မႏၲေလးၿမိဳ႕မွာ လက္နက္ကိုင္ၿပီး ၿခံတစ္ၿခံကို ဝင္ေရာက္က်ဴးေက်ာ္ေနထိုင္မႈျဖစ္ပြား

(Zawgyi)⤵⤵⤵
မႏၲေလး၊ ႏိုဝင္ဘာ ၂၁-၂၀၁၉

မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ၿမိဳ႕သစ္(၁) ၆၄လမ္းနဲ႔ ခ်ယ္ရီလမ္းေထာင့္က သုဓမၼသိဂီ ေဒၤၚအုန္းအမည္ေပါက္ၿခံကို ဒီကေန႔မနက္ပိုင္းက လက္နက္ကိုင္ၿပီး ၿခံကိုဝင္ေရာက္က်ဴးေက်ာ္ေနတဲ့ျဖစ္စဥ္ ျဖစ္ပြားခဲ့ပါတယ္။

“ ကြၽန္မတို႔ၿခံကို ဒီေန႔မနက္ပိုင္းက လူ၁၂ဦးဝန္းက်င္ေလာက္က ကြၽန္မတို႔ၿခံခတ္ထားတဲ့အထဲကို သံဆူးေက်ာ္ၿဖဲၿပီးေတာ့မွ ေက်ာ္ဝင္ပါတယ္။ ဒုတ္ေတြ ဓါးေတြပါတယ္၊ ေသနတ္ကိုင္တဲ့လူက ႏွစ္ေယာက္ေလာက္ပါတယ္၊ အေစာင့္တစ္ေယာက္က်န္ခဲ့ပါတယ္၊ ကြၽန္မတို႔ၿခံေစာင့္ကို ဆြဲႀကိဳးျဖတ္တယ္၊ ထိုးႀကိတ္ၿပီးေတာ့ ၿခံရဲ႕ခတ္ထားတဲ့ ေသာ့ေတြကိုလည္းဖ်က္ပစ္ပါတယ္၊ ၿခံထဲမွာ တပ္ထားတဲ့ သုဓမၼသိဂီ ေဒၤၚအုန္းဆိုင္းဘုတ္ေတြကိုလည္း ျဖဳတ္ပစ္ပါတယ္၊ ၿခံထဲတပ္ထားတဲ့ CCTVေတြကိုလည္း ျဖဳတ္ပစ္ပါတယ္၊ ကြၽန္မတို႔ၿခံေစာင့္ကိုလည္း ႐ိုက္ႏွက္ၿပီးေတာ့ ႏွင္ထုတ္လိုက္တယ္၊ ေသနတ္ကိုင္ထားတဲ့ ႏွစ္ေယာက္ကလည္း ၿပီးေတာ့ ထြက္သြားပါတယ္၊ ၿခံထဲမွာလည္း သူတို႔ရွိပါေသးတယ္၊ အထဲကေန တံခါးကို ေသာ့ပိတ္ထားပါတယ္”လို႔ ၿခံပိုင္ရွင္ရဲ႕ သမီးျဖစ္သူက ေျပာပါတယ္။

ျဖစ္စဥ္နဲ႔ပက္သက္ၿပီး သက္ဆိုင္ရာနယ္ေျမအမွတ္(၁၁)ရဲစခန္းကို ၿခံပိုင္ရွင္ေတြက သြားေရာက္အမႈဖြင့္ရာ စခန္းမရွိလို႔ အမႈဖြင့္မရတဲ့အတြက္ ရဲစခန္းမွာ အခ်ိန္ၾကာၾကာေစာင့္ၿပီး ျပန္ခဲ့ရတယ္လို႔လည္း သိရပါတယ္။

“ ခု ျဖစ္စဥ္ေနရာကို ေရာက္လာတယ္ အမႈသြားဖြင့္ပါလို႔ေျပာတယ္၊ ခုသူတို႔က မဖြင့္ေသးဘူး၊ ကြၽန္ေတာ္တို႔က ႏွစ္ဦးႏွစ္ဖက္ ႐ုန္းရင္းဆန္ခတ္ျဖစ္မွာစိုးလို႔ လာခဲ့တာပဲရွိတယ္၊ သူတို႔ေျပာသလို ၿခံထဲေရာက္ေနသူေတြကို သြားၿပီးဆြဲထုတ္လို႔ မရဘူး၊ တရားဥပေဒအတိုင္းပဲေဆာင္႐ြက္ပါလို႔လည္း ကြၽန္ေတာ္က သူတို႔ကိုေျပာလိုက္တယ္”လို႔ အမွတ္(၁၁)ရဲစခန္းက တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

လက္ရွိအခ်ိန္ထိ အခင္းျဖစ္ပြားတဲ့ေနရာမွာ ၿခံပိုင္ရွင္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြရွိေနၿပီး ၿခံံကိုက်ဳးေက်ာ္ဝင္ေရာက္သူေတြကလည္း ၿခံထဲကေန သတင္းလာယူတဲ့ သတင္းသမားနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြကို ဗီဒီယို႐ိုက္ မွတ္တမ္းရယူေနတာ ျဖစ္ပါတယ္။

