နာဂေခါင္းေဆာင္ေတြကို ေထာင္ ၂ႏွစ္စီ ခ်မွတ္


(Zawgyi/Unicode)

နာဂအမ်ိဳးသားဆုိရွယ္လစ္ေကာင္စီ NSCN-K ရဲ႕ ထိပ္ပိုင္း ေခါင္းေဆာင္ေဟာင္း ၅ဦးအပါအ၀င္ စစ္ဘက္တာ၀န္ရိွသူ ၆ဦး ေပါင္း ၁၁ဦးကုိ ဒီေန႔ မတရားသင္းနဲ႔ ဆက္သြယ္မႈ ပုဒ္မ ၁၇(၁) နဲ႔ ေထာင္ဒဏ္ ၂ႏွစ္စီ ခ်မွတ္လိုက္ပါတယ္။

ဒီလို ေထာင္ဒဏ္ခ်မွတ္ခံရတဲ့ ေခါင္းေဆာင္ေတြဟာ အပစ္အခတ္ရပ္စဲေရးကို ဦးေဆာင္ခဲ့သူေတြျဖစ္တာေၾကာင့္ NSCN-K နဲ႔ ေဆာင္ရြက္ေနတဲ့ ၿငိမ္းခ်မ္းေရးလုပ္စဥ္ဟာ ေရွ႔ဆက္ဖုိ႔ အခက္အခဲ ရိွလာႏိုင္ေၾကာင္း သံုးတာေတြ ရိွေနပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းရဲ႕ သတင္းေထာက္ ကိုမုိးေဇာ္က အခုလုိ တင္ျပထားပါတယ္။

နာဂအမ်ိဳးသားဆုိရွယ္လစ္ေကာင္စီ NSCN-Kက အဖဲြ႔၀င္ ၁၁ဦးကို ဒီေန႔ မနက္ ၁၁နာရီေလာက္က စစ္ကိုင္းတုိင္းေဒသၾကီး ခႏီၱးၿမိဳ႔နယ္ တရားရံုးကေန ျပစ္ဒဏ္စီရင္ခ်က္ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

ဒီေန႔ တရားရံုးကို သြားေရာက္ေလ့လာခဲ့တဲ့ ခႏၱီးၿမိဳ႔ခံတစ္ဦးက NSCN-K အဖဲြ႔၀င္ေတြကို တရားစီရင္တဲ့ အေျခအေနကို VOA ကို အခုလုိ ေျပာျပပါတယ္။

“ စီရင္ခ်က္ ခ်တဲ့အထဲမွာ ပါတဲ့သူက ၀န္ၾကီးအဆင့္ ဦးေက်ာ္၀မ္းစိန္၊ ဦးအန္ကန္႔၊ ဦးအန္မိုင္း၊ ဦးေစာထင္၊ ဦးေအာင္ဆုိင္း သူတို႔ ၀န္ၾကီး အဆင့္ ၅ဦးရယ္။ ဟို ဗိုလ္မွဴးအဆင့္ ကိုၾကားရန္ တို႔ပါမယ္။ ဗုိလ္မွဴးအဆင့္ ကုိၾကားရန္ အပါအ၀င္ ၆ဦးေပါ့။ ၀န္ၾကီးအဆင့္ သူတုိ႔ အားလံုးေပါင္း ၅ဦးရယ္၊ NSCN-K တပ္ဘက္က ၆ဦးရယ္ အားလံုးေပါင္း ၁၁ေယာက္ေပါ့။ ေထာင္ဒဏ္ ၂ႏွစ္စီခ်မွတ္တာေပါ့။ မတရားအသင္း ၁၇(၁) ပုဒ္မနဲ႔ပဲဗ်။”

NSCN-K အဖဲြ႔၀င္ေတြကို လက္ရိွ ခႏီၱးေထာင္မွာ ခ်ဳပ္ေႏွာင္ထားၿပီး သူတို႔ အခ်င္းခ်င္းၾကားမွာ ညိွႏိႈင္းၿပီးမွသာ အယူခံ တက္၊ မတက္ ဆံုးျဖတ္မယ္လုိ႔လည္း ခႏီၱးၿမိဳ႔ခံက ေျပာပါတယ္။

