ရခိုင္နဲ႔ ခ်င္းေဒသမွာ တိုက္ပြဲဆက္ျဖစ္၊ အရပ္သားမ်ားဒဏ္ရာရ

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ေျမပုံကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
မေန႔က ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ တုံးဝ႐ြာ ေနာက္ဘက္မွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး တပ္မေတာ္ ရဟတ္ယာဥ္ ႏွစ္စီး လာေရာက္ ဗုံးႀကဲတိုက္ခိုက္ခဲ့တယ္လို႔ ရကၡိဳင့္တပ္ေတာ္ (AA) က သတင္း ထုတ္ျပန္ထားပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္ ေစတီေတာင္႐ြာအနီးကို လာေရာက္တိုက္ခိုက္ခဲ့ေၾကာင္းနဲ႔ သရက္ျပင္႐ြာအနီးမွာလည္း တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒီကေန႔မွာလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္နဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္ေတြမွာ တိုက္ပြဲျဖစ္ပြားၿပီး ႏွစ္ဘက္ ထိခိုက္မႈရွိေၾကာင္း AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက ေျပာပါတယ္။

"ေက်ာက္ေတာ္ၿမိဳ႕နယ္ မိေခ်ာင္းတဲ႐ြာရဲ႕ အေရွ႕ဘက္ ၁.၃ ကီလိုမီတာေလာက္အကြာမွာ ေန႔လယ္ ၁၁ နာရီက စၿပီးေတာ့ အဲဒီမွာ တိုက္ပြဲအျပင္းအထန္ျဖစ္တာရွိတယ္။ ေနာက္တစ္ေနရာကေတာ့ ဘူးသီးေတာင္ၿမိဳ႕နယ္ သရက္ျပင္႐ြာအနီးမွာ ႏွစ္ဘက္ရင္ဆိုင္ တိုက္ပြဲျဖစ္ခဲ့တာရွိတယ္။ အဲဒီတိုက္ပြဲမွာေတာ့ ရန္သူဘက္ေန တစ္ဦးေသၿပီးေတာ့ ႏွစ္ဦးဒဏ္ရာရတာရွိတယ္။ ကြၽန္ေတာ္တို႔ဘက္ကလည္း အဲဒီတိုက္ပြဲမွာ တစ္ဦး ဒဏ္ရာရတာ ရွိတယ္ဗ်"

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကေတာ့ မေန႔က ၾကာညိဳျပင္႐ြာအနီးမွာ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္းနဲ႔ ဒီကေန႔ အေျခအေနကိုေတာ့ သတင္းေတြ တက္မလာေသးလို႔ မေျပာႏိုင္ေသးဘူးလို႔  ေျပာပါတယ္။

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ေရဆိုးေခ်ာင္း႐ြာ ဗ်ဴဟာကုန္းအနီးမွာ မေန႔ညပိုင္းက တိုက္ပြဲျဖစ္ပြားတဲ့ ေနရာနားရွိေနတဲ့ ေရစိုးေခ်ာင္း႐ြာေဒသခံ ဦးေအာင္ထြန္းျမဆိုသူ ေပ်ာက္ဆုံးေနတယ္လို႔ သိရပါတယ္။

ေဒသခံေတြက သူ႔ကိုရွာေဖြဖို႔ တပ္မေတာ္ဗ်ဴဟာကုန္းကို သြားေရာက္ အေၾကာင္းၾကားခဲ့ရာမွာ တပ္က တိုက္ပြဲျဖစ္ေနခ်ိန္ ႐ြာထဲမွာပဲေနၾကဖို႔  ေျပာဆိုတာေၾကာင့္ ေလာေလာဆယ္ ရွာေဖြဖို႔ အေျခအေနမေပးဘူးလို႔ သူ႔ရဲ႕ ေယာက္ဖျဖစ္သူ  ဦးစိုးသိန္းထြန္းက ေျပာပါတယ္။