အခင္းျဖစ္ၿခံက လက္ရွိ အမႈရင္ဆိုင္ေနရဆဲျဖစ္ၿပီး ယခုလိုျဖစ္ပြားတာကို ရဲစခန္းကိုတိုင္ခ်က္ဖြင့္ဖို႔ ဆက္ၿပီး မျပဳလုပ္ရေသးဘူးလို႔ သိရပါတယ္။

ဟိန္းကို(VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
မန္တလေးမြို့မှာ လက်နက်ကိုင်ပြီး ခြံတစ်ခြံကို ဝင်ရောက်ကျူးကျော်နေထိုင်မှုဖြစ်ပွား

မန္တလေး၊ နိုဝင်ဘာ ၂၁-၂၀၁၉

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(၁) ၆၄လမ်းနဲ့ ချယ်ရီလမ်းထောင့်က သုဓမ္မသိဂီ င်္ဒေါ်အုန်းအမည်ပေါက်ခြံကို ဒီကနေ့မနက်ပိုင်းက လက်နက်ကိုင်ပြီး ခြံကိုဝင်ရောက်ကျူးကျော်နေတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

“ ကျွန်မတို့ခြံကို ဒီနေ့မနက်ပိုင်းက လူ၁၂ဦးဝန်းကျင်လောက်က ကျွန်မတို့ခြံခတ်ထားတဲ့အထဲကို သံဆူးကျော်ဖြဲပြီးတော့မှ ကျော်ဝင်ပါတယ်။ ဒုတ်တွေ ဓါးတွေပါတယ်၊ သေနတ်ကိုင်တဲ့လူက နှစ်ယောက်လောက်ပါတယ်၊ အစောင့်တစ်ယောက်ကျန်ခဲ့ပါတယ်၊ ကျွန်မတို့ခြံစောင့်ကို ဆွဲကြိုးဖြတ်တယ်၊ ထိုးကြိတ်ပြီးတော့ ခြံရဲ့ခတ်ထားတဲ့ သော့တွေကိုလည်းဖျက်ပစ်ပါတယ်၊ ခြံထဲမှာ တပ်ထားတဲ့ သုဓမ္မသိဂီ င်္ဒေါ်အုန်းဆိုင်းဘုတ်တွေကိုလည်း ဖြုတ်ပစ်ပါတယ်၊ ခြံထဲတပ်ထားတဲ့ CCTVတွေကိုလည်း ဖြုတ်ပစ်ပါတယ်၊ ကျွန်မတို့ခြံစောင့်ကိုလည်း ရိုက်နှက်ပြီးတော့ နှင်ထုတ်လိုက်တယ်၊ သေနတ်ကိုင်ထားတဲ့ နှစ်ယောက်ကလည်း ပြီးတော့ ထွက်သွားပါတယ်၊ ခြံထဲမှာလည်း သူတို့ရှိပါသေးတယ်၊ အထဲကနေ တံခါးကို သော့ပိတ်ထားပါတယ်”လို့ ခြံပိုင်ရှင်ရဲ့ သမီးဖြစ်သူက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပက်သက်ပြီး သက်ဆိုင်ရာနယ်မြေအမှတ်(၁၁)ရဲစခန်းကို ခြံပိုင်ရှင်တွေက သွားရောက်အမှုဖွင့်ရာ စခန်းမရှိလို့ အမှုဖွင့်မရတဲ့အတွက် ရဲစခန်းမှာ အချိန်ကြာကြာစောင့်ပြီး ပြန်ခဲ့ရတယ်လို့လည်း သိရပါတယ်။

“ ခု ဖြစ်စဉ်နေရာကို ရောက်လာတယ် အမှုသွားဖွင့်ပါလို့ပြောတယ်၊ ခုသူတို့က မဖွင့်သေးဘူး၊ ကျွန်တော်တို့က နှစ်ဦးနှစ်ဖက် ရုန်းရင်းဆန်ခတ်ဖြစ်မှာစိုးလို့ လာခဲ့တာပဲရှိတယ်၊ သူတို့ပြောသလို ခြံထဲရောက်နေသူတွေကို သွားပြီးဆွဲထုတ်လို့ မရဘူး၊ တရားဥပဒေအတိုင်းပဲဆောင်ရွက်ပါလို့လည်း ကျွန်တော်က သူတို့ကိုပြောလိုက်တယ်”လို့ အမှတ်(၁၁)ရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ အခင်းဖြစ်ပွားတဲ့နေရာမှာ ခြံပိုင်ရှင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရှိနေပြီး ခြံံကိုကျုးကျော်ဝင်ရောက်သူတွေကလည်း ခြံထဲကနေ သတင်းလာယူတဲ့ သတင်းသမားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဗီဒီယိုရိုက် မှတ်တမ်းရယူနေတာ ဖြစ်ပါတယ်။

အခင်းဖြစ်ခြံက လက်ရှိ အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး ယခုလိုဖြစ်ပွားတာကို ရဲစခန်းကိုတိုင်ချက်ဖွင့်ဖို့ ဆက်ပြီး မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။

ဟိန်းကို(VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား