ရန္ကုန္တကၠသိုလ္ပတ္လမ္း ေဖာက္လုပ္ေရး ခုခံေခ်ပခ်က္

(Zawgyi)⤵⤵⤵
ရန္ကုန္တကၠသိုလ္ မွာ တကၠသိုလ္ပတ္လမ္း ေဖာက္လုပ္မယ့္ ကိစၥဟာ လူတခ်ိဳ႕ စိုးရိမ္ေနသလို တကၠသိုလ္ရဲ႕ မူလသြင္ျပင္လကၡဏာ ေတြကို ထိခိုက္ပ်က္စီးေစမွာ မဟုတ္ဘဲ သင္ယူမႈပတ္ဝန္းက်င္ ပိုမိုေကာင္းမြန္ေအာင္ စိမ္းလန္းစိုေျပေအာင္ လုပ္ဖို႔ ရည္႐ြယ္ျခင္းသာျဖစ္တယ္လို႔ ျပည္သူ႔လႊတ္ေတာ္ ပညာေရးျမႇင့္တင္မႈေကာ္မီတီ ဥကၠဌ ေဒါက္တာတင္ေအာင္က ေျပာပါတယ္။ အခု ယာယီရပ္ဆိုင္းထားတဲ့ ဒီစီမံကိန္းကို ေက်ာင္းသားေတြ ေက်ာင္းသားေဟာင္းေတြေ က်နပ္ေအာင္ ေကာ္မီတီက ညႇိႏႈိင္းလုပ္ေဆာင္သြားမယ္လို႔လဲ သူကိုယ္တိုင္ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားေဟာင္း ဆရာေဟာင္းတဦးျဖစ္ခဲ့သူ ေဒါက္တာတင္ေအာင္ကဆိုပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဦးေက်ာ္ဇံသာ ကေတြ႕ဆံုေမးျမန္းတဲ့အခါ သူကအခုလို စေျပာခဲ့ပါတယ္။

ေဒါက္တာတင္ေအာင္။ ။ ရန္ကုန္တကၠသိုလ္ ဆိုတာ တခ်ိန္က က်ေန္ာတို႔ ႏိုင္ငံတင္ မကဘူး အေရွ႕ေတာင္အာရွမွာ No. 1 ထိပ္ဆံုးေရာက္ေနတဲ႔ တကၠသိုလ္ တခု။ အဲေတာ့ ဒီလို ထိပ္ဆံုးေရာက္ခဲ႔တာ ဘာေတြလဲလို႔ က်ေနာ္တို႔ ျပန္ၾကည့္ရင္ က်ေန္ာတို႔ တကၠသိုလ္ရဲ႕ အေျခခံ အေဆာက္အအံုေကာင္းျခင္း၊ သန္႔ရွင္း သာယာျခင္း၊ ဒါေတြက အစ သူ႔ရဲ႕ ပညာရပ္ပိုင္း ဆိုင္ရာ Quality ဘာညာ ဒါေတြကေတာ့ ပို အေရးႀကီးတာေပါ့။ ခုန အခ်က္ေတြကလည္း ပါတယ္။ စိမ္းလန္း စိုေျပရမယ္။ တနည္းအားျဖင့္ သင္ယူမႈ ပတ္၀န္းက်င္ေကာင္း ရရမယ္။ အဲလို ရဖို႔ ဆိုရင္ ဒီတကၠသိုလ္ႀကီးကို ျပန္ျပင္ရမယ္ ဆိုၿပီးေတာ့ က်ေနာ္တို႔ အစိုးရ မတက္ခင္ ကတည္းက ဒီစီမံကိန္းကို စဥ္းစားခဲ႔တယ္။ အဲဒီ အခ်ိန္က အေကာင္အထည္ ေဖာ္ႏုိင္အား မရွိဘူး။

