ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ဆႏၵျပသူ ကရင္နီလူငယ္ ၆ ဦး ေထာင္ဒဏ္က်ခံရ

(ဓာတ္ပံု- ကရင္နီျပည္လူငယ္မ်ားသမဂၢ )

(Zawgyi/Unicode)

ကယားျပည္နယ္၊ လြိဳင္ေကာ္ျမိဳ႕မွာမၾကာေသးခင္က စိုက္ထူခဲ႔တဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ ေရႊ႕ေျပာင္းေပးဖို႔ ဦးေဆာင္ပါဝင္ခဲ႔ျပီး အစိုးရကိုလည္း ေဝဖန္ေထာက္ျပခဲ႔တဲ႔ ကရင္နီလူငယ္ေခါင္းေဆာင္ ၆ေယာက္ကို ျမိဳ႕နယ္ တရားရံုးက ဒီေန႔ ႏိုဝင္ဘာလ ၇ရက္မွာ အလုပ္နဲ႔ ေထာင္ဒဏ္ ၆လ ခ်မွတ္လိုက္ပါတယ္။

ဖြဲ႔စည္းပံုမွာေဖာ္ျပထားတဲ႔ ႏို္င္ငံသားတေယာက္ရဲ႕ လြတ္လပ္ခြင့္ကိုဆန္႔က်င္ျပီး အခုလိုအမိန္႔ခ်ခံရတာဟာ တရားစီရင္ေရးစနစ္ တိမ္းေစာင္းသြားတာ ျဖစ္ေၾကာင္း ဖမ္းဆီးခံလူငယ္ေတြက လာေရာက္ဝန္းရံသူေတြကို ေျပာလိုက္ပါတယ္။ ဒီအေၾကာင္း ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က စုစည္းတင္ျပေပးထားပါတယ္။

ကယားျပည္နယ္အစိုးရက ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ကို လူထုဆႏၵမပါဘဲ အမ်ားျပည္သူပိုင္ေနရာမွာ စိုက္ထူခဲ႔တဲ့အတြက္ေၾကာင့္ဆုိၿပီး ဦးေဆာင္ဆႏၵျပ၊ ေတာင္းဆိုခဲ႔တဲ႔ ကရင္နီလူငယ္၆ေယာက္ကုိ ဒီေန႔ တရားရံုးက (၁၈) ၾကိမ္ေျမာက္ရံုးခ်ိန္းမွာ အလုပ္နဲ႔ ေထာင္ဒဏ္ ၆လ အမိန္႔ခ်မွတ္လိုက္ပါတယ္။ ကယားျပည္နယ္အစိုးရရဲ႕ ဖမ္းဆီး၊ စစ္ေဆးမႈေတြျဖစ္ေပၚခဲ႔ျပီးေနာက္ပိုင္း ေခါင္းေဆာင္လူငယ္ ၆ေယာက္နဲ႔ ေဆြးေႏြးမႈေတြလုပ္ေနတဲ႔ၾကားမွာပဲ အစိုးရက ႏိုင္ငံသားမ်ား၏ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈ၊ လံုျခံဳေရးဆိုင္ရာ အကာအကြယ္ေပးေရးဥပေဒ ပုဒ္မ ၁၀နဲ႔ တရားစြဲခဲ့တာပါတယ္။

ေဆြးေႏြးမႈေတြရပ္ဆိုင္းသြားျပီး တရားစြဲတဲ႔ကိစၥေတြ ျဖစ္ေပၚလာတဲ႔အေပၚမွာ ဒီမိုကေရစီနည္းလမ္းမက်ဘဲ၊ အာဏာရွင္ဆန္ေၾကာင္း လူငယ္ ၆ေယာက္ထဲက တဦးအပါအဝင္ျဖစ္တဲ႔ ခြန္းေသာမတ္စ္က ဒီေန႔တရားရံုး အမိန္႔ခ်အျပီးမွာ အခုလိုေျပာပါတယ္။

“ က်ေနာ္တို႔ကို ဖမ္းရေလာက္ေအာင္ ခိုင္လံုတဲ႔ သက္ေသလည္းမရွိပါဘူး။ သို႔ေသာ္ အေနအထားအရ ဒီမိ္ုကေရစီနိုင္ငံ သြားပါတယ္ ဘယ္ေလာက္ပဲ ေျပာေျပာ လက္ရွိက်င့္သံုးေနတဲ႔ပံုစံက အာဏာရွင္ပံုစံမ်ိဳးပဲ ရွိေနတယ္ဆိုတာ ဒီကေန႔ ေထာင္ဒဏ္ ခ်မွတ္လိုက္တဲ႔အေပၚမွာ သက္ေသျပတာ ျဖစ္ပါတယ္။”

