ရခိုင္ပဋိပကၡက တ႐ုတ္ပိုးခါးပတ္လမ္းမႀကီးေဖာ္ေဆာင္ဖို႔ အခြင့္ေကာင္းျဖစ္လာ

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕မွာ တ႐ုတ္ရင္းႏွီးျမႇပ္ႏွံမႈ ကုမၸဏီတခုျဖစ္တဲ့ CNPC ရဲ႕ အေကာင္အထည္ေဖာ္ေနတဲ့ ေ႐ႊဂတ္စ္စီမံကိန္းကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
တ႐ုတ္အစိုးရဟာ ျမန္မာႏိုင္ငံအတြင္း ျဖစ္ပြားေနတဲ့ ပဋိပကၡေတြကို စီးပြားေရးလမ္းေၾကာင္းနဲ႔ ေျဖရွင္းဖို႔ အတြက္ Belt and Road Initiative (BRI) ပိုးခါးပတ္လမ္းမႀကီး စီမံကိန္းကေနတဆင့္ ေဖာ္ေဆာင္ဖို႔ ႀကိဳးစားလာတယ္လို႔ Transnational Institute အဖြဲ႕က ဒီကေန႔ ေျပာဆိုလိုက္ပါတယ္။

ရခိုင္ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာ ခုႏွစ္သိန္းေက်ာ္ ထြက္ေျပးခဲ့ရတဲ့ တပ္မေတာ္ ရွင္းလင္းေရး စစ္ဆင္ေရးေၾကာင့္၊ ျမန္မာႏိုင္ငံဟာ ႏိုင္ငံတကာ အသိုင္းအဝန္းၾကားမွာ ဆက္ဆံေရး အက္ေၾကာင္းျဖစ္လာတဲ့အခ်ိန္၊ တ႐ုတ္ဟာ ျမန္မာနဲ႔ ပိုမိုနီးကပ္တဲ့ ဆက္ဆံေရးတည္ေဆာက္ဖို႔ အခြင့္ေရးတစ္ရပ္ျဖစ္သြားတယ္လို႔လည္း TNI အဖြဲ႕က ေျပာပါတယ္။

BRIရဲ႕ တစိတ္တပိုင္းျဖစ္တဲ့ စီမံကိန္း ေလးခုကိုလည္း ျမန္မာႏိုင္ငံမွာ အေကာင္အထည္ ေဖာ္ၿပီးျဖစ္ေၾကာင္း၊ အဲဒီ ေလးခုက ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံ လွ်ပ္စစ္ဓါတ္အားသြယ္တန္းျခင္း စီမံကိန္း၊ တ႐ုတ္-ျမန္မာ ျမန္ႏႈန္းျမင့္ရထားလမ္း စီမံကိန္း၊ တ႐ုတ္-ျမန္မာ ကုန္းလမ္းနဲ႔ ေရလမ္းဆက္သြယ္ေရးလမ္းေၾကာင္း စီမံကိန္းနဲ႔ အထူးစီးပြားေရးဇုန္ စီမံကိန္းတို႔ျဖစ္တယ္လို႔ TNI ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

CMEC မွာ ဘယ္လိုလုပ္ငန္းေတြ ပါဝင္မယ္ဆိုတာကို ရွင္းလင္းမႈ မရွိေပမယ့္ BRI တံဆိပ္ကပ္ၿပီး လုပ္ငန္းမ်ားစြာ ျမန္မာႏိုင္ငံ ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း TNI က ဆိုပါတယ္။

စီမံကိန္းေတြဟာ ပြင့္လင္းျမင္သာမႈရွိဖို႔လိုၿပီး စီမံကိန္းနဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကို  ထုတ္ျပန္ေပးဖို႔ လိုအပ္တယ္လို႔ စိမ္းလန္းအမိေျမ ပတ္ဝန္းက်င္အဖြဲ႕ ဥကၠ႒ ဦးဝင္းမ်ိဳးသူက ေျပာပါတယ္။

