ေက်ာက္ေတာ္႐ြာသားတစ္ဦး ဖမ္းဆီးခံရလို႔ဆို

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ ေျမပုံကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ တုံးမဝေက်း႐ြာနားမွာ မေန႔က တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး အရပ္သားတစ္ဦး ဖမ္းဆီးခံလိုက္ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဖမ္းဆီးခံရသူဟာ ေက်ာက္ေတာ္ၿမိဳ႕နယ္ မီးဝေက်း႐ြာသား တစ္ဦး ျဖစ္ၿပီး တပ္မေတာ္က ဖမ္းဆီးသြားတာလို႔ အဖမ္းခံရသူရဲ႕ဖခင္ျဖစ္တဲ့ မီးဝေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ေက်ာ္ၿငိမ္း က ေျပာပါတယ္။

မေန႔ကမနက္ပိုင္းမွာ တုံးမဝေက်း႐ြာအနီး မိုင္း သုံးလုံးေပါက္ကြဲခဲ့ၿပီး အဲဒီအနီးတဝိုက္က ကုလားတန္ျမစ္ အေနာက္ကမ္းမွာ ပုဇြန္ႏႈိက္ေနတဲ့ အသက္ ၄၂ ႏွစ္အ႐ြယ္ ဦးေက်ာ္တင္ ဖမ္းဆီးခံရတာလို႔ သိရပါတယ္။

တပ္မေတာ္က ဖမ္းဆီးေခၚေဆာင္သြားတယ္ဆိုတာနဲ႔ ပတ္သက္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကို RFA က ေမးျမန္းရာမွာ မေန႔က တုံးမဝေက်း႐ြာနားမွာ AA နဲ႔ တိုက္ပြဲျဖစ္ခဲ့တာမွန္ေပမယ့္ မိုင္းေပါက္ကြဲတာနဲ႔ အရပ္သားတစ္ေယာက္ ဖမ္းဆီးခံရတာကိုေတာ့ မသိရေသးေၾကာင္း တုံ႔ျပန္ပါတယ္။

မေန႔ကတိုက္ပြဲေၾကာင့္ တပ္မေတာ္သားတခ်ိဳ႕ ဒဏ္ရာရရွိခဲ့တယ္လို႔လည္း ဆိုပါတယ္။
ပလက္ဝၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ AA  တို႔ တိုက္ပြဲေတြအတြင္း ေဒသခံေတြ ေပ်ာက္ဆုံးတာ၊ လုံၿခဳံေရးအရ စိုးရိမ္ရတာေၾကာင့္ ညေန ေျခာက္နာရီကေန မနက္ ေျခာက္နာရီအထိ ပုဒ္မ ၁၄၄ ညမထြက္ရအမိန႔္ကို မေန႔ကစၿပီး ထုတ္ျပန္ထားပါတယ္။

တိုက္ပြဲကာလအတြင္း ပလက္ဝၿမိဳ႕နယ္မွာ ေပ်ာက္ဆုံးေနသူ ၁၅၀ ရွိၿပီး သူတို႔ကို AA အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားတာလို႔ ျပည္နယ္အစိုးရနဲ႔ ေဒသအေျခစိုက္ အရပ္ဖက္အဖြဲ႕ေတြက စြပ္စြဲထားပါတယ္။

အဲဒီထဲက ျပန္လြတ္လာသူ ၆၅ ဦးနဲ႔ ေသဆုံးသူတစ္ဦးရွိၿပီး အခုခ်ိန္ထိ မလြတ္ေျမာက္ေသးသူ ၈၄ ဦး ရွိတယ္လို႔ စြပ္စြဲခ်က္ေတြ ရွိေပမယ့္ အဲဒီအခ်က္ေတြကို AA ကေတာ့ ျငင္းဆိုထားပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ကျောက်တော်ရွာသားတစ်ဦး ဖမ်းဆီးခံရလို့ဆို

ရခိုင်ပြည်နယ် ကျောက်တော်မြို့ မြေပုံကို တွေ့ရစဉ်
Photo: Google Map

ချင်းပြည်နယ် ပလက်ဝမြို့နယ် တုံးမဝကျေးရွာနားမှာ မနေ့က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ ကျောက်တော်မြို့နယ် မီးဝကျေးရွာသား တစ်ဦး ဖြစ်ပြီး တပ်မတော်က ဖမ်းဆီးသွားတာလို့ အဖမ်းခံရသူရဲ့ဖခင်ဖြစ်တဲ့ မီးဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ငြိမ်း က ပြောပါတယ်။

မနေ့ကမနက်ပိုင်းမှာ တုံးမဝကျေးရွာအနီး မိုင်း သုံးလုံးပေါက်ကွဲခဲ့ပြီး အဲဒီအနီးတဝိုက်က ကုလားတန်မြစ် အနောက်ကမ်းမှာ ပုဇွန်နှိုက်နေတဲ့ အသက် ၄၂ နှစ်အရွယ် ဦးကျော်တင် ဖမ်းဆီးခံရတာလို့ သိရပါတယ်။

တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က မေးမြန်းရာမှာ မနေ့က တုံးမဝကျေးရွာနားမှာ AA နဲ့ တိုက်ပွဲဖြစ်ခဲ့တာမှန်ပေမယ့် မိုင်းပေါက်ကွဲတာနဲ့ အရပ်သားတစ်ယောက် ဖမ်းဆီးခံရတာကိုတော့ မသိရသေးကြောင်း တုံ့ပြန်ပါတယ်။

မနေ့ကတိုက်ပွဲကြောင့် တပ်မတော်သားတချို့ ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ AA  တို့ တိုက်ပွဲတွေအတွင်း ဒေသခံတွေ ပျောက်ဆုံးတာ၊ လုံခြုံရေးအရ စိုးရိမ်ရတာကြောင့် ညနေ ခြောက်နာရီကနေ မနက် ခြောက်နာရီအထိ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို မနေ့ကစပြီး ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲကာလအတွင်း ပလက်ဝမြို့နယ်မှာ ပျောက်ဆုံးနေသူ ၁၅၀ ရှိပြီး သူတို့ကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ပြည်နယ်အစိုးရနဲ့ ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့တွေက စွပ်စွဲထားပါတယ်။

အဲဒီထဲက ပြန်လွတ်လာသူ ၆၅ ဦးနဲ့ သေဆုံးသူတစ်ဦးရှိပြီး အခုချိန်ထိ မလွတ်မြောက်သေးသူ ၈၄ ဦး ရှိတယ်လို့ စွပ်စွဲချက်တွေ ရှိပေမယ့် အဲဒီအချက်တွေကို AA ကတော့ ငြင်းဆိုထားပါတယ်။

RFA Burmese
https://www.rfa.org
ေက်ာက္ေတာ္႐ြာသားတစ္ဦး ဖမ္းဆီးခံရလို႔ဆို ေက်ာက္ေတာ္႐ြာသားတစ္ဦး ဖမ္းဆီးခံရလို႔ဆို Reviewed by THITHTOOLWIN on 00:18 Rating: 5
Powered by Blogger.