ဂ်ပန္-ျမန္မာ ေလတပ္ ပထမဆုံးအႀကိမ္ အစည္းအေဝး

ဂ်ပန္ေလတပ္က Koku-Jieitai C-2 ေလယာဥ္ကို ရန္ကုန္‌ေလဆိပ္မွာေတြ႕ရစဥ္
Photo: www.mod.go.jp
(Zawgyi)⤵⤵⤵
ဂ်ပန္-ျမန္မာ တပ္မေတာ္ေလတပ္ ဆက္ဆံေရးတိုးျမႇင့္တဲ့အေနနဲ႔ ဂ်ပန္ေလတပ္က ေထာက္ပို႔ေလယာဥ္ Koku-Jieitai C-2 အမ်ိဳးအစားဟာ ရန္ကုန္ေလဆိပ္ကိုေရာက္ရွိလာၿပီးေတာ့ တပ္မေတာ္ေလအရာရွိတာဝန္ရွိသူေတြ ပထမဆုံးအႀကိမ္ အစည္းေဝးျပဳလုပ္ခဲ့တယ္လို႔ ဂ်ပန္ေလတပ္က ႏိုဝင္ဘာ ၁၅ ရက္ေန႔မွာ သတင္းထုတ္ျပန္ ပါတယ္။

ဂ်ပန္ေလတပ္က ထုတ္ျပန္တဲ့ ဓါတ္ပုံမွာေတာ့ ကာဝါဆာကီ အင္ဂ်င္ႏွစ္လုံးထိုး C-2 ေထာက္ပို႔ယာဥ္အမွတ္ ၂၀၉ ျဖစ္ၿပီး၊ ခရီးစဥ္မွာ ေလတပ္သားေတြနဲ႔ အရာရွိ စုစုေပါင္း ၄၀ ဝန္းက်င္ လိုက္ပါလာတာေတြ႕ရပါတယ္။

ဒါေပမဲ့ ခရီးစဥ္ကို ဘယ္သူက ဦးစီးတယ္ဆိုတာေတာ့ ေဖာ္ျပထားျခင္းမရွိပါဘူး။ ဂ်ပန္ေလတပ္ရဲ႕ ပထမဆုံးခရီးစဥ္ ကို တပ္မေတာ္ကာကြယ္ေရးစစ္ဦးစီးခ်ဳပ္႐ုံးနဲ႔ တပ္မေတာ္-ေလတို႔ရဲ႕ သတင္းစာမ်က္ႏွာေတြမွာ ေဖာ္ျပထားျခင္း မရွိပါဘူး။

ဂ်ပန္ႏိုင္ငံ ကိုယ္ပိုင္ကာကြယ္ေရးေလတပ္ဘက္က သတင္းထုတ္ျပန္ခ်က္ေတြအရ ကာကြယ္ေရးစနစ္မပါတဲ့ ႐ိုး႐ိုး C-2 ေထာက္ပို႔ေလယာဥ္ျဖစ္ၿပီးေတာ့ ႏွစ္ႏိုင္ငံ အဆင့္ျမႇင့္တင္တဲ့ ခ်စ္ၾကည္ေရးလည္ပတ္တဲ့သေဘာမ်ိဳးပဲ ျဖစ္တယ္လို႔ တပ္မေတာ္သားေဟာင္းေတြ ဦးစီးတည္ေထာင္တဲ့ ေသနဂၤမဟာဗ်ဴဟာ အင္စတီက်ဴ႕အဖြဲ႕ရဲ႕ ဒါ႐ိုက္တာ ေဒါက္တာႏိုင္ေဆြဦးက ေျပာပါတယ္။

