အီတလီမွာ ထီးေတာ္တင္ခဲ့တဲ့ ပုလင္းေစတီ

 ေစတီရဲ႕ ေအာက္ေျခမွာ ေက်ာက္ေတြနဲ႔ အရင္ တည္ေဆာက္ၿပီး ပုလင္းေတြကို အဆင့္ဆင့္ အဂၤေတနဲ႔ စီခဲ့
(Zawgyi)⤵⤵⤵
ပုလင္း ေစတီတည္ထားတဲ့ သဘာဝ တရားရိပ္သာက အီတလီႏိုင္ငံ ေတာင္ပိုင္း ကာလာဘရီယာ Calabria ျပည္နယ္၊ ခ်င္ကြီဖရန္ဒီ Cinquefrondi ၿမိဳ႕မွာ တည္ရွိပါတယ္။

ေအာက္တိုဘာ လကုန္က ဒီ ပုလင္းေစတီကို ထီးေတာ္တင္ခဲ့တာ ျဖစ္ပါတယ္။ အီတလီ သဘာဝ တရားရိပ္သာကိုေတာ့ ေအာက္တိုဘာ ၂၀ ရက္ေန႔က ဖြင့္ပြဲလုပ္ခဲ့ပါတယ္။

 ခ်င္ကြီဖရန္ဒီမွာ တည္ထားတဲ့ ပုလင္းေစတီ

ရိပ္သာတည္ေဆာက္ဖို႔ ဝယ္ယူထားတဲ့ အေဆာက္အအုံႀကီးရဲ႕ ေျမေအာက္ခန္းမွာ အရင္ အိမ္ရွင္ေတြ ထားခဲ့တဲ့ ဝိုင္ပုလင္းေတြ အမ်ားႀကီးကို စြန္႔ပစ္ ေပးပစ္ေပမဲ့ မကုန္တဲ့ အတြက္ တခုခုလုပ္ရင္ ေကာင္းမယ္ ဆိုၿပီး သဘာဝ တရား ရိပ္သာ ဆရာေတာ္ အရွင္ ဥတၱမသာရက စိတ္ကူးခဲ့တာ ျဖစ္ပါတယ္တယ္။

ၿခံထဲမွာ သစ္ပင္ ပန္းပင္ေတြကို အုတ္ခဲနဲ႔ ၿခံခတ္သလို ပုလင္းေတြနဲ႔ ၿခံခတ္ဖို႔ မူလက စီစဥ္ၿပီးခါမွ ဂ်ာမနီႏိုင္ငံ Frankfurt Buddhaswwg က အုတ္ပုံ ေစတီ ကို ဖူးရၿပီး ပုလင္းေစတီ တည္ဖို႔ အႀကံရ ခဲ့တာလို႔ ဆရာေတာ္က ဘီဘီစီကို မိန္႔ပါတယ္။

ဒီအုတ္ပုံေစတီကိုျမင္ၿပီး ပုလင္းေစတီတည္ဖို႔ စိတ္ကူးရခဲ့

ဝိုင္ပုလင္းေတြနဲ႔ တည္တဲ့ေစတီ

တကယ္ေတာ့ ဒီပုလင္းေတြရဲ႕ မူလ ပိုင္ရွင္ အိမ္ရွင္ေဟာင္းက ကိုယ္တိုင္ ဝိုင္အရက္ ခ်က္လုပ္ သူျဖစ္လို႔ ဝိုင္ထည့္ဖို႔ ထားတဲ့ ပုလင္းေတြ ျဖစ္ပါတယ္။

သံဃာေတြနဲ႔ သီလရွင္ေတြ ကိုယ္တိုင္ပါဝင္
ပုလင္းေစတီရဲ႕ အတြင္းမွာ ေ႐ႊတိဂုံေစတီ ပုံေတာ္ အေသးေလးနဲ႔ က်ိဳက္ထီး႐ိုး ေစတီပုံေတာ္ အေသးေလးေတြပါဝင္တဲ့ ေစတီငယ္ေလးေတြကို အတြင္းမွာ ဌာပနာၿပီး အျပင္ကေန ပုလင္းေတြကို ဆင့္ၿပီး တည္ထားတာ ျဖစ္ပါတယ္။