လြတ္လပ္စြာထုတ္ေဖာ္ေျပာဆုိခြင့္ဟာ ဒီမိုကေရစီရဲ႕ အေျခခံလိုအပ္ခ်က္ျဖစ္ျပီး တရားစီရင္ေရးစနစ္မွာ အုပ္ခ်ဳပ္ေရးက ဝင္ေရာက္ စြက္ဖက္ေနတာျဖစ္တယ္လို႔ ေထာင္ဒဏ္ ခ်မွတ္ခံရတဲ႔ ကရင္နီလူငယ္ ခူးၾကဴးဖဲေကးက တရားရံုးကိုလာေရာက္ ဝန္းရံလာတဲ႔သူေတြကို အခုလို ေျပာပါတယ္။

“ ဒါဟာ ဘာကိုျပလဲဆိုရင္ က်ေနာ္တို႔တိုင္းျပည္ရဲ႕ဒီမိုကေရစီစနစ္က ယိုင္နဲ႔ေနျပီဆိုတာကိုျပတယ္။ တရားစီရင္ေရးစနစ္မွာ အုပ္ခ်ဳပ္ေရးစနစ္က ဝင္ေရာက္ျပီးစိုးမိုးေနတယ္ဆုိတာျပတဲ႔ အခ်က္တခ်က္ ျဖစ္ပါတယ္။ ဆိုေတာ႔ ဒါကို က်ေနာ္တို႔ ရႈတ္ခ်ပါတယ္။ ဒုတိယတခ်က္က က်ေနာ္တို႔က ဖြဲ႔စည္းပံုကေပးထားတဲ႔ ႏို္င္ငံသားဆိုင္ရာ အခြင့္အေရးျဖစ္တဲ႔ ပုဒ္မ ၃၅၄ကို က်ေနာ္တို႔က ထိထိေရာက္ေရာက္ အသံုးခ်ခဲ႔ျခင္းပဲျဖစ္တယ္။ ဖြဲ႔စည္းပံုက ေပးထားတဲ႔ ႏိုင္ငံသားဆိုင္ရာ အခြင့္အေရးေတြ ခ်ိဳးေဖာက္ခံရတယ္ဆိုတာကို ဒုတိယအခ်က္အေနနဲ႔ ေျပာခ်င္တယ္။”

ျမန္မာႏုိင္ငံ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ရင္ဆုိင္ေနရတဲ့ ျပည္တြင္းစစ္အဆုံးသတ္ေရးအတြက္ လက္ရွိမွာ အစုိးရက ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈေတြ လုပ္ေနဆဲ ကာလျဖစ္တာေၾကာင့္ ေဒသခံတုိင္းရင္းသားေတြရဲ႕ သေဘာဆႏၵနဲ႔ ဆန္႔က်င္ၿပီး ဗုိလ္ခ်ဳပ္ေၾကးရုပ္ကုိ ဆက္လက္ထားရွိျခင္းဟာ တုိင္းရင္းသား စည္းလုံးညီညြတ္ေရးကုိ ပ်က္ျပားေစတဲ့ လုပ္ရပ္ျဖစ္တာေၾကာင္း ေထာင္ဒဏ္ခ်မွတ္ခံရတဲ႔ ကရင္နီလူငယ္ေတြက ေျပာပါတယ္။

ႏိုင္ငံသားတေယာက္အေပၚမွာ အစိုးရကိုယ္တိုင္က ႏိုင္လြတ္လံု ဥပေဒနဲ႔ တရားစဲြဲတာဟာ မွားယြင္းေနေၾကာင္းနဲ႔ ျပည္နယ္ဝန္ၾကီးခ်ဳပ္ကိုယ္စား တရားလိုလုပ္ျပီးတရားစြဲတဲ႔ ျပည္နယ္အစိုးရရံုး လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးသက္ေနာင္ဘက္က တင္သြင္းတဲ့ သက္ေသေတြဟာ လြတ္လပ္တဲ႔ သက္ေသေတြ မဟုတ္ခဲ႔ေၾကာင္း ကရင္နီလူငယ္ ၆ ဦးရဲ႕ေရွ႕ေန ဦးေစာခူးတေလ က ဗြီအိုေအကို အခုလိုေျပာပါတယ္။