အျငင္းပြားမႈေတြ ပဋိပကၡေတြကို ေျဖရွင္းေပးႏိုင္ဖို႔ ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံၾကားထဲမွာ တရားဝင္ ဥပေဒေရးဆြဲၿပီး အရပ္ဖက္အဖြဲ႕အစည္းေတြနဲ႔ ျပည္သူေတြပါႏိုင္ေအာင္ က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ႏိုင္မွ BRI မွာပါလာႏိုင္မယ့္ ဆိုးက်ိဳးေတြကို အတိုင္းအတာတစ္ခုအထိ ကာကြယ္ႏိုင္မွာျဖစ္တယ္လို႔ သူက ေျပာပါတယ္။

“အဓိက တ႐ုတ္ႏိုင္ငံကရွိတဲ့ ကုမၼဏီအႀကီးေတြကို ထိန္းေက်ာင္းဖို႔ခက္တယ္။ သူတို႔က ဝန္ႀကီးဌာနထက္ကို ႀကီးေနေတာ့။ နားေထာင္ရင္လည္း နားေထာင္မယ္။ နားမေထာင္ခ်င္လည္း နားမေထာင္ဘူး။ သူတို႔ဥပေဒနဲ႔ မညီလုပ္တဲ့ ကိစၥေတြကို ေျပာဖို႔က်ေတာ့ ဘယ္လိုသြားေျပာမလဲဆိုတာ ခက္ေနတယ္”

ဆက္လက္ၿပီးသူက ျမန္မာႏိုင္ငံနဲ႔ နယ္ေျမထိစပ္ေနတဲ့ ယူနန္တို႔ ဆက္စပ္ျပည္နယ္က တ႐ုတ္ ကုမၼဏီ အေသးေတြဟာလည္း တ႐ုတ္ရဲ႕ ဥပေဒကို မလိုက္နာဘဲ စီးပြားေရးအရ အျမတ္အစြန္း တစ္ခုတည္းကိုပဲ ဦးတည္ေဆာင္႐ြက္ေလ့ရွိတာေၾကာင့္ အဲဒီကုမၸဏီေတြကိုပါ ဘယ္လိုထိန္းေက်ာင္းမလဲဆိုတာ ျမန္မာအတြက္ စိန္ေခၚမႈျဖစ္တယ္လို႔ ေျပာပါတယ္။

BRI စီမံကိန္းအမ်ားစုဟာ ပဋိပကၡေဒသမွာ အေကာင္အထည္ေဖာ္မွာျဖစ္ၿပီး ဒီေဒသေတြဟာ လူ႔အသိုင္းအဝန္းၾကား လက္နက္ကိုင္ ပဋိပကၡဒဏ္ခံ ေဒသေတြျဖစ္ေၾကာင္း TNI က ေဖာ္ျပထားပါတယ္။

ဥပမာအားျဖင့္ ရခိုင္ျပည္နယ္မွာ လက္ရွိ ရကၡိဳင့္တပ္ေတာ္နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲျပင္းထန္ေနၿပီးေတာ့ BRI ကို ထိခိုက္မႈရွိလာမလားဆိုတဲ့ ေမးခြန္းကလည္း ေပၚထြက္ေနပါတယ္။ ဒါ့အျပင္ တ႐ုတ္-ျမန္မာ ျမန္ႏႈန္းျမင့္ရထားလမ္းဟာလည္း ရွမ္းျပည္နယ္ထဲက တအာင္းလက္နက္ကိုင္ TNLA ထိန္းခ်ဳပ္ရာ ေဒသကိုျဖတ္သန္းသြားရမွာျဖစ္ပါတယ္။