"ဗ်ဴဟာကို သြားတိုင္တယ္၊ တိုင္ေတာ့ သူတို႔က မေန႔က တိုက္ပြဲျဖစ္တယ္။ အဲဒီဘက္ကို မသြားနဲ႔ဆိုၿပီး တားထားတယ္။ အဲဒါေၾကာင့္ သူ႔ကို ရွာလို႔မရျဖစ္ေနတယ္။ ရွာလို႔မရတဲ့အတြက္ စိုးရိမ္ေနတာ တစ္ခုပဲရွိတယ္"

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေဒသခံ အရပ္သား ေပ်ာက္ဆုံးတာ မသိရေၾကာင္း၊ ေရစိုးေခ်ာင္း႐ြာအနီးမွာ တိုက္ပြဲျဖစ္ပြားတာေတာ့ မွန္ကန္ေၾကာင္း ေျပာပါတယ္။

"အရပ္သားေတြ ေပ်ာက္တာ ဘာညာေတာ့ ကြၽန္ေတာ္ ဘာမွအသံမၾကားဘူး။ တိုက္ပြဲျဖစ္တာကေတာ့ မွန္တယ္။ ရန္သူဘက္က အေလာင္း ႏွစ္ေလာင္းရတာေပါ့ဗ်ာ၊ အဲဒီေရစိုးေခ်ာင္းနားမွာ ျဖစ္တဲ့ဟာ"

ဒီနယ္ေျမမွာ ေလေၾကာင္းကေန ကင္းေထာက္ေနတယ္၊ တိုက္ပြဲေတြအတြင္း တပ္မေတာ္ဘက္က က်ဆုံးတာ မရွိဘဲ ထိခိုက္ဒဏ္ရာရတာေတာ့ရွိတယ္လို႔ ဆက္ေျပာပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္ ၾကာညိဳျပင္ေက်း႐ြာအနီးမွာလည္း မေန႔ကတည္းက တစ္ေနကုန္ တိုက္ပြဲေတြျဖစ္ပြားေနတယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက ေျပာပါတယ္။

ဒီကေန႔ ေန႔လယ္ပိုင္းမွာ ၾကာညိဳျပင္႐ြာရဲ႕ ရခိုင္႐ြာနဲ႔ မြတ္စလင္႐ြာေတြကို လက္နက္ႀကီးက်ည္ က်ေရာက္ခဲ့လို႔ မြတ္စလင္႐ြာက သုံးဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ဘူးသီးေတာင္ေဆး႐ုံကို ပို႔ေဆာင္ထားတယ္၊ ရခိုင္႐ြာဘက္မွာေတာ့ ေနအိမ္ ေလးလုံး မီးေလာင္သြားတယ္၊ သရက္ျပင္႐ြာလည္း လက္နက္ႀကီးဒဏ္ ခံေနရတယ္လို႔  အဲဒီေဒသခံက ေျပာပါတယ္။

"ဒီေန႔  ႏွစ္နာရီေလာက္က စျဖစ္တာ၊ လက္နက္ႀကီးေတြနဲ႔ထုတယ္ လက္နက္ငယ္ေတြနဲ႔လည္း ပစ္တယ္။ ႐ြာမွာ မီးေလာင္ေနတယ္၊ မြတ္စလင္႐ြာေရာ၊ ရခိုင္႐ြာေရာ တစ္႐ြာလုံးေတာ့ မဟုတ္ဘူး။ မြတ္စလင္႐ြာက ေယာက္်ားတစ္ေယာက္ ေပါင္မွာထိတယ္၊ မိန္းမတစ္ေယာက္ေတာ့ ဂုတ္ေပၚမွာထိတယ္၊ ကေလးတစ္ေယာက္ကေတာ့ ဘယ္နားမွာထိလဲ ကြၽန္မတို႔လည္း မသိေသးဘူး။ သူတို႔က ဘူးသီးေတာင္ေဆး႐ုံေရာက္သြားၿပီ"

