ေအေအအဖြဲ႕က ျပန္လႊတ္ေပးသူေတြ စစ္ေဆးခံေနရ

အမွတ္(၃) နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ခြဲ႐ုံးမွာ စစ္ေဆးခံေနရသူေတြကို ေဒသခံ လႊတ္ေတာ္ ကိုယ္စားလွယ္နဲ႔အတူ ေတြ႕ရစဥ္ / Photo: MP U Tun Aung Thein
(Zawgyi)⤵⤵⤵
စစ္ေတြၿမိဳ႕ကေန ဘူးသီးေတာင္ၿမိဳ႕နယ္ကိုသြားတဲ့ ေ႐ႊနဒီ အျမန္ေရယာဥ္ေပၚကေန ဖမ္းဆီးေခၚေဆာင္သြားတဲ့သူေတြအထဲက ၂၅ ဦးကို ေအေအ အဖြဲ႕က မေန႔ကျပန္လႊတ္ေပးခဲ့တာပါ။

အဲဒီအထဲက လူ ၂၁ ဦးကို ဘူးသီးေတာင္ၿမိဳ႕ အမွတ္(၃) နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕႐ုံးမွာ ေခၚယူစစ္ေဆးေနတာ ဒီေန႔ညေနပိုင္းအထိ ျပန္လြတ္မလာေသးဘူးလို႔ ေဒသခံ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

စစ္ေဆးခံေနရသူေတြထဲက အသက္ ၃၂ ႏွစ္အ႐ြယ္ ေက်ာင္းဆရာတစ္ဦးျဖစ္တဲ့ ဦးထြန္းေ႐ႊဟာ က်န္းမာေရး ခ်ိဳ႕ယြင္းလာတဲ့အတြက္ ဒီေန႔ ေန႔လယ္ ၁၂ နာရီေလာက္မွာ ဘူးသီးေတာင္ ေဆး႐ုံကို တင္လိုက္ရပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ေဆး႐ုံတင္လိုက္ရတဲ့ ေက်ာင္းဆရာ ဦးထြန္းေ႐ႊရဲ႕ အစ္မျဖစ္သူ ေဒၚနီလာသိန္းက အခုလိုေျပာပါတယ္။

“ေၾကာက္တာလည္းပါမွာေပါ့။ မစားႏိုင္ မအိပ္ႏိုင္နဲ႔ေလ။ မနက္က ဖုန္းဆက္လာတယ္ အိပ္လို႔လည္း မရဘူး၊ စားလို႔လည္းမရဘူးလို႔ေျပာၿပီး ငိုပါတယ္။ ကြၽန္မတို႔ကလည္း အကူအညီေတာင္းၿပီးေတာ့ တပ္ကေဆး႐ုံကို လာျပေပးပါတယ္။ အားေဆးေတြ ဘာေတြသြင္းရမယ္လို႔ေျပာပါတယ္။ အိပ္ေဆးေတြ၊ စိတ္ၿငိမ္ေဆးေတြ ေပးရမယ္၊ ေဆး႐ုံတင္ရမယ္လို႔ေျပာလို႔ အခုေဆး႐ုံကို တင္ထားရပါတယ္”

အခုလက္ရွိမွာေတာ့ ေဆးကုသမႈေတြကို ဆက္လက္လုပ္ေဆာင္ေနရဆဲျဖစ္တယ္လို႔ ေဒၚနီလာသိန္းက ေျပာပါ တယ္။

ထိန္းသိမ္းစစ္ေဆးခံေနရသူေတြရဲ႕ မိသားစုဝင္ေတြက ျပန္လြတ္လာဖို႔အေရးကို ဂိတ္ဝအနီးကေန ေစာင့္ေမွ်ာ္ ေနေပမယ့္ ဒီေန႔ညေနပိုင္းအထိ ျပန္လြတ္မလာေသးတာေၾကာင့္ စိုးရိမ္ပူပန္မႈေတြ ရွိေနၾကပါတယ္။

ထိန္းသိမ္းစစ္ေဆးခံေနရတဲ့ ဦးေမာင္ျမင့္ႏိုင္ရဲ႕ မိသားစုဝင္တစ္ဦးျဖစ္သူ ေဒၚစိန္လွျဖဴက -

