ဓာတုလက္နက္သိုေလွာင္မႈ စြပ္စြဲခ်က္ တပ္မေတာ္ ျငင္း

၂၀၁၆ ခုႏွစ္ တပ္မေတာ္ေန႔ အခမ္းအနားမွာ စစ္ေရးျပေနစဥ္
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံထဲမွာ သမိုင္းမွာ နာမည္ဆိုးနဲ႔ေက်ာ္ၾကားတဲ့ ဓာတုလက္နက္ေတြ သိုေလွာင္ထားတာ  ရွိေကာင္းရွိ ႏိုင္တဲ့အတြက္ စိုးရိမ္မကင္းျဖစ္ရတယ္လို႔ အေမရိကန္အစိုးရရဲ႕ အႀကီးတန္းအရာရွိတစ္ဦးက မေန႔ကျပဳလုပ္တဲ့ ဓာတုလက္နက္ဆိုင္ရာတားဆီးေရး သေဘာတူစာခ်ဳပ္ OPCW ႏွစ္ပတ္လည္အစည္းအေဝးမွာ ေျပာဆိုလိုက္ ပါတယ္။

တပ္မေတာ္ဘက္ကေတာ့ ဓာတုလက္နက္ေတြသိုေလွာင္တာေရာ အသုံးျပဳတာေရာမရွိဘူးလို႔ တုံ႔ျပန္လိုက္ ပါတယ္။

ျမန္မာႏိုင္ငံဟာ ၁၉၉၇ ခုႏွစ္မွာျပဌာန္းခဲ့တဲ့ ဓာတုလက္နက္ေတြ ထုတ္လုပ္၊ သိုေလွာင္၊ အသုံးျပဳတာကို တားျမစ္တဲ့ သေဘာတူစာခ်ဳပ္ CWC ကို ၂၀၁၅ ခုႏွစ္မွာ ပါဝင္လက္မွတ္ေရးထားထားတဲ့ ၁၉၁ ႏိုင္ငံေျမာက္ ႏိုင္ငံျဖစ္ပါတယ္။

ဒါေပမဲ့ ၁၉၈၀ ေလာက္ကတည္းက ႏိုင္ငံထဲမွာ ဓာတုလက္နက္ေတြ သိုေလွာင္ထားတာျဖစ္ႏိုင္ေျခရွိတယ္လို႔ အေမရိကန္အစိုးရရဲ႕အႀကီးတန္းအရာရွိက ေသာမတ္ဒီနန္းႏိုက ေျပာဆိုခဲ့တာပါ။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ဓာတုေဗဒ ပစၥည္းေတြ သိုေလွာင္ထားလည္းမရွိသလို ထုတ္လုပ္ဖို႔လည္းမရွိေၾကာင္းနဲ႔ အသုံးျပဳတာလည္းမရွိဘူးလို႔ ေျပာပါတယ္။

ေသာမတ္ဒီနန္းႏိုကေတာ့ ျမန္မာႏိုင္ငံအေနနဲ႔ ဓာတုလက္နက္ပစၥည္းေတြကို ဖ်က္ဆီးလိုတယ္ဆိုရင္ အေမရိကန္ႏိုင္ငံက ကူညီဖို႔အသင့္ရွိေၾကာင္း ေျပာပါတယ္။

အခုလိုစြပ္စြဲတာေတြဟာ အေမရိကန္ႏိုင္ငံရဲ႕ အစီအစဥ္ေတြထဲက ႏိုင္ငံေရးအရ ဖိအားေပးမႈတစ္ရပ္ သာျဖစ္တယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း က ဆိုပါတယ္။

