ထိုင္းေတာင္ပိုင္း နယ္ေျမရွင္းလင္းေရး ျမန္မာအလုပ္သမားေတြ သတိထားဖို႔လို


(Zawgyi / Unicode)

မေလးရွားႏုိင္ငံနဲ႔ နယ္ခ်င္းထိစပ္ေနတဲ့ ထုိင္းႏုိင္ငံေတာင္ပိုင္း နယ္စပ္ ယလားခ႐ုိင္ထဲမွာ နယ္ေျမရွင္းလင္းေရး လုပ္ေနၿပီး တရားမဝင္ ေနထုိင္တဲ့သူေတြကို စစ္ေဆးတဲ့အခါ ထြက္မေျပးၾကဖို႔နဲ႔ အသာတၾကည္ အစစ္ေဆးခံၾကဖို႔ ထုိင္းစစ္တပ္က သတိေပးထားပါတယ္။ ႏုိဝင္ဘာလ ၅ ရက္ေန႔က ခြဲထြက္ေရးအင္အားစုေတြက ဝင္ေရာက္ပစ္ခတ္ခဲ့လို႔ ျပည္သူ႔စစ္တပ္ဖြဲ႔ဝင္ေတြနဲ႔အတူ မိသားစုဝင္ေတြပါ စုစုေပါင္း ၁၅ ေယာက္ ေသဆုံးခဲ့ၿပီးေနာက္ အခုလို နယ္ေျမရွင္းလင္းေရး စတင္ေနတာ ျဖစ္တဲ့အေၾကာင္း ထုိင္းအေျခစုိက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းေတာင္ပိုင္းက ခြဲထြက္ေရးအင္အားစုေတြဟာ ယလားခ႐ုိင္အတြင္းက စေဒါင္ၿမိဳ႕နယ္ လန္ဖယာေက်းရြာကို ၀င္ေရာက္ၿပီး ျပည္သူ႔စစ္တပ္ဖြဲ႔နဲ႔ မိသားစု၀င္ ၁၅ ဦးကုိ ပစ္ခတ္သတ္ျဖတ္ခဲ့တာပါ။ ဒီျဖစ္ရပ္အၿပီး ထုိင္းစစ္တပ္ရဲ႕ အထူးတိုက္ခိုက္ေရး တပ္ဖြဲ႔ေတြက နယ္ေျမပိတ္ဆို႔ ရွင္းလင္းေရး လုပ္ခဲ့ၾကပါတယ္။

စေဒါင္ - ယလား - ပတ္တနီ စတဲ့ ထိုင္း-မေလးနယ္စပ္ ေက်းရြာေတြမွာ အေရးေပၚအမိန္႔ ထုတ္ျပန္ထားလို႔ တအိမ္တက္ တအိမ္ဆင္း ရွာေဖြေနၾကတဲ့ စစ္ေၾကာင္းေတြကို ေတြ႔ရင္ ထြက္မေျပးၾကဖို႔၊ အသာတၾကည္ အစစ္ခံၾကဖို႔ နယ္ေျမအာဏာပိုင္ေတြက သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

အမွတ္ ၄ စစ္ေဒသမွဴး ဗိုလ္မွဴးႀကီး ဖြန္ဆပ္ဖံုစ၀ပ္ကေတာ့ အခုလို ေျပာသြားပါတယ္။

“ေတာင္ပုိင္းက ခဲြထြက္အင္အားစုေတြဟာ လံုၿခံဳေရးအားနည္းတဲ့ ေနရာေတြကို ၀င္တိုက္တာေၾကာင့္ မဆုိင္တဲ့ ျပည္သူေတြပါ ေသဆံုးရတယ္။ အဲဒါေၾကာင့္ ထုိင္းေတာင္ပုိင္းက ၿမိဳ႕နယ္တခ်ိဳ႕မွာ အေရးေပၚအေျခအေန ထုတ္ျပန္ၿပီး နယ္ေျမရွင္းလင္းေရး လုပ္ေနပါတယ္။ သက္ဆုိင္ရာ ရြာသူႀကီးက အဲဒီနယ္ေျမမွာရွိတဲ့ ေနထုိင္ေနသူေတြရဲ႕စာရင္း ေပးရပါမယ္။ စစ္တပ္က စစ္ေဆးတဲ့အခါမွာလည္း အသာတၾကည္ စစ္ေဆးခံရမယ္။ စစ္တပ္က လံုၿခံဳေရးကင္းလွည့္တဲ့အခါမွာ ဘယ္သူပဲျဖစ္ျဖစ္ ထြက္မေျပးၾကဖို႔ လိုပါတယ္။ သတ္မွတ္ထားတဲ့ အခ်ိန္ေတြမွာ အျပင္မထြက္ၾကဖို႔ လိုပါတယ္။ ေတာင္ပုိင္း ခဲြထြက္ေရးအင္အားစုေတြနဲ႔ လဲြမွားၿပီး ပစ္ခတ္မိမွာစိုးလို႔ပါ။”