“ကြၽန္မတို႔ကေတာ့ စိုးရိမ္တာေပါ့။ ဟိုမွာလည္း ေခၚသြားခံရခ်ိန္မွာ စားမဝင္ အိပ္မေပ်ာ္တာေတြလည္း ရွိခဲ့တယ္။ ကြၽန္မ မတ္ေလးဆိုရင္ က်န္းမာေရးမေကာင္းလို႔ ေဆးေတြေသာက္ေနရတာ။ ဒီေရာက္ရင္လည္း မိသားစုနဲ႔ေတြ႕ခြင့္မရဆိုေတာ့ ကြၽန္မတို႔က စိုးရိမ္ေၾကာင့္ၾကတာေပါ့။ သူတို႔စစ္ေဆးမႈၿပီးေအာင္ ကြၽန္မတို႔ဘယ္အခ်ိန္အထိ ေစာင့္ေနရမလဲဆိုတာလည္းမသိဘူးေလ။ သူတို႔စစ္ေဆးၿပီးမွပဲ လြတ္မယ္ဆိုေတာ့ ၾကာလည္းၾကာသြားၿပီ။ မေန႔ကပင္ အခုထိ မိသားစုနဲ႔ ေတြ႕ခြင့္မရေသးဘူး ျဖစ္ေနပါတယ္”

စစ္ေဆးခံေနရသူေတြနဲ႔အတူရွိေနတဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္က အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံက -

“မေန႔ကစစ္တဲ့အခ်က္အလက္ေတြနဲ႔ ကြဲလြဲေနတဲ့ သက္ေသခံ ခုနစ္ေယာက္ရွိတယ္လို႔ ေျပာတယ္။ အဲဒီခုနစ္ေယာက္ကို စစ္ေဆးတယ္။ အဲဒီဟာၿပီးရင္ သူတို႔ကို ျပန္လႊတ္ေပးမယ္လို႔ အဲလိုပဲေျပာတယ္။ အခုစစ္တာက ၁၉ ေယာက္ရွိတယ္။ ႏွစ္ေယာက္ကေတာ့ သူတို႔သီးျခားယူသြားတယ္။ ဘယ္ကို ယူသြားတယ္ ဆိုတာမသိဘူး။ သူတို႔ဒီမွာမရွိဘူး။ ဒီမွာသတင္းေတြထြက္ေနတာက အဲဒီႏွစ္ေယာက္က ရဲတပ္ဖြဲ႕ကလို႔ ေျပာေနၾကတယ္။ အဲဒါေၾကာင့္ သူတို႔ကိုေခၚသြားတာ။ ဒီမွာစစ္တာက ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးကပါတယ္။ ၿပီးရင္ ေမာင္ေတာ သတင္းတပ္ဖြဲ႕ကပါတယ္။ ဒီမနက္က စစ္ဗ်ဴဟာကလည္း လာစစ္သြားတယ္။ ၿပီးရင္ အမွတ္(၃)နယ္ျခားေစာင့္ကလည္းစစ္တယ္”

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၂၆ ရက္ေန႔က ေ႐ႊနဒီ အျမန္ေရယာဥ္ေပၚက တပ္မေတာ္သား၊ ရဲတပ္ဖြဲ႕၊ အစိုးရ ဝန္ထမ္းေတြ အပါအဝင္ လူ ၁၅၀ ေက်ာ္ကို ေအေအအဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားတာနဲ႔ ပတ္သက္လို႔ ေ႐ႊနဒီ အျမန္ေရယာဥ္ပိုင္ရွင္နဲ႔ ဝန္ထမ္းခု နစ္ဦးကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕က ထိန္းသိမ္းစစ္ေဆးေနတာျဖစ္ပါတယ္။

ဒီအမႈနဲ႔ဆက္စပ္ၿပီး မေန႔က ေအေအအဖြဲ႕ကျပန္လႊတ္ေပးလိုက္သူေတြဟာ သက္ေသေတြအျဖစ္နဲ႔ စစ္ေဆး ခံေနရတာလို႔ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံကေျပာပါတယ္။