“ ဒီကုိယ္စားစြဲဆိုတဲ႔ တရားလိုဆိုရင္လည္း ျပည္နယ္အစိုးရရဲ႕ လက္ေထာက္ ညႊန္ၾကားေရးမွဴးျဖစ္တယ္။ လာထြက္ဆိုတဲ႔ သက္ေသေတြထဲက ရဲမဟုတ္တဲ႔ သက္ေသေတြအားလံုးက အစိုးရရံုးမွာ အလုပ္လုပ္ေနတဲ႔ ဝန္ထမ္းေတြျဖစ္တယ္။ ဝန္ၾကီးခ်ဳပ္ရဲ႕ လက္ေအာက္မွာရွိေနတဲ႔ သက္ေသေတြ ျဖစ္တဲ႔ အတြက္ေၾကာင့္မို႔လို႔ လြတ္လပ္တဲ႔သက္ေသ မဟုတ္ဘူးလို႔ ေျပာလို႔ရတာေပါ႔။”

ႏို္င္လြတ္လံုပုဒ္မအရဆိုရင္ ေထာင္ဒဏ္ ၆လကေန အျမင့္ဆံုး ၃ႏွစ္အျပင္ ဒဏ္ေငြ ၁၅သိန္း ပူးတြဲခ်မွတ္ခံရႏုိင္တဲ့ အမႈျဖစ္ေပမယ့္ တရားသူႀကီးက အနိမ့္ျပစ္ဒဏ္ကုိ ဒီကေန႔ ခ်မွတ္ခဲ့တာပါ။

မတူညီတဲ႔ အဖြဲ႔အစည္း၊ အသိုင္းအဝန္းၾကားမွာ ညွိႏႈိင္းမႈမရွာဘဲ ပုဒ္မေတြအမ်ိဳးမ်ိဳးနဲ႔ အခုလုိ ေထာင္ဒဏ္ ခ်မွတ္ အျပစ္ေပးတာဟာ ျပႆနာရဲ႕အေျဖမဟုတ္ေၾကာင္း ကရင္နီ ႏို္င္ငံေရး အဖြဲ႔အစည္းေတြက ေျပာပါတယ္။

ဒီကေန႔ ျပစ္ဒဏ္ခ်မွတ္ခံရတဲ့ ကရင္နီလူငယ္ေတြကေတာ႔ ခူးၾကဴးဖဲေကး၊ ခူးရီးဒူ၊ ခြန္းေသာမတ္စ္၊ ပါစကြားလယ္၊ ခြန္းဂြ်န္ေပါလ္နဲ႔ ဒီးဒီ တို႔ ျဖစ္ပါတယ္။ အခုလို အမိန္႔ခ်မွတ္ခံရတာနဲ႔ ပတ္သက္လို႔ မိသားစုဝင္ေတြနဲ႔ ကာယကံရွင္ေတြရဲ႕ သေဘာထားအေပၚမူတည္ၿပီး ဘယ္လိုတံု႔ျပန္သြားမယ္ ဆိုတာ လက္တေလာ ေဆြးေႏြးေနေၾကာင္း ကရင္နီလူငယ္ေတြရဲ႕ ေရွ႕ေနက ေျပာပါတယ္။

..................

ဗိုလ်ချုပ်ကြေးရုပ်ဆန္ဒပြသူ ကရင်နီလူငယ် ၆ ဦး ထောင်ဒဏ်ကျခံရ

(Unicode)

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာမကြာသေးခင်က စိုက်ထူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ရွှေ့ပြောင်းပေးဖို့ ဦးဆောင်ပါဝင်ခဲ့ပြီး အစိုးရကိုလည်း ဝေဖန်ထောက်ပြခဲ့တဲ့ ကရင်နီလူငယ်ခေါင်းဆောင် ၆ယောက်ကို မြို့နယ် တရားရုံးက ဒီနေ့ နိုဝင်ဘာလ ၇ရက်မှာ အလုပ်နဲ့ ထောင်ဒဏ် ၆လ ချမှတ်လိုက်ပါတယ်။ ဖွဲ့စည်းပုံမှာဖော်ပြထားတဲ့ နိုင်ငံသားတယောက်ရဲ့ လွတ်လပ်ခွင့်ကိုဆန့်ကျင်ပြီး အခုလိုအမိန့်ချခံရတာဟာ တရားစီရင်ရေးစနစ် တိမ်းစောင်းသွားတာ ဖြစ်ကြောင်း ဖမ်းဆီးခံလူငယ်တွေက လာရောက်ဝန်းရံသူတွေကို ပြောလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က စုစည်းတင်ပြပေးထားပါတယ်။