ဓာတုလက္နက္ေတြရွိလား မရွိလား မသိတဲ့အတြက္ မွတ္ခ်က္ေပးဖို႔ ခက္ေပမယ့္ စစ္ေျမျပင္မွာသုံးတဲ့ အေထာက္အထားမေတြ႕ဘဲ စြပ္စြဲ႐ုံေလာက္နဲ႔ေတာ့ ဘာမွမျဖစ္ႏိုင္ဘူးလို႔ ႏိုင္ငံေရး စစ္ေရးေလ့လာသူ ဦးေမာင္ေမာင္စိုးကေျပာပါတယ္။

စစ္အစိုးရလက္ထက္ ကရင္လက္နက္ကိုင္ တိုင္းရင္းသားအဖြဲ႕ေတြကို တိုက္ခိုက္ခဲ့တုန္းကလည္း ဓာတုေဗဒ လက္နက္ေတြကို အသုံးျပဳခဲ့တယ္လို႔ လန္ဒန္အေျခစိုက္ ခရစ္ယာန္ေသြးစည္းညီၫြတ္ေရးအဖြဲ႕က ၂၀၀၅ ခုႏွစ္မွာ စြပ္စြဲခဲ့ဖူးပါတယ္။

ဒါအျပင္ ၂၀၁၃ ခုႏွစ္က လက္ပန္းေတာင္းေတာင္ ေၾကးနီစီမံကိန္းဆႏၵျပမႈျဖစ္စဥ္မွာ ဆႏၵျပသူေတြရဲ႕ အေရ ျပားေတြ မီးေလာင္ေအာင္ ဓာတုေဗဒပစၥည္း ေဖာ့စရက္ေတြအသုံးျပဳၿပီး ၿဖိဳခြင္းခဲ့တယ္လို႔ စြပ္စြဲခံထားရသလို ၂၀၁၄ ခုႏွစ္မွာလည္း ေပါက္ၿမိဳ႕မွာ ဓာတုေဗဒလက္နက္စက္႐ုံ တည္ေဆာက္ေနတယ္ဆိုၿပီး သတင္းေဖာ္ထုတ္ ေရးသားခဲ့တဲ့ ယူနတီသတင္းေထာက္ေတြကို ေထာင္ဒဏ္ ၁၀ ႏွစ္စီ ခ်မွတ္ခဲ့တဲ့အတြက္ ႏိုင္ငံတကာရဲ႕ေဝဖန္မႈနဲ႔ သံသယျဖစ္မႈေတြနဲ႔ ႀကဳံေတြခဲ့ရဖူးပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ဓာတုလက်နက်သိုလှောင်မှု စွပ်စွဲချက် တပ်မတော် ငြင်း

၂၀၁၆ ခုနှစ် တပ်မတော်နေ့ အခမ်းအနားမှာ စစ်ရေးပြနေစဉ်
Photo: RFA

မြန်မာနိုင်ငံထဲမှာ သမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဓာတုလက်နက်တွေ သိုလှောင်ထားတာ  ရှိကောင်းရှိ နိုင်တဲ့အတွက် စိုးရိမ်မကင်းဖြစ်ရတယ်လို့ အမေရိကန်အစိုးရရဲ့ အကြီးတန်းအရာရှိတစ်ဦးက မနေ့ကပြုလုပ်တဲ့ ဓာတုလက်နက်ဆိုင်ရာတားဆီးရေး သဘောတူစာချုပ် OPCW နှစ်ပတ်လည်အစည်းအဝေးမှာ ပြောဆိုလိုက် ပါတယ်။

