ကေမၺာဒီးယား အတိုက္အခံေခါင္းေဆာင္ အိမ္ျပန္ခရီး ထိုင္းေလေၾကာင္းလက္မခံ

အတိုက္အခံ ေခါင္းေဆာင္ Sam Rainsy

(Zawgyi/Unicode)

ကေမာၻဒီးယား ႏိုင္ငံရဲ႕ အထင္ရွားဆံုး အတိုက္အခံ ေခါင္းေဆာင္ Sam Rainsy ဟာ ျပင္သစ္ႏိုင္ငံ ပါရီ ၿမိဳ႕ကေန သူ႔မူရင္းႏိုင္ငံကို ျပန္ဖို႔ အတြက္ ေလယာဥ္ေပၚ တက္ေရာက္ခြင့္ အပိတ္ပင္ ခံလိုက္ရပါတယ္။

ကေမာၻဒီးယား ႏိုင္ငံမွာ အာဏာျပၿပီး ကာလတာရွည္ အုပ္စိုးလာတဲ့ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္းကို ေရြးေကာက္ပြဲမွာ စိန္ေခၚဖို႔ ေနရပ္ရင္း အျပန္ခရီးမွာ အခုလို တားဆီးတာကို ခံရေပမယ့္ သူ႔ကို ေထာက္ခံသူေတြကေတာ့ သူ႔ရဲ့ အစီအစဥ္ကို ဆက္လက္ အေကာင္ထည္ ေဖၚၾကလိမ့္မယ္လို႔ Sam Rainsy ကေျပာပါတယ္။

ကေမာၻဒီးယားမွာ တားျမစ္ပိတ္ပင္တာ ခံေနရတဲ့ CMP ကေမာၻဒီးယား အမ်ိဳးသား ကယ္တင္ေရး ပါတီ ကေတာ့ စေနေန႔က်ရင္ ထိုင္းႏုိင္ငံကေန ကေမာၻဒီးယားကို ဝင္ေရာက္ၿပီး ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္း ျပဳတ္က်ေအာင္ လုထုလႈပ္ရွားမႈတရပ္ စတင္မယ္လို႔ ေျပာထားတာ ျဖစ္ပါတယ္။

Sam Rainsy ဟာ ပါရီၿမိဳ႕ အျပင္ဘက္ Charles de Gaulle ေလဆိပ္မွာ ထုိင္းေလေၾကာင္းလိုင္း ေလယာဥ္ေပၚ တက္ဖို႔ အလုပ္မွာ အဆင့္ျမင့္ အာဏာပိုင္ေတြက သူ႔ကို ေလယာဥ္ေပၚ မတက္ဖုိ႔ ညႊန္ၾကားခ်က္ ရရွိေၾကာင္း ေျပာၾကားၿပီး တက္ခြင့္မေပးခဲ့တာ ျဖစ္ပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ ပရာရြသ္ ခ်န္အိုခ်ာက ထုိင္းနဲ႔ ကေမာၻဒီးယား တို႔ဟာ အာဆီယံ အဖြဲ႔ဝင္ ႏုိင္ငံေတြ ျဖစ္တဲ့အတြက္ တႏိုင္ငံရဲ့ျပည္တြင္းေရးကို ေနာက္တႏိုင္ငံက ဝင္စြက္ခြင့္ မရွိဘူးလို႔ ဗုဒၶဟူးေန႔က ေျပာပါတယ္။

Sam Rainsy လာေရာက္မယ့္ကိစၥကို ဟန္႔တားေပးဖုိ႔ ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္းက အိမ္နီးခ်င္းေတြကို အေၾကာင္းၾကားထားတာ ျဖစ္ပါတယ္။

မေလးရွား ႏုိင္ငံကလည္း ကေမာၻဒီးယား အတိုက္အခံေတြကို သူတို႔ႏိုင္ငံတြင္း လြတ္လပ္စြာ လႈပ္ရွားမႈ ဟန္႔တား ပိတ္ပင္ထားပါတယ္။ Sam Ramsi ကေတာ့ ဒီခရီးစဥ္မွာ ေလယာဥ္တက္ခြင့္ မရေပမယ့္ ေနာက္ အိမ္နီးခ်င္း ႏုိင္ငံ တခုကေန ကေမာၻဒီးယားကို ျပန္သြားမယ္လို႔ ေျပာပါတယ္။
ကေမၺာဒီးယား အတိုက္အခံေခါင္းေဆာင္ အိမ္ျပန္ခရီး ထိုင္းေလေၾကာင္းလက္မခံ
Embed share

...................