ဦးေက်ာ္ဇံသာ။ ။ ဘာမ်ား အဲဒီ အေဆာက္အအံုေတြ ပတ္လမ္းေတြ ျပင္ဖို႔ လိုသလဲ ခင္ဗ်။ ခုနလို ျဖစ္ဖို႔ အတြက္ အဲဒီဟာေတြ ျပင္ဖို႔ လိုပါလား။

ေဒါက္တာတင္ေအာင္။ ။ က်ေနာ္တို႔ အခု ေလာေလာဆယ္ေတာ့ အဓိပဓိလမ္း အ၀င္ရဲ႕ ဘယ္ ညာမွာေပါ့ေလ ဆရာမ်ား သမဂၢ အေဆာက္အအံု၊ ေက်ာင္းသားမ်ား သမဂၢ အေဆာက္အအံု ေဆာက္ဖို႔ က်ေနာ္တို႔ Plan ဆြဲထားပါတယ္။ ခုန အဓိပဓိ လမ္းထဲကေန ကားေတြ Block ျဖစ္ေနတယ္။ ျဖစ္ေနတဲ႔ အတြက္ေၾကာင့္မို႔ က်ေနာ္တို႔က အဲဒီ အဓိပဓိ လမ္းကို လမ္းေလွ်ာက္ၿပီး သံုးၿပီးေတာ့ ဒီလို ပတ္လမ္းက သြားလို႔ ရွိရင္ အနည္းငယ္ေတာ့ သစ္ပင္ေလးေတြ ပ်က္မယ္လို႔ က်ေနာ္တို႔လည္း တခ်ိန္ကေတာ့ တြက္ဆထားတယ္။ အခုေတာ့ ဒီေလာက္ မ်ားလား မမ်ားလားလို႔ က်ေနာ္တို႔လည္း မသိပါဘူး။ အဲဒီ အတြက္ ခုတ္တယ္လို႔ က်ေနာ္ ထင္ပါတယ္။ ေနာက္တခုက ျပည္သူေတြ ေက်ာင္းသားေဟာင္းေတြ ေျပာေျပာေနတဲ႔ အဓိပဓိ လမ္းက ၀င္တဲ႔ ဘယ္ညာမွာ က်ေနာ္တို႔လည္း အဲဒါေတြကို ႏုိင္ငံတကာ တကၠသိုလ္ေတြလို ျမက္ခင္းေတြ အကုန္စိုက္မွာ။ တနည္းအားျဖင့္ သံဆူးႀကိဳးေတြ ခတ္ထားတဲ႔ RC ႀကီးကို သံဆူးႀကိဳး ခတ္ထားတယ္။

ဟို က်ေနာ္တို႔ ဂ်ပ္ဆင္ ေကာလိပ္ႀကီးနားမွာ သံဆူးႀကိဳးေတြ ခတ္ထားတယ္။ ဒါေတြ က်ေန္ာတို႔က အကုန္ျဖဳတ္မွာ။ အကုန္ အုတ္တံတိုင္းေတြကို ျဖဳတ္မယ္။ ၿပီးရင္ က်ေနာ္တို႔က ျမက္ေတြ စိုက္မယ္။ အဲဒါကို ျပည္သူကလည္း မသိဘူး။ ေက်ာင္းသားကလည္း မသိဘူး။ က်ေန္ာတို႔လည္း အဲဒီ ၿခံစည္ရိုး ဘယ္ညာကို ႏုိင္ငံတကာ တကၠသိုလ္လို ျမက္စိုက္ၿပီးေတာ့ ရန္ကုန္တကၠသိုလ္ႀကီးက ၾကည့္လိုက္ရင္ ရွင္းလင္းေနရမယ္။ အဓိပဓိ လမ္းႀကီးလည္း အေ၀းကၾကည့္ရင္ ရွင္းေနရမယ္။ ဘြဲ႔ႏွင္းသဘင္ကို သြားတဲ႔ အခ်ိန္မွာ ဒီ ကားေတြ Block ျဖစ္ေနတယ္။ ကြယ္ေနတယ္။ က်ေနာ္တို႔ လုပ္ခ်င္တဲ႔ ျမက္စိုက္မွာေတြနဲ႔ ဒါက မသင့္ေတာ္ဘူး။ ဒါေၾကာင့္ က်ေနာ္တို႔က အဲဒီ ခုနက ပတ္လမ္း စီမံကိန္းမွာ က်ေနာ္တို႔က လြန္ခဲ႔တဲ႔ ၂ ႏွစ္ေလာက္ ကတည္းက စၿပီးေတာ့ ႏိုင္ငံတကာနဲ႔ ဒီဟာေလးေတြကို Plan ေလး တခု ခ်ၿပီးေတာ့ က်ေနာ္တို႔ အေကာင္အထည္ေဖာ္ေနတာ။