အျပင္ကေန ၾကည့္ရင္လည္း အတြင္းမွာ ကိုးကြယ္ ဌာပနာထားတဲ့ အဲဒီ ေစတီငယ္ေလးေတြကို ျမင္ရတယ္လို႔ ဆိုပါတယ္။

ႏွစ္ေပါင္းမ်ားစြာ ေျမတိုက္ထဲမွာ ရွိေနတဲ့ ဝိုင္ပုလင္းေတြကို ရိပ္သာက ဆရာေတာ္ေတြ၊ သီလရွင္ေတြနဲ႔ ေယာဂီေတြက သန္႔စင္သြားေအာင္ အေသအခ်ာ ေဆးေၾကာ သန္႔ရွင္း ၿပီးမွ တည္တာလို႔ ဆရာေတာ္က မိန္႔ပါတယ္။

 ေစတီတည္ဖို႔ ပုလင္းေတြကို သန္႔စင္ၾက
ေစတီရဲ႕ ေအာက္ေျခမွာ ေက်ာက္ေတြနဲ႔ အရင္ တည္ေဆာက္ၿပီး ပုလင္းေတြကို အဆင့္ဆင့္ အဂၤေတနဲ႔ စီသြားတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ေစတီေတာ္ေတြ တည္ေဆာက္တဲ့ ရဟန္း တစ္ပါး အီတလီကို ႂကြလာၿပီး တည္ေပးတာလို႔ ဆရာေတာ္က မိန္႔ပါတယ္။

 ေစတီတည္ဖို႔ သံဃာေတြ ကိုယ္တိုင္ လုပ္အားပါဝင္ၾကရ
အရက္ပုလင္းနဲ႔ ေစတီ အပ္စပ္ရဲ႕လား၊ ပူေဇာ္ထိုက္ရဲ႕လား

တရားသေဘာ အရ ဘာျဖစ္တယ္ဆိုတာထက္ ျပဳလုပ္တဲ့ အေၾကာင္းတရားက ပိုတန္ဖိုး ရွိတယ္လို႔ ဆရာေတာ္က မိန္႔ပါတယ္။

"အရက္ထည့္ေသာက္ရင္ အရက္ခြက္ေပါ့ ေရထည့္ေသာက္ရင္ ေရခြက္ေပါ့။ ကိုယ္သုံးတဲ့ အေပၚ မူတည္ၿပီး တန္ဖိုးက ကြာျခားသြားတာေပါ့"

" ဒီေနရာကလည္း အရင္တုန္းက ေဆးခန္းဖြင့္တဲ့ေနရာ၊ ကိုယ္တိုင္ေသာက္ဖို႔ ဝိုင္ေတြ ထုတ္လုပ္တဲ့ေနရာေပါ့။ ဒါကို ဆရာေတာ္တို႔က ဝယ္ၿပီးေတာ့ ရိပ္သာဖြင့္လိုက္တဲ့ အခါက်ေတာ့ တရားရိပ္သာ၊ ဘုန္းႀကီးေက်ာင္း ျဖစ္သြားတာေပါ့"

နဂိုက ဘာပဲ ျဖစ္ခဲ့ ျဖစ္ခဲ့ ပစၥဳပၸန္မွာ ဘာျဖစ္တယ္ ဆိုတာထက္ ျပဳလုပ္တဲ့ အေၾကာင္းတရားက ပိုၿပီးေတာ့ တန္ဖို႔းရွိတယ္၊ ဒီေစတီက ဘုရားေက်ာင္းကန္တြင္းမွာ ရွိတယ္၊ သိမ္သမုတ္ထားၿပီးျဖစ္တယ္။ ပူေဇာ္ထိုက္တယ္လို႔ ဆရာေတာ္က မိန္႔ပါတယ္။

