မတၱရာၿမိဳ႕နယ္တြင္ ကားလမ္းေဘးလမ္းေလွ်ာက္ေနသူ(၃)ဦးအား ယာဥ္ဝင္တိုက္ တစ္ဦးေသ ႏွစ္ဦးဒဏ္ရာရ

(Zawgyi)⤵⤵⤵
မတၱရာ ႏိုဝင္ဘာ ၉

မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ခ႐ိုင္ မတၱရာၿမိဳ႕နယ္ မႏၲေလး-မိုးကုတ္ကားလမ္းတြင္ ယေန႔ နံနက္ ၃နာရီခြဲက ယာဥ္တိုက္မႈ ျဖစ္ပြားသျဖင့္ တစ္ဦးေသဆုံးၿပီး ႏွစ္ဦးဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မႏၲေလး-မိုးကုတ္ကားလမ္း မိုင္တိုင္အမွတ္(၂၇/၁)ႏွင့္ (၂၇/၂)ၾကား တံငါေျမာက္ေက်း႐ြာ အနီးတြင္ 53အုတ္စက္လုပ္သားမ်ားျဖစ္သည့္ ငခ်မ္း(ခ)ေဆြၿငိမ္းေအး(၂၅)ႏွစ္၊ ကိုေအးေဇာ္(၃၆)ႏွစ္၊ ကိုဝင္းေမာင္သန္း(၃၆)ႏွစ္ တံငါေတာင္ေက်း႐ြာ ေနသူတို႔သည္ ကားလမ္းအေရွ႕ဘက္ျခမ္းမွ ေတာင္ဘက္သို႔ ေျခလ်င္ လမ္းေလွ်ာက္လာစဥ္ မႏၲေလးဘက္မွ မိုးကုတ္ဘက္သို႔ ယာဥ္ေမာင္း ညီညီစန္း(၃၂)ႏွစ္ လက္ပံတန္းၿမိဳ႕နယ္၊ ပဲခူးတိုင္းေဒသႀကီးေနသူ ေမာင္းႏွင္းၿပီး ယာဥ္အကူႏွင့္ ခရီးသည္(၅)ဦးလိုက္ပါလာေသာ ေမာ္ေတာ္ယာဥ္ ဝင္ေရာက္တိုက္မိခဲ့ရာ ငခ်မ္း(ခ)ေဆြၿငိမ္းေအးတြင္ ဦးေခါင္းေပါက္ၿပဲ၊ ဝဲေပါင္က်ိဳး ယာေျခသလုံးက်ိဳး(စိုးရိမ္းရ)၊ ကိုေအးေဇာ္တြင္ ယာဘက္လက္ေမာင္နာက်င္၊ ေမးေစ့ဖူးေယာင္ ဒဏ္ရာ(မစိုးရိမ္ရ)၊ ကိုဝင္းေမာင္သန္းမွာ ေနရာတြင္ပင္ ရရွိေသာ ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့သည္။ ေသဆုံးသူအေလာင္းႏွင့္ ဒဏ္ရာရရွိသူမ်ားအား မတၱရာၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ရာ ငခ်မ္း(ခ)ေဆြၿငိမ္းေအးမွာ သက္သာျခင္းမရွိသျဖင့္ မႏၲေလးေဆး႐ုံႀကီးသို႔ လႊဲေျပာင္း ကုသေစခဲ့သည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ယာဥ္ေမာင္း ညီညီစန္းအား ေရနံ႔သာ နယ္ေျမစခန္းက အမႈဖြင့္ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

စိုးေက်ာ္သူေထြး(မတၱရာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
----------------
(Unicode)⤵⤵⤵

မတ္တရာမြို့နယ်တွင် ကားလမ်းဘေးလမ်းလျှောက်နေသူ(၃)ဦးအား ယာဉ်ဝင်တိုက် တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

မတ္တရာ နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မန္တလေး-မိုးကုတ်ကားလမ်းတွင် ယနေ့ နံနက် ၃နာရီခွဲက ယာဉ်တိုက်မှု ဖြစ်ပွားသဖြင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ်(၂၇/၁)နှင့် (၂၇/၂)ကြား တံငါမြောက်ကျေးရွာ အနီးတွင် 53အုတ်စက်လုပ်သားများဖြစ်သည့် ငချမ်း(ခ)ဆွေငြိမ်းအေး(၂၅)နှစ်၊ ကိုအေးဇော်(၃၆)နှစ်၊ ကိုဝင်းမောင်သန်း(၃၆)နှစ် တံငါတောင်ကျေးရွာ နေသူတို့သည် ကားလမ်းအရှေ့ဘက်ခြမ်းမှ တောင်ဘက်သို့ ခြေလျင် လမ်းလျှောက်လာစဉ် မန္တလေးဘက်မှ မိုးကုတ်ဘက်သို့ ယာဉ်မောင်း ညီညီစန်း(၃၂)နှစ် လက်ပံတန်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူ မောင်းနှင်းပြီး ယာဉ်အကူနှင့် ခရီးသည်(၅)ဦးလိုက်ပါလာသော မော်တော်ယာဉ် ဝင်ရောက်တိုက်မိခဲ့ရာ ငချမ်း(ခ)ဆွေငြိမ်းအေးတွင် ဦးခေါင်းပေါက်ပြဲ၊ ဝဲပေါင်ကျိုး ယာခြေသလုံးကျိုး(စိုးရိမ်းရ)၊ ကိုအေးဇော်တွင် ယာဘက်လက်မောင်နာကျင်၊ မေးစေ့ဖူးယောင် ဒဏ်ရာ(မစိုးရိမ်ရ)၊ ကိုဝင်းမောင်သန်းမှာ နေရာတွင်ပင် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။ သေဆုံးသူအလောင်းနှင့် ဒဏ်ရာရရှိသူများအား မတ္တရာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ငချမ်း(ခ)ဆွေငြိမ်းအေးမှာ သက်သာခြင်းမရှိသဖြင့် မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်း ကုသစေခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ညီညီစန်းအား ရေနံ့သာ နယ်မြေစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မတၱရာၿမိဳ႕နယ္တြင္ ကားလမ္းေဘးလမ္းေလွ်ာက္ေနသူ(၃)ဦးအား ယာဥ္ဝင္တိုက္ တစ္ဦးေသ ႏွစ္ဦးဒဏ္ရာရ မတၱရာၿမိဳ႕နယ္တြင္ ကားလမ္းေဘးလမ္းေလွ်ာက္ေနသူ(၃)ဦးအား ယာဥ္ဝင္တိုက္ တစ္ဦးေသ ႏွစ္ဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.