ေဟာင္ေကာင္ဆႏၵျပမႈ အၾကမ္းဖက္မႈအသြင္ေျပာင္းလာ


(Zawgyi / Unicode)

ေဟာင္ေကာင္မွာ သီတင္းပတ္ ၂၄ ပတ္ဆက္တုိက္ က်င္းပလာတဲ့ အစိုးရဆန္႔က်င္ ဆႏၵျပပြဲေတြကို ေဟာင္ေကာင္ရဲတို႔က မ်က္ရည္ယိုဗုံးေတြသုံးၿပီး ဒီကေန႔ လူစုခဲြခဲ့ပါတယ္။

Sha Tin ၿမိဳ႕သစ္ထဲက လမ္းမေတြကို ပိတ္ဆုိ႔ခဲ့ၾကတဲ့ ဆႏၵျပသူေတြက ေစ်း၀ယ္စင္တာေတြကိုလည္း ဖ်က္ဆီးခဲ့ၾကတာပါ။

ခ႐ုိင္ေကာင္စီေရြးေကာက္ပြဲ က်င္းပဖို႔ သီတင္း ၂ ပတ္ပဲ လိုေတာ့တဲ့ Sha Tin ၿမိဳ႕လယ္က မီးရထားဘူတာ႐ုံတခုကိုလည္း ဆႏၵျပသူေတြ ဖ်က္ဆီးခဲ့သလို တ႐ုတ္ျပည္မႀကီးကို ေထာက္ခံၾကတဲ့ စားေသာက္ဆုိင္ေတြကိုလည္း ေမြႊေႏွာက္ ဖ်က္ဆီးခဲ့ၾကပါတယ္။

ေကာင္စီအဆင့္ ေရြးေကာက္ပြဲဟာ တ႐ုတ္အစိုးရ အုပ္ခ်ဳပ္ေနတဲ့ ေဟာင္ေကာင္ရဲ႕ အဆင့္အနိမ့္ဆုံး ေရြးေကာက္ပြဲလည္း ျဖစ္ပါတယ္။

Now TV ႐ုပ္သံကလည္း ၿမိဳ႕သစ္အေနာက္ပိုင္း Tsuen Wan အရပ္မွာ မ်က္ရည္ယိုဗုံးဒဏ္ ခံခဲ့ရတဲ့ သူ႔သတင္းေထာက္တဦးရဲ႕ လက္ေမာင္းရင္းက နီရဲေနတဲ့ အေတာ္ႀကီးတဲ့ ဒဏ္ရာကို ျပသခဲ့ပါတယ္။

ေဟာင္ေကာင္ရဲေတြနဲ႔ ဆႏၵျပသူေတြၾကား ထိပ္တုိက္ရင္ဆုိင္ ေတြ႔ေနတဲ့ အခ်ိန္မွာပဲ Sha Tin တၿမိဳ႕လုံးမွာရွိတဲ့ ေစ်း၀ယ္စင္တာေတြမွာ ဒီကေန႔ ဆႏၵျပပြဲေတြလုပ္ဖို႔ ႀကိဳတင္စီစဥ္ထားတာပါ။

ၿမိဳ႕သစ္ထဲက ရထားဘူတာ႐ုံကေတာ့ ပိတ္ထားပါတယ္။ ေစ်း၀ယ္သူေတြနဲ႔ စည္ကားေနတတ္တဲ့ ေဟာင္ေကာင္ကၽြန္းမႀကီးေပၚမွာေတာ့ တိတ္ဆိတ္ေနပါတယ္။

ေဟာင္ေကာင္ရဲဌာနက ထုတ္ျပန္ခ်က္မွာေတာ့ အစြန္းေရာက္ ဆႏၵျပသူေတြက ေနရာအေတာ္မ်ားမ်ားမွာ စုေ၀းေနၿပီး ေစ်း၀ယ္စင္တာ အေတာ္မ်ားမ်ားကို ၀င္ၿပီး လုယက္ဖ်က္ဆီးခဲ့ၾကသလို လူထုရဲ႕ လုံၿခဳံေရးကိုလည္း အေရးမထားခဲ့ၾကဘူးဆိုၿပီး ေဖာ္ျပထားပါတယ္။

