တိုက္ပြဲေၾကာင့္ရြာသား(၂၀၀၀)ေက်ာ္ ဘူးသီးေတာင္ၿမိဳ႕ေပၚ စစ္ေရွာင္ေနရ

၂၀၁၇ ၾသဂုတ္လတုန္းက ဘူးသီးေတာင္ၿမိဳ႕ေပၚစစ္ေရွာင္ေနသူမ်ား

(Zawgyi/Unicode)

ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႕အၾကားတိုက္ပြဲေၾကာင့္ ဘူးသီးေတာင္ၿမိဳ႕နယ္က ရြာသား(၂၀၀၀)ေက်ာ္ဟာ ျမိဳ႕ေပၚကစခန္း(၈)ခုမွာ စစ္ေဘးတိမ္းေရွာင္ေနရဆဲလို႕ စစ္ေရွာင္ အကူညီေပးအဖြဲ႕က ေျပာပါတယ္။

အစိုးရအေနနဲ႕ ကူညီေပးတယ္ဆိုေပမဲ့လည္း လိုအပ္ခ်က္ေတြ ရွိေနဆဲလို႕ဆိုပါတယ္။ တခ်ိန္ထဲမွာဘဲ AA အဖြဲ႕နဲ႕ဆက္စပ္တယ္ဆိုျပီး မသကၤာ မွဳနဲ႔ ဖမ္းဆီး တရားစြဲဆိုမွဳေတြလဲ ရွိေနဆဲျဖစ္ပါတယ္။ ဒီအေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္ ကေနသတင္းေပးပို႕ထားပါတယ္။

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေၾကာင့္ လိုင္ဂြင္၊ ထီးစြဲ ၊ ေက်ာက္တန္းအစရွိတဲ့ ေက်းရြာ သား (၂၀၀၀)ဟာ ရေသ့ေတာင္ၿမိဳ႕အတြင္း စစ္ေဘးေရွာင္ ဒုကၡသည္အျဖစ္ တိမ္းေရွာင္ ေရာက္ရွိေနၾကတယ္လို႕ စစ္ေရွာင္ကူညီေရးအဖြဲ႕၀င္ ကိုဘကၠာကေျပာပါတယ္။

“ျမိဳ႕ေပၚမွာစခန္း(၈)ခု။ ျမိဳ႕ေပၚမွာ Camp ထဲမွာဆိုလို႕ရွိရင္(၂၀၀၀)ေက်ာ္ေလာက္ရွိေနမယ္။ Camp မ၀င္ဘဲနဲ႕ ၿမိဳ႕ေပၚ ရပ္ကြက္ေနတာက အမ်ားႀကီးရွိတယ္။ လိုင္ဂြင္ ႏြားလားေက်ာ္ အဲဒီရြာကလူေတြ။ ေနာက္ျပီးေတာ့ ထီးစြဲ ၊ ေက်ာက္တန္း သူတို႕ေတြက အကုန္လုံးေရွာင္ေနၾကရတယ္။”

ဒီစစ္ေရွာင္ေတြဟာ မေန႕ကနဲ႕ နို၀င္ဘာ(၁၆)ရက္ေန႕က လိုင္ဂြင္ေဒသပါတ္၀န္းက်င္မွာ ျဖစ္ပြါးခဲ့တဲ့ ျမန္မာစစ္တပ္နဲ႕ AA ရခိုင္လက္နက္ကိုင္အဖြဲ႕တို႕အၾကား ပစ္ခတ္တိုက္ခိုက္မွဳေၾကာင့္ တိမ္းေရွာင္လာတာလို႕ ကိုဘကၠာက ဆိုပါတယ္။

လက္ရွိ ရေသ့ေတာင္ျမိဳ႕အတြင္း စခန္း (၈)ခုမွာရွိတဲ့ စစ္ေရွာင္ေတြရဲ႕ စားေသာက္ေရးအေျခအေနကို ကိုဘကၠာက ဆက္ေျပာပါတယ္။

“အစိုးရပိုင္းက တရက္ကို(၃၀၀)က်ပ္ႏွဳန္းနဲ႕ေပးတယ္။ အဲဒီကိစၥကို အခုက (၃၀၀)က်ပ္ႏွဳန္း မရဘူး ျဖစ္ေနတယ္။ အဲဒီတ ေယာက္ကိုေလ။ တေယာက္ကိုဆန္(၂)ဗူးဘဲေပးတယ္။ ဆန္(၂)ဗူးဆိုေတာ့ အဲဒီ ဆန္(၂)ဗူးကို တြက္ၾကည့္ လိုက္ရင္ တလကို(၆၀၀၀)နီးပါးေလာက္ဘဲရတယ္။ ေနာက္ျပီးေတာ့ ကိုယ္နဲ႕နီးရာ နီးရာေတြ။ လူမႈေရးအဖြဲ႕အစည္းေတြ အဲဒီလို မ်ိဳးကူညီတာရွိတယ္ေလ။ အကုန္လုံး မဖူလုံဘူးေပါ့။”

ျပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းကေန ဒီႏွစ္နို၀င္ဘာလအထိ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသမွာ ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕အၾကား တိုက္ပြဲေတြ ျပင္းထန္စြာျဖစ္ပြားခဲ့သလို ေဒသခံရြာသား (၇၀၀၀၀)ခန္႕ဟာ စစ္ေဘးတိမ္းေရွာင္ ေနၾကရတာပါ။

စစ္ေဘးေရွာင္ေတြအေနနဲ႕ လိုအပ္တဲ့ကူညီေစာင့္ေရွာက္မႈ ရရွိတာအားနည္း ေနတယ္လို႕ စစ္ေရွာင္ေတြကိုကူညီေပးေနတဲ့ REC ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအရံုး ဥကၠဌ ဦးေရႊေဘာ္စိန္က ေျပာပါတယ္။

“ကာကြယ္ေစာင့္ေရွာက္တာရယ္။ ေနာက္ျပီးေတာ့သူတို႕ရဲ႕စား၀တ္ေနေရးကိစၥရယ္ ေနာက္ျပီးေတာ့ က်န္တဲ့ လူမွဳေရးရာ အပိုင္းရယ္ ပညာေရး၊ က်န္းမာေရးကိစၥရယ္ ဖရိုဖရဲျဖစ္သလိုပါဘဲ။ ေစာင့္ေရွာက္ေတာ့ ေစာင့္ေရွာက္တယ္လို႕ေျပာထားေပမဲ့ ေဒသအလိုက္ လိုအပ္ခ်က္အရ တာ၀န္အရ လုပ္တာဘဲျဖစ္တယ္ ဆိုတဲ့ သေဘာတရားမွာျဖစ္တယ္။ ေနာက္ျပီး ဒီစစ္ေရွာင္ ေတြကလဲ အခ်ိန္ကာလ ၾကာျမင့္လာတာနဲ႕အမွ် သူတို႕ရဲ႕စိတ္ခံစားမွဳေတြကလဲ တေျဖးေျဖးနဲ႕မ်ားလာျပီးေတာ့ နာၾကည္း မွဳေတြျဖစ္လာတဲ့ အေနအထားေတြကလဲ ကြ်န္ေတာ္တို႕ေတြ႕ရတယ္။”

တခ်ိန္ထဲမွာဘဲ ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) စစ္ဦးစီးခ်ဳပ္ရဲ႕ ေယာက္ဖ နဲ႕ ညီမတို႔ကို ရဲတပ္ဖြဲ႕ကေန အၾကမ္းဖက္ တိုက္ ဖ်က္ေရးဥပေဒပုဒ္မ ၅၅ (က) နဲ႕ တရားစြဲဆိုခဲ့ရာမွာ မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးကေန နို၀င္ဘာ(၁၄)ရက္ေန႕က လက္ ခံခဲ့ျပီးျဖစ္ပါတယ္။

လက္နက္ကိုင္အဖြဲ႕၀င္ေတြရဲ႕ ေဆြမ်ိဳးသားခ်င္းေတြကို ဖမ္းဆီးအေရးယူတဲ့အေပၚ AA ေျပာခြင့္ရ ခိုင္သုခက အခုလို ေျပာပါတယ္။

“ဗိုလ္ခ်ဳပ္ထြန္းျမတ္နိုင္ရဲ႕ ေဆြမ်ိဳး မိသားစုျဖစ္လို႕ေနျပီးေတာ့ ဖမ္းတယ္။ တျခား ULA ေခါင္းေဆာင္ေတြရဲ႕ မိသားစုေတြမို႕ ဖမ္းတယ္ဆိုတဲ့ ဥစၥာက ဒါဘယ္လိုမွ လက္ခံနိုင္စရာ မရွိပါဘူး။ အဲဒီလိုမ်ိဳး မိသားစုေဆြမ်ိဳး ရွိသမွ်အကုန္လုံး ဒုကၡေပးၾကစတမ္းဆိုလို႕ရွိရင္ အဲဒီလူေတြလဲ သူတို႕က မိသားစုရွိတဲ့လူေတြဘဲ။ အဲတာေၾကာင့္မို႕လို႕ ခင္ဗ်ားတို႕မတရားတဲ့ လုပ္ရပ္ ေတြကို ရပ္တန္းက ရပ္ပါဆိုတဲ့ ဥစၥာေတာ့ ကြ်န္ေတာ္တို႕ဖက္က သတိေပးခ်င္တာေတာ့ ရွိတယ္ဗ်။”

