ေက်ာက္ေတာ္ဘဏ္က ရဲစခန္းကို သြားအပ္တဲ့ေငြ သိန္းေထာင္ခ်ီ လမ္းမွာ အလုခံရ

စီးပြားေရးဘဏ္က ေငြေတြကို ရဲစခန္းမွာ အပ္ဖို႔အသြား လမ္းခုလတ္မွာ အလုခဲ့ရတယ္လို႔ ဆို
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕ ျမန္မာ့စီးပြားေရးဘဏ္ကေန ရဲစခန္းကို သြားအပ္တဲ့ ေငြ က်ပ္သိန္း ၂၁၀၀ ေက်ာ္ကို အမည္မသိ မ်က္ႏွာဖုံး စြပ္ထားတဲ့ လူႏွစ္ဦးက လမ္းခုလတ္မွာ လုယက္သြားတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ႏိုဝင္ဘာလ ၂၆ ရက္က ဘဏ္ပိတ္ခ်ိန္ ညေန ၆ နာရီေက်ာ္ေလာက္မွာ ဘဏ္မန္ေနဂ်ာ အပါအဝင္ ဘဏ္ႀကီးၾကပ္ တစ္ဦး၊ ေငြကိုင္တစ္ဦးနဲ႔ ညေစာင့္ တစ္ဦးတို႔က အဲဒီေငြေတြကို ေငြေသတၱာ ႏွစ္လုံးနဲ႔ ေက်ာက္ေတာ္ၿမိဳ႕ ျမန္မာ့စီးပြားေရးဘဏ္နဲ႔ တစ္ဖာလုံေလာက္ေဝးတဲ့ ၿမိဳ႕မရဲစခန္းဆီ ဆိုက္ကားနဲ႔ သယ္ေဆာင္လာစဥ္ လမ္းခုလတ္ အေထြေထြ အုပ္ခ်ဳပ္ေရး႐ုံးေရွ႕ လမ္းထဲမွာ လုယက္ခံလိုက္ရတာ ျဖစ္တယ္လို႔ သိရပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္သန္းစိန္ကေတာ့ သက္ဆိုင္ရာဌာနေတြက တာဝန္ရွိသူေတြရဲ႕ ေျပာဆိုခ်က္အရ အဲဒီ့ျဖစ္စဥ္ ျဖစ္ပြားခဲ့တာ ဟုတ္မွန္တယ္လို႔ ေျပာပါတယ္။

"အဲဒီသတင္းကို ၾကားလို႔ ေလ့လာၾကည့္ေတာ့ ဟုတ္တယ္လို႔ ေျပာပါတယ္။ အရပ္သားေတြဆီကလည္း သတင္းေတြ ၾကားတယ္။ ဘဏ္ဝန္ထမ္းတခ်ိဳ႕ကလည္း ေျပာတယ္။ ၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမႉးကလည္း ဟုတ္တယ္လို႔ ေျပာတယ္။ အဲဒီေငြေတြကို ညေန ၆ နာရီေလာက္မွာ ဘဏ္ကေန တစ္ဖာလုံေလာက္ ေဝးတဲ့ ရဲစခန္းကို ေငြထားဖို႔ သြားတဲ့အခ်ိန္မွာ ျဖစ္တယ္ဆိုတာကို သိရတယ္"လို႔ ဦးေမာင္သန္းစိန္က ေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေက်ာက္ေတာ္ၿမိဳ႕မ ရဲစခန္းကို ဆက္သြယ္ေပမယ့္ ဖုန္းလက္ခံ ေျဖဆိုျခင္း မရွိေသးတဲ့ အတြက္ ရဲဘက္က အတည္ျပဳခ်က္ကို ရယူႏိုင္ျခင္းေတာ့ မရွိေသးပါဘူး။