ဒီရက္ပိုင္းအတြင္း ရေသ့ေတာင္၊ ဘူးသီးေတာင္နဲ႔ ပလက္ဝၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြ ေန႔တိုင္းနီးပါး ျဖစ္ပြားေနတာပါ။

ရခိုင္ျပည္နယ္မွာ အခုႏွစ္အတြင္း လက္နက္က်ည္၊ မိုင္း စတာေတြေၾကာင့္ အရပ္သားေတြထဲ ေသဆုံးသူ ၉၀ ေက်ာ္ရွိေနၿပီး ဒဏ္ရာရသူကေတာ့ ၁၃၀ ေက်ာ္အထိ ရွိေနၿပီလို႔ ေဒသခံေတြက ေျပာပါတယ္။

RFA Burmese
https://www.rfa.org
------------------
(Unicode)⤵⤵⤵
ရခိုင်နဲ့ ချင်းဒေသမှာ တိုက်ပွဲဆက်ဖြစ်၊ အရပ်သားများဒဏ်ရာရ

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် မြေပုံကို တွေ့ရစဉ်
Photo: Google Map

မနေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ် တုံးဝရွာ နောက်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော် ရဟတ်ယာဉ် နှစ်စီး လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က သတင်း ထုတ်ပြန်ထားပါတယ်။

ဘူးသီးတောင်မြို့နယ် စေတီတောင်ရွာအနီးကို လာရောက်တိုက်ခိုက်ခဲ့ကြောင်းနဲ့ သရက်ပြင်ရွာအနီးမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီကနေ့မှာလည်း ကျောက်တော်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက် ထိခိုက်မှုရှိကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

"ကျောက်တော်မြို့နယ် မိချောင်းတဲရွာရဲ့ အရှေ့ဘက် ၁.၃ ကီလိုမီတာလောက်အကွာမှာ နေ့လယ် ၁၁ နာရီက စပြီးတော့ အဲဒီမှာ တိုက်ပွဲအပြင်းအထန်ဖြစ်တာရှိတယ်။ နောက်တစ်နေရာကတော့ ဘူးသီးတောင်မြို့နယ် သရက်ပြင်ရွာအနီးမှာ နှစ်ဘက်ရင်ဆိုင် တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ အဲဒီတိုက်ပွဲမှာတော့ ရန်သူဘက်နေ တစ်ဦးသေပြီးတော့ နှစ်ဦးဒဏ်ရာရတာရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း အဲဒီတိုက်ပွဲမှာ တစ်ဦး ဒဏ်ရာရတာ ရှိတယ်ဗျ"

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ မနေ့က ကြာညိုပြင်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနဲ့ ဒီကနေ့ အခြေအနေကိုတော့ သတင်းတွေ တက်မလာသေးလို့ မပြောနိုင်သေးဘူးလို့  ပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရေဆိုးချောင်းရွာ ဗျူဟာကုန်းအနီးမှာ မနေ့ညပိုင်းက တိုက်ပွဲဖြစ်ပွားတဲ့ နေရာနားရှိနေတဲ့ ရေစိုးချောင်းရွာဒေသခံ ဦးအောင်ထွန်းမြဆိုသူ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဒေသခံတွေက သူ့ကိုရှာဖွေဖို့ တပ်မတော်ဗျူဟာကုန်းကို သွားရောက် အကြောင်းကြားခဲ့ရာမှာ တပ်က တိုက်ပွဲဖြစ်နေချိန် ရွာထဲမှာပဲနေကြဖို့  ပြောဆိုတာကြောင့် လောလောဆယ် ရှာဖွေဖို့ အခြေအနေမပေးဘူးလို့ သူ့ရဲ့ ယောက်ဖဖြစ်သူ  ဦးစိုးသိန်းထွန်းက ပြောပါတယ်။