ျပီးခဲ့တဲ့ေအာက္တိုဘာ ၁၉ ရက္က ထိုင္းနိုင္ငံ ခ်င္းမိုင္ၿမိဳ႕ကျပန္လာတဲ့ ကိုေက်ာ္နိုင္နဲ႕ လာႀကိဳသူ AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္နိုင္ရဲ႕ ညီမေတာ္စပ္သူေမမိုးႏွင္းျဖဴတို႔ကို ရန္ကုန္ေလဆိပ္မွာ ရဲတပ္ဖြဲ႕ေတြက ဖမ္းဆီးတရားစြဲ ဆိုခဲ့တာပါ။

ျမန္မာ့စစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕ စစ္ေရးပဋိပကၡကာလအတြင္း AAနဲ႕ဆက္စပ္တယ္ဆိုျပီး ဖမ္းဆီးအေရး ယူခံရမွဳေတြလဲရွိေနတာပါ။ ဒီအေျခအေနကို ဦးေရႊေဘာ္စိန္ကအခုလိုေျပာပါတယ္။

“အခုဒီျမန္မာတပ္မေတာ္ဖက္က မတရားအသင္းနဲ႕ဆက္သြယ္ထားတယ္ဆိုျပီးေတာ့ မသကၤာတယ္ဆိုျပီးေတာ့ ဖမ္းဆီး ထားတဲ့လူေတာ္ေတာ္မ်ားမ်ားဟာ ျပန္ျပီးေတာ့ လြတ္ေျမာက္တယ္အေနအထားေတာ့ သိပ္မေတြ႕ရဘူး။ ကြ်န္ေတာ္တို႕ RECစစ္တမ္းအရဆိုရင္ အကုန္လုံးေပါင္းက ဒီဖမ္းဆီးထားတဲ့လူဦးေရက (၁၀၀)နီးပါးေလာက္ေတာ့ ရွိေနၿပီ။”

ျမန္မာစစ္တပ္ဖက္က AAနဲ႕ပက္သက္တယ္ဆိုျပီး ဖမ္းဆီးမွဳေတြရွိေနသလို AA ဘက္ကလဲ စစ္တပ္ အစိုးရ၀န္ထမ္းေတြကို ဖမ္းဆီးမွဳေတြလဲရွိေနတာပါ။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ(၃)ရက္ေန႕က NLD အမ်ဳိးသားလႊတ္ေတာ္အမတ္ ဦးေဝွ႔ တင္းအပါအဝင္ အိႏၵိယႏိုင္ငံသားေတြကို AA ဘက္ကဖမ္းဆီးခဲ့တာမွာ အိႏၵိယႏိုင္ငံသားေတြကို လႊတ္ေပးခဲ့ေပမယ့္ ခုခ်ိန္ထိ ဦးေဝွ႕တင္းကို ထိန္းသိမ္းထားဆဲ ျဖစ္ပါတယ္။

..................

တိုက်ပွဲကြောင့်ရွာသား(၂၀၀၀)ကျော် ဘူးသီးတောင်မြို့ပေါ် စစ်ရှောင်နေရ

(Unicode)

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြားတိုက်ပွဲကြောင့် ဘူးသီးတောင်မြို့နယ်က ရွာသား(၂၀၀၀)ကျော်ဟာ မြို့ပေါ်ကစခန်း(၈)ခုမှာ စစ်ဘေးတိမ်းရှောင်နေရဆဲလို့ စစ်ရှောင် အကူညီပေးအဖွဲ့က ပြောပါတယ်။ အစိုးရအနေနဲ့ ကူညီပေးတယ်ဆိုပေမဲ့လည်း လိုအပ်ချက်တွေ ရှိနေဆဲလို့ဆိုပါတယ်။ တချိန်ထဲမှာဘဲ AA အဖွဲ့နဲ့ဆက်စပ်တယ်ဆိုပြီး မသင်္ကာ မှုနဲ့ ဖမ်းဆီး တရားစွဲဆိုမှုတွေလဲ ရှိနေဆဲဖြစ်ပါတယ်။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် ကနေသတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် လိုင်ဂွင်၊ ထီးစွဲ ၊ ကျောက်တန်းအစရှိတဲ့ ကျေးရွာ သား (၂၀၀၀)ဟာ ရသေ့တောင်မြို့အတွင်း စစ်ဘေးရှောင် ဒုက္ခသည်အဖြစ် တိမ်းရှောင် ရောက်ရှိနေကြတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့ဝင် ကိုဘက္ကာကပြောပါတယ်။