------------------------------------

(Unicode)

ဟောင်ကောင်ဆန္ဒပြမှု အကြမ်းဖက်မှုအသွင်ပြောင်းလာ

ဟောင်ကောင်မှာ သီတင်းပတ် ၂၄ ပတ်ဆက်တိုက် ကျင်းပလာတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေကို ဟောင်ကောင်ရဲတို့က မျက်ရည်ယိုဗုံးတွေသုံးပြီး ဒီကနေ့ လူစုခွဲခဲ့ပါတယ်။

Sha Tin မြို့သစ်ထဲက လမ်းမတွေကို ပိတ်ဆို့ခဲ့ကြတဲ့ ဆန္ဒပြသူတွေက ဈေးဝယ်စင်တာတွေကိုလည်း ဖျက်ဆီးခဲ့ကြတာပါ။

ခရိုင်ကောင်စီရွေးကောက်ပွဲ ကျင်းပဖို့ သီတင်း ၂ ပတ်ပဲ လိုတော့တဲ့ Sha Tin မြို့လယ်က မီးရထားဘူတာရုံတခုကိုလည်း ဆန္ဒပြသူတွေ ဖျက်ဆီးခဲ့သလို တရုတ်ပြည်မကြီးကို ထောက်ခံကြတဲ့ စားသောက်ဆိုင်တွေကိုလည်း မွှေနှောက် ဖျက်ဆီးခဲ့ကြပါတယ်။

ကောင်စီအဆင့် ရွေးကောက်ပွဲဟာ တရုတ်အစိုးရ အုပ်ချုပ်နေတဲ့ ဟောင်ကောင်ရဲ့ အဆင့်အနိမ့်ဆုံး ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

Now TV ရုပ်သံကလည်း မြို့သစ်အနောက်ပိုင်း Tsuen Wan အရပ်မှာမျက်ရည်ယိုဗုံးဒဏ် ခံခဲ့ရတဲ့ သူ့သတင်းထောက်တဦးရဲ့ လက်မောင်းရင်းက နီရဲနေတဲ့ အတော်ကြီးတဲ့ ဒဏ်ရာကို ပြသခဲ့ပါတယ်။

ဟောင်ကောင်ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်ရင်ဆိုင် တွေ့နေတဲ့ အချိန်မှာပဲ Sha Tin တမြို့လုံးမှာရှိတဲ့ ဈေးဝယ်စင်တာတွေမှာ ဒီကနေ့ ဆန္ဒပြပွဲတွေလုပ်ဖို့ ကြိုတင်စီစဉ်ထားတာပါ။

မြို့သစ်ထဲက ရထားဘူတာရုံကတော့ ပိတ်ထားပါတယ်။ ဈေးဝယ်သူတွေနဲ့ စည်ကားနေတတ်တဲ့ ဟောင်ကောင်ကျွန်းမကြီးပေါ်မှာတော့ တိတ်ဆိတ်နေပါတယ်။

ဟောင်ကောင်ရဲဌာနက ထုတ်ပြန်ချက်မှာတော့ အစွန်းရောက် ဆန္ဒပြသူတွေက နေရာအတော်များများမှာ စုဝေးနေပြီး ဈေးဝယ်စင်တာ အတော်များများကို ဝင်ပြီး လုယက်ဖျက်ဆီးခဲ့ကြသလို လူထုရဲ့ လုံခြုံရေးကိုလည်း အရေးမထားခဲ့ကြဘူးဆိုပြီး ဖော်ပြထားပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ေဟာင္ေကာင္ဆႏၵျပမႈ အၾကမ္းဖက္မႈအသြင္ေျပာင္းလာ ေဟာင္ေကာင္ဆႏၵျပမႈ အၾကမ္းဖက္မႈအသြင္ေျပာင္းလာ Reviewed by THITHTOOLWIN on 00:21 Rating: 5
Powered by Blogger.