ႏိုင္ငံျခားရင္းႏွီးျမႇပ္ႏွံမႈေတြ အေနနဲ႔ လက္ရွိပဋိပကၡေတြအေပၚ ဆိုးက်ိဳးသက္ေရာက္မႈ မရွိေစဖို႔ အေရးႀကီးၿပီး စီမံကိန္းေတြကို ကာကြယ္ဖို႔ စစ္အင္အားတိုးခ်ဲ႕တာေတြ မလုပ္သင့္ဘဲ လက္ရွိျဖစ္ေနတဲ့ ပဋိပကၡေတြကို ပိုဆိုးမသြားေစဖို႔ လိုတယ္လို႔ TNI က ထုတ္ျပန္ခဲ့ပါတယ္။

တ႐ုတ္အေနနဲ႔က ႏိုင္ငံတကာေရးရာေတြထက္ သူ႔စီးပြားေရးကိုသာ ဦးစားေပးၿပီးေတာ့ ဆက္လုပ္ေနမယ့္သေဘာရွိတယ္လို႔ ဦးေမာင္ေမာင္စိုးက သုံးသပ္ပါတယ္။ BRI လမ္းေၾကာင္းေပၚမွာရွိေနတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း တိုက္ပြဲေတြ မရပ္ႏိုင္ေသးတာဟာ တ႐ုတ္အတြက္ အခက္အခဲတစ္ခုျဖစ္တယ္လို႔လည္း သူက ရႈျမင္ပါတယ္။

“တကယ္တမ္းက လက္ရွိတိုက္ပြဲျဖစ္ေနတဲ့ လမ္းေၾကာင္းက မူဆယ္ လားရႈိး မႏၲေလး လမ္းေၾကာင္းမွာ ျဖစ္ေနတာ။ အဲဒါအတြက္ပဲ သူစိတ္ပူေနၿပီးေတာ့ အဲဒါအတြက္ပဲ သူႀကိဳးစားေနတာ။ တကယ္တမ္းက မႏၲေလးကေန ေက်ာက္ျဖဴအထိက ဘာတိုက္ခိုက္မႈ ပဋိပကၡမွ မရွိဘူး”

ျမန္မာျပည္ကို BRI  ျဖတ္သန္းဖို႔အတြက္ တ႐ုတ္အေနနဲ႔ လက္နက္ကိုင္ပဋိပကၡၡမွာ ျမန္မာ့တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္တပ္ေတြ စစ္အားတိုးခ်ဲ႕တာကို အားမေပးေၾကာင္းနဲ႔၊ ႏွစ္ဖက္အဆင္ေျပေရး ညႇိႏႈိင္းေစ့စပ္ေပးတဲ့ နည္းလမ္းနဲ႔သြားေနတယ္လို႔ သူက သုံးသပ္ပါတယ္။

မၾကာေသးခင္ရက္ပိုင္းတုန္းက ေျမာက္ပိုင္းေလးဖြဲ႕ကို တ႐ုတ္ျပည္ထဲေခၚယူၿပီးေတာ့ ၿငိမ္းခ်မ္းေရး ဆက္လက္ေဆြးေႏြးဖို႔ ေျပာဆိုခဲ့တာရွိၿပီးေတာ့၊ မေန႔တုန္းကလည္း ေနျပည္ေတာ္မွာ အစိုးရၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္အဖြဲ႕ကို ေဒၚလာ ေလးသိန္း လႉဒါန္းခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ရခိုင်ပဋိပက္ခက တရုတ်ပိုးခါးပတ်လမ်းမကြီးဖော်ဆောင်ဖို့ အခွင့်ကောင်းဖြစ်လာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ တရုတ်ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီတခုဖြစ်တဲ့ CNPC ရဲ့ အကောင်အထည်ဖော်နေတဲ့ ရွှေဂတ်စ်စီမံကိန်းကို တွေ့ရစဉ်
Photo: RFA