ဒီခရီးစဥ္မွာ စစ္ဖက္ေရးရာကိစၥေတြ ေဆြးေႏြးခဲ့ၾကတာ ရွိ၊ မရွိ မသိရပါဘူး။ ႏွစ္ဦးႏွစ္ဖက္ ခရီးစဥ္ေတြျဖစ္ေပၚေရး တျခားႏိုင္ငံေတြနဲ႔ပါ ေဆာင္႐ြက္မယ့္အေၾကာင္းပဲ ဂ်ပန္ေလတပ္ဘက္က အၾကမ္းဖ်င္းေဖာ္ျပထားပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို RFA က ဒီေန႔ ေန႔လည္အထိ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ဂ်ပန္ေလတပ္က ေရာက္ရွိလာတဲ့ C-2 အမ်ိဳးအစားဟာ တပ္ပိုင္းဆိုင္ရာအျပင္ နယူးဇီလန္နဲ႔ နာမည္ေက်ာ္ အီးမရိတ္ United Arab Emirates ေလေၾကာင္းလိုင္းေတြကိုပါ စီးပြားျဖစ္ေရာင္းခ်တဲ့ ေလယာဥ္အမ်ိဳးအစား လည္းျဖစ္ပါတယ္။

တပ္မေတာ္ရဲ႕ ၂၀၁၇ ရခိုင္ေျမာက္ပိုင္း စစ္ဆင္ေရးစစ္ဆင္ေရးေၾကာင့္ ႐ိုဟင္ဂ်ာ ၇ သိန္း ဘဂၤလားေဒ့ရွ္ကို ထြက္ေျပးခိုလႈံခဲ့ရတာကို UN က လူမ်ိဳးတုံးသတ္ျဖတ္မႈက်ဴးလြန္ခဲ့တယ္လို႔ သတ္မွတ္ထားပါတယ္။

ျပင္းထန္တဲ့ လူသားမ်ိဳးႏြယ္အေပၚ ရာဇဝတ္မႈက်ဴးလြန္တာခဲ့တာေၾကာင့္ ျမန္မာ့တပ္မေတာ္ကို ကုလအခ်က္ အလက္ရွာေဖြေရးမစ္ရွင္ FFM က ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ဘ႑ာေရးနဲ႔ တျခားအကူအညီေတြ ျဖတ္ေတာက္ၿပီး တပ္မေတာ္ကို ဝိုင္းပယ္ၾကဖို႔ တိုက္တြန္းထားတာရွိပါတယ္။

ဥေရာပႏိုင္ငံမ်ားအဖြဲ႕ EU က ျမန္မာႏိုင္ငံကို လက္နက္တင္ပို႔ေရာင္းခ်မႈနဲ႔ ျမန္မာ့တပ္မေတာ္ ထိပ္တန္း ေခါင္းေဆာင္ ၁၄ ဦးအေပၚ ပိတ္ဆို႔အေရးယူမႈေတြကို ေနာက္ႏွစ္ ဧၿပီလ ၃ဝ ရက္ေန႔အထိ သက္တမ္း တစ္ႏွစ္ တိုးထားပါတယ္။

ဥေရာပသမဂၢနဲ႔ အေမရိကန္ႏိုင္ငံေတြက ျမန္မာ့တပ္မေတာ္ကို လက္နက္ေရာင္းခ်ျခင္းပိတ္ပင္ထားပါတယ္။ ဒီၾကားထဲကပဲ ေတာင္ကိုးရီးယားႏိုင္ငံ ေဒဆန္း ကုမၸဏီက တပ္မေတာ္အတြက္ ၾကည္း-ေရ-ေလ ဘက္စုံသုံး LPD Makassar အမ်ိဳးအစား စစ္သေဘၤာကို တည္ေဆာက္ေပးခဲ့ပါတယ္။ အဲဒီသေဘၤာဟာ ျမန္မာ့ေရတပ္မွာ  အႀကီးဆုံးသေဘၤာ အျဖစ္မွတ္တမ္းဝင္ပါတယ္။

လက္နက္ဝယ္ခြင့္အပိတ္ခံ ျမန္မာကို စစ္သေဘၤာေရာင္းခ်တာေၾကာင့္ ကိုးရီးယားကုမၸဏီကို လန္ဒန္အေျခစိုက္ လူ႔အခြင့္ေရးေစာင့္ၾကည့္ေရးအဖြဲ႕ Burma Campaign UK က အမည္ပ်က္စာရင္းသြင္းမယ္လို႔ RFA ကို ေျပာဆိုထားပါတယ္။