NSCN-K ဟာ အိႏိၵယႏိုင္ငံကို ေတာ္လွန္ေနတဲ့ကသည္း၊ အာသံ စတဲ့လက္နက္ကိုင္ အဖဲြ႔ေတြကို သူတုိ႔ ဌာနခ်ဳပ္မွာ လက္ခံထားတယ္ဆုိတဲ့သတင္းအရ အစိုးရတပ္မေတာ္က ဒီႏွစ္ ဇန္န၀ါရီလမွာ နယ္ေျမရွင္းလင္း ခဲ့ပါတယ္။ မတ္လအတြင္းမွာေတာ့ ေခါင္းေဆာင္ ၅ဦးကို ထိန္းသိမ္းခဲ့ၿပီး ေမလအတြင္းမွာ တပ္ဘက္ဆုိင္ရာ လူ၆ေယာက္ကို ထပ္မံဖမ္းဆီးၿပီး မတရားသင္း ဥပေဒနဲ႔ တရားစဲြဆိုခဲ့တာျဖစ္ပါတယ္။

NSCN-Kဟာ တိုင္းေဒသႀကီးအဆင့္နဲ႔ ၿငိမ္းခ်မ္းေရးသေဘာတူစာခ်ဳပ္ကို ၂၀၁၂ခုႏွစ္က လက္မွတ္ေရးထိုး ခဲ့ေပမဲ့တစ္ႏိုင္ငံလံုး ပစ္ခတ္တုိက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA ကိုေတာ့လက္မွတ္ မေရးထိုး ေသးပါဘူး။

ေထာင္ခ်ခံရတဲ့ ေခါင္းေဆာင္ ၅ဦးဟာ NSCN-K ရဲ႕ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးအဖဲြ႔၀င္ေတြ ျဖစ္ပါတယ္။ႏို၀င္ဘာလ ၁ရက္ေန႔မွာ သူတို႔ဟာ NSCN-K ရဲ့ မူ၀ါဒနဲ႔ မကိုက္ညီဘဲ NCA လက္မွတ္ေရးထိုးေရး အတြက္ ေဆာင္ရြက္ေတြရိွတယ္ဆုိတဲ့အေၾကာင္း ျပခ်က္နဲ႔ အဖဲြ႔ကေန ထုတ္ပယ္လိုက္ပါတယ္။

ဒီအေျခအေနေတြေၾကာင့္ အစိုးရနဲ႔ NSCN-K အၾကားက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြဟာ ေရွ႕ဆက္ဖုိ႔ ခက္ခဲလာႏိုင္ေၾကာင္း ခႏီၱးၿမိဳ႔နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားေဟာင္း တစ္ဦးျဖစ္တဲ့ ဦးလွထြန္းက သံုးသပ္ပါတယ္။

“ အခု ေထာင္အခ်ခံရတဲ့ ပုဂၢိဳလ္ေတြကေတာ့ ၿငိမ္းခ်မ္းေရး တကယ္ ၿငိမ္းခ်မ္းေရးလိုခ်င္တဲ့ လူေတြေပါ့။ နဂိုတုန္းကလည္း သူတို႔တေတြ လက္မွတ္ထိုးခဲ့တဲ့ လူေတြေလ။ အခုက သူတုိ႔ကို ေထာင္ခ်လိုက္တယ္ဆုိေတာ့ ၿငိမ္းခ်မ္းေရးက နည္းနည္းေတာ့ အလွမ္းေ၀းမယ္ ထင္တာပဲ။ တကယ္လိုလားတဲ့သူေတြက ေထာင္ခ်လိုက္တယ္။ သူတုိ႔ကိုလည္း ဟိုဘက္ကေနၿပီးေတာ့ ထုတ္ပယ္လုိက္တယ္ဆုိေတာ့ အနာဂတ္ၿငိမ္းခ်မ္းေရးက အလွမ္းေ၀းမယ္လုိ႔ပဲ သံုးသပ္ရတာေပါ့။ ၿငိမ္းခ်မ္းေရးေအာင္ျမင္ဖုိ႔ဆုိရင္ေတာ့ တာ၀န္ရိွတဲ့ အစိုးရအဖဲြ႔ေတြရယ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြေရာ၊ ေနာက္ နာဂအၾကီးအကဲေတြေပ့ါ ေနာ္ ဒီ ၿငိမ္းခ်မ္းေရးအဖဲြ႔နဲ႔ ျပန္လည္ ထိေတြ႔ၿပီးေတာ့ ျပန္လည္ ေဆြးေႏြးသင့္တာေပါ့။”

