ICJ တရား႐ုံး ပထမဆုံးၾကားနာပြဲ ဒီဇင္ဘာ ၁၀ ရက္စမည္

ICJ ကုလသမဂၢတရား႐ုံးကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို တရားစြဲလိုက္တဲ့အမႈအတြက္ ပထမဆုံးၾကားနာပြဲကို ဒီဇင္ဘာလထဲမွာ ျပဳလုပ္မယ့္အေၾကာင္း ICJ ကုလသမဂၢတရား႐ုံးက ဒီေန႔ အခ်ိန္စာရင္းထုတ္ျပန္လိုက္ပါတယ္။

The Convention on the Prevention and Punishment of the Crime of Genocide ဆိုတဲ့ လူမ်ိဳးတုံး သတ္ျဖတ္မႈမ်ား ကာကြယ္ေရးနဲ႔ အျပစ္ေပးအေရးယူျခင္းဆိုင္ရာ ႏိုင္ငံတကာသေဘာတူညီမႈကို ျမန္မာႏိုင္ငံက ခ်ိဳးေဖာက္ခဲ့တဲ့အတြက္ တရားဥပေဒအရအေရးယူဖို႔ ဂမ္ဘီယာႏိုင္ငံက အမႈဖြင့္တိုင္ၾကားခ်က္ကို နယ္သာလန္ ႏိုင္ငံ သဟိဂ္ၿမိဳ႕က တရား႐ုံးမွာ ပထမဆုံးၾကားနာေတာ့မွာ ျဖစ္ပါတယ္။

ဒီဇင္ဘာလ ၁၀ ရက္ေန႔ မနက္ ၁၀ နာရီကေန ေန႔လယ္ ၁ နာရီထိ တရားလို ဂမ္ဘီယာရဲ႕ ေလွ်ာက္လဲခ်က္ကို ၾကားနာမွာျဖစ္ၿပီး၊ ေနာက္ေန႔ ဒီဇင္ဘာလ ၁၁ ရက္ မနက္ ၁၀ နာရီကေန ေန႔လယ္ ၁ နာရီထိကို တရားစြဲခံရတဲ့ ျမန္မာဘက္ ေလွ်ာက္လဲခ်က္ကို ၾကားနာမွာျဖစ္ပါတယ္။

ေနာက္တရက္ ဒီဇင္ဘာလ ၁၂ ရက္ေန႔မွာေတာ့ မနက္ ၁၀ နာရီကေန ၁၁ နာရီခြဲထိ ဂမ္ဘီယာႏိုင္ငံကိုၾကားနာ မွာျဖစ္ၿပီး၊ အဲဒီေန႔ ညေန ၄ နာရီခြဲကေန ၆ နာရီထိကို ျမန္မာဘက္က တင္ျပခ်က္ကို ၾကားနာမွာျဖစ္ပါတယ္။

အဲဒီၾကားနာပြဲေတြဟာ တံခါးဖြင့္ၾကားနာပြဲျဖစ္သလို၊  ICJ ရဲ႕ အင္တာနက္ ဝက္ဘ္ဆိုဒ္ကေနလည္း တိုက္႐ိုက္ ထုတ္လႊင့္ေပးမွာျဖစ္ၿပီး၊ ဓါတ္ပုံနဲ႔ဗီဒီယိုမွတ္တမ္းေတြကို သတင္းေတြအတြက္ အခမဲ့သုံးစြဲခြင့္ျပဳမယ္လို႔ဆိုပါတယ္။

တရား႐ုံးထဲမွာေတာ့ ထိုင္ခုံအကန္႔အသတ္ရွိတဲ့အတြက္ သက္ဆိုင္ရာႏွစ္ႏိုင္ငံက ကိုယ္စားလွယ္ေတြကို ပထမဦးစားေပးၿပီး၊ သံတမန္ေတြကို ဒုတိယဦးစားေပးမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ၾကားနာပြဲတက္ေရာက္လိုတဲ့ သံတမန္ေတြက ႏိုဝင္ဘာလ ၂၈ ရက္ေန႔မတိုင္ခင္ စာရင္းေပးၾကရမွာျဖစ္ပါတယ္။

အဲဒီပုဂၢိဳလ္ေတြၿပီးရင္ တျခားစိတ္ဝင္စားတဲ့ျပင္ပပုဂၢိဳလ္ေတြအတြက္ ႀကိဳတင္စာရင္းေပးစရာမလိုပဲ၊ ဦးရာလူ စနစ္နဲ႔ဝင္ခြင့္ေပးမွာျဖစ္ပါတယ္။