အီတလီမွာ ဆရာေတာ္ေတြ ဆြမ္းခံႂကြ

အီတလီမွာ ရိပ္သာဖြင့္ျဖစ္တဲ့ အေၾကာင္းနဲ႔ ဆရာေတာ္ရဲ႕ ေဆာင္႐ြက္ခ်က္မ်ား

အီတလီ နဲ႔ ဥေရာပက လူေတြနဲ႔ တရားဝင္ ေနထိုင္ဖို႔ အခက္အခဲရွိၾကတဲ့ အာဖရိကက ဝင္လာ သူေတြကို ကူညီခ်င္တဲ့ ရည္႐ြယ္ခ်က္နဲ႔ တရားရိပ္သာ ဖြင့္လွစ္တာလို႔ သဘာဝ တရား ရိပ္သာ ဆရာေတာ္က ဘီဘီစီကို မိန္႔ပါတယ္။

ရိပ္သာမွာ တရားျပတဲ့ တာဝန္ခံက အီတလီႏိုင္ငံသား သီလရွင္ ဆရာေလး ေခမာဆာရီျဖစ္ၿပီး ေယာဂီ ေတြကို အီတလီဘာသာနဲ႔ ရွင္းျပပါတယ္။

လြန္ခဲ့တဲ့ ၂ ႏွစ္က အီတလီေျမာက္ပိုင္းမွာ တရားရိပ္သာ တစ္ခု စတင္ဖြင့္လွစ္ခဲ့ၿပီးေနာက္ အဲဒီရိပ္သာ တာဝန္ခံျဖစ္တဲ့ ေရွ႕ေနနဲ႔ မိသားစုက သူတို႔ ဇာတိ ခ်င္ကြီဖရန္ဒီ ၿမိဳ႕ မွာလည္း ဗုဒၶဘာသာ တရားရိပ္သာတစ္ခု ဖြင့္ေစခ်င္တဲ့ အတြက္ ၿမိဳ႕ကို ၿပီးခဲ့တဲ့ မတ္လက သြားေရာက္ ၾကည့္ရႈ ခဲ့ၾကပါတယ္။
ရိပ္သာကိုလာၾကတဲ့ ခ်င္ကြီဖရန္ဒီ ၿမိဳ႕ခံေတြ

ဆရာေတာ္က သူ႔ရဲ႕ လုပ္ငန္း အေၾကာင္း ၿမိဳ႕ေတာ္ဝန္နဲ႔ ၿမိဳ႕မိ ၿမိဳ႕ဖေတြကို ၿမိဳ႕ေတာ္ခန္းမမွာ ေတြ႕ဆုံ ၿပီး ရွင္းျပ ေဆြးေႏြးရာမွာ စိတ္ဝင္စားတဲ့ အတြက္ ရိပ္သာ တည္ေဆာက္ဖို႔ ေနရာ ဝယ္ယူခဲ့တာျဖစ္ပါတယ္။

ဒီလိုဝယ္ယူႏိုင္ဖို႔ ၿမိဳ႕ခံေတြကလည္း တတ္ႏိုင္သေလာက္ ပါဝင္လႉဒါန္းခဲ့ၾကတယ္လို႔ ဆရာေတာ္က မိန္႔ပါတယ္။

ဝယ္ယူလိုက္တဲ့ ေနရာက တစ္ၿမိဳ႕လုံးရဲ႕ အႀကီးဆုံး အိမ္ႀကီးလို႔ေတာင္ဆိုႏိုင္ၿပီး တခ်ိန္က အီတလီလူမ်ိဳး လူကုံထံ မိသားစု ပိုင္ဆိုင္ခဲ့တဲ့ အိမ္ႀကီးျဖစ္ပါတယ္။

အိမ္ပိုင္ရွင္က ဆရာဝန္မိသားစုျဖစ္ၿပီး အိမ္မွာတင္ ေဆးဆိုင္ ေဆးခန္း ဖြင့္လွစ္ခဲ့တဲ့ ေနရာလည္း ျဖစ္ပါတယ္။

အိမ္ရဲ႕ေျမေအာက္ခန္းမွာေတာ့ သူတို႔ ကိုယ္တိုင္ ဝိုင္အရက္ေတြ ခ်က္လုပ္ ထားရွိခဲ့ပါတယ္။