ဦးေက်ာ္ဇံသာ။ ။ က်ေနာ္တို႔ ေက်ာင္းသား တုန္းက ဆိုရင္ သစ္ပင္ေတြက Botanical Names ေတြ၊ ရန္ကုန္တကၠသုိလ္ ၀င္းထဲမွာ။ ျမန္မာႏုိင္ငံမွာ ရွိတဲ႔ သစ္ပင္ အမ်ိဳးအစား အားလံုးေပါ့ေလ အစံုျဖစ္ေအာင္ စိုက္ထားမယ္ ဘာညာ ဆိုၿပီးေတာ့ Botany Department က ထင္ပါတယ္ အဲလို လုပ္ခဲ႔တယ္လို႔ ၾကားပါတယ္။ အခု လမ္း ေဖာက္ဖို႔ သစ္ပင္ခုတ္ေတာ့ အဲဒါေတြ အကုန္ပ်က္မွာေပါ့။

ေဒါက္တာတင္ေအာင္။ ။ မဟုတ္ဘူး ခင္ဗ်။ အဲဒါ လူေတြက အထင္အျမင္မွားတာ။ က်ေနာ္တို႔က ဒီအပင္ႀကီးေတြကိုလည္း ဒီထက္ေကာင္းေအာင္ ဒီဆိုင္းဘုတ္ေလးေတြ ကိုလည္း ဒီထက္ လူျမင္ေအာင္၊ ဒီအပင္ေတြကိုလည္း ေပ်ာက္ပ်က္မသြားေအာင္၊ က်ေနာ္တို႔ ဒီအပင္ေတြကို တို႔မွာ ထိမွာ မဟုတ္ဘူး။ ခုန ပတ္လမ္းဆိုတဲ႔ ေနရာမ်ိဳးက ျခံစည္းရိုးေဘးမွာ ရွိတာ။ က်ေနာ္တို႔လည္း ကြင္းေတာ့ တခါဆင္းၾကည့္ပါတယ္။ ခုနလို အပင္ႀကီးေတြေတာ့ မညိဘူး။ အဲဒီ အပင္ႀကီးေတြကို က်ေနာ္တို႔ မခုတ္ဘူး။ ေနာင္ တက္လာတဲ႔ အပင္ေလးေတြ ရွိတယ္၊ ကိုင္းေတြ ရွိတယ္။ ကား ၂စီး ေရွာင္သြားရံု ေလာက္ကို က်ေနာ္တို႔က ခုတ္မွာ။

ဦးေက်ာ္ဇံသာ။ ။ အခု အဲဒီ စီမံကိန္းကို ခန ရပ္ဆိုင္း ထားတယ္လို႔ သိရပါတယ္။ ဆိုေတာ့ အဲဒီ စီမံကိ္န္း ေရွ႕တိုး လုပ္ေဆာင္သင့္တယ္လို႔ ဆရာ့ အေနနဲ႔ကေတာ့ ခံယူတယ္ေပါ့။