သတင္းေထာက္ေတြအေနနဲ႔လည္း ႏိုဝင္ဘာလ ၂၈ ရက္ေန႔ ညသန္းေခါင္မတိုင္ခင္မွာ ႀကိဳတင္စာရင္းေပးရ မွာျဖစ္ပါတယ္။

ဒီလိုတရားစြဲတာဟာ အိုအိုင္စီ အစၥလာမစ္ႏိုင္ငံမ်ား ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ကိုယ္စား ေဆာင္႐ြက္တာျဖစ္ သလို၊ ႐ိုဟင္ဂ်ာေတြ ေနာက္ထပ္ဖိႏွိပ္မခံရေအာင္ ကာကြယ္ေပးႏိုင္မယ့္ အေရးေပၚေဆာင္႐ြက္ခ်က္တခုခုကို ICJ တရား႐ုံးက အျမန္ဆုံးခ်မွတ္ေပးဖို႔လိုခ်င္တယ္လို႔ ဂမ္ဘီယာႏိုင္ငံရဲ႕ေရွ႕ေနေတြကေျပာပါတယ္။

အခု႐ုံးခ်ိန္းနဲ႔ပတ္သက္လို႔ တရား႐ုံးရဲ႕ ျပင္ဆင္ထားမႈအေျခအေန၊ သက္ဆိုင္ရာႏိုင္ငံေတြဘက္ကို အေၾကာင္းၾကား ထားမႈအေျခအေနတြနဲ႔ ပတ္သက္လို႔ ICJ ႐ုံးရဲ႕ ျပန္ၾကားေရးဌာန အတြင္းဝန္ မစၥတာ အန္ဒေရ ေပါ့စကာ ကူကင္ ကို RFA က ဆက္သြယ္ေမးျမန္းတဲ့အခါ ေလာေလာဆယ္မွာ သူတို႔အေနနဲ႔ မွတ္ခ်က္တစ္စုံတစ္ရာ ထုတ္မေျပာႏိုင္ ေသးဘူးလို႔ ေျပာပါတယ္။

ICJ မွာ တရားစြဲခံရတဲ့ကိစၥကို ျမန္မာႏိုင္ငံဘက္ကေန ႏိုင္ငံတကာဥပေဒေတြနဲ႔အညီ တုံ႔ျပန္ေျဖရွင္းသြားမယ္လို႔ ၿပီးခဲ့တဲ့ ေသာၾကာ ႏိုဝင္ဘာလ ၁၅ ရက္ေန႔က ေနျပည္ေတာ္မွာျပဳလုပ္တဲ့ သမၼတ႐ုံးရဲ႕ ပုံမွန္သတင္းစာရွင္းလင္းပြဲ မွာ ေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌးက ေျပာၾကားထားပါတယ္။

RFA Burmese
https://www.rfa.org
-----------------
(Unicode)⤵⤵⤵
ICJ တရားရုံး ပထမဆုံးကြားနာပွဲ ဒီဇင်ဘာ ၁၀ ရက်စမည်

ICJ ကုလသမဂ္ဂတရားရုံးကို တွေ့ရစဉ်
Photo: IJC
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲလိုက်တဲ့အမှုအတွက် ပထမဆုံးကြားနာပွဲကို ဒီဇင်ဘာလထဲမှာ ပြုလုပ်မယ့်အကြောင်း ICJ ကုလသမဂ္ဂတရားရုံးက ဒီနေ့ အချိန်စာရင်းထုတ်ပြန်လိုက်ပါတယ်။

The Convention on the Prevention and Punishment of the Crime of Genocide ဆိုတဲ့ လူမျိုးတုံး သတ်ဖြတ်မှုများ ကာကွယ်ရေးနဲ့ အပြစ်ပေးအရေးယူခြင်းဆိုင်ရာ နိုင်ငံတကာသဘောတူညီမှုကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့တဲ့အတွက် တရားဥပဒေအရအရေးယူဖို့ ဂမ်ဘီယာနိုင်ငံက အမှုဖွင့်တိုင်ကြားချက်ကို နယ်သာလန် နိုင်ငံ သဟိဂ်မြို့က တရားရုံးမှာ ပထမဆုံးကြားနာတော့မှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် ၁၀ နာရီကနေ နေ့လယ် ၁ နာရီထိ တရားလို ဂမ်ဘီယာရဲ့ လျှောက်လဲချက်ကို ကြားနာမှာဖြစ်ပြီး၊ နောက်နေ့ ဒီဇင်ဘာလ ၁၁ ရက် မနက် ၁၀ နာရီကနေ နေ့လယ် ၁ နာရီထိကို တရားစွဲခံရတဲ့ မြန်မာဘက် လျှောက်လဲချက်ကို ကြားနာမှာဖြစ်ပါတယ်။