အီတလီ သဘာဝတရားရိပ္သာကို ၾသဂုတ္ ၁၃ ရက္ေန႔က စတင္ဖြင့္လွစ္ႏိုင္ခဲ့တယ္လို႔ ဆရာေတာ္က မိန္႔ပါတယ္။
 ရိပ္သာဖြင့္ပြဲေန႔က ေတြ႕ရတဲ့ သီလရွင္မ်ား

ၿမိဳ႕ေနလူေတြနဲ႔ ရိပ္သာၾကား အျပန္အလွန္ ကူညီမႈ

လူေတြရင္ဆိုင္ေနရတဲ့ အမႈိက္ျပႆနာ၊ စြန္႔ပစ္ ပစၥည္း ျပႆနာေတြ ရွိေနတဲ့ အတြက္ ရိပ္သာမွာ မလိုအပ္ေတာ့တဲ့ ပစၥည္းေတြကို ခ်င္ကြီဖရန္ဒီ ၿမိဳ႕သူ ၿမိဳ႕သားေတြ လိုခ်င္ရင္ လာယူဖို႔ ခြင့္ျပဳၿပီး သူတို႔ အသုံးမလိုေတာ့တဲ့ ပစၥည္းေတြကို ရိပ္သာမွာ လာလႉ တဲ့ ပစၥည္း ဖလွယ္တဲ့ အစီအစဥ္လည္း ဆရာေတာ္က ေဆာင္႐ြက္ထားပါတယ္။

ရိပ္သာကို သူတို႔ လာေပးတဲ့ ပစၥည္းေတြ ထဲမွာ စားစရာေတြ အဝတ္ အစားေတြနဲ႔ ေရခဲေသတၱာလို ျမန္မာႏိုင္ငံမွာ ျပန္သုံးလို႔ရတဲ့ ပစၥည္းမ်ိဳးေတြလည္း ပါပါတယ္။

အခုလို လာလႉတဲ့ ပစၥည္းေတြကို ျမန္မာႏိုင္ငံ အထိ ပို႔ေဆာင္ၿပီး လိုအပ္သူေတြကို မွ်ေဝႏိုင္မယ့္ အစီအစဥ္ လုပ္ဖို႔ကိုလည္း ဆရာေတာ္က စဥ္းစားေနတယ္လို႔ မိန္႔ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
အီတလီမှာ ထီးတော်တင်ခဲ့တဲ့ ပုလင်းစေတီ

Image caption စေတီရဲ့ အောက်ခြေမှာ ကျောက်တွေနဲ့ အရင် တည်ဆောက်ပြီး ပုလင်းတွေကို အဆင့်ဆင့် အင်္ဂတေနဲ့ စီခဲ့

ပုလင်း စေတီတည်ထားတဲ့ သဘာဝ တရားရိပ်သာက အီတလီနိုင်ငံ တောင်ပိုင်း ကာလာဘရီယာ Calabria ပြည်နယ်၊ ချင်ကွီဖရန်ဒီ Cinquefrondi မြို့မှာ တည်ရှိပါတယ်။

အောက်တိုဘာ လကုန်က ဒီ ပုလင်းစေတီကို ထီးတော်တင်ခဲ့တာ ဖြစ်ပါတယ်။ အီတလီ သဘာဝ တရားရိပ်သာကိုတော့ အောက်တိုဘာ ၂၀ ရက်နေ့က ဖွင့်ပွဲလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် အီတလီသဘာဝတရားရိပ်သာ
Image caption ချင်ကွီဖရန်ဒီမှာ တည်ထားတဲ့ ပုလင်းစေတီ

ရိပ်သာထဲမှာ သိမ် နေရာကိုလည်း ပုလင်းတွေနဲ့ တည်ဆောက်နေပါတယ်။
ဘာကြောင့် ပုလင်းစေတီတည်ဖြစ်တာလဲ

ရိပ်သာတည်ဆောက်ဖို့ ဝယ်ယူထားတဲ့ အဆောက်အအုံကြီးရဲ့ မြေအောက်ခန်းမှာ အရင် အိမ်ရှင်တွေ ထားခဲ့တဲ့ ဝိုင်ပုလင်းတွေ အများကြီးကို စွန့်ပစ် ပေးပစ်ပေမဲ့ မကုန်တဲ့ အတွက် တခုခုလုပ်ရင် ကောင်းမယ် ဆိုပြီး သဘာဝ တရား ရိပ်သာ ဆရာတော် အရှင် ဥတ္တမသာရက စိတ်ကူးခဲ့တာ ဖြစ်ပါတယ်တယ်။

ခြံထဲမှာ သစ်ပင် ပန်းပင်တွေကို အုတ်ခဲနဲ့ ခြံခတ်သလို ပုလင်းတွေနဲ့ ခြံခတ်ဖို့ မူလက စီစဉ်ပြီးခါမှ ဂျာမနီနိုင်ငံ Frankfurt Buddhaswwg က အုတ်ပုံ စေတီ ကို ဖူးရပြီး ပုလင်းစေတီ တည်ဖို့ အကြံရ ခဲ့တာလို့ ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။
ဓာတ်ပုံ မူပိုင် ဆရာလေးဆန္ဒာဓိကာ
Image caption ဒီအုတ်ပုံစေတီကိုမြင်ပြီး ပုလင်းစေတီတည်ဖို့ စိတ်ကူးရခဲ့

ဝိုင်ပုလင်းတွေနဲ့ တည်တဲ့စေတီ

တကယ်တော့ ဒီပုလင်းတွေရဲ့ မူလ ပိုင်ရှင် အိမ်ရှင်ဟောင်းက ကိုယ်တိုင် ဝိုင်အရက် ချက်လုပ် သူဖြစ်လို့ ဝိုင်ထည့်ဖို့ ထားတဲ့ ပုလင်းတွေ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် အီတလီသဘာဝတရားရိပ်သာ
Image caption သံဃာတွေနဲ့ သီလရှင်တွေ ကိုယ်တိုင်ပါဝင်

ပုလင်းစေတီရဲ့ အတွင်းမှာ ရွှေတိဂုံစေတီ ပုံတော် အသေးလေးနဲ့ ကျိုက်ထီးရိုး စေတီပုံတော် အသေးလေးတွေပါဝင်တဲ့ စေတီငယ်လေးတွေကို အတွင်းမှာ ဌာပနာပြီး အပြင်ကနေ ပုလင်းတွေကို ဆင့်ပြီး တည်ထားတာ ဖြစ်ပါတယ်။

အပြင်ကနေ ကြည့်ရင်လည်း အတွင်းမှာ ကိုးကွယ် ဌာပနာထားတဲ့ အဲဒီ စေတီငယ်လေးတွေကို မြင်ရတယ်လို့ ဆိုပါတယ်။

နှစ်ပေါင်းများစွာ မြေတိုက်ထဲမှာ ရှိနေတဲ့ ဝိုင်ပုလင်းတွေကို ရိပ်သာက ဆရာတော်တွေ၊ သီလရှင်တွေနဲ့ ယောဂီတွေက သန့်စင်သွားအောင် အသေအချာ ဆေးကြော သန့်ရှင်း ပြီးမှ တည်တာလို့ ဆရာတော်က မိန့်ပါတယ်။
ဓာတ်ပုံ မူပိုင် အီတလီသဘာဝတရားရိပ်သာ
Image caption စေတီတည်ဖို့ ပုလင်းတွေကို သန့်စင်ကြ

စေတီရဲ့ အောက်ခြေမှာ ကျောက်တွေနဲ့ အရင် တည်ဆောက်ပြီး ပုလင်းတွေကို အဆင့်ဆင့် အင်္ဂတေနဲ့ စီသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စေတီတော်တွေ တည်ဆောက်တဲ့ ရဟန်း တစ်ပါး အီတလီကို ကြွလာပြီး တည်ပေးတာလို့ ဆရာတော်က မိန့်ပါတယ်။
ဓာတ်ပုံ မူပိုင် အီတလီသဘာဝတရားရိပ်သာ
Image caption စေတီတည်ဖို့ သံဃာတွေ ကိုယ်တိုင် လုပ်အားပါဝင်ကြရ
အရက်ပုလင်းနဲ့ စေတီ အပ်စပ်ရဲ့လား၊ ပူဇော်ထိုက်ရဲ့လား

တရားသဘော အရ ဘာဖြစ်တယ်ဆိုတာထက် ပြုလုပ်တဲ့ အကြောင်းတရားက ပိုတန်ဖိုး ရှိတယ်လို့ ဆရာတော်က မိန့်ပါတယ်။

"အရက်ထည့်သောက်ရင် အရက်ခွက်ပေါ့ ရေထည့်သောက်ရင် ရေခွက်ပေါ့။ ကိုယ်သုံးတဲ့ အပေါ် မူတည်ပြီး တန်ဖိုးက ကွာခြားသွားတာပေါ့"

" ဒီနေရာကလည်း အရင်တုန်းက ဆေးခန်းဖွင့်တဲ့နေရာ၊ ကိုယ်တိုင်သောက်ဖို့ ဝိုင်တွေ ထုတ်လုပ်တဲ့နေရာပေါ့။ ဒါကို ဆရာတော်တို့က ဝယ်ပြီးတော့ ရိပ်သာဖွင့်လိုက်တဲ့ အခါကျတော့ တရားရိပ်သာ၊ ဘုန်းကြီးကျောင်း ဖြစ်သွားတာပေါ့"

နဂိုက ဘာပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ပစ္စုပ္ပန်မှာ ဘာဖြစ်တယ် ဆိုတာထက် ပြုလုပ်တဲ့ အကြောင်းတရားက ပိုပြီးတော့ တန်ဖို့းရှိတယ်၊ ဒီစေတီက ဘုရားကျောင်းကန်တွင်းမှာ ရှိတယ်၊ သိမ်သမုတ်ထားပြီးဖြစ်တယ်။ ပူဇော်ထိုက်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
ဓာတ်ပုံ မူပိုင် Sandar San Maung
Image caption အီတလီမှာ ဆရာတော်တွေ ဆွမ်းခံကြွ
အီတလီမှာ ရိပ်သာဖွင့်ဖြစ်တဲ့ အကြောင်းနဲ့ ဆရာတော်ရဲ့ ဆောင်ရွက်ချက်များ

အီတလီ နဲ့ ဥရောပက လူတွေနဲ့ တရားဝင် နေထိုင်ဖို့ အခက်အခဲရှိကြတဲ့ အာဖရိကက ဝင်လာ သူတွေကို ကူညီချင်တဲ့ ရည်ရွယ်ချက်နဲ့ တရားရိပ်သာ ဖွင့်လှစ်တာလို့ သဘာဝ တရား ရိပ်သာ ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။

ရိပ်သာမှာ တရားပြတဲ့ တာဝန်ခံက အီတလီနိုင်ငံသား သီလရှင် ဆရာလေး ခေမာဆာရီဖြစ်ပြီး ယောဂီ တွေကို အီတလီဘာသာနဲ့ ရှင်းပြပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က အီတလီမြောက်ပိုင်းမှာ တရားရိပ်သာ တစ်ခု စတင်ဖွင့်လှစ်ခဲ့ပြီးနောက် အဲဒီရိပ်သာ တာဝန်ခံဖြစ်တဲ့ ရှေ့နေနဲ့ မိသားစုက သူတို့ ဇာတိ ချင်ကွီဖရန်ဒီ မြို့ မှာလည်း ဗုဒ္ဓဘာသာ တရားရိပ်သာတစ်ခု ဖွင့်စေချင်တဲ့ အတွက် မြို့ကို ပြီးခဲ့တဲ့ မတ်လက သွားရောက် ကြည့်ရှု ခဲ့ကြပါတယ်။
ဓာတ်ပုံ မူပိုင် အီတလီသဘာဝတရားရိပ်သာ
Image caption ရိပ်သာကိုလာကြတဲ့ ချင်ကွီဖရန်ဒီ မြို့ခံတွေ

ဆရာတော်က သူ့ရဲ့ လုပ်ငန်း အကြောင်း မြို့တော်ဝန်နဲ့ မြို့မိ မြို့ဖတွေကို မြို့တော်ခန်းမမှာ တွေ့ဆုံ ပြီး ရှင်းပြ ဆွေးနွေးရာမှာ စိတ်ဝင်စားတဲ့ အတွက် ရိပ်သာ တည်ဆောက်ဖို့ နေရာ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

ဒီလိုဝယ်ယူနိုင်ဖို့ မြို့ခံတွေကလည်း တတ်နိုင်သလောက် ပါဝင်လှူဒါန်းခဲ့ကြတယ်လို့ ဆရာတော်က မိန့်ပါတယ်။

ဝယ်ယူလိုက်တဲ့ နေရာက တစ်မြို့လုံးရဲ့ အကြီးဆုံး အိမ်ကြီးလို့တောင်ဆိုနိုင်ပြီး တချိန်က အီတလီလူမျိုး လူကုံထံ မိသားစု ပိုင်ဆိုင်ခဲ့တဲ့ အိမ်ကြီးဖြစ်ပါတယ်။

အိမ်ပိုင်ရှင်က ဆရာဝန်မိသားစုဖြစ်ပြီး အိမ်မှာတင် ဆေးဆိုင် ဆေးခန်း ဖွင့်လှစ်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

အိမ်ရဲ့မြေအောက်ခန်းမှာတော့ သူတို့ ကိုယ်တိုင် ဝိုင်အရက်တွေ ချက်လုပ် ထားရှိခဲ့ပါတယ်။

အီတလီ သဘာဝတရားရိပ်သာကို သြဂုတ် ၁၃ ရက်နေ့က စတင်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။
ဓာတ်ပုံ မူပိုင် Sandar San Maung
Image caption ရိပ်သာဖွင့်ပွဲနေ့က တွေ့ရတဲ့ သီလရှင်များ
မြို့နေလူတွေနဲ့ ရိပ်သာကြား အပြန်အလှန် ကူညီမှု

လူတွေရင်ဆိုင်နေရတဲ့ အမှိုက်ပြဿနာ၊ စွန့်ပစ် ပစ္စည်း ပြဿနာတွေ ရှိနေတဲ့ အတွက် ရိပ်သာမှာ မလိုအပ်တော့တဲ့ ပစ္စည်းတွေကို ချင်ကွီဖရန်ဒီ မြို့သူ မြို့သားတွေ လိုချင်ရင် လာယူဖို့ ခွင့်ပြုပြီး သူတို့ အသုံးမလိုတော့တဲ့ ပစ္စည်းတွေကို ရိပ်သာမှာ လာလှူ တဲ့ ပစ္စည်း ဖလှယ်တဲ့ အစီအစဉ်လည်း ဆရာတော်က ဆောင်ရွက်ထားပါတယ်။

ရိပ်သာကို သူတို့ လာပေးတဲ့ ပစ္စည်းတွေ ထဲမှာ စားစရာတွေ အဝတ် အစားတွေနဲ့ ရေခဲသေတ္တာလို မြန်မာနိုင်ငံမှာ ပြန်သုံးလို့ရတဲ့ ပစ္စည်းမျိုးတွေလည်း ပါပါတယ်။

အခုလို လာလှူတဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံ အထိ ပို့ဆောင်ပြီး လိုအပ်သူတွေကို မျှဝေနိုင်မယ့် အစီအစဉ် လုပ်ဖို့ကိုလည်း ဆရာတော်က စဉ်းစားနေတယ်လို့ မိန့်ပါတယ်။

BBC Burmese
https://www.bbc.com
အီတလီမွာ ထီးေတာ္တင္ခဲ့တဲ့ ပုလင္းေစတီ အီတလီမွာ ထီးေတာ္တင္ခဲ့တဲ့ ပုလင္းေစတီ Reviewed by THITHTOOLWIN on 00:31 Rating: 5
Powered by Blogger.