ပန္းေျမာင္း႐ြာ ေနအိမ္တြင္းမီးလႈံေနသူ ေသနတ္မွန္

ပန္းေျမာင္း ေက်း႐ြာမွာတိုက္ပြဲျဖစ္ပြားတာမရွိဘူးလို႔တပ္ကေျပာ
(Zawgyi)⤵⤵⤵

ရကၡိဳင့္တပ္ေတာ္ေအေအ နဲ႔ ျမန္မာ့တပ္မေတာ္တို႔ ၾကားတိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္ထဲက မင္းျပားၿမိဳ႕နယ္ ပန္းေျမာင္းေက်း႐ြာမွာ ႏိုဝင္ဘာ ၁၈ ရက္မနက္ပိုင္းက ေနအိမ္တြင္းမီးလႈံေနသူအသက္ ၇၀ ေက်ာ္အ႐ြယ္ အဘြားႀကီးတစ္ဦးရဲ႕ ဦးေခါင္းကို က်ည္ဆန္ထိမွန္ခဲ့တယ္လို႔ သူ႔နဲ႔ အတူရွိေနတဲ့ မိသားစုဝင္ ဦးထြန္းထြန္းဝင္း ကေျပာပါတယ္။

ေဒသခံေတြကေတာ့ ပန္းေျမာင္း႐ြာဘက္ကို ရိကၡာလာသယ္တဲ့အခ်ိန္တပ္မေတာ္စစ္ေၾကာင္းက ႐ြာအနီးကြင္းျပင္မွာ ပုရစ္တူးေနၾကတဲ့ ကေလးေတြကို ပစ္ခတ္ခဲ့တာကေန အိမ္ထဲမွာေနတဲ့ အသက္ ၇၀ ေက်ာ္အ႐ြယ္ အဘြားႀကီးတစ္ဦးရဲ႕ ဦးေခါင္းကို က်ည္ဆန္ရွပ္ထိသြားတာလို႔ေျပာၾကပါတယ္။

ျမန္မာတပ္မေတာ္ဘက္ကေတာ့ အဲ့ဒီပန္းေျမာင္းေက်း႐ြာအနီးမွာ တပ္မေတာ္က တိုက္ပြဲျဖစ္ပြားတာမရွိေၾကာင္းနဲ႔ တပ္မေတာ္စခန္းေတြက ေတာင္ေပၚမွာေနတာျဖစ္ၿပီး အဲ့ဒီက်ည္ဟာ တပ္မေတာ္ဘက္က ပစ္ခတ္တဲ့က်ည္မဟုတ္ဘူးလို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ပထမတန္း ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက ေျပာပါတယ္။

မနက္ပိုင္း ၈ နာရီေလာက္က အင္အား ၁၃၀ ေလာက္ပါရွိတဲ့ စစ္ေၾကာင္းက ပန္းေျမာင္း႐ြာကို ရိကၡာသယ္ယူဖို႔လာတဲ့အခ်ိန္ ပစ္ခတ္မႈျဖစ္တာလိုံ ေဒသခံေတြက ေျပာေပမယ့္ ျမန္မာတပ္မေတာ္ဘက္က ဒီသတင္းနဲ႔ပတ္သက္လို႔ျငင္းပါတယ္။

ပန္းေျမာင္း ေက်း႐ြာ

"ပန္းေျမာင္မွာ တိုက္ပြဲလည္းမျဖစ္ဘူး။ ဘာမွမျဖစ္ဘူး။ က်ည္ထိမွန္စရာအေၾကာင္းလဲမရွိဘူး။ အဲ့ဒီနားမွာ တပ္ကိုမရွိတာ။ တပ္က အေပၚေတာင္ကုန္းေပၚမွာပဲေနတာ။ အဲ့ဒါေတာ့မၾကားမိဘူး။ ကြၽန္ေတာ္တို႔ ရိကၡာလာသယ္ခိုင္းတာလည္းမရွိဘူး။ တပ္မေတာ္ဘက္က ပစ္တာမဟုတ္ဘူး။"လို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကေျပာပါတယ္။

ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ ေဒၚမဝါစိန္ဟာ အသက္ ၇၃ ႏွစ္ ဝန္းက်င္ျဖစ္ၿပီး ေနအိမ္မွာ မီးလႈံေနစဥ္ ႐ြာျပင္က ပစ္ခတ္လိုက္တဲ့ က်ည္က ဦးေခါင္းကိုရွပ္ထိသြားခဲ့တာျဖစ္ေၾကာင္းနဲ႔ ဒဏ္ရာကို ေဆး႐ုံေပၚမွာ ေဆးဝါးကုသမႈေတြ ျပဳလုပ္ေပးထားၿပီး ျဖစ္ကာ စိုးရိမ္ရတဲ့အေျခအနမရွိဘူးလို႔ မိသားစုဝင္ေတြကေျပာပါတယ္။

တပ္မေတာ္စစ္ေၾကာင္းလာေရာက္တဲ့အခ်ိန္အဲ့ဒီပန္းေျမာင္း႐ြာေဟာင္းအနီး ကြင္းျပင္ႀကီးထဲမွာ မနက္ပိုင္းက ပုရစ္တူးတဲ့သူေတြနဲ႔ ကစားေနသူေတြ မိန္းကေလး၊ေယာက္်ားေလး အေတာ္မ်ားမ်ားရွိေနၾကတယ္လို႔ေဒသခံေတြဆီကသိရပါတယ္။

မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က အဲ့ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ ႐ြာသားတစ္ဦးက သူ႔ဆီကိုဖုန္းဆက္အေၾကာင္းၾကားလာလို႔သိထားရေၾကာင္း ေျပာပါတယ္။

ဒါ့အျပင္ အဲ့ဒီပန္းေျမာင္းေက်း႐ြာအေရွ႕ဘက္ တပ္မေတာ္စစ္ေၾကာင္းကတပ္စြဲထားတဲ့ ေတာင္ျဖဴေတာင္အနီးဝန္းက်င္ ေနရာ ေတြမွာ ေဒသခံေတြစိုက္ပ်ိဳးထားတဲ့ လယ္ယာစပါးခင္းေတြရွိေနၿပီး အခုခ်ိန္ဟာ စပါးေတြရင့္မွည့္ေနၾကၿပီျဖစ္ေပမယ့္ အဲ့ဒီေနရာကို ေဒသခံေတြ သြားလာလို႔မရတဲ့အတြက္ စပါးေတြရိတ္သိမ္းဖို႔ အက္အခဲရွိေနတယ္လို႔ ပန္းေျမာင္းေက်း႐ြာက လယ္သမားတစ္ဦးကေျပာပါတယ္။

လက္ရွိမွာေတာ့ ရခိုင္ျပည္နယ္အတြင္းမွာ ႏိုဝင္ဘာလအတြင္း ေနရပ္စြန႔္ခြာသူေတြ မ်ားျပားလာေနသလို အရပ္သားထိခိုက္မႈေတြလည္း ပိုမိုျမင့္မားလာေနတာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ပန်းမြောင်းရွာ နေအိမ်တွင်းမီးလှုံနေသူ သေနတ်မှန်

Image caption ပန်းမြောင်း ကျေးရွာမှာတိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့တပ်ကပြော

ရက္ခိုင့်တပ်တော်အေအေ နဲ့ မြန်မာ့တပ်မတော်တို့ ကြားတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ထဲက မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှာ နိုဝင်ဘာ ၁၈ ရက်မနက်ပိုင်းက နေအိမ်တွင်းမီးလှုံနေသူအသက် ၇၀ ကျော်အရွယ် အဘွားကြီးတစ်ဦးရဲ့ ဦးခေါင်းကို ကျည်ဆန်ထိမှန်ခဲ့တယ်လို့ သူ့နဲ့ အတူရှိနေတဲ့ မိသားစုဝင် ဦးထွန်းထွန်းဝင်း ကပြောပါတယ်။

ဒေသခံတွေကတော့ ပန်းမြောင်းရွာဘက်ကို ရိက္ခာလာသယ်တဲ့အချိန်တပ်မတော်စစ်ကြောင်းက ရွာအနီးကွင်းပြင်မှာ ပုရစ်တူးနေကြတဲ့ ကလေးတွေကို ပစ်ခတ်ခဲ့တာကနေ အိမ်ထဲမှာနေတဲ့ အသက် ၇၀ ကျော်အရွယ် အဘွားကြီးတစ်ဦးရဲ့ ဦးခေါင်းကို ကျည်ဆန်ရှပ်ထိသွားတာလို့ပြောကြပါတယ်။