တရုတ်အစိုးရဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို စီးပွားရေးလမ်းကြောင်းနဲ့ ဖြေရှင်းဖို့ အတွက် Belt and Road Initiative (BRI) ပိုးခါးပတ်လမ်းမကြီး စီမံကိန်းကနေတဆင့် ဖော်ဆောင်ဖို့ ကြိုးစားလာတယ်လို့ Transnational Institute အဖွဲ့က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ထွက်ပြေးခဲ့ရတဲ့ တပ်မတော် ရှင်းလင်းရေး စစ်ဆင်ရေးကြောင့်၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝန်းကြားမှာ ဆက်ဆံရေး အက်ကြောင်းဖြစ်လာတဲ့အချိန်၊ တရုတ်ဟာ မြန်မာနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ အခွင့်ရေးတစ်ရပ်ဖြစ်သွားတယ်လို့လည်း TNI အဖွဲ့က ပြောပါတယ်။

BRIရဲ့ တစိတ်တပိုင်းဖြစ်တဲ့ စီမံကိန်း လေးခုကိုလည်း မြန်မာနိုင်ငံမှာ အကောင်အထည် ဖော်ပြီးဖြစ်ကြောင်း၊ အဲဒီ လေးခုက မြန်မာ-တရုတ်နှစ်နိုင်ငံ လျှပ်စစ်ဓါတ်အားသွယ်တန်းခြင်း စီမံကိန်း၊ တရုတ်-မြန်မာ မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်း၊ တရုတ်-မြန်မာ ကုန်းလမ်းနဲ့ ရေလမ်းဆက်သွယ်ရေးလမ်းကြောင်း စီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတို့ဖြစ်တယ်လို့ TNI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

CMEC မှာ ဘယ်လိုလုပ်ငန်းတွေ ပါဝင်မယ်ဆိုတာကို ရှင်းလင်းမှု မရှိပေမယ့် BRI တံဆိပ်ကပ်ပြီး လုပ်ငန်းများစွာ မြန်မာနိုင်ငံ ဆောင်ရွက်နေပြီဖြစ်ကြောင်း TNI က ဆိုပါတယ်။

စီမံကိန်းတွေဟာ ပွင့်လင်းမြင်သာမှုရှိဖို့လိုပြီး စီမံကိန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို  ထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ စိမ်းလန်းအမိမြေ ပတ်ဝန်းကျင်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောပါတယ်။

အငြင်းပွားမှုတွေ ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်ဖို့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြားထဲမှာ တရားဝင် ဥပဒေရေးဆွဲပြီး အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေပါနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မှ BRI မှာပါလာနိုင်မယ့် ဆိုးကျိုးတွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

“အဓိက တရုတ်နိုင်ငံကရှိတဲ့ ကုမ္မဏီအကြီးတွေကို ထိန်းကျောင်းဖို့ခက်တယ်။ သူတို့က ဝန်ကြီးဌာနထက်ကို ကြီးနေတော့။ နားထောင်ရင်လည်း နားထောင်မယ်။ နားမထောင်ချင်လည်း နားမထောင်ဘူး။ သူတို့ဥပဒေနဲ့ မညီလုပ်တဲ့ ကိစ္စတွေကို ပြောဖို့ကျတော့ ဘယ်လိုသွားပြောမလဲဆိုတာ ခက်နေတယ်”

ဆက်လက်ပြီးသူက မြန်မာနိုင်ငံနဲ့ နယ်မြေထိစပ်နေတဲ့ ယူနန်တို့ ဆက်စပ်ပြည်နယ်က တရုတ် ကုမ္မဏီ အသေးတွေဟာလည်း တရုတ်ရဲ့ ဥပဒေကို မလိုက်နာဘဲ စီးပွားရေးအရ အမြတ်အစွန်း တစ်ခုတည်းကိုပဲ ဦးတည်ဆောင်ရွက်လေ့ရှိတာကြောင့် အဲဒီကုမ္ပဏီတွေကိုပါ ဘယ်လိုထိန်းကျောင်းမလဲဆိုတာ မြန်မာအတွက် စိန်ခေါ်မှုဖြစ်တယ်လို့ ပြောပါတယ်။