“မြို့ပေါ်မှာစခန်း(၈)ခု။ မြို့ပေါ်မှာ Camp ထဲမှာဆိုလို့ရှိရင်(၂၀၀၀)ကျော်လောက်ရှိနေမယ်။ Camp မဝင်ဘဲနဲ့ မြို့ပေါ် ရပ်ကွက်နေတာက အများကြီးရှိတယ်။ လိုင်ဂွင် နွားလားကျော် အဲဒီရွာကလူတွေ။ နောက်ပြီးတော့ ထီးစွဲ ၊ ကျောက်တန်း သူတို့တွေက အကုန်လုံးရှောင်နေကြရတယ်။”

ဒီစစ်ရှောင်တွေဟာ မနေ့ကနဲ့ နိုဝင်ဘာ(၁၆)ရက်နေ့က လိုင်ဂွင်ဒေသပါတ်ဝန်းကျင်မှာ ဖြစ်ပွါးခဲ့တဲ့ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် တိမ်းရှောင်လာတာလို့ ကိုဘက္ကာက ဆိုပါတယ်။

လက်ရှိ ရသေ့တောင်မြို့အတွင်း စခန်း (၈)ခုမှာရှိတဲ့ စစ်ရှောင်တွေရဲ့ စားသောက်ရေးအခြေအနေကို ကိုဘက္ကာက ဆက်ပြောပါတယ်။

“အစိုးရပိုင်းက တရက်ကို(၃၀၀)ကျပ်နှုန်းနဲ့ပေးတယ်။ အဲဒီကိစ္စကို အခုက (၃၀၀)ကျပ်နှုန်း မရဘူး ဖြစ်နေတယ်။ အဲဒီတ ယောက်ကိုလေ။ တယောက်ကိုဆန်(၂)ဗူးဘဲပေးတယ်။ ဆန်(၂)ဗူးဆိုတော့ အဲဒီ ဆန်(၂)ဗူးကို တွက်ကြည့် လိုက်ရင် တလကို(၆၀၀၀)နီးပါးလောက်ဘဲရတယ်။ နောက်ပြီးတော့ ကိုယ်နဲ့နီးရာ နီးရာတွေ။ လူမှုရေးအဖွဲ့အစည်းတွေ အဲဒီလို မျိုးကူညီတာရှိတယ်လေ။ အကုန်လုံး မဖူလုံဘူးပေါ့။”

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကနေ ဒီနှစ်နိုဝင်ဘာလအထိ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့သလို ဒေသခံရွာသား (၇၀၀၀၀)ခန့်ဟာ စစ်ဘေးတိမ်းရှောင် နေကြရတာပါ။

စစ်ဘေးရှောင်တွေအနေနဲ့ လိုအပ်တဲ့ကူညီစောင့်ရှောက်မှု ရရှိတာအားနည်း နေတယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ REC ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး ဥက္ကဌ ဦးရွှေဘော်စိန်က ပြောပါတယ်။

“ကာကွယ်စောင့်ရှောက်တာရယ်။ နောက်ပြီးတော့သူတို့ရဲ့စားဝတ်နေရေးကိစ္စရယ် နောက်ပြီးတော့ ကျန်တဲ့ လူမှုရေးရာ အပိုင်းရယ် ပညာရေး၊ ကျန်းမာရေးကိစ္စရယ် ဖရိုဖရဲဖြစ်သလိုပါဘဲ။ စောင့်ရှောက်တော့ စောင့်ရှောက်တယ်လို့ပြောထားပေမဲ့ ဒေသအလိုက် လိုအပ်ချက်အရ တာဝန်အရ လုပ်တာဘဲဖြစ်တယ် ဆိုတဲ့ သဘောတရားမှာဖြစ်တယ်။ နောက်ပြီး ဒီစစ်ရှောင် တွေကလဲ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ သူတို့ရဲ့စိတ်ခံစားမှုတွေကလဲ တဖြေးဖြေးနဲ့များလာပြီးတော့ နာကြည်း မှုတွေဖြစ်လာတဲ့ အနေအထားတွေကလဲ ကျွန်တော်တို့တွေ့ရတယ်။”

