ပါကစၥတန္ႏိုင္ငံ အေရွ႕ပိုင္းတြင္ ေလထုအရည္အေသြး ဆိုး႐ြားမႈေၾကာင့္ စာသင္ေက်ာင္းမ်ား ပိတ္ထားရ

ပါကစၥတန္ႏိုင္ငံ လာဟိုးၿမိဳ႕တြင္ စာသင္ေက်ာင္းမ်ားပိတ္သျဖင့္ ေက်ာင္းသားမ်ားအား ေက်ာင္းမွျပန္ေခၚလာသည္ကို ေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
အစၥလာမ္မာဘတ္၊ ႏိုဝင္ဘာ ၁၆ ရက္ (ဆင္ဟြာ)

ပါကစၥတန္ႏိုင္ငံ အေရွ႕ပိုင္း လာဟိုးၿမိဳ႕ႏွင့္ ထိစပ္ေနေသာခ႐ိုင္မ်ားရွိ ေလထုအရည္အေသြးမွာ ႏိုဝင္ဘာ ၁၅ ရက္တြင္ အႏၲရာယ္ရွိအဆင့္သို႔ ေက်ာ္သြားခဲ့ေၾကာင္း၊ အစိုးရႏွင့္ ပုဂၢလိကေက်ာင္းမ်ားကို ႏွစ္ရက္ပိတ္ထားရန္ ေဒသခံအစိုးရက တြန္းအားေပးထားေၾကာင္း ပန္ဂ်ပ္ျပည္နယ္ ေက်ာင္းပညာေရးဌာနမွ ထုတ္ျပန္ထားသည့္ သတိေပးခ်က္အရ သိရသည္။

“မီးခိုးျမဴမ်ား ထူထပ္စြာက်ဆင္းေနတဲ့အတြက္ လာဟိုးၿမိဳ႕၊ ဖိုင္ဆာလာဘတ္ၿမိဳ႕ႏွင့္ ဂူရန္ဝါလာၿမိဳ႕မ်ားရွိ ခ႐ိုင္မ်ားအတြင္းဖြင့္ထားတဲ့ အစိုးရေက်ာင္းေတြနဲ႔ ပုဂၢလိကေက်ာင္းေတြကို ႏိုဝင္ဘာ ၁၅ ရက္နဲ႔ ၁၆ ရက္ေတြမွာ ပိတ္ထားမွာျဖစ္ပါတယ္” ဟု သတိေပးခ်က္တြင္ ေဖာ္ျပထားသည္။ကမာၻလုံးဆိုင္ရာ ေလထုအေျခအေနေစာင့္ၾကည့္ေရးအဖြဲ႕ႀကီးျဖစ္ေသာ Air Visual မွအခ်က္အလက္မ်ားအရ ပန္ဂ်ပ္ျပည္နယ္ ၿမိဳ႕ေတာ္ လာဟိုးရွိ ေလထုအေျခအေနမွာ ၿပီးခဲ့သည့္သီတင္းပတ္မ်ားအတြင္း ဆိုး႐ြားလ်က္ရွိေၾကာင္း ေဖာ္ျပထားသည္။လာဟိုးၿမိဳ႕တြင္ ႏိုဝင္ဘာ ၁၄ ရက္က ကြက္ၾကားမိုး႐ြာသြန္းၿပီးေနာက္ ၿမိဳ႕အတြင္း မီးခိုးျမဴမ်ား ထူထပ္စြာ လႊမ္းၿခဳံခဲ့ကာ ေဒသခံမ်ားအတြက္ ခရီးသြားလာျခင္းႏွင့္ ျပင္ပကိစၥရပ္မ်ား ေဆာင္႐ြက္ရန္ အႏၲရာယ္ႏွင့္ စိန္ေခၚမႈမ်ား ျဖစ္ေနေၾကာင္း သိရသည္။

ပါကစၥတန္ႏိုင္ငံ လာဟိုးၿမိဳ႕တြင္ စာသင္ေက်ာင္းမ်ားပိတ္သျဖင့္ ေက်ာင္းသားမ်ားအား ေက်ာင္းမွျပန္ေခၚလာသည္ကို ေတြ႕ရစဥ္ (ဆင္ဟြာ)

ေလထုအေျခအေနဆိုး႐ြားေနသည့္အတြက္ အာဏာပိုင္မ်ားအေနျဖင့္ ယင္းအေျခအေနကို ကုစားမႈႏွင့္ ကာကြယ္မႈဗ်ဴဟာတစ္ရပ္အေနျဖင့္ မိုးတု႐ြာခ်ျခင္းကဲ့သို႔ေသာ အေရးေပၚေျဖရွင္းမႈအခ်ိဳ႕ လုပ္ေဆာင္ရန္ စဥ္းစားလ်က္ရွိသည္ဟု ဆိုသည္။အစိုးရအေနျဖင့္ မီးခိုးျမဴထူထပ္မႈ အေျခအေနပိုမိုျမင့္လာပါက မိုးတု႐ြာသြန္းမည့္ အယူအဆႏွင့္ တိမ္ျဖစ္ေပၚရန္ စီမံေဆာင္႐ြက္မႈမ်ားအား စတင္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း လာဟိုးခ႐ိုင္မင္းႀကီး အာဆစ္ဖ္ ဘီလယ္ ေလာ့ဟီ (Asif Bilal Lodhi) က ေျပာခဲ့သည္။ပါကစၥတန္ႏိုင္ငံရွိ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးသမားမ်ားကလည္း ႏိုင္ငံအတြင္း အထူးသျဖင့္ လာဟိုးၿမိဳ႕၌ ေလထုအရည္အေသြးႏွင့္ မီးခိုးျမဴမ်ား ဆိုး႐ြားလာျခင္း၏ အဓိကအေၾကာင္းမ်ားမွာ ေတာင္ယာ မီးရႈိ႕ျခင္းႏွင့္ အမႈိက္မီးရႈိ႕ျခင္း၊ အုတ္ဖုတ္ဖိုမ်ားႏွင့္ သံမဏိမီးျပင္းဖိုမ်ားမွ မီးခိုးထုတ္လႊတ္မႈမ်ားေၾကာင့္ ျဖစ္သည္ဟု ယုံၾကည္ေၾကာင္း ေျပာၾကားထားၾကသည္။
(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် လေထုအရည်အသွေး ဆိုးရွားမှုကြောင့် စာသင်ကျောင်းများ ပိတ်ထားရ