နောက်တရက် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ မနက် ၁၀ နာရီကနေ ၁၁ နာရီခွဲထိ ဂမ်ဘီယာနိုင်ငံကိုကြားနာ မှာဖြစ်ပြီး၊ အဲဒီနေ့ ညနေ ၄ နာရီခွဲကနေ ၆ နာရီထိကို မြန်မာဘက်က တင်ပြချက်ကို ကြားနာမှာဖြစ်ပါတယ်။

အဲဒီကြားနာပွဲတွေဟာ တံခါးဖွင့်ကြားနာပွဲဖြစ်သလို၊  ICJ ရဲ့ အင်တာနက် ဝက်ဘ်ဆိုဒ်ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးမှာဖြစ်ပြီး၊ ဓါတ်ပုံနဲ့ဗီဒီယိုမှတ်တမ်းတွေကို သတင်းတွေအတွက် အခမဲ့သုံးစွဲခွင့်ပြုမယ်လို့ဆိုပါတယ်။

တရားရုံးထဲမှာတော့ ထိုင်ခုံအကန့်အသတ်ရှိတဲ့အတွက် သက်ဆိုင်ရာနှစ်နိုင်ငံက ကိုယ်စားလှယ်တွေကို ပထမဦးစားပေးပြီး၊ သံတမန်တွေကို ဒုတိယဦးစားပေးမှာဖြစ်ပါတယ်။ ဒါကြောင့် ကြားနာပွဲတက်ရောက်လိုတဲ့ သံတမန်တွေက နိုဝင်ဘာလ ၂၈ ရက်နေ့မတိုင်ခင် စာရင်းပေးကြရမှာဖြစ်ပါတယ်။

အဲဒီပုဂ္ဂိုလ်တွေပြီးရင် တခြားစိတ်ဝင်စားတဲ့ပြင်ပပုဂ္ဂိုလ်တွေအတွက် ကြိုတင်စာရင်းပေးစရာမလိုပဲ၊ ဦးရာလူ စနစ်နဲ့ဝင်ခွင့်ပေးမှာဖြစ်ပါတယ်။

သတင်းထောက်တွေအနေနဲ့လည်း နိုဝင်ဘာလ ၂၈ ရက်နေ့ ညသန်းခေါင်မတိုင်ခင်မှာ ကြိုတင်စာရင်းပေးရ မှာဖြစ်ပါတယ်။

ဒီလိုတရားစွဲတာဟာ အိုအိုင်စီ အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စား ဆောင်ရွက်တာဖြစ် သလို၊ ရိုဟင်ဂျာတွေ နောက်ထပ်ဖိနှိပ်မခံရအောင် ကာကွယ်ပေးနိုင်မယ့် အရေးပေါ်ဆောင်ရွက်ချက်တခုခုကို ICJ တရားရုံးက အမြန်ဆုံးချမှတ်ပေးဖို့လိုချင်တယ်လို့ ဂမ်ဘီယာနိုင်ငံရဲ့ရှေ့နေတွေကပြောပါတယ်။

အခုရုံးချိန်းနဲ့ပတ်သက်လို့ တရားရုံးရဲ့ ပြင်ဆင်ထားမှုအခြေအနေ၊ သက်ဆိုင်ရာနိုင်ငံတွေဘက်ကို အကြောင်းကြား ထားမှုအခြေအနေတွနဲ့ ပတ်သက်လို့ ICJ ရုံးရဲ့ ပြန်ကြားရေးဌာန အတွင်းဝန် မစ္စတာ အန်ဒရေ ပေါ့စကာ ကူကင် ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ လောလောဆယ်မှာ သူတို့အနေနဲ့ မှတ်ချက်တစ်စုံတစ်ရာ ထုတ်မပြောနိုင် သေးဘူးလို့ ပြောပါတယ်။

ICJ မှာ တရားစွဲခံရတဲ့ကိစ္စကို မြန်မာနိုင်ငံဘက်ကနေ နိုင်ငံတကာဥပဒေတွေနဲ့အညီ တုံ့ပြန်ဖြေရှင်းသွားမယ်လို့ ပြီးခဲ့တဲ့ သောကြာ နိုဝင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သမ္မတရုံးရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ မှာ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားထားပါတယ်။

RFA Burmese
https://www.rfa.org
ICJ တရား႐ုံး ပထမဆုံးၾကားနာပြဲ ဒီဇင္ဘာ ၁၀ ရက္စမည္ ICJ တရား႐ုံး ပထမဆုံးၾကားနာပြဲ ဒီဇင္ဘာ ၁၀ ရက္စမည္ Reviewed by THITHTOOLWIN on 09:11 Rating: 5
Powered by Blogger.