 ေက်ာက္ေတာ္ၿမိဳ႕မွာ စီးပြားေရးဘဏ္ကေန က်ပ္သိန္းေပါင္းမ်ားစြာ အလုခံရတာ ဒါပထမဆုံးအႀကိမ္ျဖစ္
ဘဏ္တာဝန္ရွိသူေတြက အဲဒီ့ ေငြေသတၱာေတြကို လုံၿခဳံေရး အေစာင့္အေရွာက္ေတြ မပါဘဲ သယ္ေဆာင္လာခဲ့စဥ္ အနက္ေရာင္ မ်က္ႏွာဖုံးစြပ္ထားတဲ့ အမည္မသိသူ ႏွစ္ဦးက သုံးဘီးဆိုင္ကယ္ တစ္စီးနဲ႔ ေရာက္လာၿပီး အေစာင့္လိုက္ပါလာတဲ့ ဘဏ္ညေစာင့္ ဦးစံေအာင္သာ ကို ထိုးႀကိတ္ကာ ေငြေသတၱာ ႏွစ္လုံးကို သုံးဘီးဆိုင္ကယ္ေပၚ တင္ေဆာင္ ထြက္ေျပးသြားခဲ့တာ ျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အဲဒီ့လူေတြဟာ ဘယ္သူေတြလဲ ဆိုတာကို မသိလိုက္ရေၾကာင္းနဲ႔ လက္ရွိမွာေတာ့ သက္ဆိုင္ရာ လုံၿခဳံေရးတာဝန္ရွိသူေတြက အဲဒီ့သုံးဘီးဆိုင္ကယ္ ေမာင္းႏွင္ ထြက္သြားခဲ့တဲ့ လမ္းတစ္ေလွ်ာက္ကို ပိတ္ဆို႔ ရွာေဖြေနတယ္လို႔ သိရပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ဟာ လက္ရွိမွာ တပ္မေတာ္နဲ႔ AA ရကၡိဳင့္တပ္ေတာ္ တို႔ အၾကား တိုက္ပြဲ ျဖစ္ပြားေနတဲ့ ၿမိဳ႕နယ္ေတြထဲက တစ္ခု ျဖစ္ၿပီး ခုလို ျမန္မာ့စီးပြားေရးဘဏ္ကေန က်ပ္သိန္းေပါင္းမ်ားစြာ အလုခံရတာကေတာ့ ဒီၿမိဳ႕မွာ ပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
ကျောက်တော်ဘဏ်က ရဲစခန်းကို သွားအပ်တဲ့ငွေ သိန်းထောင်ချီ လမ်းမှာ အလုခံရ

Image caption စီးပွားရေးဘဏ်က ငွေတွေကို ရဲစခန်းမှာ အပ်ဖို့အသွား လမ်းခုလတ်မှာ အလုခဲ့ရတယ်လို့ ဆို

ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်မြို့ မြန်မာ့စီးပွားရေးဘဏ်ကနေ ရဲစခန်းကို သွားအပ်တဲ့ ငွေ ကျပ်သိန်း ၂၁၀၀ ကျော်ကို အမည်မသိ မျက်နှာဖုံး စွပ်ထားတဲ့ လူနှစ်ဦးက လမ်းခုလတ်မှာ လုယက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၂၆ ရက်က ဘဏ်ပိတ်ချိန် ညနေ ၆ နာရီကျော်လောက်မှာ ဘဏ်မန်နေဂျာ အပါအဝင် ဘဏ်ကြီးကြပ် တစ်ဦး၊ ငွေကိုင်တစ်ဦးနဲ့ ညစောင့် တစ်ဦးတို့က အဲဒီငွေတွေကို ငွေသေတ္တာ နှစ်လုံးနဲ့ ကျောက်တော်မြို့ မြန်မာ့စီးပွားရေးဘဏ်နဲ့ တစ်ဖာလုံလောက်ဝေးတဲ့ မြို့မရဲစခန်းဆီ ဆိုက်ကားနဲ့ သယ်ဆောင်လာစဉ် လမ်းခုလတ် အထွေထွေ အုပ်ချုပ်ရေးရုံးရှေ့ လမ်းထဲမှာ လုယက်ခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်ကတော့ သက်ဆိုင်ရာဌာနတွေက တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ အဲဒီ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာ ဟုတ်မှန်တယ်လို့ ပြောပါတယ်။

