တပ္ရင္းမႉးက်တဲ့႐ြာအနီး ေဒသခံ ‌ေလးဦး အဖမ္းခံရ

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ႏိုဝင္ဘာ ၁၃ ရက္ေန႔က ေက်ာက္ေတာ္ၿမိဳ႕နယ္ သရက္တပင္ေက်း႐ြာအနီးမွာ ရကၡိဳင့္တပ္ေတာ္ AA အဖြဲ႕က တပ္မေတာ္စစ္ေၾကာင္းကို မိုင္းခြဲတိုက္ခိုက္ခဲ့တာေၾကာင့္ ခမရ ၃၇၄ တပ္ရင္းမႉး က်ဆုံးသြားၿပီး ေနာက္တစ္ေန႔မွာ တပ္က ေဒသခံ အမ်ိဳးသား ေလးဦးကို ထိန္းသိမ္းလိုက္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

သရက္တပင္႐ြာက ႏွစ္ဦး၊ ႐ြာမျပင္႐ြာက တစ္ဦး၊ စပါးစိုက္႐ြာက တစ္ဦးတို႔ ျဖစ္ပါတယ္။

႐ြာမျပင္ေက်း႐ြာသား ကိုညီညီစိုး သရက္တပင္ ေဆးသြားဝယ္ဖို႔ အသြားလမ္းမွာ ဖမ္းဆီးခံလိုက္ရတယ္လို႔ သူရဲ႕ ေဆြမ်ိဳးေတာ္စပ္သူတဦးက ေျပာပါတယ္။

“သူ႔အေမက ေနမေကာင္းလို႔ သရက္တပင္မွာ ေဆးဝယ္ခိုင္းတာ သြားတဲ့အခ်ိန္လမ္းမွာ တပ္နဲ႔ေတြ႕ၿပီး ဖမ္းေခၚသြားတယ္လို႔ေျပာပါတယ္။ ကြၽန္မတို႔မသိဘူး ဘာ့ေၾကာင့္ဖမ္းေခၚသြားတယ္ဆိုတာ သူ႔မွာအမႈ ဘာတစ္ခုမွမရွိဘူး အခုထိလဲ မသိရေသးဘူး”

ဘာေၾကာင့္ဖမ္းဆီးတယ္ဆိုတာ မသိရေၾကာင္းနဲ႔ အခုလိုဖမ္းဆီးခံရတဲ့အေၾကာင္းကို ေက်ာက္ေတာ္ၿမိဳ႕နယ္ ရဲစခန္း၊ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြထံ တိုင္ၾကားစာေပးပို႔ထားေၾကာင္း  ေျပာပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္လွေက်ာ္က ႐ြာသားေလးဦး ဖမ္းဆီးခံရတဲ့အေၾကာင္း တိုင္ၾကားလာတာ ရွိတယ္လို႔ ေျပာပါတယ္။

“အခုခ်ိန္က ေျပာလို႔လည္း စကားကိုနားေထာင္မွာမဟုတ္ဘူး အာဏာပိုင္အဖြဲ႕အစည္းေတြကေလ။ ကြၽန္ေတာ္တို႔ ေျပာခ်င္တာက မဟုတ္တဲ့သူေတြကို ျပည္သူေတြကို အေႏွာင့္အယွက္မလုပ္ပါနဲ႔လို႔ေျပာခ်င္တယ္။ ျပည္သူေတြကို စစ္ေဆးေမးျမန္းတာ မေတာ္မတရားခ်ဳပ္ေႏွာင္ ဖမ္းဆီးတာေတြ ႐ိုက္ႏွက္တာေတြ ေမးတာစမ္းတာေတြ မလုပ္ပါနဲ႔လို႔ ကြၽန္ေတာ့္အေနနဲ႔ အဲ့ဒီေလာက္ပဲ ေျပာခ်င္တယ္”

႐ြာအတြင္း တပ္စြဲထားတာမရွိေပမယ့္ ေဒသခံတခ်ိဳ႕ကို လုံၿခဳံေရးအေျခအေနအရ ေခၚယူစစ္ေဆးေနတာေတာ့ ရွိေၾကာင္း အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

“အဲ့မွာတပ္လည္း မစြဲပါဘူး။ စစ္တာေဆးတာေတာ့ ဟုတ္တယ္။ တပ္မစြဲဘူး ဘာမွလည္းမလုပ္ဘူး”

သရက္တပင္ေက်း႐ြာအုပ္စုမွာ ေက်း႐ြာ ခုႏွစ္႐ြာရွိၿပီး အုပ္ခ်ဳပ္ေရးမႉးေတြ ႏုတ္ထြက္ထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တပ္ရင္းမႉး က်ဆုံးသြားၿပီးေနာက္ပိုင္း ႐ြာေတြထဲက ေနအိမ္ေတြကို တပ္မေတာ္က ဝင္ေရာက္ရွာေဖြတာ၊ ေက်း႐ြာသားေတြကို ဖမ္းဆီးတာ ႐ြာအတြင္း တပ္စြဲတာေတြေၾကာင့္ ႐ြာသားေတြမွာ မေနရဲဘဲ နီးစပ္ရာ ေက်း႐ြာေတြဆီ ထြက္ေျပး တိမ္းေရွာင္ေနၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

