ဖားကန႔္၌ ေရကန္အတြင္းျပဳတ္က်ေသဆုံးသူ ႐ုပ္အေလာင္း ရွာေဖြေတြ႕ရွိ


(Zawgyi)⤵⤵⤵

ဖားကန႔္ ႏိုဝင္ဘာ ၉
ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္အတြင္း ႏိူဝင္ဘာ ၆ ရက္က ေရမေဆးေက်ာက္ရွာေဖြသူတစ္ဦး အနက္ေပ(၂၀၀)ခန႔္ရွိ ေရကန္အတြင္း ျပဳတ္က်ေပ်ာက္ဆုံးေနရာမွ ႏိုဝင္ဘာ ၉ ရက္ နံနက္ပိုင္းက ေသဆုံးသူ႐ုပ္အေလာင္း ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း ဆန္ခါေက်း႐ြာ "ျမင့္ျမတ္သူ" လူမႈကူညီေရးအသင္းဥကၠ႒ ဦးသီဟဈာန္ထံမွ သိရသည္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာ ၆ ရက္ နံနက္ ၁၁ နာရီက ဖားကန႔္ၿမိဳ႕နယ္၊ ဖဝါေက်း႐ြာ၊ "ေတာက္ပၾကယ္" ေက်ာက္မ်က္တူးေဖာ္ေရးကုမၸဏီအနီးရွိ ေျမစာပုံေဟာင္းတြင္ ေရမေဆးေက်ာက္ရွာေဖြေနသူ ျမစ္ႀကီးနားၿမိဳ႕၊ အင္ဂ်န္ဒုံရပ္ကြက္ေန လေထာ္တူးမိုင္(၃၀ ႏွစ္)သည္ ေရမေဆးေက်ာက္ ရွာေဖြေနစဥ္ အနက္ေပ(၂၀၀)ခန႔္ရွိ ေရကန္အတြင္းသို႔ ျပဳတ္က် ေပ်ာက္ဆုံးခဲ့၍ လူမႈေရးအသင္းအဖြဲ႕ဝင္မ်ား၊ "ေတာက္ပၾကယ္" ေက်ာက္မ်က္တူးေဖာ္ေရးကုမၸဏီမွ တာဝန္ရွိသူမ်ားက ရွာေဖြ ကယ္ဆယ္ေရးမ်ား ေဆာင္႐ြက္ခဲ့ေသာ္လည္း ရွာေဖြေတြ႕ရွိျခင္းမရွိခဲ့ေၾကာင္း သိရသည္။

ရွာေဖြကယ္ဆယ္ေရးမ်ား ဆက္လက္ေဆာင္႐ြက္စဥ္အတြင္း ယေန႔နံနက္ ၆ နာရီတြင္ ေရကန္အတြင္းမွေသဆုံ႔းသူ႐ုပ္အေလာင္းေပၚလာခဲ့၍ "ျမင့္ျမတ္သူ" လူမႈကူညီေရးအသင္းဥကၠ႒ ဦးသီဟဈာန္ႏွင့္ အဖြဲ႕ဝင္မ်ား၊ လုံးခင္းနယ္ေျမမီးသတ္တပ္စခန္းတပ္ဖြဲ႕ဝင္မ်ားက ႐ုပ္အေလာင္းကို ဆယ္ယူၿပီး "ျမင့္ျမတ္သူ" လူမႈကူညီေရးအသင္းေမာ္ေတာ္ယာဥ္ျဖင့္ ဖားကန႔္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ဝင္းႏိုင္(ကခ်င္ေျမ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
---------------
(Unicode)⤵⤵⤵
ဖားကန့်၌ ရေကန်အတွင်းပြုတ်ကျသေဆုံးသူ ရုပ်အလောင်း ရှာဖွေတွေ့ရှိ

ဖားကန့် နိုဝင်ဘာ ၉
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း နိူဝင်ဘာ ၆ ရက်က ရေမဆေးကျောက်ရှာဖွေသူတစ်ဦး အနက်ပေ(၂၀၀)ခန့်ရှိ ရေကန်အတွင်း ပြုတ်ကျပျောက်ဆုံးနေရာမှ နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက သေဆုံးသူရုပ်အလောင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ဆန်ခါကျေးရွာ "မြင့်မြတ်သူ" လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသီဟဈာန်ထံမှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၆ ရက် နံနက် ၁၁ နာရီက ဖားကန့်မြို့နယ်၊ ဖဝါကျေးရွာ၊ "တောက်ပကြယ်" ကျောက်မျက်တူးဖော်ရေးကုမ္ပဏီအနီးရှိ မြေစာပုံဟောင်းတွင် ရေမဆေးကျောက်ရှာဖွေနေသူ မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံရပ်ကွက်နေ လထော်တူးမိုင်(၃၀ နှစ်)သည် ရေမဆေးကျောက် ရှာဖွေနေစဉ် အနက်ပေ(၂၀၀)ခန့်ရှိ ရေကန်အတွင်းသို့ ပြုတ်ကျ ပျောက်ဆုံးခဲ့၍ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ "တောက်ပကြယ်" ကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက ရှာဖွေ ကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့သော်လည်း ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ကြောင်း သိရသည်။

ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်ဆောင်ရွက်စဉ်အတွင်း ယနေ့နံနက် ၆ နာရီတွင် ရေကန်အတွင်းမှသေဆုံ့းသူရုပ်အလောင်းပေါ်လာခဲ့၍ "မြင့်မြတ်သူ" လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသီဟဈာန်နှင့် အဖွဲ့ဝင်များ၊ လုံးခင်းနယ်မြေမီးသတ်တပ်စခန်းတပ်ဖွဲ့ဝင်များက ရုပ်အလောင်းကို ဆယ်ယူပြီး "မြင့်မြတ်သူ" လူမှုကူညီရေးအသင်းမော်တော်ယာဉ်ဖြင့် ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဖားကန႔္၌ ေရကန္အတြင္းျပဳတ္က်ေသဆုံးသူ ႐ုပ္အေလာင္း ရွာေဖြေတြ႕ရွိ ဖားကန႔္၌ ေရကန္အတြင္းျပဳတ္က်ေသဆုံးသူ ႐ုပ္အေလာင္း ရွာေဖြေတြ႕ရွိ Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.