အလားတူ မေန႔က ျပန္လည္လြတ္ေျမာက္လာတဲ့ ရေသ့ေတာင္ေဒသခံ ဦးေက်ာ္ေဌးကိုလည္း ဒီေန႔ ေန႔လယ္က စစ္ေတြၿမိဳ႕ အမွတ္(၁)ရဲစခန္းမွာ ထိန္းသိမ္းစစ္ေဆးေနပါတယ္။

ဒီေန႔ မနက္က ဦးေက်ာ္ေဌးနဲ႔အတူရွိေနခဲ့တဲ့ စစ္ေတြၿမိဳ႕နယ္ ရခိုင့္ဦးေဆာင္ပါတီ ဥကၠ႒ ဦးေအာင္သန္းေဝ ေျပာျပတာက -

“ရဲတပ္ဖြဲ႕က စစ္ေဆးစရာရွိတယ္ဆိုၿပီးေတာ့မွ ဒီေန႔မနက္က မလိခေရယာဥ္နဲ႔ ပါလာတယ္ခင္ဗ်။ ရဲတပ္ဖြဲ႕က လုံၿခဳံေရးေတြနဲ႔ပါလာတာ။ အခုလည္း အမွတ္(၁)ၿမိဳ႕မရဲစခန္းမွာ စစ္ေဆးမယ္ဆိုၿပီးေတာ့ စခန္းမႉးေျပာျပခ်က္အရ သိရတယ္ဗ်”

ေအေအအဖြဲ႕က ျပန္လႊတ္ေပးလိုက္သူေတြကို စစ္ေဆးေနတာေတြနဲ႔ ပတ္သက္လို႔ ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႕တာဝန္ရွိသူကို RFA ကဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူး။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကေတာ့ အခုလိုေျပာပါတယ္။

“ဒါကေတာ့ ပုံမွန္လုပ္႐ိုးလုပ္စဥ္ပါပဲ။ ျပန္လာရင္ေတာ့ သိသင့္ သိထိုက္တဲ့အခ်က္အလက္ေတြကို သိခ်င္လို႔ေမးတာပါပဲ။ ျပန္လႊတ္မွာေပါ့ဗ်ာ။ ဘာလို႔တရားစြဲမွာလဲ။ မစြဲပါဘူး။ သူတို႔ကိုမွ အမႈမလုပ္တာကို ဘာလို႔စြဲရမွာလဲ”

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကေန အခုအခ်ိန္အထိ အရပ္သား ေသဆုံးမႈ ၉၀ ေက်ာ္နဲ႔ ထိခိုက္ဒဏ္ရာရမႈက လူ ၁၃၀ ေက်ာ္အထိ ရွိေနၿပီလို႔ ေဒသခံေတြကေျပာဆိုၾကပါတယ္။

RFA Burmese
https://www.rfa.org
--------------------
(Unicode)⤵⤵⤵
အေအေအဖွဲ့က ပြန်လွှတ်ပေးသူတွေ စစ်ဆေးခံနေရ

အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲရုံးမှာ စစ်ဆေးခံနေရသူတွေကို ဒေသခံ လွှတ်တော် ကိုယ်စားလှယ်နဲ့အတူ တွေ့ရစဉ်
Photo: MP U Tun Aung Thein

စစ်တွေမြို့ကနေ ဘူးသီးတောင်မြို့နယ်ကိုသွားတဲ့ ရွှေနဒီ အမြန်ရေယာဉ်ပေါ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေအထဲက ၂၅ ဦးကို အေအေ အဖွဲ့က မနေ့ကပြန်လွှတ်ပေးခဲ့တာပါ။

အဲဒီအထဲက လူ ၂၁ ဦးကို ဘူးသီးတောင်မြို့ အမှတ်(၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ရုံးမှာ ခေါ်ယူစစ်ဆေးနေတာ ဒီနေ့ညနေပိုင်းအထိ ပြန်လွတ်မလာသေးဘူးလို့ ဒေသခံ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