ကမ္ဗောဒီးယား အတိုက်အခံခေါင်းဆောင် အိမ်ပြန်ခရီး ထိုင်းလေကြောင်းလက်မခံ

(Unicode)

ကမ္ဘောဒီးယား နိုင်ငံရဲ့ အထင်ရှားဆုံး အတိုက်အခံ ခေါင်းဆောင် Sam Rainsy ဟာ ပြင်သစ်နိုင်ငံ ပါရီ မြို့ကနေ သူ့မူရင်းနိုင်ငံကို ပြန်ဖို့ အတွက် လေယာဉ်ပေါ် တက်ရောက်ခွင့် အပိတ်ပင် ခံလိုက်ရပါတယ်။

ကမ္ဘောဒီးယား နိုင်ငံမှာ အာဏာပြပြီး ကာလတာရှည် အုပ်စိုးလာတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်းကို ရွေးကောက်ပွဲမှာ စိန်ခေါ်ဖို့ နေရပ်ရင်း အပြန်ခရီးမှာ အခုလို တားဆီးတာကို ခံရပေမယ့် သူ့ကို ထောက်ခံသူတွေကတော့ သူ့ရဲ့ အစီအစဉ်ကို ဆက်လက် အကောင်ထည် ဖေါ်ကြလိမ့်မယ်လို့ Sam Rainsy ကပြောပါတယ်။

ကမ္ဘောဒီးယားမှာ တားမြစ်ပိတ်ပင်တာ ခံနေရတဲ့ CMP ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေး ပါတီ ကတော့ စနေနေ့ကျရင် ထိုင်းနိုင်ငံကနေ ကမ္ဘောဒီးယားကို ဝင်ရောက်ပြီး ဝန်ကြီးချုပ် ဟွန်ဆန်း ပြုတ်ကျအောင် လုထုလှုပ်ရှားမှုတရပ် စတင်မယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

Sam Rainsy ဟာ ပါရီမြို့ အပြင်ဘက် Charles de Gaulle လေဆိပ်မှာ ထိုင်းလေကြောင်းလိုင်း လေယာဉ်ပေါ် တက်ဖို့ အလုပ်မှာ အဆင့်မြင့် အာဏာပိုင်တွေက သူ့ကို လေယာဉ်ပေါ် မတက်ဖို့ ညွှန်ကြားချက် ရရှိကြောင်း ပြောကြားပြီး တက်ခွင့်မပေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာရွသ် ချန်အိုချာက ထိုင်းနဲ့ ကမ္ဘောဒီးယား တို့ဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်တဲ့အတွက် တနိုင်ငံရဲ့ပြည်တွင်းရေးကို နောက်တနိုင်ငံက ဝင်စွက်ခွင့် မရှိဘူးလို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

Sam Rainsy လာရောက်မယ့်ကိစ္စကို ဟန့်တားပေးဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်းက အိမ်နီးချင်းတွေကို အကြောင်းကြားထားတာ ဖြစ်ပါတယ်။

မလေးရှား နိုင်ငံကလည်း ကမ္ဘောဒီးယား အတိုက်အခံတွေကို သူတို့နိုင်ငံတွင်း လွတ်လပ်စွာ လှုပ်ရှားမှု ဟန့်တား ပိတ်ပင်ထားပါတယ်။ Sam Ramsi ကတော့ ဒီခရီးစဉ်မှာ လေယာဉ်တက်ခွင့် မရပေမယ့် နောက် အိမ်နီးချင်း နိုင်ငံ တခုကနေ ကမ္ဘောဒီးယားကို ပြန်သွားမယ်လို့ ပြောပါတယ်။

VOA Burmese
https://burmese.voanews.com
ကေမၺာဒီးယား အတိုက္အခံေခါင္းေဆာင္ အိမ္ျပန္ခရီး ထိုင္းေလေၾကာင္းလက္မခံ ကေမၺာဒီးယား အတိုက္အခံေခါင္းေဆာင္ အိမ္ျပန္ခရီး ထိုင္းေလေၾကာင္းလက္မခံ Reviewed by THITHTOOLWIN on 23:41 Rating: 5
Powered by Blogger.