ဒါ့အျပင္ ျမန္မာ့ႏိုင္ငံနဲ႔ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ထိပ္သီးေခါင္းေဆာင္ေတြဟာ ၂၀၁၇ ႐ိုဟင္ဂ်ာအေရးနဲ႔ပတ္သတ္လို႔ လက္ရွိ ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး ICC၊ အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ နဲ႔ အာဂ်င္တီးနားႏိုင္ငံေတြမွာ တရားစြဲဆိုခံထားရပါတယ္။ အခုလို ႏိုင္ငံတကာ အာ႐ုံစိုက္မႈမ်ားေနခ်ိန္မွာ ဂ်ပန္ေလတပ္က တိတ္တဆိတ္ေရာက္ရွိလာၿပီး ႏွစ္ႏိုင္ငံေလတပ္ဆက္ဆံေရးတိုးျမႇင့္ဖို႔ ေဆာင္႐ြက္ခဲ့ တာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-
(Unicode)⤵⤵⤵
ဂျပန်-မြန်မာ လေတပ် ပထမဆုံးအကြိမ် အစည်းအဝေး

ဂျပန်လေတပ်က Koku-Jieitai C-2 လေယာဉ်ကို ရန်ကုန်‌လေဆိပ်မှာတွေ့ရစဉ်
Photo: www.mod.go.jp

ဂျပန်-မြန်မာ တပ်မတော်လေတပ် ဆက်ဆံရေးတိုးမြှင့်တဲ့အနေနဲ့ ဂျပန်လေတပ်က ထောက်ပို့လေယာဉ် Koku-Jieitai C-2 အမျိုးအစားဟာ ရန်ကုန်လေဆိပ်ကိုရောက်ရှိလာပြီးတော့ တပ်မတော်လေအရာရှိတာဝန်ရှိသူတွေ ပထမဆုံးအကြိမ် အစည်းဝေးပြုလုပ်ခဲ့တယ်လို့ ဂျပန်လေတပ်က နိုဝင်ဘာ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန် ပါတယ်။

ဂျပန်လေတပ်က ထုတ်ပြန်တဲ့ ဓါတ်ပုံမှာတော့ ကာဝါဆာကီ အင်ဂျင်နှစ်လုံးထိုး C-2 ထောက်ပို့ယာဉ်အမှတ် ၂၀၉ ဖြစ်ပြီး၊ ခရီးစဉ်မှာ လေတပ်သားတွေနဲ့ အရာရှိ စုစုပေါင်း ၄၀ ဝန်းကျင် လိုက်ပါလာတာတွေ့ရပါတယ်။

ဒါပေမဲ့ ခရီးစဉ်ကို ဘယ်သူက ဦးစီးတယ်ဆိုတာတော့ ဖော်ပြထားခြင်းမရှိပါဘူး။ ဂျပန်လေတပ်ရဲ့ ပထမဆုံးခရီးစဉ် ကို တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံးနဲ့ တပ်မတော်-လေတို့ရဲ့ သတင်းစာမျက်နှာတွေမှာ ဖော်ပြထားခြင်း မရှိပါဘူး။

ဂျပန်နိုင်ငံ ကိုယ်ပိုင်ကာကွယ်ရေးလေတပ်ဘက်က သတင်းထုတ်ပြန်ချက်တွေအရ ကာကွယ်ရေးစနစ်မပါတဲ့ ရိုးရိုး C-2 ထောက်ပို့လေယာဉ်ဖြစ်ပြီးတော့ နှစ်နိုင်ငံ အဆင့်မြှင့်တင်တဲ့ ချစ်ကြည်ရေးလည်ပတ်တဲ့သဘောမျိုးပဲ ဖြစ်တယ်လို့ တပ်မတော်သားဟောင်းတွေ ဦးစီးတည်ထောင်တဲ့ သေနင်္ဂမဟာဗျူဟာ အင်စတီကျူ့အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက ပြောပါတယ်။