တချိန်ထဲမှာဘဲ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) စစ်ဦးစီးချုပ်ရဲ့ ယောက်ဖ နဲ့ ညီမတို့ကို ရဲတပ်ဖွဲ့ကနေ အကြမ်းဖက် တိုက် ဖျက်ရေးဥပဒေပုဒ်မ ၅၅ (က) နဲ့ တရားစွဲဆိုခဲ့ရာမှာ မရမ်းကုန်းမြို့နယ် တရားရုံးကနေ နိုဝင်ဘာ(၁၄)ရက်နေ့က လက် ခံခဲ့ပြီးဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့ဝင်တွေရဲ့ ဆွေမျိုးသားချင်းတွေကို ဖမ်းဆီးအရေးယူတဲ့အပေါ် AA ပြောခွင့်ရ ခိုင်သုခက အခုလို ပြောပါတယ်။

“ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဆွေမျိုး မိသားစုဖြစ်လို့နေပြီးတော့ ဖမ်းတယ်။ တခြား ULA ခေါင်းဆောင်တွေရဲ့ မိသားစုတွေမို့ ဖမ်းတယ်ဆိုတဲ့ ဥစ္စာက ဒါဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။ အဲဒီလိုမျိုး မိသားစုဆွေမျိုး ရှိသမျှအကုန်လုံး ဒုက္ခပေးကြစတမ်းဆိုလို့ရှိရင် အဲဒီလူတွေလဲ သူတို့က မိသားစုရှိတဲ့လူတွေဘဲ။ အဲတာကြောင့်မို့လို့ ခင်ဗျားတို့မတရားတဲ့ လုပ်ရပ် တွေကို ရပ်တန်းက ရပ်ပါဆိုတဲ့ ဥစ္စာတော့ ကျွန်တော်တို့ဖက်က သတိပေးချင်တာတော့ ရှိတယ်ဗျ။”

ပြီးခဲ့တဲ့အောက်တိုဘာ ၁၉ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကပြန်လာတဲ့ ကိုကျော်နိုင်နဲ့ လာကြိုသူ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီမတော်စပ်သူမေမိုးနှင်းဖြူတို့ကို ရန်ကုန်လေဆိပ်မှာ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးတရားစွဲ ဆိုခဲ့တာပါ။

မြန်မာ့စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးပဋိပက္ခကာလအတွင်း AAနဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးအရေး ယူခံရမှုတွေလဲရှိနေတာပါ။ ဒီအခြေအနေကို ဦးရွှေဘော်စိန်ကအခုလိုပြောပါတယ်။

“အခုဒီမြန်မာတပ်မတော်ဖက်က မတရားအသင်းနဲ့ဆက်သွယ်ထားတယ်ဆိုပြီးတော့ မသင်္ကာတယ်ဆိုပြီးတော့ ဖမ်းဆီး ထားတဲ့လူတော်တော်များများဟာ ပြန်ပြီးတော့ လွတ်မြောက်တယ်အနေအထားတော့ သိပ်မတွေ့ရဘူး။ ကျွန်တော်တို့ RECစစ်တမ်းအရဆိုရင် အကုန်လုံးပေါင်းက ဒီဖမ်းဆီးထားတဲ့လူဦးရေက (၁၀၀)နီးပါးလောက်တော့ ရှိနေပြီ။”

မြန်မာစစ်တပ်ဖက်က AAနဲ့ပက်သက်တယ်ဆိုပြီး ဖမ်းဆီးမှုတွေရှိနေသလို AA ဘက်ကလဲ စစ်တပ် အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးမှုတွေလဲရှိနေတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃)ရက်နေ့က NLD အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့ တင်းအပါအဝင် အိန္ဒိယနိုင်ငံသားတွေကို AA ဘက်ကဖမ်းဆီးခဲ့တာမှာ အိန္ဒိယနိုင်ငံသားတွေကို လွှတ်ပေးခဲ့ပေမယ့် ခုချိန်ထိ ဦးဝှေ့တင်းကို ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် ရက္ခိုင့်တပ်တော် AA ဘက်က ဖမ်းဆီးထားသူတွေ အမြန်ပြန်လွှတ် ပေးရေး တောင်းဆိုတဲ့ အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်ကနေ မနေ့က အတည်ပြုလိုက်ပါတယ်။

ႏုိင္ကြန္းအိန္/ VOA Burmese
https://burmese.voanews.com
တိုက္ပြဲေၾကာင့္ရြာသား(၂၀၀၀)ေက်ာ္ ဘူးသီးေတာင္ၿမိဳ႕ေပၚ စစ္ေရွာင္ေနရ တိုက္ပြဲေၾကာင့္ရြာသား(၂၀၀၀)ေက်ာ္ ဘူးသီးေတာင္ၿမိဳ႕ေပၚ စစ္ေရွာင္ေနရ Reviewed by THITHTOOLWIN on 03:01 Rating: 5
Powered by Blogger.