ကယားပြည်နယ်အစိုးရက ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို လူထုဆန္ဒမပါဘဲ အများပြည်သူပိုင်နေရာမှာ စိုက်ထူခဲ့တဲ့အတွက်ကြောင့်ဆိုပြီး ဦးဆောင်ဆန္ဒပြ၊ တောင်းဆိုခဲ့တဲ့ ကရင်နီလူငယ်၆ယောက်ကို ဒီနေ့ တရားရုံးက (၁၈) ကြိမ်မြောက်ရုံးချိန်းမှာ အလုပ်နဲ့ ထောင်ဒဏ် ၆လ အမိန့်ချမှတ်လိုက်ပါတယ်။ ကယားပြည်နယ်အစိုးရရဲ့ ဖမ်းဆီး၊ စစ်ဆေးမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ခေါင်းဆောင်လူငယ် ၆ယောက်နဲ့ ဆွေးနွေးမှုတွေလုပ်နေတဲ့ကြားမှာပဲ အစိုးရက နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံရေးဆိုင်ရာ အကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀နဲ့ တရားစွဲခဲ့တာပါတယ်။

ဆွေးနွေးမှုတွေရပ်ဆိုင်းသွားပြီး တရားစွဲတဲ့ကိစ္စတွေ ဖြစ်ပေါ်လာတဲ့အပေါ်မှာ ဒီမိုကရေစီနည်းလမ်းမကျဘဲ၊ အာဏာရှင်ဆန်ကြောင်း လူငယ် ၆ယောက်ထဲက တဦးအပါအဝင်ဖြစ်တဲ့ ခွန်းသောမတ်စ်က ဒီနေ့တရားရုံး အမိန့်ချအပြီးမှာ အခုလိုပြောပါတယ်။

“ ကျနော်တို့ကို ဖမ်းရလောက်အောင် ခိုင်လုံတဲ့ သက်သေလည်းမရှိပါဘူး။ သို့သော် အနေအထားအရ ဒီမိုကရေစီနိုင်ငံ သွားပါတယ် ဘယ်လောက်ပဲ ပြောပြော လက်ရှိကျင့်သုံးနေတဲ့ပုံစံက အာဏာရှင်ပုံစံမျိုးပဲ ရှိနေတယ်ဆိုတာ ဒီကနေ့ ထောင်ဒဏ် ချမှတ်လိုက်တဲ့အပေါ်မှာ သက်သေပြတာ ဖြစ်ပါတယ်။”

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ ဒီမိုကရေစီရဲ့ အခြေခံလိုအပ်ချက်ဖြစ်ပြီး တရားစီရင်ရေးစနစ်မှာ အုပ်ချုပ်ရေးက ဝင်ရောက် စွက်ဖက်နေတာဖြစ်တယ်လို့ ထောင်ဒဏ် ချမှတ်ခံရတဲ့ ကရင်နီလူငယ် ခူးကြူးဖဲကေးက တရားရုံးကိုလာရောက် ဝန်းရံလာတဲ့သူတွေကို အခုလို ပြောပါတယ်။

“ ဒါဟာ ဘာကိုပြလဲဆိုရင် ကျနော်တို့တိုင်းပြည်ရဲ့ဒီမိုကရေစီစနစ်က ယိုင်နဲ့နေပြီဆိုတာကိုပြတယ်။ တရားစီရင်ရေးစနစ်မှာ အုပ်ချုပ်ရေးစနစ်က ဝင်ရောက်ပြီးစိုးမိုးနေတယ်ဆိုတာပြတဲ့ အချက်တချက် ဖြစ်ပါတယ်။ ဆိုတော့ ဒါကို ကျနော်တို့ ရှုတ်ချပါတယ်။ ဒုတိယတချက်က ကျနော်တို့က ဖွဲ့စည်းပုံကပေးထားတဲ့ နိုင်ငံသားဆိုင်ရာ အခွင့်အရေးဖြစ်တဲ့ ပုဒ်မ ၃၅၄ကို ကျနော်တို့က ထိထိရောက်ရောက် အသုံးချခဲ့ခြင်းပဲဖြစ်တယ်။ ဖွဲ့စည်းပုံက ပေးထားတဲ့ နိုင်ငံသားဆိုင်ရာ အခွင့်အရေးတွေ ချိုးဖောက်ခံရတယ်ဆိုတာကို ဒုတိယအချက်အနေနဲ့ ပြောချင်တယ်။”