ဒီခရီးစဉ်မှာ စစ်ဖက်ရေးရာကိစ္စတွေ ဆွေးနွေးခဲ့ကြတာ ရှိ၊ မရှိ မသိရပါဘူး။ နှစ်ဦးနှစ်ဖက် ခရီးစဉ်တွေဖြစ်ပေါ်ရေး တခြားနိုင်ငံတွေနဲ့ပါ ဆောင်ရွက်မယ့်အကြောင်းပဲ ဂျပန်လေတပ်ဘက်က အကြမ်းဖျင်းဖော်ပြထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ နေ့လည်အထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဂျပန်လေတပ်က ရောက်ရှိလာတဲ့ C-2 အမျိုးအစားဟာ တပ်ပိုင်းဆိုင်ရာအပြင် နယူးဇီလန်နဲ့ နာမည်ကျော် အီးမရိတ် United Arab Emirates လေကြောင်းလိုင်းတွေကိုပါ စီးပွားဖြစ်ရောင်းချတဲ့ လေယာဉ်အမျိုးအစား လည်းဖြစ်ပါတယ်။

တပ်မတော်ရဲ့ ၂၀၁၇ ရခိုင်မြောက်ပိုင်း စစ်ဆင်ရေးစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံခဲ့ရတာကို UN က လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ သတ်မှတ်ထားပါတယ်။

ပြင်းထန်တဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တာခဲ့တာကြောင့် မြန်မာ့တပ်မတော်ကို ကုလအချက် အလက်ရှာဖွေရေးမစ်ရှင် FFM က နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဘဏ္ဍာရေးနဲ့ တခြားအကူအညီတွေ ဖြတ်တောက်ပြီး တပ်မတော်ကို ဝိုင်းပယ်ကြဖို့ တိုက်တွန်းထားတာရှိပါတယ်။

ဥရောပနိုင်ငံများအဖွဲ့ EU က မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှုနဲ့ မြန်မာ့တပ်မတော် ထိပ်တန်း ခေါင်းဆောင် ၁၄ ဦးအပေါ် ပိတ်ဆို့အရေးယူမှုတွေကို နောက်နှစ် ဧပြီလ ၃ဝ ရက်နေ့အထိ သက်တမ်း တစ်နှစ် တိုးထားပါတယ်။

ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံတွေက မြန်မာ့တပ်မတော်ကို လက်နက်ရောင်းချခြင်းပိတ်ပင်ထားပါတယ်။ ဒီကြားထဲကပဲ တောင်ကိုးရီးယားနိုင်ငံ ဒေဆန်း ကုမ္ပဏီက တပ်မတော်အတွက် ကြည်း-ရေ-လေ ဘက်စုံသုံး LPD Makassar အမျိုးအစား စစ်သင်္ဘောကို တည်ဆောက်ပေးခဲ့ပါတယ်။ အဲဒီသင်္ဘောဟာ မြန်မာ့ရေတပ်မှာ  အကြီးဆုံးသင်္ဘော အဖြစ်မှတ်တမ်းဝင်ပါတယ်။

လက်နက်ဝယ်ခွင့်အပိတ်ခံ မြန်မာကို စစ်သင်္ဘောရောင်းချတာကြောင့် ကိုးရီးယားကုမ္ပဏီကို လန်ဒန်အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ Burma Campaign UK က အမည်ပျက်စာရင်းသွင်းမယ်လို့ RFA ကို ပြောဆိုထားပါတယ်။

ဒါ့အပြင် မြန်မာ့နိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်သီးခေါင်းဆောင်တွေဟာ ၂၀၁၇ ရိုဟင်ဂျာအရေးနဲ့ပတ်သတ်လို့ လက်ရှိ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC၊ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ နဲ့ အာဂျင်တီးနားနိုင်ငံတွေမှာ တရားစွဲဆိုခံထားရပါတယ်။ အခုလို နိုင်ငံတကာ အာရုံစိုက်မှုများနေချိန်မှာ ဂျပန်လေတပ်က တိတ်တဆိတ်ရောက်ရှိလာပြီး နှစ်နိုင်ငံလေတပ်ဆက်ဆံရေးတိုးမြှင့်ဖို့ ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org 
ဂ်ပန္-ျမန္မာ ေလတပ္ ပထမဆုံးအႀကိမ္ အစည္းအေဝး ဂ်ပန္-ျမန္မာ ေလတပ္ ပထမဆုံးအႀကိမ္ အစည္းအေဝး Reviewed by THITHTOOLWIN on 09:08 Rating: 5
Powered by Blogger.