ထိုင္းေတာင္ပုိင္းမွာ သံသယရွိသူ လူ ၁၀ ဦးထက္မနည္းကိုလည္း ထုိ္င္းစစ္တပ္က ဖမ္းဆီးၿပီး စစ္ေဆးေနပါတယ္။

ထိုင္းေတာင္ပိုင္းမွာ မေလးရွားကို ခိုး၀င္ဖို႔ ႀကိဳးစားတဲ့ ျမန္မာေတြလည္း ရွိေနတာပါ။ တခ်ိဳ႕ကေတာ့ ႏုိင္ငံကူးလက္မွတ္ သက္တမ္းကုန္ေနတဲ့ သူေတြဟာလည္း တရားမ၀င္ ျဖစ္ေနတာလည္း ရိွေနေၾကာင္း၊ ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရး ကြန္ရက္ရဲ႕ ဟတ္႐ုိင္ၿမိဳ႕နယ္ တာ၀န္ခံ ဦးဘရီက အခုလိုေျပာပါတယ္။

“စာရြက္စာတမ္း အေထာက္အထား မရွိသူေတြက ဘယ္သူေတြျဖစ္မလဲဆိုေတာ့ အလုပ္ထြက္စာ ကုန္သြားတဲ့ အလုပ္သမားေတြ၊ ဗီဇာသက္တမ္း ကုန္သြားတဲ့သူေတြေတာ့ ရွိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔က ဘာမွ အေထာက္အထား မရွိတဲ့အခါ အလုပ္လုပ္လို႔ မရေတာ့ဘူး၊ လုပ္ပုိင္ခြင့္မရွိဘူး။”

ထိုင္း-မေလးနယ္စပ္မွာ ၂၀၁၉ ခုႏွစ္အတြင္းမွာ မေလးရွားကို ခိုး၀င္ဖို႔ ႀကိဳးစားတဲ့ ျမန္မာ ၇ ေထာင္ကို ဖမ္းဆီးခဲ့ပါတယ္။ ထိုင္း-မေလးနယ္စပ္က ရာဘာေတာေတြ၊ သဘာ၀သစ္ေတာေတြအတြင္းမွာ လူပဲြစားေတြက ထားခဲ့တဲ့ ျမန္မာႏုိင္ငံသားေတြလည္း ရွိခဲ့ပါတယ္။ အခုလို အေရးေပၚကာလမွာေတာ့ ဘယ္သူပဲျဖစ္ျဖစ္ ထုိင္းစစ္တပ္က ေတြ႔တဲ့အခါမွာ စစ္ေဆးတာကို လက္ခံဖို႔နဲ႔ ေၾကာက္လန္႔ၿပီး ထြက္ေျပးတာေတြ မလုပ္ဖို႔အတြက္ ထုိင္းစစ္တပ္က သတိေပးခ်က္ေတြ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

-----------------------------------

(Unicode)

ထိုင်းတောင်ပိုင်း နယ်မြေရှင်းလင်းရေး မြန်မာအလုပ်သမားတွေ သတိထားဖို့လို

မလေးရှားနိုင်ငံနဲ့ နယ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ် ယလားခရိုင်ထဲမှာ နယ်မြေရှင်းလင်းရေး လုပ်နေပြီး တရားမဝင် နေထိုင်တဲ့သူတွေကို စစ်ဆေးတဲ့အခါ ထွက်မပြေးကြဖို့နဲ့ အသာတကြည် အစစ်ဆေးခံကြဖို့ ထိုင်းစစ်တပ်က သတိပေးထားပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့က ခွဲထွက်ရေးအင်အားစုတွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနဲ့အတူ မိသားစုဝင်တွေပါ စုစုပေါင်း ၁၅ ယောက် သေဆုံးခဲ့ပြီးနောက် အခုလို နယ်မြေရှင်းလင်းရေး စတင်နေတာ ဖြစ်တဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းတောင်ပိုင်းက ခွဲထွက်ရေးအင်အားစုတွေဟာ ယလားခရိုင်အတွင်းက စဒေါင်မြို့နယ် လန်ဖယာကျေးရွာကို ဝင်ရောက်ပြီး ပြည်သူ့စစ်တပ်ဖွဲ့နဲ့ မိသားစုဝင် ၁၅ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။ ဒီဖြစ်ရပ်အပြီး ထိုင်းစစ်တပ်ရဲ့ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့တွေက နယ်မြေပိတ်ဆို့ ရှင်းလင်းရေး လုပ်ခဲ့ကြပါတယ်။