မြန်မာတပ်မတော်ဘက်ကတော့ အဲ့ဒီပန်းမြောင်းကျေးရွာအနီးမှာ တပ်မတော်က တိုက်ပွဲဖြစ်ပွားတာမရှိကြောင်းနဲ့ တပ်မတော်စခန်းတွေက တောင်ပေါ်မှာနေတာဖြစ်ပြီး အဲ့ဒီကျည်ဟာ တပ်မတော်ဘက်က ပစ်ခတ်တဲ့ကျည်မဟုတ်ဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

မနက်ပိုင်း ၈ နာရီလောက်က အင်အား ၁၃၀ လောက်ပါရှိတဲ့ စစ်ကြောင်းက ပန်းမြောင်းရွာကို ရိက္ခာသယ်ယူဖို့လာတဲ့အချိန် ပစ်ခတ်မှုဖြစ်တာလိုံ ဒေသခံတွေက ပြောပေမယ့် မြန်မာတပ်မတော်ဘက်က ဒီသတင်းနဲ့ပတ်သက်လို့ငြင်းပါတယ်။
Image caption ပန်းမြောင်း ကျေးရွာ

"ပန်းမြောင်မှာ တိုက်ပွဲလည်းမဖြစ်ဘူး။ ဘာမှမဖြစ်ဘူး။ ကျည်ထိမှန်စရာအကြောင်းလဲမရှိဘူး။ အဲ့ဒီနားမှာ တပ်ကိုမရှိတာ။ တပ်က အပေါ်တောင်ကုန်းပေါ်မှာပဲနေတာ။ အဲ့ဒါတော့မကြားမိဘူး။ ကျွန်တော်တို့ ရိက္ခာလာသယ်ခိုင်းတာလည်းမရှိဘူး။ တပ်မတော်ဘက်က ပစ်တာမဟုတ်ဘူး။"လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေါ်မဝါစိန်ဟာ အသက် ၇၃ နှစ် ဝန်းကျင်ဖြစ်ပြီး နေအိမ်မှာ မီးလှုံနေစဉ် ရွာပြင်က ပစ်ခတ်လိုက်တဲ့ ကျည်က ဦးခေါင်းကိုရှပ်ထိသွားခဲ့တာဖြစ်ကြောင်းနဲ့ ဒဏ်ရာကို ဆေးရုံပေါ်မှာ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးထားပြီး ဖြစ်ကာ စိုးရိမ်ရတဲ့အခြေအနမရှိဘူးလို့ မိသားစုဝင်တွေကပြောပါတယ်။

တပ်မတော်စစ်ကြောင်းလာရောက်တဲ့အချိန်အဲ့ဒီပန်းမြောင်းရွာဟောင်းအနီး ကွင်းပြင်ကြီးထဲမှာ မနက်ပိုင်းက ပုရစ်တူးတဲ့သူတွေနဲ့ ကစားနေသူတွေ မိန်းကလေး၊ယောက်ျားလေး အတော်များများရှိနေကြတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရွာသားတစ်ဦးက သူ့ဆီကိုဖုန်းဆက်အကြောင်းကြားလာလို့သိထားရကြောင်း ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီပန်းမြောင်းကျေးရွာအရှေ့ဘက် တပ်မတော်စစ်ကြောင်းကတပ်စွဲထားတဲ့ တောင်ဖြူတောင်အနီးဝန်းကျင် နေရာ တွေမှာ ဒေသခံတွေစိုက်ပျိုးထားတဲ့ လယ်ယာစပါးခင်းတွေရှိနေပြီး အခုချိန်ဟာ စပါးတွေရင့်မှည့်နေကြပြီဖြစ်ပေမယ့် အဲ့ဒီနေရာကို ဒေသခံတွေ သွားလာလို့မရတဲ့အတွက် စပါးတွေရိတ်သိမ်းဖို့ အက်အခဲရှိနေတယ်လို့ ပန်းမြောင်းကျေးရွာက လယ်သမားတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာလအတွင်း နေရပ်စွန့်ခွာသူတွေ များပြားလာနေသလို အရပ်သားထိခိုက်မှုတွေလည်း ပိုမိုမြင့်မားလာနေတာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ပန္းေျမာင္း႐ြာ ေနအိမ္တြင္းမီးလႈံေနသူ ေသနတ္မွန္ ပန္းေျမာင္း႐ြာ ေနအိမ္တြင္းမီးလႈံေနသူ ေသနတ္မွန္ Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.