ယူနက္စကိုရဲ႕ အလုပ္အမႈေဆာင္ႏိုင္ငံအျဖစ္ ျမန္မာေ႐ြးခ်ယ္ခံရျခင္းက ဘယ္လို အက်ိဳးရလဒ္ေတြရလာႏိုင္လဲ

ပုဂံေရွးေဟာင္း ယဥ္ေက်းမႈနယ္ေျမဟာ ယူနက္စကိုအေမြအႏွစ္စာရင္းအျဖစ္ ၿပီးခဲ့တဲ့ ဇြန္လတုန္းက သတ္မွတ္ခံခဲ့ရ
(Zawgyi)⤵⤵⤵
ျပင္သစ္ႏိုင္ငံ ပါရီမွာ က်င္းပေနတဲ့ အႀကိမ္ ၄၀ ေျမာက္ ယူနက္စကို (ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈအဖြဲ႕) အေထြေထြညီလာခံမွာ ျမန္မာႏိုင္ငံအေနနဲ႔ ယူနက္စကိုရဲ႕ အလုပ္အမႈေဆာင္အဖြဲ႕ဝင္ ႏိုင္ငံအျဖစ္ ေ႐ြးခ်ယ္ခံလိုက္ရၿပီျဖစ္ပါတယ္။

ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈအဖြဲ႕ ယူနက္စကိုမွာ ျမန္မာႏိုင္ငံဟာ ၄ ႏွစ္ သက္တမ္းၾကာ အလုပ္အမႈေဆာင္အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပထမဆုံးအႀကိမ္ အေ႐ြးခံရတာလည္းျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဟာ အာရွ-ပစိဖိတ္ ကိုယ္စားျပဳအဖြဲ႕ဝင္ႏိုင္ငံ ျဖစ္လာမွာျဖစ္ၿပီး ဒီလိုျဖစ္လာဖို႔ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ဦးေဆာင္ႀကိဳးပမ္းခဲ့တာ ျဖစ္တယ္ဆိုၿပီးေတာ့ သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာန ကမာၻ႔အေမြအႏွစ္ေဒသမ်ား ဌာနခြဲ ၫႊန္ၾကားေရးမႉး ဦးသန္းေဇာ္ဦးက ဘီဘီစီကိုေျပာပါတယ္။

ျမန္မာ့ယဥ္ေက်းမႈအေမြအႏွစ္ေဒသေတြနဲ႔ ယူနက္စကို

ျမန္မာႏိုင္ငံဆိုင္ရာ ယူနက္စကိုအဖြဲ႕ရဲ႕ ႐ုံးခြဲကို ၂၀၁၂ ခုႏွစ္ကတည္းက ျပည္တြင္းမွာ ဖြင့္လွစ္ထားတာျဖစ္ၿပီး ယူနက္စကို-ျမန္မာမွာလည္း ပညာေရးဝန္ႀကီးက ဥကၠ႒တာဝန္ယူထားတာ ျဖစ္ပါတယ္။

ပုဂံေရွးေဟာင္း ယဥ္ေက်းမႈနယ္ေျမဟာ ယူနက္စကိုအေမြအႏွစ္စာရင္းအျဖစ္ ၿပီးခဲ့တဲ့ ဇြန္လတုန္းက သတ္မွတ္ခံခဲ့ရပါတယ္။ ၂၀၁၄ တုန္းက ဟန္လင္း၊ ဗိႆႏိုး၊ သေရေခတၱရာ ပ်ဴၿမိဳ႕ေဟာင္း (၃)ၿမိဳ႕ ယူနက္ စကို စာရင္းဝင္အျဖစ္ သတ္မွတ္ခံထားရၿပီးလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ အစိုးရဟာ ရခိုင္က ေျမာက္ဦးကိုလည္း ယူနက္စကိုဝင္ေရး ကြင္းဆင္း ေလ့လာမႈေတြ စာတမ္း ျပဳစုမႈေတြလုပ္ေနပါတယ္။