စဒေါင် - ယလား - ပတ်တနီ စတဲ့ ထိုင်း-မလေးနယ်စပ် ကျေးရွာတွေမှာ အရေးပေါ်အမိန့် ထုတ်ပြန်ထားလို့ တအိမ်တက် တအိမ်ဆင်း ရှာဖွေနေကြတဲ့ စစ်ကြောင်းတွေကို တွေ့ရင် ထွက်မပြေးကြဖို့၊ အသာတကြည် အစစ်ခံကြဖို့ နယ်မြေအာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး ဖွန်ဆပ်ဖုံစဝပ်ကတော့ အခုလို ပြောသွားပါတယ်။

“တောင်ပိုင်းက ခွဲထွက်အင်အားစုတွေဟာ လုံခြုံရေးအားနည်းတဲ့ နေရာတွေကို ဝင်တိုက်တာကြောင့် မဆိုင်တဲ့ ပြည်သူတွေပါ သေဆုံးရတယ်။ အဲဒါကြောင့် ထိုင်းတောင်ပိုင်းက မြို့နယ်တချို့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေပါတယ်။ သက်ဆိုင်ရာ ရွာသူကြီးက အဲဒီနယ်မြေမှာရှိတဲ့ နေထိုင်နေသူတွေရဲ့စာရင်း ပေးရပါမယ်။ စစ်တပ်က စစ်ဆေးတဲ့အခါမှာလည်း အသာတကြည် စစ်ဆေးခံရမယ်။ စစ်တပ်က လုံခြုံရေးကင်းလှည့်တဲ့အခါမှာ ဘယ်သူပဲဖြစ်ဖြစ် ထွက်မပြေးကြဖို့ လိုပါတယ်။ သတ်မှတ်ထားတဲ့ အချိန်တွေမှာ အပြင်မထွက်ကြဖို့ လိုပါတယ်။ တောင်ပိုင်း ခွဲထွက်ရေးအင်အားစုတွေနဲ့ လွဲမှားပြီး ပစ်ခတ်မိမှာစိုးလို့ပါ။”

ထိုင်းတောင်ပိုင်းမှာ သံသယရှိသူ လူ ၁၀ ဦးထက်မနည်းကိုလည်း ထိုင်းစစ်တပ်က ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်။

ထိုင်းတောင်ပိုင်းမှာ မလေးရှားကို ခိုးဝင်ဖို့ ကြိုးစားတဲ့ မြန်မာတွေလည်း ရှိနေတာပါ။ တချို့ကတော့ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်နေတဲ့ သူတွေဟာလည်း တရားမဝင် ဖြစ်နေတာလည်း ရှိနေကြောင်း၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်ရဲ့ ဟတ်ရိုင်မြို့နယ် တာဝန်ခံ ဦးဘရီက အခုလိုပြောပါတယ်။

“စာရွက်စာတမ်း အထောက်အထား မရှိသူတွေက ဘယ်သူတွေဖြစ်မလဲဆိုတော့ အလုပ်ထွက်စာ ကုန်သွားတဲ့ အလုပ်သမားတွေ၊ ဗီဇာသက်တမ်း ကုန်သွားတဲ့သူတွေတော့ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဘာမှ အထောက်အထား မရှိတဲ့အခါ အလုပ်လုပ်လို့ မရတော့ဘူး၊ လုပ်ပိုင်ခွင့်မရှိဘူး။”

ထိုင်း-မလေးနယ်စပ်မှာ ၂၀၁၉ ခုနှစ်အတွင်းမှာ မလေးရှားကို ခိုးဝင်ဖို့ ကြိုးစားတဲ့ မြန်မာ ၇ ထောင်ကို ဖမ်းဆီးခဲ့ပါတယ်။ ထိုင်း-မလေးနယ်စပ်က ရာဘာတောတွေ၊ သဘာဝသစ်တောတွေအတွင်းမှာ လူပွဲစားတွေက ထားခဲ့တဲ့ မြန်မာနိုင်ငံသားတွေလည်း ရှိခဲ့ပါတယ်။ အခုလို အရေးပေါ်ကာလမှာတော့ ဘယ်သူပဲဖြစ်ဖြစ် ထိုင်းစစ်တပ်က တွေ့တဲ့အခါမှာ စစ်ဆေးတာကို လက်ခံဖို့နဲ့ ကြောက်လန့်ပြီး ထွက်ပြေးတာတွေ မလုပ်ဖို့အတွက် ထိုင်းစစ်တပ်က သတိပေးချက်တွေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

 မေအးေအးမာ / VOA Burmese
https://burmese.voanews.com
ထိုင္းေတာင္ပိုင္း နယ္ေျမရွင္းလင္းေရး ျမန္မာအလုပ္သမားေတြ သတိထားဖို႔လို ထိုင္းေတာင္ပိုင္း နယ္ေျမရွင္းလင္းေရး ျမန္မာအလုပ္သမားေတြ သတိထားဖို႔လို Reviewed by THITHTOOLWIN on 00:19 Rating: 5
Powered by Blogger.