တပ်မတော်ဘက်ကတော့ ဓာတုလက်နက်တွေသိုလှောင်တာရော အသုံးပြုတာရောမရှိဘူးလို့ တုံ့ပြန်လိုက် ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်မှာပြဌာန်းခဲ့တဲ့ ဓာတုလက်နက်တွေ ထုတ်လုပ်၊ သိုလှောင်၊ အသုံးပြုတာကို တားမြစ်တဲ့ သဘောတူစာချုပ် CWC ကို ၂၀၁၅ ခုနှစ်မှာ ပါဝင်လက်မှတ်ရေးထားထားတဲ့ ၁၉၁ နိုင်ငံမြောက် နိုင်ငံဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၈၀ လောက်ကတည်းက နိုင်ငံထဲမှာ ဓာတုလက်နက်တွေ သိုလှောင်ထားတာဖြစ်နိုင်ခြေရှိတယ်လို့ အမေရိကန်အစိုးရရဲ့အကြီးတန်းအရာရှိက သောမတ်ဒီနန်းနိုက ပြောဆိုခဲ့တာပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဓာတုဗေဒ ပစ္စည်းတွေ သိုလှောင်ထားလည်းမရှိသလို ထုတ်လုပ်ဖို့လည်းမရှိကြောင်းနဲ့ အသုံးပြုတာလည်းမရှိဘူးလို့ ပြောပါတယ်။

သောမတ်ဒီနန်းနိုကတော့ မြန်မာနိုင်ငံအနေနဲ့ ဓာတုလက်နက်ပစ္စည်းတွေကို ဖျက်ဆီးလိုတယ်ဆိုရင် အမေရိကန်နိုင်ငံက ကူညီဖို့အသင့်ရှိကြောင်း ပြောပါတယ်။

အခုလိုစွပ်စွဲတာတွေဟာ အမေရိကန်နိုင်ငံရဲ့ အစီအစဉ်တွေထဲက နိုင်ငံရေးအရ ဖိအားပေးမှုတစ်ရပ် သာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဆိုပါတယ်။

ဓာတုလက်နက်တွေရှိလား မရှိလား မသိတဲ့အတွက် မှတ်ချက်ပေးဖို့ ခက်ပေမယ့် စစ်မြေပြင်မှာသုံးတဲ့ အထောက်အထားမတွေ့ဘဲ စွပ်စွဲရုံလောက်နဲ့တော့ ဘာမှမဖြစ်နိုင်ဘူးလို့ နိုင်ငံရေး စစ်ရေးလေ့လာသူ ဦးမောင်မောင်စိုးကပြောပါတယ်။

စစ်အစိုးရလက်ထက် ကရင်လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို တိုက်ခိုက်ခဲ့တုန်းကလည်း ဓာတုဗေဒ လက်နက်တွေကို အသုံးပြုခဲ့တယ်လို့ လန်ဒန်အခြေစိုက် ခရစ်ယာန်သွေးစည်းညီညွတ်ရေးအဖွဲ့က ၂၀၀၅ ခုနှစ်မှာ စွပ်စွဲခဲ့ဖူးပါတယ်။

ဒါအပြင် ၂၀၁၃ ခုနှစ်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဆန္ဒပြမှုဖြစ်စဉ်မှာ ဆန္ဒပြသူတွေရဲ့ အရေ ပြားတွေ မီးလောင်အောင် ဓာတုဗေဒပစ္စည်း ဖော့စရက်တွေအသုံးပြုပြီး ဖြိုခွင်းခဲ့တယ်လို့ စွပ်စွဲခံထားရသလို ၂၀၁၄ ခုနှစ်မှာလည်း ပေါက်မြို့မှာ ဓာတုဗေဒလက်နက်စက်ရုံ တည်ဆောက်နေတယ်ဆိုပြီး သတင်းဖော်ထုတ် ရေးသားခဲ့တဲ့ ယူနတီသတင်းထောက်တွေကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ဝေဖန်မှုနဲ့ သံသယဖြစ်မှုတွေနဲ့ ကြုံတွေခဲ့ရဖူးပါတယ်။

RFA Burmese
https://www.rfa.org
ဓာတုလက္နက္သိုေလွာင္မႈ စြပ္စြဲခ်က္ တပ္မေတာ္ ျငင္း ဓာတုလက္နက္သိုေလွာင္မႈ စြပ္စြဲခ်က္ တပ္မေတာ္ ျငင္း Reviewed by THITHTOOLWIN on 08:55 Rating: 5
Powered by Blogger.