ဒီခ်ဳပ္အမတ္ အသုံးအႏႈန္းကို တပ္မေတာ္ ကန႔္ကြက္

ေတာင္သူလယ္သမားေန႔ကို ေျပာင္းလဲသတ္မွတ္ေပးဖို႔ အစီအစဥ္ရွိမရွိ လႊတ္ေတာ္မွာ ေမးျမန္းစဥ္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ မတ္တပ္ရပ္ ကန႔္ကြက္ခဲ့စဥ္
(Zawgyi)⤵⤵⤵
စစ္ကိုင္းတိုင္းေဒသႀကီး ဒီပဲယင္းၿမိဳ႕နယ္ မဲဆႏၵနယ္က NLD ကိုယ္စားလွယ္ ဦးဝင္းျမင့္ေအာင္က လက္ရွိ မတ္လ ၂ ရက္ေန႔ကို ေတာင္သူလယ္သမားေန႔အျဖစ္ သတ္မွတ္ထားတာကို ပယ္ဖ်က္ေပးဖို႔၊ ဆရာစံ ဦးေဆာင္ၿပီး ေတာင္သူလယ္သမားေတြကိုယ္တိုင္ နယ္ခ်ဲ႕ကို စတင္ေတာ္လွန္ခဲ့တဲ့ ဒီဇင္ဘာလ ၂၂ ရက္ေန႔ကို ေတာင္သူလယ္သမားေန႔အျဖစ္ ေျပာင္းလဲသတ္မွတ္ေပးဖို႔ အစီအစဥ္ရွိမရွိ လႊတ္ေတာ္မွာ ေမးျမန္းခဲ့တာပါ။

ကိုယ္စားလွယ္ ဦးဝင္းျမင့္ေအာင္က  ဒီမိုကေရစီစနစ္ အသြင္ကူးေျပာင္းေနတဲ့ ႏိုင္ငံေတြမွာ အာဏာရွင္ စနစ္ကလာတဲ့ ႏိုင္ငံေရး ကြၽမ္းဝင္မႈေတြကို ဒီမိုကေရစီႏိုင္ငံေရး ယဥ္ေက်းမႈျဖစ္ေအာင္ ႀကိဳးစားေျပာင္းလဲၾကရေၾကာင္း၊ ေတာင္သူလယ္သမား မိသားစုေတြမွာရွိတဲ့ ႏိုင္ငံေရး ကြၽမ္းဝင္မႈေတြကို သိသိသာသာေျပာင္းလဲသြားႏိုင္ဖို႔ ရည္႐ြယ္ေမးျမန္းခဲ့တာလို႔ ဆိုပါတယ္။

အဲဒီေနာက္မွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ဒုတိယဗိုလ္မႉးႀကီး မ်ိဳးထက္ဝင္းက မတ္တပ္ရပ္ ကန႔္ကြက္ခဲ့တာပါ။

ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးတီခြန္ျမတ္က - အမ်ိဳးသားရင္ၾကားေစ့ေရးကို ဦးတည္ေနတဲ့ကာလ ျဖစ္တဲ့အတြက္ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြအေနနဲ႔ အသုံးအႏႈန္းေတြကို သုံးသပ္ဆင္ျခင္ၾကဖို႔ သတိေပးခဲ့ပါတယ္။

တပ္ကိုယ္စားလွယ္က လႊတ္ေတာ္မွတ္တမ္းထဲကေန ပယ္ဖ်က္ေပးဖို႔ ေတာင္းဆိုတဲ့အခ်က္ကိုေတာ့ လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္က တစ္စုံတစ္ရာ ဆုံးျဖတ္ေပးခဲ့တာမရွိပါဘူး။

လႊတ္ေတာ္ဥကၠ႒က ကိုယ္စားလွယ္ေတြကို အသုံးအႏႈန္း ဆင္ျခင္ဖို႔ တားျမစ္ခဲ့တာနဲ႔ ပတ္သက္ၿပီး တပ္မေတာ္နဲ႔ ပတ္သက္တာေတြကို ေဝဖန္တဲ့အခါတိုင္း အမ်ိဳးသားရင္ၾကားေစ့ေရးကို အေၾကာင္းျပၿပီး တားျမစ္ေနမယ္ဆိုရင္ ကေလးဆိုးႀကီးကို အလိုလိုက္ေနရသလို ျဖစ္ေနတယ္လို႔  ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕နယ္ မဲဆႏၵနယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက ေဝဖန္လိုက္ပါတယ္။