မြန်မာနိုင်ငံ ဆယ်စုနှစ်ပေါင်းများစွာ ရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ်အဆုံးသတ်ရေးအတွက် လက်ရှိမှာ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေ လုပ်နေဆဲ ကာလဖြစ်တာကြောင့် ဒေသခံတိုင်းရင်းသားတွေရဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်ပြီး ဗိုလ်ချုပ်ကြေးရုပ်ကို ဆက်လက်ထားရှိခြင်းဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေတဲ့ လုပ်ရပ်ဖြစ်တာကြောင်း ထောင်ဒဏ်ချမှတ်ခံရတဲ့ ကရင်နီလူငယ်တွေက ပြောပါတယ်။

နိုင်ငံသားတယောက်အပေါ်မှာ အစိုးရကိုယ်တိုင်က နိုင်လွတ်လုံ ဥပဒေနဲ့ တရားစွဲတာဟာ မှားယွင်းနေကြောင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား တရားလိုလုပ်ပြီးတရားစွဲတဲ့ ပြည်နယ်အစိုးရရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်ဘက်က တင်သွင်းတဲ့ သက်သေတွေဟာ လွတ်လပ်တဲ့ သက်သေတွေ မဟုတ်ခဲ့ကြောင်း ကရင်နီလူငယ် ၆ ဦးရဲ့ရှေ့နေ ဦးစောခူးတလေ က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ ဒီကိုယ်စားစွဲဆိုတဲ့ တရားလိုဆိုရင်လည်း ပြည်နယ်အစိုးရရဲ့ လက်ထောက် ညွှန်ကြားရေးမှူးဖြစ်တယ်။ လာထွက်ဆိုတဲ့ သက်သေတွေထဲက ရဲမဟုတ်တဲ့ သက်သေတွေအားလုံးက အစိုးရရုံးမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေဖြစ်တယ်။ ဝန်ကြီးချုပ်ရဲ့ လက်အောက်မှာရှိနေတဲ့ သက်သေတွေ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ လွတ်လပ်တဲ့သက်သေ မဟုတ်ဘူးလို့ ပြောလို့ရတာပေါ့။”

နိုင်လွတ်လုံပုဒ်မအရဆိုရင် ထောင်ဒဏ် ၆လကနေ အမြင့်ဆုံး ၃နှစ်အပြင် ဒဏ်ငွေ ၁၅သိန်း ပူးတွဲချမှတ်ခံရနိုင်တဲ့ အမှုဖြစ်ပေမယ့် တရားသူကြီးက အနိမ့်ပြစ်ဒဏ်ကို ဒီကနေ့ ချမှတ်ခဲ့တာပါ။

မတူညီတဲ့ အဖွဲ့အစည်း၊ အသိုင်းအဝန်းကြားမှာ ညှိနှိုင်းမှုမရှာဘဲ ပုဒ်မတွေအမျိုးမျိုးနဲ့ အခုလို ထောင်ဒဏ် ချမှတ် အပြစ်ပေးတာဟာ ပြဿနာရဲ့အဖြေမဟုတ်ကြောင်း ကရင်နီ နိုင်ငံရေး အဖွဲ့အစည်းတွေက ပြောပါတယ်။

ဒီကနေ့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ကရင်နီလူငယ်တွေကတော့ ခူးကြူးဖဲကေး၊ ခူးရီးဒူ၊ ခွန်းသောမတ်စ်၊ ပါစကွားလယ်၊ ခွန်းဂျွန်ပေါလ်နဲ့ ဒီးဒီ တို့ ဖြစ်ပါတယ်။ အခုလို အမိန့်ချမှတ်ခံရတာနဲ့ ပတ်သက်လို့ မိသားစုဝင်တွေနဲ့ ကာယကံရှင်တွေရဲ့ သဘောထားအပေါ်မူတည်ပြီး ဘယ်လိုတုံ့ပြန်သွားမယ် ဆိုတာ လက်တလော ဆွေးနွေးနေကြောင်း ကရင်နီလူငယ်တွေရဲ့ ရှေ့နေက ပြောပါတယ်။

ေဇာ္ထက္ / VOA Burmese
https://burmese.voanews.com
ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ဆႏၵျပသူ ကရင္နီလူငယ္ ၆ ဦး ေထာင္ဒဏ္က်ခံရ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ဆႏၵျပသူ ကရင္နီလူငယ္ ၆ ဦး ေထာင္ဒဏ္က်ခံရ Reviewed by THITHTOOLWIN on 00:23 Rating: 5
Powered by Blogger.