"ဗျူဟာကို သွားတိုင်တယ်၊ တိုင်တော့ သူတို့က မနေ့က တိုက်ပွဲဖြစ်တယ်။ အဲဒီဘက်ကို မသွားနဲ့ဆိုပြီး တားထားတယ်။ အဲဒါကြောင့် သူ့ကို ရှာလို့မရဖြစ်နေတယ်။ ရှာလို့မရတဲ့အတွက် စိုးရိမ်နေတာ တစ်ခုပဲရှိတယ်"

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒေသခံ အရပ်သား ပျောက်ဆုံးတာ မသိရကြောင်း၊ ရေစိုးချောင်းရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာတော့ မှန်ကန်ကြောင်း ပြောပါတယ်။

"အရပ်သားတွေ ပျောက်တာ ဘာညာတော့ ကျွန်တော် ဘာမှအသံမကြားဘူး။ တိုက်ပွဲဖြစ်တာကတော့ မှန်တယ်။ ရန်သူဘက်က အလောင်း နှစ်လောင်းရတာပေါ့ဗျာ၊ အဲဒီရေစိုးချောင်းနားမှာ ဖြစ်တဲ့ဟာ"

ဒီနယ်မြေမှာ လေကြောင်းကနေ ကင်းထောက်နေတယ်၊ တိုက်ပွဲတွေအတွင်း တပ်မတော်ဘက်က ကျဆုံးတာ မရှိဘဲ ထိခိုက်ဒဏ်ရာရတာတော့ရှိတယ်လို့ ဆက်ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာအနီးမှာလည်း မနေ့ကတည်းက တစ်နေကုန် တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းမှာ ကြာညိုပြင်ရွာရဲ့ ရခိုင်ရွာနဲ့ မွတ်စလင်ရွာတွေကို လက်နက်ကြီးကျည် ကျရောက်ခဲ့လို့ မွတ်စလင်ရွာက သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ထားတယ်၊ ရခိုင်ရွာဘက်မှာတော့ နေအိမ် လေးလုံး မီးလောင်သွားတယ်၊ သရက်ပြင်ရွာလည်း လက်နက်ကြီးဒဏ် ခံနေရတယ်လို့  အဲဒီဒေသခံက ပြောပါတယ်။

"ဒီနေ့  နှစ်နာရီလောက်က စဖြစ်တာ၊ လက်နက်ကြီးတွေနဲ့ထုတယ် လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ ရွာမှာ မီးလောင်နေတယ်၊ မွတ်စလင်ရွာရော၊ ရခိုင်ရွာရော တစ်ရွာလုံးတော့ မဟုတ်ဘူး။ မွတ်စလင်ရွာက ယောက်ျားတစ်ယောက် ပေါင်မှာထိတယ်၊ မိန်းမတစ်ယောက်တော့ ဂုတ်ပေါ်မှာထိတယ်၊ ကလေးတစ်ယောက်ကတော့ ဘယ်နားမှာထိလဲ ကျွန်မတို့လည်း မသိသေးဘူး။ သူတို့က ဘူးသီးတောင်ဆေးရုံရောက်သွားပြီ"

ဒီရက်ပိုင်းအတွင်း ရသေ့တောင်၊ ဘူးသီးတောင်နဲ့ ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေတာပါ။

ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း လက်နက်ကျည်၊ မိုင်း စတာတွေကြောင့် အရပ်သားတွေထဲ သေဆုံးသူ ၉၀ ကျော်ရှိနေပြီး ဒဏ်ရာရသူကတော့ ၁၃၀ ကျော်အထိ ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

RFA Burmese
https://www.rfa.org
ရခိုင္နဲ႔ ခ်င္းေဒသမွာ တိုက္ပြဲဆက္ျဖစ္၊ အရပ္သားမ်ားဒဏ္ရာရ ရခိုင္နဲ႔ ခ်င္းေဒသမွာ တိုက္ပြဲဆက္ျဖစ္၊ အရပ္သားမ်ားဒဏ္ရာရ Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.