ေဒါက္တာတင္ေအာင္။ ။ ဟို ဒါက ဖြံ႔ၿဖိဳး တိုးတက္ဖို႔ လုပ္တာပါ။ သစ္ပင္ႀကီးေတြ ခုတ္တဲ႔ အဆင့္ေတာ့ က်ေနာ္တို႔ မလုပ္ပါဘူး။ သို႔ေသာ္ လုပ္သင့္တဲ႔ အလုပ္ကို လုပ္တာလို႔ဘဲ က်ေနာ္တို႔ ျမင္ပါတယ္။ ဒါ က်ေနာ္တို႔ စီမံကိန္းနဲ႔ ခ်တယ္။ က်ေနာ္တို႔ ေတာ္ေတာ္ေလး စဥ္းစား ၿပီးမွ ဒီအလုပ္ကို လုပ္တာပါ။ ဒါေၾကာင့္ ေနာင္ကို ေက်ာင္းသားေတြ ေက်နပ္ေအာင္ ေက်ာင္းသားေဟာင္းေတြ ေက်နပ္ေအာင္ ထိခိုက္မႈ အနည္းဆံုး ျဖစ္ေအာင္ လုပ္ၿပီးေတာ့ က်ေနာ္တို႔က စဥ္းစား ထားတယ္ေပါ့။ ေကာ္မတီနဲ႔ဘဲ ဆံုးျဖတ္ ေပးပါလိမ့္မယ္။

ဦးေက်ာ္ဇံသာ။ ။ ေစာေစာက ဆရာေျပာသြားတဲ႔ အထဲမွာ က်ေနာ္ စိတ္၀င္စားတာ အဓိပဓိလမ္း ဒီဘက္မွာ ေက်ာင္းသား သမဂၢ ေဆာက္မယ္၊ ေက်ာင္းသား သမဂၢ ေဆာက္မယ့္ ကိစၥကလည္း သိပ္ၿပီး Controversial (အျငင္းပြားစရာ) တခ်ိဳ႕က ဘာမျဖစ္ေစနဲ႔ ဘယ္လို ဘယ္ညာ ... အခုက ဘယ္လိုေနပါလဲ ခင္ဗ်။

ေဒါက္တာတင္ေအာင္။ ။ မဟုတ္ဘူးခင္ဗ်။ အခုက က်ေနာ္တို႔ အရင္ ေက်ာင္းသားသမဂၢ အေဆာက္အအံုနဲ႔ မတူဘူး။ အခု လက္ရွိ ေပၚေနတဲ႔ ေက်ာင္းသား သမဂၢေတြကို က်ေနာ္တို႔က ရံုးခန္း ေတြ ေပးရတယ္။ ဆရာမ်ား သမဂၢ ေတြကိုလည္း ရံုးခန္းေတြ ေပးရတယ္။ အဲဒီ အေဆာက္အအံုေလးေတြ ေဆာက္မွာ။ ဟို ေကာင္ႀကီးနဲ႔ မဆိုင္ဘူး။ ဟိုေကာင္ႀကီးက က်ေနာ္တို႔ သိန္း ၅၀၀၀ ဟို လြန္ခဲ႔တဲ႔ ၂ ႏွစ္ ကတည္းက ေပးထားၿပီးသားပါ။ က်ေနာ္က အတည္ျပဳရတာကိုး။ အဲဒါႀကီးက ႏုိင္ငံေတာ္ ခန ျပန္လည္အပ္ထားတယ္။ အဲဒါႀကီးကို မလုပ္ေသးပါဘူး။ အဲဒါႀကီးကေတာ့ အေျခအေန အရ အားလံုးကလည္း သေဘာတူမယ္။ က်ေနာ္ကိုယ္တိုင္လည္း ေက်ာင္းသား ေဟာင္းပါဘဲ။ ေက်ာင္းသားေဟာင္းေတြက သေဘာတူမယ္ ဆိုရင္ေတာ့ ဒီေနရာမွာ က်ေနာ္တို႔က ေဆာက္ခ်င္လို႔ က်ေနာ္တို႔ က ႏုိင္ငံေတာ္ ပိုက္ဆံ အတည္ျပဳၿပီးေတာ့ ခ်ေပး ထားတာ။ အခုေတာ့ အဲဒါေလးေတြေတာ့ နည္းနည္း အခက္အခဲ ျဖစ္ေနေတာ့ ရန္ကုန္တိုင္း ဦးၿဖိဳးမင္းသိန္းတို႔ နဲ႔ ခုန ေက်ာင္းသားေဟာင္းေတြနဲ႔ အကုန္လံုး ညွိႏိႈင္းေနတယ္။ အဲဒါေတာ့ ဘယ္အဆင့္ ေရာက္ၿပီလဲ က်ေနာ္တို႔ မသိေသးပါဘူး။ ေလာေလာဆယ္ေတာ့ မလုပ္ႏုိင္ေသးဘူး ဆိုတာဘဲ က်ေနာ္ သိပါတယ္။