NSCN- K အဖဲြ႔ဟာ အိႏိၵယနဲ႔ ျမန္မာ ႏွစ္ႏိုင္ငံလံုးမွာ ေနထိုင္ေနတဲ့ နာဂလူမ်ိဳးေတြရဲ့ အေရးကို ေဆာင္ရြက္ေနတဲ့ အဖဲြ႔ျဖစ္တာေၾကာင့္ ျမန္မာအစိုးရနဲ႔ အပစ္အခတ္ရပ္စဲထားေပမဲ့ ႏိုင္ငံေရးေဆြးေႏြးမွာ မဟုတ္ေၾကာင္းနဲ႔ ႏိုင္ငံေရးေဆြးေႏြးမယ္ဆုိရင္ ျမန္မာ၊ အိႏိၵယနဲ႔ နာဂ ၃ပြင့္ဆုိင္ေဆြးေႏြးအေျဖရွာမွ ရမယ္လုိ႔ ယံုၾကည္ထားတဲ့ အဖဲြ႔လည္း ျဖစ္ပါတယ္။

.................

နာဂခေါင်းဆောင်တွေကို ထောင် ၂နှစ်စီချမှတ်

(Unicode)

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်ဟောင်း ၅ဦးအပါအဝင် စစ်ဘက်တာဝန်ရှိသူ ၆ဦး ပေါင်း ၁၁ဦးကို ဒီနေ့ မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ထောင်ဒဏ် ၂နှစ်စီ ချမှတ်လိုက်ပါတယ်။

ဒီလို ထောင်ဒဏ်ချမှတ်ခံရတဲ့ ခေါင်းဆောင်တွေဟာ အပစ်အခတ်ရပ်စဲရေးကို ဦးဆောင်ခဲ့သူတွေဖြစ်တာကြောင့် NSCN-K နဲ့ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်စဉ်ဟာ ရှေ့ဆက်ဖို့ အခက်အခဲ ရှိလာနိုင်ကြောင်း သုံးတာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က အခုလို တင်ပြထားပါတယ်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-Kက အဖွဲ့ဝင် ၁၁ဦးကို ဒီနေ့ မနက် ၁၁နာရီလောက်က စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် တရားရုံးကနေ ပြစ်ဒဏ်စီရင်ချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ တရားရုံးကို သွားရောက်လေ့လာခဲ့တဲ့ ခန္တီးမြို့ခံတစ်ဦးက NSCN-K အဖွဲ့ဝင်တွေကို တရားစီရင်တဲ့ အခြေအနေကို VOA ကို အခုလို ပြောပြပါတယ်။

“ စီရင်ချက် ချတဲ့အထဲမှာ ပါတဲ့သူက ဝန်ကြီးအဆင့် ဦးကျော်ဝမ်းစိန်၊ ဦးအန်ကန့်၊ ဦးအန်မိုင်း၊ ဦးစောထင်၊ ဦးအောင်ဆိုင်း သူတို့ ဝန်ကြီး အဆင့် ၅ဦးရယ်။ ဟို ဗိုလ်မှူးအဆင့် ကိုကြားရန် တို့ပါမယ်။ ဗိုလ်မှူးအဆင့် ကိုကြားရန် အပါအဝင် ၆ဦးပေါ့။ ဝန်ကြီးအဆင့် သူတို့ အားလုံးပေါင်း ၅ဦးရယ်၊ NSCN-K တပ်ဘက်က ၆ဦးရယ် အားလုံးပေါင်း ၁၁ယောက်ပေါ့။ ထောင်ဒဏ် ၂နှစ်စီချမှတ်တာပေါ့။ မတရားအသင်း ၁၇(၁) ပုဒ်မနဲ့ပဲဗျ။”

NSCN-K အဖွဲ့ဝင်တွေကို လက်ရှိ ခန္တီးထောင်မှာ ချုပ်နှောင်ထားပြီး သူတို့ အချင်းချင်းကြားမှာ ညှိနှိုင်းပြီးမှသာ အယူခံ တက်၊ မတက် ဆုံးဖြတ်မယ်လို့လည်း ခန္တီးမြို့ခံက ပြောပါတယ်။