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် စာသင်ကျောင်းများပိတ်သဖြင့် ကျောင်းသားများအား ကျောင်းမှပြန်ခေါ်လာသည်ကို တွေ့ရစဉ် (ဆင်ဟွာ) Asia

အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့နှင့် ထိစပ်နေသောခရိုင်များရှိ လေထုအရည်အသွေးမှာ နိုဝင်ဘာ ၁၅ ရက်တွင် အန္တရာယ်ရှိအဆင့်သို့ ကျော်သွားခဲ့ကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကျောင်းများကို နှစ်ရက်ပိတ်ထားရန် ဒေသခံအစိုးရက တွန်းအားပေးထားကြောင်း ပန်ဂျပ်ပြည်နယ် ကျောင်းပညာရေးဌာနမှ ထုတ်ပြန်ထားသည့် သတိပေးချက်အရ သိရသည်။

“မီးခိုးမြူများ ထူထပ်စွာကျဆင်းနေတဲ့အတွက် လာဟိုးမြို့၊ ဖိုင်ဆာလာဘတ်မြို့နှင့် ဂူရန်ဝါလာမြို့များရှိ ခရိုင်များအတွင်းဖွင့်ထားတဲ့ အစိုးရကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေကို နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ ပိတ်ထားမှာဖြစ်ပါတယ်” ဟု သတိပေးချက်တွင် ဖော်ပြထားသည်။ကမ္ဘာလုံးဆိုင်ရာ လေထုအခြေအနေစောင့်ကြည့်ရေးအဖွဲ့ကြီးဖြစ်သော Air Visual မှအချက်အလက်များအရ ပန်ဂျပ်ပြည်နယ် မြို့တော် လာဟိုးရှိ လေထုအခြေအနေမှာ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဆိုးရွားလျက်ရှိကြောင်း ဖော်ပြထားသည်။လာဟိုးမြို့တွင် နိုဝင်ဘာ ၁၄ ရက်က ကွက်ကြားမိုးရွာသွန်းပြီးနောက် မြို့အတွင်း မီးခိုးမြူများ ထူထပ်စွာ လွှမ်းခြုံခဲ့ကာ ဒေသခံများအတွက် ခရီးသွားလာခြင်းနှင့် ပြင်ပကိစ္စရပ်များ ဆောင်ရွက်ရန် အန္တရာယ်နှင့် စိန်ခေါ်မှုများ ဖြစ်နေကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် စာသင်ကျောင်းများပိတ်သဖြင့် ကျောင်းသားများအား ကျောင်းမှပြန်ခေါ်လာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

လေထုအခြေအနေဆိုးရွားနေသည့်အတွက် အာဏာပိုင်များအနေဖြင့် ယင်းအခြေအနေကို ကုစားမှုနှင့် ကာကွယ်မှုဗျူဟာတစ်ရပ်အနေဖြင့် မိုးတုရွာချခြင်းကဲ့သို့သော အရေးပေါ်ဖြေရှင်းမှုအချို့ လုပ်ဆောင်ရန် စဉ်းစားလျက်ရှိသည်ဟု ဆိုသည်။အစိုးရအနေဖြင့် မီးခိုးမြူထူထပ်မှု အခြေအနေပိုမိုမြင့်လာပါက မိုးတုရွာသွန်းမည့် အယူအဆနှင့် တိမ်ဖြစ်ပေါ်ရန် စီမံဆောင်ရွက်မှုများအား စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း လာဟိုးခရိုင်မင်းကြီး အာဆစ်ဖ် ဘီလယ် လော့ဟီ (Asif Bilal Lodhi) က ပြောခဲ့သည်။ပါကစ္စတန်နိုင်ငံရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများကလည်း နိုင်ငံအတွင်း အထူးသဖြင့် လာဟိုးမြို့၌ လေထုအရည်အသွေးနှင့် မီးခိုးမြူများ ဆိုးရွားလာခြင်း၏ အဓိကအကြောင်းများမှာ တောင်ယာ မီးရှို့ခြင်းနှင့် အမှိုက်မီးရှို့ခြင်း၊ အုတ်ဖုတ်ဖိုများနှင့် သံမဏိမီးပြင်းဖိုများမှ မီးခိုးထုတ်လွှတ်မှုများကြောင့် ဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားထားကြသည်။

(Xinhua)
http://www.xinhuamyanmar.com
ပါကစၥတန္ႏိုင္ငံ အေရွ႕ပိုင္းတြင္ ေလထုအရည္အေသြး ဆိုး႐ြားမႈေၾကာင့္ စာသင္ေက်ာင္းမ်ား ပိတ္ထားရ ပါကစၥတန္ႏိုင္ငံ အေရွ႕ပိုင္းတြင္ ေလထုအရည္အေသြး ဆိုး႐ြားမႈေၾကာင့္ စာသင္ေက်ာင္းမ်ား ပိတ္ထားရ Reviewed by THITHTOOLWIN on 01:48 Rating: 5
Powered by Blogger.