(Unicode)

ရန်ကုန်တက္ကသိုလ်ပတ်လမ်း ဖောက်လုပ်ရေး ခုခံချေပချက်

ရန်ကုန်တက္ကသိုလ် မှာ တက္ကသိုလ်ပတ်လမ်း ဖောက်လုပ်မယ့် ကိစ္စဟာ လူတချို့ စိုးရိမ်နေသလို တက္ကသိုလ်ရဲ့ မူလသွင်ပြင်လက္ခဏာ တွေကို ထိခိုက်ပျက်စီးစေမှာ မဟုတ်ဘဲ သင်ယူမှုပတ်ဝန်းကျင် ပိုမိုကောင်းမွန်အောင် စိမ်းလန်းစိုပြေအောင် လုပ်ဖို့ ရည်ရွယ်ခြင်းသာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မီတီ ဥက္ကဌ ဒေါက်တာတင်အောင်က ပြောပါတယ်။ အခု ယာယီရပ်ဆိုင်းထားတဲ့ ဒီစီမံကိန်းကို ကျောင်းသားတွေ ကျောင်းသားဟောင်းတွေေ ကျနပ်အောင် ကော်မီတီက ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့လဲ သူကိုယ်တိုင် ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်း ဆရာဟောင်းတဦးဖြစ်ခဲ့သူ ဒေါက်တာတင်အောင်ကဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးကျော်ဇံသာ ကတွေ့ဆံမေးမြန်းတဲ့အခါ သူကအခုလို စပြောခဲ့ပါတယ်။

ဒေါက်တာတင်အောင်။ ။ ရန်ကုန်တက္ကသိုလ် ဆိုတာ တချိန်က ကျနေ်ာတို့ နိုင်ငံတင် မကဘူး အရှေ့တောင်အာရှမှာ No. 1 ထိပ်ဆုံးရောက်နေတဲ့ တက္ကသိုလ် တခု။ အဲတော့ ဒီလို ထိပ်ဆုံးရောက်ခဲ့တာ ဘာတွေလဲလို့ ကျနော်တို့ ပြန်ကြည့်ရင် ကျနေ်ာတို့ တက္ကသိုလ်ရဲ့ အခြေခံ အဆောက်အအုံကောင်းခြင်း၊ သန့်ရှင်း သာယာခြင်း၊ ဒါတွေက အစ သူ့ရဲ့ ပညာရပ်ပိုင်း ဆိုင်ရာ Quality ဘာညာ ဒါတွေကတော့ ပို အရေးကြီးတာပေါ့။ ခုန အချက်တွေကလည်း ပါတယ်။ စိမ်းလန်း စိုပြေရမယ်။ တနည်းအားဖြင့် သင်ယူမှု ပတ်ဝန်းကျင်ကောင်း ရရမယ်။ အဲလို ရဖို့ ဆိုရင် ဒီတက္ကသိုလ်ကြီးကို ပြန်ပြင်ရမယ် ဆိုပြီးတော့ ကျနော်တို့ အစိုးရ မတက်ခင် ကတည်းက ဒီစီမံကိန်းကို စဉ်းစားခဲ့တယ်။ အဲဒီ အချိန်က အကောင်အထည် ဖော်နိုင်အား မရှိဘူး။

ဦးကျော်ဇံသာ။ ။ ဘာများ အဲဒီ အဆောက်အအုံတွေ ပတ်လမ်းတွေ ပြင်ဖို့ လိုသလဲ ခင်ဗျ။ ခုနလို ဖြစ်ဖို့ အတွက် အဲဒီဟာတွေ ပြင်ဖို့ လိုပါလား။

ဒေါက်တာတင်အောင်။ ။ ကျနော်တို့ အခု လောလောဆယ်တော့ အဓိပဓိလမ်း အဝင်ရဲ့ ဘယ် ညာမှာပေါ့လေ ဆရာများ သမဂ္ဂ အဆောက်အအုံ၊ ကျောင်းသားများ သမဂ္ဂ အဆောက်အအုံ ဆောက်ဖို့ ကျနော်တို့ Plan ဆွဲထားပါတယ်။ ခုန အဓိပဓိ လမ်းထဲကနေ ကားတွေ Block ဖြစ်နေတယ်။ ဖြစ်နေတဲ့ အတွက်ကြောင့်မို့ ကျနော်တို့က အဲဒီ အဓိပဓိ လမ်းကို လမ်းလျှောက်ပြီး သုံးပြီးတော့ ဒီလို ပတ်လမ်းက သွားလို့ ရှိရင် အနည်းငယ်တော့ သစ်ပင်လေးတွေ ပျက်မယ်လို့ ကျနော်တို့လည်း တချိန်ကတော့ တွက်ဆထားတယ်။ အခုတော့ ဒီလောက် များလား မများလားလို့ ကျနော်တို့လည်း မသိပါဘူး။ အဲဒီ အတွက် ခုတ်တယ်လို့ ကျနော် ထင်ပါတယ်။ နောက်တခုက ပြည်သူတွေ ကျောင်းသားဟောင်းတွေ ပြောပြောနေတဲ့ အဓိပဓိ လမ်းက ဝင်တဲ့ ဘယ်ညာမှာ ကျနော်တို့လည်း အဲဒါတွေကို နိုင်ငံတကာ တက္ကသိုလ်တွေလို မြက်ခင်းတွေ အကုန်စိုက်မှာ။ တနည်းအားဖြင့် သံဆူးကြိုးတွေ ခတ်ထားတဲ့ RC ကြီးကို သံဆူးကြိုး ခတ်ထားတယ်။
ဟို ကျနော်တို့ ဂျပ်ဆင် ကောလိပ်ကြီးနားမှာ သံဆူးကြိုးတွေ ခတ်ထားတယ်။ ဒါတွေ ကျနေ်ာတို့က အကုန်ဖြုတ်မှာ။ အကုန် အုတ်တံတိုင်းတွေကို ဖြုတ်မယ်။ ပြီးရင် ကျနော်တို့က မြက်တွေ စိုက်မယ်။ အဲဒါကို ပြည်သူကလည်း မသိဘူး။ ကျောင်းသားကလည်း မသိဘူး။ ကျနေ်ာတို့လည်း အဲဒီ ခြံစည်ရိုး ဘယ်ညာကို နိုင်ငံတကာ တက္ကသိုလ်လို မြက်စိုက်ပြီးတော့ ရန်ကုန်တက္ကသိုလ်ကြီးက ကြည့်လိုက်ရင် ရှင်းလင်းနေရမယ်။ အဓိပဓိ လမ်းကြီးလည်း အဝေးကကြည့်ရင် ရှင်းနေရမယ်။ ဘွဲ့နှင်းသဘင်ကို သွားတဲ့ အချိန်မှာ ဒီ ကားတွေ Block ဖြစ်နေတယ်။ ကွယ်နေတယ်။ ကျနော်တို့ လုပ်ချင်တဲ့ မြက်စိုက်မှာတွေနဲ့ ဒါက မသင့်တော်ဘူး။ ဒါကြောင့် ကျနော်တို့က အဲဒီ ခုနက ပတ်လမ်း စီမံကိန်းမှာ ကျနော်တို့က လွန်ခဲ့တဲ့ ၂ နှစ်လောက် ကတည်းက စပြီးတော့ နိုင်ငံတကာနဲ့ ဒီဟာလေးတွေကို Plan လေး တခု ချပြီးတော့ ကျနော်တို့ အကောင်အထည်ဖော်နေတာ။

ဦးကျော်ဇံသာ။ ။ ကျနော်တို့ ကျောင်းသား တုန်းက ဆိုရင် သစ်ပင်တွေက Botanical Names တွေ၊ ရန်ကုန်တက္ကသိုလ် ဝင်းထဲမှာ။ မြန်မာနိုင်ငံမှာ ရှိတဲ့ သစ်ပင် အမျိုးအစား အားလုံးပေါ့လေ အစုံဖြစ်အောင် စိုက်ထားမယ် ဘာညာ ဆိုပြီးတော့ Botany Department က ထင်ပါတယ် အဲလို လုပ်ခဲ့တယ်လို့ ကြားပါတယ်။ အခု လမ်း ဖောက်ဖို့ သစ်ပင်ခုတ်တော့ အဲဒါတွေ အကုန်ပျက်မှာပေါ့။

ဒေါက်တာတင်အောင်။ ။ မဟုတ်ဘူး ခင်ဗျ။ အဲဒါ လူတွေက အထင်အမြင်မှားတာ။ ကျနော်တို့က ဒီအပင်ကြီးတွေကိုလည်း ဒီထက်ကောင်းအောင် ဒီဆိုင်းဘုတ်လေးတွေ ကိုလည်း ဒီထက် လူမြင်အောင်၊ ဒီအပင်တွေကိုလည်း ပျောက်ပျက်မသွားအောင်၊ ကျနော်တို့ ဒီအပင်တွေကို တို့မှာ ထိမှာ မဟုတ်ဘူး။ ခုန ပတ်လမ်းဆိုတဲ့ နေရာမျိုးက ခြံစည်းရိုးဘေးမှာ ရှိတာ။ ကျနော်တို့လည်း ကွင်းတော့ တခါဆင်းကြည့်ပါတယ်။ ခုနလို အပင်ကြီးတွေတော့ မညိဘူး။ အဲဒီ အပင်ကြီးတွေကို ကျနော်တို့ မခုတ်ဘူး။ နောင် တက်လာတဲ့ အပင်လေးတွေ ရှိတယ်၊ ကိုင်းတွေ ရှိတယ်။ ကား ၂စီး ရှောင်သွားရုံ လောက်ကို ကျနော်တို့က ခုတ်မှာ။

ဦးကျော်ဇံသာ။ ။ အခု အဲဒီ စီမံကိန်းကို ခန ရပ်ဆိုင်း ထားတယ်လို့ သိရပါတယ်။ ဆိုတော့ အဲဒီ စီမံကိန်း ရှေ့တိုး လုပ်ဆောင်သင့်တယ်လို့ ဆရာ့ အနေနဲ့ကတော့ ခံယူတယ်ပေါ့။

ဒေါက်တာတင်အောင်။ ။ ဟို ဒါက ဖွံ့ဖြိုး တိုးတက်ဖို့ လုပ်တာပါ။ သစ်ပင်ကြီးတွေ ခုတ်တဲ့ အဆင့်တော့ ကျနော်တို့ မလုပ်ပါဘူး။ သို့သော် လုပ်သင့်တဲ့ အလုပ်ကို လုပ်တာလို့ဘဲ ကျနော်တို့ မြင်ပါတယ်။ ဒါ ကျနော်တို့ စီမံကိန်းနဲ့ ချတယ်။ ကျနော်တို့ တော်တော်လေး စဉ်းစား ပြီးမှ ဒီအလုပ်ကို လုပ်တာပါ။ ဒါကြောင့် နောင်ကို ကျောင်းသားတွေ ကျေနပ်အောင် ကျောင်းသားဟောင်းတွေ ကျေနပ်အောင် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် လုပ်ပြီးတော့ ကျနော်တို့က စဉ်းစား ထားတယ်ပေါ့။ ကော်မတီနဲ့ဘဲ ဆုံးဖြတ် ပေးပါလိမ့်မယ်။

ဦးကျော်ဇံသာ။ ။ စောစောက ဆရာပြောသွားတဲ့ အထဲမှာ ကျနော် စိတ်ဝင်စားတာ အဓိပဓိလမ်း ဒီဘက်မှာ ကျောင်းသား သမဂ္ဂ ဆောက်မယ်၊ ကျောင်းသား သမဂ္ဂ ဆောက်မယ့် ကိစ္စကလည်း သိပ်ပြီး Controversial (အငြင်းပွားစရာ) တချို့က ဘာမဖြစ်စေနဲ့ ဘယ်လို ဘယ်ညာ ... အခုက ဘယ်လိုနေပါလဲ ခင်ဗျ။

ဒေါက်တာတင်အောင်။ ။ မဟုတ်ဘူးခင်ဗျ။ အခုက ကျနော်တို့ အရင် ကျောင်းသားသမဂ္ဂ အဆောက်အအုံနဲ့ မတူဘူး။ အခု လက်ရှိ ပေါ်နေတဲ့ ကျောင်းသား သမဂ္ဂတွေကို ကျနော်တို့က ရုံးခန်း တွေ ပေးရတယ်။ ဆရာများ သမဂ္ဂ တွေကိုလည်း ရုံးခန်းတွေ ပေးရတယ်။ အဲဒီ အဆောက်အအုံလေးတွေ ဆောက်မှာ။ ဟို ကောင်ကြီးနဲ့ မဆိုင်ဘူး။ ဟိုကောင်ကြီးက ကျနော်တို့ သိန်း ၅၀၀၀ ဟို လွန်ခဲ့တဲ့ ၂ နှစ် ကတည်းက ပေးထားပြီးသားပါ။ ကျနော်က အတည်ပြုရတာကိုး။ အဲဒါကြီးက နိုင်ငံတော် ခန ပြန်လည်အပ်ထားတယ်။ အဲဒါကြီးကို မလုပ်သေးပါဘူး။ အဲဒါကြီးကတော့ အခြေအနေ အရ အားလုံးကလည်း သဘောတူမယ်။ ကျနော်ကိုယ်တိုင်လည်း ကျောင်းသား ဟောင်းပါဘဲ။ ကျောင်းသားဟောင်းတွေက သဘောတူမယ် ဆိုရင်တော့ ဒီနေရာမှာ ကျနော်တို့က ဆောက်ချင်လို့ ကျနော်တို့ က နိုင်ငံတော် ပိုက်ဆံ အတည်ပြုပြီးတော့ ချပေး ထားတာ။ အခုတော့ အဲဒါလေးတွေတော့ နည်းနည်း အခက်အခဲ ဖြစ်နေတော့ ရန်ကုန်တိုင်း ဦးဖြိုးမင်းသိန်းတို့ နဲ့ ခုန ကျောင်းသားဟောင်းတွေနဲ့ အကုန်လုံး ညှိနှိုင်းနေတယ်။ အဲဒါတော့ ဘယ်အဆင့် ရောက်ပြီလဲ ကျနော်တို့ မသိသေးပါဘူး။ လောလောဆယ်တော့ မလုပ်နိုင်သေးဘူး ဆိုတာဘဲ ကျနော် သိပါတယ်။

ဦးေက်ာ္ဇံသာ/ VOA Burmese
https://burmese.voanews.com
ရန္ကုန္တကၠသိုလ္ပတ္လမ္း ေဖာက္လုပ္ေရး ခုခံေခ်ပခ်က္ ရန္ကုန္တကၠသိုလ္ပတ္လမ္း ေဖာက္လုပ္ေရး ခုခံေခ်ပခ်က္ Reviewed by THITHTOOLWIN on 00:21 Rating: 5
Powered by Blogger.