 ေျမာက္ဦးကိုလည္း ယူနက္စကိုစာရင္းဝင္ႏိုင္ဖို႔ ျမန္မာကႀကိဳးစားေန

ယူနက္စကိုရဲ႕ အလုပ္အမႈေဆာင္အဖြဲ႕ဝင္ျဖစ္လာတာက ျမန္မာအတြက္ ဘယ္လိုအက်ိဳးရွိမလဲ

ယူနက္စကို အလုပ္အမႈေဆာင္အဖြဲ႕ဝင္ျဖစ္လာတဲ့အတြက္ ကိုယ့္အေမြအႏွစ္ေဒသေတြအတြက္ ပိုၿပီး ခ်ိတ္ဆက္ႏိုင္တာမ်ိဳးေတြရွိလာမွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း စာရင္းဝင္အျဖစ္ရေအာင္စြမ္းေဆာင္ႏိုင္တာမ်ိဳးေတာ့မဟုတ္ဘူးလို႔ ကမာၻ႔အေမြအႏွစ္ေဒသ မ်ား ဌာနခြဲရဲ႕ ၫႊန္ၾကားေရးမႉး ဦးသန္းေဇာ္ဦးကေျပာပါတယ္။

အဆိုျပဳလာတဲ့ ေဒသေတြကို ကမာၻ႔အေမြအႏွစ္စာရင္းဝင္အျဖစ္ေ႐ြးခ်ယ္သတ္မွတ္တဲ့ world heritage committee မွာ (၂၁)ႏိုင္ငံရွိၿပီး ဒီေကာ္မတီထဲမွာ ျမန္မာႏိုင္ငံက ေကာ္မတီဝင္အေနနဲ႔ ပါႏိုင္ေအာင္ႀကိဳး စားသြား ဖို႔လည္းရွိတယ္လို႔ သူကေျပာပါတယ္။

'' ကြၽန္ေတာ္တို႔ တာဝန္ယူေဆာင္႐ြက္ရတဲ့အတြက္ ေဒသတြင္းႏိုင္ငံေတြအတြက္ ပလန္ခ်ရင္း ကိုယ့္ႏိုင္ငံရဲ႕ လူမႈေရးစီးပြားေရးအတြက္လည္း ပံ့ပိုးကူညီႏိုင္တဲ့ဟာေတြကို ကူညီလို႔ရတာေပါ့။ အထူးသျဖင့္ ယူနက္စကို ႐ုံးခြဲ ကလည္းဖြင့္ထားတဲ့အတြက္ ပထမဆုံး ယူနက္စကို ျမန္မာကို ပိုၿပီး အဆင့္ျမႇင့္လို႔ရ မယ္။''လို႔လည္း ဦးသန္းေဇာ္ဦး ကေျပာျပပါတယ္။

ျမန္မာႏိုင္ငံဟာ ယူနက္စကို အလုပ္အမႈေဆာင္အဖြဲ႕ Executive Board အဖြဲ႕ဝင္ေနရာအတြက္ အာရွ ပစိဖိတ္ အုပ္စုအတြင္း ယွဥ္ၿပိဳင္ခဲ့ရာ မဲေပးပိုင္ခြင့္ရွိတဲ့အဖြဲ႕ဝင္ႏိုင္ငံ ၁၈၀ အနက္ ၁၄၂ ႏိုင္ငံရဲ႕ ေထာက္ခံမႈ နဲ႔ အလုပ္အမႈေဆာင္ အဖြဲ႕ဝင္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။

ယူနက္စကိုမွာ အဖြဲ႕ဝင္ႏိုင္ငံေပါင္း ၁၉၃ ႏိုင္ငံရွိတဲ့ အနက္ ျမန္မာႏိုင္ငံဟာ ၁၉၄၉ ခုႏွစ္ကတည္းက အဖြဲ႕ဝင္ျဖစ္ခဲ့ၿပီး အခုက်မွ အလုပ္အမႈေဆာင္အဖြဲ႕ဝင္ ၅၈ ႏိုင္ငံထဲမွာ အေ႐ြးခံရတာလည္း ျဖစ္ပါတယ္။

အႀကိမ္(၄၀)ေျမာက္ ယူနက္စကို အေထြေထြညီလာခံအတြင္း ယူနက္စကို အလုပ္အမႈေဆာင္အဖြဲ႕ Executive Board အဖြဲ႕ဝင္ ေနရာမ်ား ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာ၂၀ ရက္ေန႔ကျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

