စစ္ကိုင္းတိုင္းေဒသႀကီး ေမာ္လူးၿမိဳ႕ မင္းရာဇာရပ္ကြက္အတြင္း ေငြက်ပ္သိန္းေပါင္း ၅၅၀၀ ခန႔္ တန္ဖိုးရွိ ေ႐ႊထည္ပစၥည္းမ်ားခိုးယူခံရ

ေမာ္လူးၿမိဳ႕အဝင္ဆိုင္းဘုတ္အားေတြ႕ရစဥ္ (ဓာတ္ပုံ--အင္တာနက္)
(Zawgyi)⤵⤵⤵

     ရန္ကုန္၊ ႏိုဝင္ဘာ ၁ ရက္ (ဆင္ဟြာ)

စစ္ကိုင္းတိုင္းေဒသႀကီး အင္းေတာ္ၿမိဳ႕နယ္ ေမာ္လူးၿမိဳ႕ မင္းရာဇာ ရပ္ကြက္အတြင္း ေနအိမ္တစ္အိမ္မွ တန္ဖိုး ေငြက်ပ္ သိန္းေပါင္း ၅၅၀၀ ခန႔္ တန္ဖိုးရွိ ေ႐ႊထည္ပစၥည္း ေဖာက္ထြင္းခိုးယူခံခဲ့ရေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာ ၃၁ ရက္ နံနက္ ၄ နာရီ မိနစ္ ၂ဝ ခန႔္တြင္ အင္းေတာ္ၿမိဳ႕နယ္ ေမာ္လူးၿမိဳ႕ မင္းရာဇာရပ္ေန ဦးရန္ ႏိုင္မ်ိဳးသည္ ေနအိမ္အေပၚထပ္တြင္ အိပ္ေနၿပီး နံနက္ ၄ နာရီ မိနစ္ ၂၀ ခန႔္က ေနအိမ္အေပၚထပ္မွထကာ ေအာက္ထပ္သို႔ဆင္းလာ စဥ္ ေနအိမ္ေအာက္ထပ္၌ ေ႐ႊထည္ပစၥည္းမ်ားထည့္ထားေသာ ေ႐ႊေကာင္တာ ေျခာက္ခုအနက္ ေကာင္တာေလးခုမွာ ပြင့္ေနသျဖင့္ စစ္ေဆးၾကည့္ရႈရာ ေ႐ႊထည္ပစၥည္းမ်ားအျပင္ အေပါင္ခံထား သည့္ ေ႐ႊထည္ပစၥည္းမ်ိဳးစုံပါ စုစုေပါင္း ေပ်ာက္ဆုံး ေ႐ႊအေလးခ်ိန္ ငါးပိႆာခန႔္ စုစုေပါင္းကာလတန္ဖိုးေငြက်ပ္ သိန္း ၅၅၀၀ ခန႔္ ေပ်ာက္ဆုံးေနေၾကာင္း စစ္ေဆးသိရွိရသျဖင့္ ေမာ္လူးၿမိဳ႕မရဲစခန္း သို႔ တိုင္ၾကားထားေၾကာင္း သိရသည္။

ေမာ္လူးၿမိဳ႕မရဲစခန္းမွ ေ႐ႊထည္ပစၥည္းခိုးယူသြားသူအား အျမန္ဖမ္းမိေရး ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ ပူးေပါင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေၾကးမုံသတင္းစာတြင္ပါရွိသည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵

စစ်ကိုင်းတိုင်းဒေသကြီး မော်လူးမြို့ မင်းရာဇာရပ်ကွက်အတွင်း ငွေကျပ်သိန်းပေါင်း ၅၅၀၀ ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများခိုးယူခံရ

မော်လူးမြို့အဝင်ဆိုင်းဘုတ်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့ မင်းရာဇာ ရပ်ကွက်အတွင်း နေအိမ်တစ်အိမ်မှ တန်ဖိုး ငွေကျပ် သိန်းပေါင်း ၅၅၀၀ ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်း ဖောက်ထွင်းခိုးယူခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၃၁ ရက် နံနက် ၄ နာရီ မိနစ် ၂ဝ ခန့်တွင် အင်းတော်မြို့နယ် မော်လူးမြို့ မင်းရာဇာရပ်နေ ဦးရန် နိုင်မျိုးသည် နေအိမ်အပေါ်ထပ်တွင် အိပ်နေပြီး နံနက် ၄ နာရီ မိနစ် ၂၀ ခန့်က နေအိမ်အပေါ်ထပ်မှထကာ အောက်ထပ်သို့ဆင်းလာ စဉ် နေအိမ်အောက်ထပ်၌ ရွှေထည်ပစ္စည်းများထည့်ထားသော ရွှေကောင်တာ ခြောက်ခုအနက် ကောင်တာလေးခုမှာ ပွင့်နေသဖြင့် စစ်ဆေးကြည့်ရှုရာ ရွှေထည်ပစ္စည်းများအပြင် အပေါင်ခံထား သည့် ရွှေထည်ပစ္စည်းမျိုးစုံပါ စုစုပေါင်း ပျောက်ဆုံး ရွှေအလေးချိန် ငါးပိဿာခန့် စုစုပေါင်းကာလတန်ဖိုးငွေကျပ် သိန်း ၅၅၀၀ ခန့် ပျောက်ဆုံးနေကြောင်း စစ်ဆေးသိရှိရသဖြင့် မော်လူးမြို့မရဲစခန်း သို့ တိုင်ကြားထားကြောင်း သိရသည်။

မော်လူးမြို့မရဲစခန်းမှ ရွှေထည်ပစ္စည်းခိုးယူသွားသူအား အမြန်ဖမ်းမိရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
စစ္ကိုင္းတိုင္းေဒသႀကီး ေမာ္လူးၿမိဳ႕ မင္းရာဇာရပ္ကြက္အတြင္း ေငြက်ပ္သိန္းေပါင္း ၅၅၀၀ ခန႔္ တန္ဖိုးရွိ ေ႐ႊထည္ပစၥည္းမ်ားခိုးယူခံရ စစ္ကိုင္းတိုင္းေဒသႀကီး ေမာ္လူးၿမိဳ႕ မင္းရာဇာရပ္ကြက္အတြင္း ေငြက်ပ္သိန္းေပါင္း ၅၅၀၀ ခန႔္ တန္ဖိုးရွိ ေ႐ႊထည္ပစၥည္းမ်ားခိုးယူခံရ Reviewed by THITHTOOLWIN on 00:51 Rating: 5
Powered by Blogger.