"အဲဒီသတင်းကို ကြားလို့ လေ့လာကြည့်တော့ ဟုတ်တယ်လို့ ပြောပါတယ်။ အရပ်သားတွေဆီကလည်း သတင်းတွေ ကြားတယ်။ ဘဏ်ဝန်ထမ်းတချို့ကလည်း ပြောတယ်။ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးကလည်း ဟုတ်တယ်လို့ ပြောတယ်။ အဲဒီငွေတွေကို ညနေ ၆ နာရီလောက်မှာ ဘဏ်ကနေ တစ်ဖာလုံလောက် ဝေးတဲ့ ရဲစခန်းကို ငွေထားဖို့ သွားတဲ့အချိန်မှာ ဖြစ်တယ်ဆိုတာကို သိရတယ်"လို့ ဦးမောင်သန်းစိန်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောက်တော်မြို့မ ရဲစခန်းကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးတဲ့ အတွက် ရဲဘက်က အတည်ပြုချက်ကို ရယူနိုင်ခြင်းတော့ မရှိသေးပါဘူး။
Image caption ကျောက်တော်မြို့မှာ စီးပွားရေးဘဏ်ကနေ ကျပ်သိန်းပေါင်းများစွာ အလုခံရတာ ဒါပထမဆုံးအကြိမ်ဖြစ်

ဘဏ်တာဝန်ရှိသူတွေက အဲဒီ့ ငွေသေတ္တာတွေကို လုံခြုံရေး အစောင့်အရှောက်တွေ မပါဘဲ သယ်ဆောင်လာခဲ့စဉ် အနက်ရောင် မျက်နှာဖုံးစွပ်ထားတဲ့ အမည်မသိသူ နှစ်ဦးက သုံးဘီးဆိုင်ကယ် တစ်စီးနဲ့ ရောက်လာပြီး အစောင့်လိုက်ပါလာတဲ့ ဘဏ်ညစောင့် ဦးစံအောင်သာ ကို ထိုးကြိတ်ကာ ငွေသေတ္တာ နှစ်လုံးကို သုံးဘီးဆိုင်ကယ်ပေါ် တင်ဆောင် ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ့လူတွေဟာ ဘယ်သူတွေလဲ ဆိုတာကို မသိလိုက်ရကြောင်းနဲ့ လက်ရှိမှာတော့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေက အဲဒီ့သုံးဘီးဆိုင်ကယ် မောင်းနှင် ထွက်သွားခဲ့တဲ့ လမ်းတစ်လျှောက်ကို ပိတ်ဆို့ ရှာဖွေနေတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်ဟာ လက်ရှိမှာ တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော် တို့ အကြား တိုက်ပွဲ ဖြစ်ပွားနေတဲ့ မြို့နယ်တွေထဲက တစ်ခု ဖြစ်ပြီး ခုလို မြန်မာ့စီးပွားရေးဘဏ်ကနေ ကျပ်သိန်းပေါင်းများစွာ အလုခံရတာကတော့ ဒီမြို့မှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ေက်ာက္ေတာ္ဘဏ္က ရဲစခန္းကို သြားအပ္တဲ့ေငြ သိန္းေထာင္ခ်ီ လမ္းမွာ အလုခံရ ေက်ာက္ေတာ္ဘဏ္က ရဲစခန္းကို သြားအပ္တဲ့ေငြ သိန္းေထာင္ခ်ီ လမ္းမွာ အလုခံရ Reviewed by THITHTOOLWIN on 08:59 Rating: 5
Powered by Blogger.