုနေချိန်မှာပဲ သမ္မတ Donald Trump က တွစ်တာကနေ သူ့ကို ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး သမ္မတ Trump ကို အရေးယူနိုင်ရေး အောက်လွှတ်တော် ကော်မတီက စုံစမ်းမေးမြန်းနေတဲ့အချိန်မှာ အဲဒီလို ရေးသားခဲ့တာလည်း ဖြစ်ပါတယ်။

Marie Yovanovitch သွားခဲ့သမျှနေရာတိုင်း အခြေအနေ ဆိုးသွားသလို သူအလုပ်စလုပ်ခဲ့တဲ့ ဆိုမာလီယာမှာ ဘာဖြစ်သွားခဲ့သလဲ ဆိုပြီး သမ္မတ Trump က ရေးခဲ့ပါတယ်။

အဲဒီနောက် ယူကရိန်းသမ္မတ Zelenskiy နဲ့ ဒုတိယအကြိမ် ဖုန်းပြောချိန်မှာ ယူကရိန်းသမ္မတက သံအမတ်ကြီး Yovanovitch နဲ့ ပတ်သက်ပြီး မနှစ်မြို့တဲ့သဘော သူ့ကိုပြောခဲ့တယ် ဆိုပြီးတော့လည်း တကယ်မဟုတ်တဲ့အချက်ကို သမ္မတ Trump က တွစ်တာမှာရေးသားခဲ့တာပါ။

သမ္မတ Trump ရဲ့ တွစ်တာက အဲဒီလိုရေးသားချက်ဟာ လွှတ်တော်ကြားနာပွဲမှာ သက်သေအဖြစ် လာရောက်ထွက်ဆိုနေတဲ့ Ms. Yovanovitch ကြောက်လန့်သွားအောင်လုပ်တာ ဖြစ်တယ်လို့ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဋ္ဌ Adam Schiff က ဝေဖန်ပြောဆိုပါတယ်။

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ဒီမိုကရက် အောက်လွှတ်တော်ကော်မတီက မေးမြန်းနေတဲ့ သက်သေတွေကို သမ္မတ Trump က ထိုးနှက်တိုက်ခိုက်နေတာမှာ အခု Ms. Yovanovitch ကို နောက်ဆုံး ထိုးနှက်ရေးသားထားတာလည်း ဖြစ်ပါတယ်။

သမ္မတ Trump ကတော့ သက်သေတွေကို ထိတ်လန့်အောင် သူလုပ်တာမဟုတ်ဘူးဆိုပြီး ငြင်းဆိုခဲ့သလို ဒီမိုကရက်တွေဘက်က ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး တန်ပြန်စွပ်စွဲခဲ့တာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
လႊတ္ေတာ္ၾကားနာပြဲ သက္ေသထြက္ဆိုသူကို Trump တိုက္ခုိက္ လႊတ္ေတာ္ၾကားနာပြဲ သက္ေသထြက္ဆိုသူကို Trump တိုက္ခုိက္ Reviewed by THITHTOOLWIN on 01:57 Rating: 5
Powered by Blogger.