BRI စီမံကိန်းအများစုဟာ ပဋိပက္ခဒေသမှာ အကောင်အထည်ဖော်မှာဖြစ်ပြီး ဒီဒေသတွေဟာ လူ့အသိုင်းအဝန်းကြား လက်နက်ကိုင် ပဋိပက္ခဒဏ်ခံ ဒေသတွေဖြစ်ကြောင်း TNI က ဖော်ပြထားပါတယ်။

ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာ လက်ရှိ ရက္ခိုင့်တပ်တော်နဲ့ တပ်မတော်တို့ တိုက်ပွဲပြင်းထန်နေပြီးတော့ BRI ကို ထိခိုက်မှုရှိလာမလားဆိုတဲ့ မေးခွန်းကလည်း ပေါ်ထွက်နေပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာ မြန်နှုန်းမြင့်ရထားလမ်းဟာလည်း ရှမ်းပြည်နယ်ထဲက တအာင်းလက်နက်ကိုင် TNLA ထိန်းချုပ်ရာ ဒေသကိုဖြတ်သန်းသွားရမှာဖြစ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ အနေနဲ့ လက်ရှိပဋိပက္ခတွေအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိစေဖို့ အရေးကြီးပြီး စီမံကိန်းတွေကို ကာကွယ်ဖို့ စစ်အင်အားတိုးချဲ့တာတွေ မလုပ်သင့်ဘဲ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေကို ပိုဆိုးမသွားစေဖို့ လိုတယ်လို့ TNI က ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်အနေနဲ့က နိုင်ငံတကာရေးရာတွေထက် သူ့စီးပွားရေးကိုသာ ဦးစားပေးပြီးတော့ ဆက်လုပ်နေမယ့်သဘောရှိတယ်လို့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။ BRI လမ်းကြောင်းပေါ်မှာရှိနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေ မရပ်နိုင်သေးတာဟာ တရုတ်အတွက် အခက်အခဲတစ်ခုဖြစ်တယ်လို့လည်း သူက ရှုမြင်ပါတယ်။

“တကယ်တမ်းက လက်ရှိတိုက်ပွဲဖြစ်နေတဲ့ လမ်းကြောင်းက မူဆယ် လားရှိုး မန္တလေး လမ်းကြောင်းမှာ ဖြစ်နေတာ။ အဲဒါအတွက်ပဲ သူစိတ်ပူနေပြီးတော့ အဲဒါအတွက်ပဲ သူကြိုးစားနေတာ။ တကယ်တမ်းက မန္တလေးကနေ ကျောက်ဖြူအထိက ဘာတိုက်ခိုက်မှု ပဋိပက္ခမှ မရှိဘူး”

မြန်မာပြည်ကို BRI  ဖြတ်သန်းဖို့အတွက် တရုတ်အနေနဲ့ လက်နက်ကိုင်ပဋိပက္ခ္ခမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ စစ်အားတိုးချဲ့တာကို အားမပေးကြောင်းနဲ့၊ နှစ်ဖက်အဆင်ပြေရေး ညှိနှိုင်းစေ့စပ်ပေးတဲ့ နည်းလမ်းနဲ့သွားနေတယ်လို့ သူက သုံးသပ်ပါတယ်။

မကြာသေးခင်ရက်ပိုင်းတုန်းက မြောက်ပိုင်းလေးဖွဲ့ကို တရုတ်ပြည်ထဲခေါ်ယူပြီးတော့ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးဖို့ ပြောဆိုခဲ့တာရှိပြီးတော့၊ မနေ့တုန်းကလည်း နေပြည်တော်မှာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဒေါ်လာ လေးသိန်း လှူဒါန်းခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ရခိုင္ပဋိပကၡက တ႐ုတ္ပိုးခါးပတ္လမ္းမႀကီးေဖာ္ေဆာင္ဖို႔ အခြင့္ေကာင္းျဖစ္လာ ရခိုင္ပဋိပကၡက တ႐ုတ္ပိုးခါးပတ္လမ္းမႀကီးေဖာ္ေဆာင္ဖို႔ အခြင့္ေကာင္းျဖစ္လာ Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.