ဓာတုလက္နက္ပိုင္ဖို႔ ရည္ရြယ္ခ်က္မရွိေၾကာင္း ျမန္မာသံအမတ္ႀကီးေျပာ

OPCW ဆိုင္ရာ ျမန္မာအျမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း (ဓါတ္ပံု- OPCW)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံဟာ ဓာတုလက္နက္ပိုင္ဆိုင္သူျဖစ္ဖို႔ ဘယ္တုန္းကမွ ရည္ရြယ္ခ်က္ မရွိခဲ႔ဘူးလို႔ ဓာတုလက္နက္ တားဆီးပိတ္ပင္ေရးအဖြဲ႔ (OPCW) ဆိုင္ရာ ျမန္မာအျမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက အဂၤါေန႔မွာ ေျပာဆိုပါတယ္။

ျမန္မာႏုိင္ငံမွာ ဓာတုလက္နက္ေတြ ဆက္လက္ သိုေလွာင္ထားႏုိင္တယ္၊ ေနာက္ CWC ဓာတုလက္နက္ပိတ္ပင္တားဆီးေရး စာခ်ဳပ္ကို လိုက္နာမႈရွိရဲ႕လားဆိုတဲ့အေပၚမွာလည္း စိုးရိမ္မကင္းျဖစ္တယ္လို႔ အေမရိကန္ဘက္က တနလၤာေန႔မွာ ေျပာဆိုခ်က္ကို သံအမတ္ႀကီးက အခုလို တုံ႔ျပန္သြားတာပါ။

ျမန္မာဟာ ဓာတုလက္နက္ ပိတ္ပင္တားဆီးေရးစာခ်ဳပ္ (CWC) ကို အခိုင္အမာလိုက္နာဖို႔ ပိုင္းျဖတ္ထားတဲ့ တာ၀န္ယူမႈ တာ၀န္ခံမႈရွိတဲ့ႏုိင္ငံ ျဖစ္တာနဲ႔အညီ စာခ်ဳပ္ပါကန္႔သတ္ခ်က္ေတြကို တင္းက်ပ္စြာ လိုက္နာေၾကာင္း၊ ဓာတုလက္နက္ပိုင္ဆိုင္ဖို႔ ရည္ရြယ္ခ်က္မရွိသလို စာခ်ဳပ္နဲ႔အညီ ေဆာင္ရြက္ခ်က္ေတြကိုလည္း အျမင့္ဆံုး အေလးထား ေဆာင္ရြက္ေၾကာင္း၊ သက္ဆိုင္ရာ တာ၀န္ရွိသူေတြ လိုအပ္သလိုေဆာင္ရြက္ဖို႔ ျမန္မာအစိုးရဘက္က အေသအခ်ာေဆာင္ရြက္ၿပီး စိုးရိမ္မကင္းျဖစ္မႈေတြကိုလည္း ေျဖရွင္းေဆာင္ရြက္ဖို႔ အဆင့္သင့္ရွိသလို ေဆာင္ရြက္လိုတဲ့ဆႏၵလည္းရွိတယ္လုိ႔ သံအမတ္ႀကီးက ေျပာဆိုခဲ့ပါတယ္။

ဓာတုလက္နက္ေရာ၊ ႏ်ဴးကလီးယား ဇီ၀လက္နက္ေတြ ထုတ္ဖို႔ေရာ တပ္မေတာ္မွာ ရည္မွန္းခ်က္မရွိဘူးလို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔က တနလၤာေန႔မွာ ဗီြအိုေအကို ေျပာပါတယ္။

ဒါေပမယ့္ အေမရိကန္ဘက္က ေထာက္ျပထားတဲ့ ၁၉၈၀ ကာလတုန္းက ျမန္မာႏုိင္ငံရဲ႕ ဓာတုလက္နက္စက္႐ံုနဲ႔ ပတ္သက္လို႔ေတာ့ သူ႔အေနနဲ႔ သိထားတာမရွိဘူးလို႔ တပ္ေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရက ေျပာပါတယ္။

.....................

ဓာတုလက်နက်ပိုင်ဖို့ ရည်ရွယ်ချက်မရှိကြောင်း မြန်မာသံအမတ်ကြီးပြော

(Unicode)

မြန်မာနိုင်ငံဟာ ဓာတုလက်နက်ပိုင်ဆိုင်သူဖြစ်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက် မရှိခဲ့ဘူးလို့ ဓာတုလက်နက် တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဓာတုလက်နက်တွေ ဆက်လက် သိုလှောင်ထားနိုင်တယ်၊ နောက် CWC ဓာတုလက်နက်ပိတ်ပင်တားဆီးရေး စာချုပ်ကို လိုက်နာမှုရှိရဲ့လားဆိုတဲ့အပေါ်မှာလည်း စိုးရိမ်မကင်းဖြစ်တယ်လို့ အမေရိကန်ဘက်က တနင်္လာနေ့မှာ ပြောဆိုချက်ကို သံအမတ်ကြီးက အခုလို တုံ့ပြန်သွားတာပါ။

မြန်မာဟာ ဓာတုလက်နက် ပိတ်ပင်တားဆီးရေးစာချုပ် (CWC) ကို အခိုင်အမာလိုက်နာဖို့ ပိုင်းဖြတ်ထားတဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့နိုင်ငံ ဖြစ်တာနဲ့အညီ စာချုပ်ပါကန့်သတ်ချက်တွေကို တင်းကျပ်စွာ လိုက်နာကြောင်း၊ ဓာတုလက်နက်ပိုင်ဆိုင်ဖို့ ရည်ရွယ်ချက်မရှိသလို စာချုပ်နဲ့အညီ ဆောင်ရွက်ချက်တွေကိုလည်း အမြင့်ဆုံး အလေးထား ဆောင်ရွက်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ လိုအပ်သလိုဆောင်ရွက်ဖို့ မြန်မာအစိုးရဘက်က အသေအချာဆောင်ရွက်ပြီး စိုးရိမ်မကင်းဖြစ်မှုတွေကိုလည်း ဖြေရှင်းဆောင်ရွက်ဖို့ အဆင့်သင့်ရှိသလို ဆောင်ရွက်လိုတဲ့ဆန္ဒလည်းရှိတယ်လို့ သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။

ဓာတုလက်နက်ရော၊ နျူးကလီးယား ဇီဝလက်နက်တွေ ထုတ်ဖို့ရော တပ်မတော်မှာ ရည်မှန်းချက်မရှိဘူးလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က တနင်္လာနေ့မှာ ဗွီအိုအေကို ပြောပါတယ်။

ဒါပေမယ့် အမေရိကန်ဘက်က ထောက်ပြထားတဲ့ ၁၉၈၀ ကာလတုန်းက မြန်မာနိုင်ငံရဲ့ ဓာတုလက်နက်စက်ရုံနဲ့ ပတ်သက်လို့တော့ သူ့အနေနဲ့ သိထားတာမရှိဘူးလို့ တပ်တော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

VOA Burmese
https://burmese.voanews.com
ဓာတုလက္နက္ပိုင္ဖို႔ ရည္ရြယ္ခ်က္မရွိေၾကာင္း ျမန္မာသံအမတ္ႀကီးေျပာ ဓာတုလက္နက္ပိုင္ဖို႔ ရည္ရြယ္ခ်က္မရွိေၾကာင္း ျမန္မာသံအမတ္ႀကီးေျပာ Reviewed by THITHTOOLWIN on 08:48 Rating: 5
Powered by Blogger.