NSCN-K ဟာ အိန္ဒိယနိုင်ငံကို တော်လှန်နေတဲ့ကသည်း၊ အာသံ စတဲ့လက်နက်ကိုင် အဖွဲ့တွေကို သူတို့ ဌာနချုပ်မှာ လက်ခံထားတယ်ဆိုတဲ့သတင်းအရ အစိုးရတပ်မတော်က ဒီနှစ် ဇန်နဝါရီလမှာ နယ်မြေရှင်းလင်း ခဲ့ပါတယ်။ မတ်လအတွင်းမှာတော့ ခေါင်းဆောင် ၅ဦးကို ထိန်းသိမ်းခဲ့ပြီး မေလအတွင်းမှာ တပ်ဘက်ဆိုင်ရာ လူ၆ယောက်ကို ထပ်မံဖမ်းဆီးပြီး မတရားသင်း ဥပဒေနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

NSCN-Kဟာ တိုင်းဒေသကြီးအဆင့်နဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ၂၀၁၂ခုနှစ်က လက်မှတ်ရေးထိုး ခဲ့ပေမဲ့တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကိုတော့လက်မှတ် မရေးထိုး သေးပါဘူး။

ထောင်ချခံရတဲ့ ခေါင်းဆောင် ၅ဦးဟာ NSCN-K ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင်တွေ ဖြစ်ပါတယ်။နိုဝင်ဘာလ ၁ရက်နေ့မှာ သူတို့ဟာ NSCN-K ရဲ့ မူဝါဒနဲ့ မကိုက်ညီဘဲ NCA လက်မှတ်ရေးထိုးရေး အတွက် ဆောင်ရွက်တွေရှိတယ်ဆိုတဲ့အကြောင်း ပြချက်နဲ့ အဖွဲ့ကနေ ထုတ်ပယ်လိုက်ပါတယ်။

ဒီအခြေအနေတွေကြောင့် အစိုးရနဲ့ NSCN-K အကြားက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ ရှေ့ဆက်ဖို့ ခက်ခဲလာနိုင်ကြောင်း ခန္တီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားဟောင်း တစ်ဦးဖြစ်တဲ့ ဦးလှထွန်းက သုံးသပ်ပါတယ်။

“ အခု ထောင်အချခံရတဲ့ ပုဂ္ဂိုလ်တွေကတော့ ငြိမ်းချမ်းရေး တကယ် ငြိမ်းချမ်းရေးလိုချင်တဲ့ လူတွေပေါ့။ နဂိုတုန်းကလည်း သူတို့တတွေ လက်မှတ်ထိုးခဲ့တဲ့ လူတွေလေ။ အခုက သူတို့ကို ထောင်ချလိုက်တယ်ဆိုတော့ ငြိမ်းချမ်းရေးက နည်းနည်းတော့ အလှမ်းဝေးမယ် ထင်တာပဲ။ တကယ်လိုလားတဲ့သူတွေက ထောင်ချလိုက်တယ်။ သူတို့ကိုလည်း ဟိုဘက်ကနေပြီးတော့ ထုတ်ပယ်လိုက်တယ်ဆိုတော့ အနာဂတ်ငြိမ်းချမ်းရေးက အလှမ်းဝေးမယ်လို့ပဲ သုံးသပ်ရတာပေါ့။ ငြိမ်းချမ်းရေးအောင်မြင်ဖို့ဆိုရင်တော့ တာဝန်ရှိတဲ့ အစိုးရအဖွဲ့တွေရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ နောက် နာဂအကြီးအကဲတွေပေ့ါ နော် ဒီ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ပြန်လည် ထိတွေ့ပြီးတော့ ပြန်လည် ဆွေးနွေးသင့်တာပေါ့။”

NSCN- K အဖွဲ့ဟာ အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံလုံးမှာ နေထိုင်နေတဲ့ နာဂလူမျိုးတွေရဲ့ အရေးကို ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်တာကြောင့် မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲထားပေမဲ့ နိုင်ငံရေးဆွေးနွေးမှာ မဟုတ်ကြောင်းနဲ့ နိုင်ငံရေးဆွေးနွေးမယ်ဆိုရင် မြန်မာ၊ အိန္ဒိယနဲ့ နာဂ ၃ပွင့်ဆိုင်ဆွေးနွေးအဖြေရှာမှ ရမယ်လို့ ယုံကြည်ထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

မုိးေဇာ္ / VOA Burmese
https://burmese.voanews.com
နာဂေခါင္းေဆာင္ေတြကို ေထာင္ ၂ႏွစ္စီ ခ်မွတ္ နာဂေခါင္းေဆာင္ေတြကို ေထာင္ ၂ႏွစ္စီ ခ်မွတ္ Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.