စစ်ဆေးခံနေရသူတွေထဲက အသက် ၃၂ နှစ်အရွယ် ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးထွန်းရွှေဟာ ကျန်းမာရေး ချို့ယွင်းလာတဲ့အတွက် ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ ဘူးသီးတောင် ဆေးရုံကို တင်လိုက်ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆေးရုံတင်လိုက်ရတဲ့ ကျောင်းဆရာ ဦးထွန်းရွှေရဲ့ အစ်မဖြစ်သူ ဒေါ်နီလာသိန်းက အခုလိုပြောပါတယ်။

“ကြောက်တာလည်းပါမှာပေါ့။ မစားနိုင် မအိပ်နိုင်နဲ့လေ။ မနက်က ဖုန်းဆက်လာတယ် အိပ်လို့လည်း မရဘူး၊ စားလို့လည်းမရဘူးလို့ပြောပြီး ငိုပါတယ်။ ကျွန်မတို့ကလည်း အကူအညီတောင်းပြီးတော့ တပ်ကဆေးရုံကို လာပြပေးပါတယ်။ အားဆေးတွေ ဘာတွေသွင်းရမယ်လို့ပြောပါတယ်။ အိပ်ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေ ပေးရမယ်၊ ဆေးရုံတင်ရမယ်လို့ပြောလို့ အခုဆေးရုံကို တင်ထားရပါတယ်”

အခုလက်ရှိမှာတော့ ဆေးကုသမှုတွေကို ဆက်လက်လုပ်ဆောင်နေရဆဲဖြစ်တယ်လို့ ဒေါ်နီလာသိန်းက ပြောပါ တယ်။

ထိန်းသိမ်းစစ်ဆေးခံနေရသူတွေရဲ့ မိသားစုဝင်တွေက ပြန်လွတ်လာဖို့အရေးကို ဂိတ်ဝအနီးကနေ စောင့်မျှော် နေပေမယ့် ဒီနေ့ညနေပိုင်းအထိ ပြန်လွတ်မလာသေးတာကြောင့် စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။

ထိန်းသိမ်းစစ်ဆေးခံနေရတဲ့ ဦးမောင်မြင့်နိုင်ရဲ့ မိသားစုဝင်တစ်ဦးဖြစ်သူ ဒေါ်စိန်လှဖြူက -

“ကျွန်မတို့ကတော့ စိုးရိမ်တာပေါ့။ ဟိုမှာလည်း ခေါ်သွားခံရချိန်မှာ စားမဝင် အိပ်မပျော်တာတွေလည်း ရှိခဲ့တယ်။ ကျွန်မ မတ်လေးဆိုရင် ကျန်းမာရေးမကောင်းလို့ ဆေးတွေသောက်နေရတာ။ ဒီရောက်ရင်လည်း မိသားစုနဲ့တွေ့ခွင့်မရဆိုတော့ ကျွန်မတို့က စိုးရိမ်ကြောင့်ကြတာပေါ့။ သူတို့စစ်ဆေးမှုပြီးအောင် ကျွန်မတို့ဘယ်အချိန်အထိ စောင့်နေရမလဲဆိုတာလည်းမသိဘူးလေ။ သူတို့စစ်ဆေးပြီးမှပဲ လွတ်မယ်ဆိုတော့ ကြာလည်းကြာသွားပြီ။ မနေ့ကပင် အခုထိ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူး ဖြစ်နေပါတယ်”

စစ်ဆေးခံနေရသူတွေနဲ့အတူရှိနေတဲ့ ဘူးသီးတောင်မြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက -

“မနေ့ကစစ်တဲ့အချက်အလက်တွေနဲ့ ကွဲလွဲနေတဲ့ သက်သေခံ ခုနစ်ယောက်ရှိတယ်လို့ ပြောတယ်။ အဲဒီခုနစ်ယောက်ကို စစ်ဆေးတယ်။ အဲဒီဟာပြီးရင် သူတို့ကို ပြန်လွှတ်ပေးမယ်လို့ အဲလိုပဲပြောတယ်။ အခုစစ်တာက ၁၉ ယောက်ရှိတယ်။ နှစ်ယောက်ကတော့ သူတို့သီးခြားယူသွားတယ်။ ဘယ်ကို ယူသွားတယ် ဆိုတာမသိဘူး။ သူတို့ဒီမှာမရှိဘူး။ ဒီမှာသတင်းတွေထွက်နေတာက အဲဒီနှစ်ယောက်က ရဲတပ်ဖွဲ့ကလို့ ပြောနေကြတယ်။ အဲဒါကြောင့် သူတို့ကိုခေါ်သွားတာ။ ဒီမှာစစ်တာက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကပါတယ်။ ပြီးရင် မောင်တော သတင်းတပ်ဖွဲ့ကပါတယ်။ ဒီမနက်က စစ်ဗျူဟာကလည်း လာစစ်သွားတယ်။ ပြီးရင် အမှတ်(၃)နယ်ခြားစောင့်ကလည်းစစ်တယ်”

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေနဒီ အမြန်ရေယာဉ်ပေါ်က တပ်မတော်သား၊ ရဲတပ်ဖွဲ့၊ အစိုးရ ဝန်ထမ်းတွေ အပါအဝင် လူ ၁၅၀ ကျော်ကို အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ ပတ်သက်လို့ ရွှေနဒီ အမြန်ရေယာဉ်ပိုင်ရှင်နဲ့ ဝန်ထမ်းခု နစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ထိန်းသိမ်းစစ်ဆေးနေတာဖြစ်ပါတယ်။

ဒီအမှုနဲ့ဆက်စပ်ပြီး မနေ့က အေအေအဖွဲ့ကပြန်လွှတ်ပေးလိုက်သူတွေဟာ သက်သေတွေအဖြစ်နဲ့ စစ်ဆေး ခံနေရတာလို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကပြောပါတယ်။

အလားတူ မနေ့က ပြန်လည်လွတ်မြောက်လာတဲ့ ရသေ့တောင်ဒေသခံ ဦးကျော်ဌေးကိုလည်း ဒီနေ့ နေ့လယ်က စစ်တွေမြို့ အမှတ်(၁)ရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးနေပါတယ်။

ဒီနေ့ မနက်က ဦးကျော်ဌေးနဲ့အတူရှိနေခဲ့တဲ့ စစ်တွေမြို့နယ် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းဝေ ပြောပြတာက -

“ရဲတပ်ဖွဲ့က စစ်ဆေးစရာရှိတယ်ဆိုပြီးတော့မှ ဒီနေ့မနက်က မလိခရေယာဉ်နဲ့ ပါလာတယ်ခင်ဗျ။ ရဲတပ်ဖွဲ့က လုံခြုံရေးတွေနဲ့ပါလာတာ။ အခုလည်း အမှတ်(၁)မြို့မရဲစခန်းမှာ စစ်ဆေးမယ်ဆိုပြီးတော့ စခန်းမှူးပြောပြချက်အရ သိရတယ်ဗျ”

အေအေအဖွဲ့က ပြန်လွှတ်ပေးလိုက်သူတွေကို စစ်ဆေးနေတာတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူကို RFA ကဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အခုလိုပြောပါတယ်။

“ဒါကတော့ ပုံမှန်လုပ်ရိုးလုပ်စဉ်ပါပဲ။ ပြန်လာရင်တော့ သိသင့် သိထိုက်တဲ့အချက်အလက်တွေကို သိချင်လို့မေးတာပါပဲ။ ပြန်လွှတ်မှာပေါ့ဗျာ။ ဘာလို့တရားစွဲမှာလဲ။ မစွဲပါဘူး။ သူတို့ကိုမှ အမှုမလုပ်တာကို ဘာလို့စွဲရမှာလဲ”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ အခုအချိန်အထိ အရပ်သား သေဆုံးမှု ၉၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရမှုက လူ ၁၃၀ ကျော်အထိ ရှိနေပြီလို့ ဒေသခံတွေကပြောဆိုကြပါတယ်။

RFA Burmese
https://www.rfa.org
ေအေအအဖြဲ႕က ျပန္လႊတ္ေပးသူေတြ စစ္ေဆးခံေနရ ေအေအအဖြဲ႕က ျပန္လႊတ္ေပးသူေတြ စစ္ေဆးခံေနရ Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.