႐ြာေတြမွာ လူမရွိသေလာက္ျဖစ္ေနၿပီး ေဈးဆိုင္ေတြလည္း ပိတ္ထားရတာေၾကာင့္ စားဝတ္ေနေရး အခက္အခဲျဖစ္ေနရတယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။

"ေဈးဆိုင္တို႔ဘာတို႔ ေဈးဝယ္သူလည္းမရွိဘူး ေဈးေရာင္းသူလည္းမရွိေတာ့ဘူး ေတာ္ေတာ္ေလးကို စားဝတ္ေနေရး အခက္အခဲျဖစ္ေနတယ္။ ကေလးေတြစာသင္လို႔မရဘူး လူေတြသြားလို႔ လာလို႔မရဘူးျဖစ္ေနတယ္  ေတာ္ေတာ္ေလးကို အခက္အခဲျဖစ္ေနတယ္"

႐ြာမွာ အထက္တန္းေက်ာင္းတစ္ေက်ာင္း၊ မူလတန္းေက်ာင္း ေလးေက်ာင္းရွိၿပီး ထြက္ေျပးတိမ္းေရွာင္ ေနၾကတဲ့ထဲမွာ ေက်ာင္းဆရာေတြလည္း ပါဝင္တာေၾကာင့္ ေက်ာင္းေတြကို ႏိုဝင္ဘာ ၁၄ ရက္ေန႔ကတည္းက ပိတ္ထားရတယ္လို႔ ေျပာပါတယ္။

ေက်း႐ြာ ၁၀ ႐ြာေလာက္က ေက်ာင္းသူ၊ ေက်ာင္းသား ၁၅၀၀ ေက်ာ္ တက္ေရာက္ေနတဲ့ ေက်ာင္းေတြ ျဖစ္တယ္လို႔ သိရပါတယ္။

ႏိုဝင္ဘာ ၁၁ ရက္ေန႔က ေျမပုံၿမိဳ႕နယ္ ႐ြာသာယာေက်း႐ြာသား ငါးဦး၊ ႏိုဝင္ဘာ ၁၂ ရက္ေန႔မွာ အမ္းၿမိဳ႕နယ္ က ေဒသခံ ငါးဦးကို တပ္မေတာ္က ဖမ္းဆီးထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေက်ာက္ေတာ္၊ ေျမပုံ၊ အမ္း၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ေမာင္ေတာ၊ ေျမာက္ဦး၊ ပု႑ားကြၽန္း စတဲ့ၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ၂၀၁၈ ဒီဇင္ဘာလထဲက တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔တိုက္ပြဲ ေတြျဖစ္ပြားေနရာမွာ AA အဖြဲ႕နဲ႔ ပတ္သက္ေၾကာင္း သံသယနဲ႔ ဖမ္းဆီးစစ္ေဆးခံရတဲ့ ေဒသခံေတြ ရာနဲ႔ခ်ီ ရွိေနၿပီ ျဖစ္ပါတယ္။

တစ္ႏွစ္နီးပါးၾကာျမင့္ေနၿပီျဖစ္တဲ့ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးေနရတဲ့ ေဒသခံ ရွစ္ေသာင္းေက်ာ္ အထိ ရွိလာေနၿပီလို႔ အရပ္ဖက္အဖြဲ႕ေတြက ေကာက္ယူထားတဲ့ စာရင္းေတြအရ သိရပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
တပ်ရင်းမှူးကျတဲ့ရွာအနီး ဒေသခံ ‌လေးဦး အဖမ်းခံရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို တွေ့ရစဉ်

နိုဝင်ဘာ ၁၃ ရက်နေ့က ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာအနီးမှာ ရက္ခိုင့်တပ်တော် AA အဖွဲ့က တပ်မတော်စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ခမရ ၃၇၄ တပ်ရင်းမှူး ကျဆုံးသွားပြီး နောက်တစ်နေ့မှာ တပ်က ဒေသခံ အမျိုးသား လေးဦးကို ထိန်းသိမ်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သရက်တပင်ရွာက နှစ်ဦး၊ ရွာမပြင်ရွာက တစ်ဦး၊ စပါးစိုက်ရွာက တစ်ဦးတို့ ဖြစ်ပါတယ်။

ရွာမပြင်ကျေးရွာသား ကိုညီညီစိုး သရက်တပင် ဆေးသွားဝယ်ဖို့ အသွားလမ်းမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သူရဲ့ ဆွေမျိုးတော်စပ်သူတဦးက ပြောပါတယ်။

“သူ့အမေက နေမကောင်းလို့ သရက်တပင်မှာ ဆေးဝယ်ခိုင်းတာ သွားတဲ့အချိန်လမ်းမှာ တပ်နဲ့တွေ့ပြီး ဖမ်းခေါ်သွားတယ်လို့ပြောပါတယ်။ ကျွန်မတို့မသိဘူး ဘာ့ကြောင့်ဖမ်းခေါ်သွားတယ်ဆိုတာ သူ့မှာအမှု ဘာတစ်ခုမှမရှိဘူး အခုထိလဲ မသိရသေးဘူး”

ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မသိရကြောင်းနဲ့ အခုလိုဖမ်းဆီးခံရတဲ့အကြောင်းကို ကျောက်တော်မြို့နယ် ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထံ တိုင်ကြားစာပေးပို့ထားကြောင်း  ပြောပါတယ်။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှကျော်က ရွာသားလေးဦး ဖမ်းဆီးခံရတဲ့အကြောင်း တိုင်ကြားလာတာ ရှိတယ်လို့ ပြောပါတယ်။

“အခုချိန်က ပြောလို့လည်း စကားကိုနားထောင်မှာမဟုတ်ဘူး အာဏာပိုင်အဖွဲ့အစည်းတွေကလေ။ ကျွန်တော်တို့ ပြောချင်တာက မဟုတ်တဲ့သူတွေကို ပြည်သူတွေကို အနှောင့်အယှက်မလုပ်ပါနဲ့လို့ပြောချင်တယ်။ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာ မတော်မတရားချုပ်နှောင် ဖမ်းဆီးတာတွေ ရိုက်နှက်တာတွေ မေးတာစမ်းတာတွေ မလုပ်ပါနဲ့လို့ ကျွန်တော့်အနေနဲ့ အဲ့ဒီလောက်ပဲ ပြောချင်တယ်”

ရွာအတွင်း တပ်စွဲထားတာမရှိပေမယ့် ဒေသခံတချို့ကို လုံခြုံရေးအခြေအနေအရ ခေါ်ယူစစ်ဆေးနေတာတော့ ရှိကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“အဲ့မှာတပ်လည်း မစွဲပါဘူး။ စစ်တာဆေးတာတော့ ဟုတ်တယ်။ တပ်မစွဲဘူး ဘာမှလည်းမလုပ်ဘူး”

သရက်တပင်ကျေးရွာအုပ်စုမှာ ကျေးရွာ ခုနှစ်ရွာရှိပြီး အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်ရင်းမှူး ကျဆုံးသွားပြီးနောက်ပိုင်း ရွာတွေထဲက နေအိမ်တွေကို တပ်မတော်က ဝင်ရောက်ရှာဖွေတာ၊ ကျေးရွာသားတွေကို ဖမ်းဆီးတာ ရွာအတွင်း တပ်စွဲတာတွေကြောင့် ရွာသားတွေမှာ မနေရဲဘဲ နီးစပ်ရာ ကျေးရွာတွေဆီ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာတွေမှာ လူမရှိသလောက်ဖြစ်နေပြီး ဈေးဆိုင်တွေလည်း ပိတ်ထားရတာကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

"ဈေးဆိုင်တို့ဘာတို့ ဈေးဝယ်သူလည်းမရှိဘူး ဈေးရောင်းသူလည်းမရှိတော့ဘူး တော်တော်လေးကို စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်။ ကလေးတွေစာသင်လို့မရဘူး လူတွေသွားလို့ လာလို့မရဘူးဖြစ်နေတယ်  တော်တော်လေးကို အခက်အခဲဖြစ်နေတယ်"

ရွာမှာ အထက်တန်းကျောင်းတစ်ကျောင်း၊ မူလတန်းကျောင်း လေးကျောင်းရှိပြီး ထွက်ပြေးတိမ်းရှောင် နေကြတဲ့ထဲမှာ ကျောင်းဆရာတွေလည်း ပါဝင်တာကြောင့် ကျောင်းတွေကို နိုဝင်ဘာ ၁၄ ရက်နေ့ကတည်းက ပိတ်ထားရတယ်လို့ ပြောပါတယ်။

ကျေးရွာ ၁၀ ရွာလောက်က ကျောင်းသူ၊ ကျောင်းသား ၁၅၀၀ ကျော် တက်ရောက်နေတဲ့ ကျောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့က မြေပုံမြို့နယ် ရွာသာယာကျေးရွာသား ငါးဦး၊ နိုဝင်ဘာ ၁၂ ရက်နေ့မှာ အမ်းမြို့နယ် က ဒေသခံ ငါးဦးကို တပ်မတော်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်၊ မြေပုံ၊ အမ်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ မြောက်ဦး၊ ပုဏ္ဍားကျွန်း စတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလထဲက တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲ တွေဖြစ်ပွားနေရာမှာ AA အဖွဲ့နဲ့ ပတ်သက်ကြောင်း သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ ဒေသခံတွေ ရာနဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။

တစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံ ရှစ်သောင်းကျော် အထိ ရှိလာနေပြီလို့ အရပ်ဖက်အဖွဲ့တွေက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

RFA Burmese
https://www.rfa.org
တပ္ရင္းမႉးက်တဲ့႐ြာအနီး ေဒသခံ ‌ေလးဦး အဖမ္းခံရ တပ္ရင္းမႉးက်တဲ့႐ြာအနီး ေဒသခံ ‌ေလးဦး အဖမ္းခံရ Reviewed by THITHTOOLWIN on 20:08 Rating: 5
Powered by Blogger.