လႊတ္ေတာ္တြင္းမွာ တပ္မေတာ္နဲ႔သက္ဆိုင္တဲ့ အသုံးအႏႈန္းေတြ၊ တိုက္ပြဲေတြနဲ႔ ပတ္သက္တဲ့ စကားလုံးအသုံးအႏႈန္းေတြကို တပ္မေတာ္သား ကိုယ္စားလွယ္ေတြက ကန႔္ကြက္တာ၊ လႊတ္ေတာ္မွတ္တမ္းေတြထဲကေန ပယ္ဖ်က္ေပးဖို႔ ေတာင္းဆိုတာေတြ တခါတရံ ရွိပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ဒီချုပ်အမတ် အသုံးအနှုန်းကို တပ်မတော် ကန့်ကွက်

တောင်သူလယ်သမားနေ့ကို ပြောင်းလဲသတ်မှတ်ပေးဖို့ အစီအစဉ်ရှိမရှိ လွှတ်တော်မှာ မေးမြန်းစဉ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် မတ်တပ်ရပ် ကန့်ကွက်ခဲ့စဉ်
Photo: Thiha Tun/RFA

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် မဲဆန္ဒနယ်က NLD ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်က လက်ရှိ မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်ပေးဖို့၊ ဆရာစံ ဦးဆောင်ပြီး တောင်သူလယ်သမားတွေကိုယ်တိုင် နယ်ချဲ့ကို စတင်တော်လှန်ခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲသတ်မှတ်ပေးဖို့ အစီအစဉ်ရှိမရှိ လွှတ်တော်မှာ မေးမြန်းခဲ့တာပါ။

ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်က  ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတွေမှာ အာဏာရှင် စနစ်ကလာတဲ့ နိုင်ငံရေး ကျွမ်းဝင်မှုတွေကို ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုဖြစ်အောင် ကြိုးစားပြောင်းလဲကြရကြောင်း၊ တောင်သူလယ်သမား မိသားစုတွေမှာရှိတဲ့ နိုင်ငံရေး ကျွမ်းဝင်မှုတွေကို သိသိသာသာပြောင်းလဲသွားနိုင်ဖို့ ရည်ရွယ်မေးမြန်းခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက မတ်တပ်ရပ် ကန့်ကွက်ခဲ့တာပါ။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က - အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်နေတဲ့ကာလ ဖြစ်တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ အသုံးအနှုန်းတွေကို သုံးသပ်ဆင်ခြင်ကြဖို့ သတိပေးခဲ့ပါတယ်။

တပ်ကိုယ်စားလှယ်က လွှတ်တော်မှတ်တမ်းထဲကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုတဲ့အချက်ကိုတော့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က တစ်စုံတစ်ရာ ဆုံးဖြတ်ပေးခဲ့တာမရှိပါဘူး။

လွှတ်တော်ဥက္ကဋ္ဌက ကိုယ်စားလှယ်တွေကို အသုံးအနှုန်း ဆင်ခြင်ဖို့ တားမြစ်ခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ပတ်သက်တာတွေကို ဝေဖန်တဲ့အခါတိုင်း အမျိုးသားရင်ကြားစေ့ရေးကို အကြောင်းပြပြီး တားမြစ်နေမယ်ဆိုရင် ကလေးဆိုးကြီးကို အလိုလိုက်နေရသလို ဖြစ်နေတယ်လို့  ရခိုင်ပြည်နယ် မြေပုံမြို့နယ် မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဝေဖန်လိုက်ပါတယ်။

လွှတ်တော်တွင်းမှာ တပ်မတော်နဲ့သက်ဆိုင်တဲ့ အသုံးအနှုန်းတွေ၊ တိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ စကားလုံးအသုံးအနှုန်းတွေကို တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်တာ၊ လွှတ်တော်မှတ်တမ်းတွေထဲကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုတာတွေ တခါတရံ ရှိပါတယ်။

RFA Burmese
https://www.rfa.org
ဒီခ်ဳပ္အမတ္ အသုံးအႏႈန္းကို တပ္မေတာ္ ကန႔္ကြက္ ဒီခ်ဳပ္အမတ္ အသုံးအႏႈန္းကို တပ္မေတာ္ ကန႔္ကြက္ Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.