အႀကိမ္ (၄၀) ေျမာက္ ယူနက္စကို အေထြေထြညီလာခံကို ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕မွာ ႏိုဝင္ဘာ ၁၂ ရက္ကေန စတင္က်င္းပခဲ့ၿပီး ၂၇ ရက္ေန႔အထိ က်င္းပသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ယူနက်စကိုရဲ့ အလုပ်အမှုဆောင်နိုင်ငံအဖြစ် မြန်မာရွေးချယ်ခံရခြင်းက ဘယ်လို အကျိုးရလဒ်တွေရလာနိုင်လဲ

Image caption ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဟာ ယူနက်စကိုအမွေအနှစ်စာရင်းအဖြစ် ပြီးခဲ့တဲ့ ဇွန်လတုန်းက သတ်မှတ်ခံခဲ့ရ

ပြင်သစ်နိုင်ငံ ပါရီမှာ ကျင်းပနေတဲ့ အကြိမ် ၄၀ မြောက် ယူနက်စကို (ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့) အထွေထွေညီလာခံမှာ မြန်မာနိုင်ငံအနေနဲ့ ယူနက်စကိုရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ငံအဖြစ် ရွေးချယ်ခံလိုက်ရပြီဖြစ်ပါတယ်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ ယူနက်စကိုမှာ မြန်မာနိုင်ငံဟာ ၄ နှစ် သက်တမ်းကြာ အလုပ်အမှုဆောင်အဖွဲ့ဝင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် အရွေးခံရတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အာရှ-ပစိဖိတ် ကိုယ်စားပြုအဖွဲ့ဝင်နိုင်ငံ ဖြစ်လာမှာဖြစ်ပြီး ဒီလိုဖြစ်လာဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဦးဆောင်ကြိုးပမ်းခဲ့တာ ဖြစ်တယ်ဆိုပြီးတော့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ကမ္ဘာ့အမွေအနှစ်ဒေသများ ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ဘီဘီစီကိုပြောပါတယ်။

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသတွေနဲ့ ယူနက်စကို

မြန်မာနိုင်ငံဆိုင်ရာ ယူနက်စကိုအဖွဲ့ရဲ့ ရုံးခွဲကို ၂၀၁၂ ခုနှစ်ကတည်းက ပြည်တွင်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ယူနက်စကို-မြန်မာမှာလည်း ပညာရေးဝန်ကြီးက ဥက္ကဋ္ဌတာဝန်ယူထားတာ ဖြစ်ပါတယ်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဟာ ယူနက်စကိုအမွေအနှစ်စာရင်းအဖြစ် ပြီးခဲ့တဲ့ ဇွန်လတုန်းက သတ်မှတ်ခံခဲ့ရပါတယ်။ ၂၀၁၄ တုန်းက ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်း (၃)မြို့ ယူနက် စကို စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရပြီးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရဟာ ရခိုင်က မြောက်ဦးကိုလည်း ယူနက်စကိုဝင်ရေး ကွင်းဆင်း လေ့လာမှုတွေ စာတမ်း ပြုစုမှုတွေလုပ်နေပါတယ်။
ဓာတ်ပုံ မူပိုင် EDUCATION IMAGES
Image caption မြောက်ဦးကိုလည်း ယူနက်စကိုစာရင်းဝင်နိုင်ဖို့ မြန်မာကကြိုးစားနေ
ယူနက်စကိုရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်လာတာက မြန်မာအတွက် ဘယ်လိုအကျိုးရှိမလဲ

ယူနက်စကို အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်လာတဲ့အတွက် ကိုယ့်အမွေအနှစ်ဒေသတွေအတွက် ပိုပြီး ချိတ်ဆက်နိုင်တာမျိုးတွေရှိလာမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စာရင်းဝင်အဖြစ်ရအောင်စွမ်းဆောင်နိုင်တာမျိုးတော့မဟုတ်ဘူးလို့ ကမ္ဘာ့အမွေအနှစ်ဒေသ များ ဌာနခွဲရဲ့ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးကပြောပါတယ်။

အဆိုပြုလာတဲ့ ဒေသတွေကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်ရွေးချယ်သတ်မှတ်တဲ့ world heritage committee မှာ (၂၁)နိုင်ငံရှိပြီး ဒီကော်မတီထဲမှာ မြန်မာနိုင်ငံက ကော်မတီဝင်အနေနဲ့ ပါနိုင်အောင်ကြိုး စားသွား ဖို့လည်းရှိတယ်လို့ သူကပြောပါတယ်။

'' ကျွန်တော်တို့ တာဝန်ယူဆောင်ရွက်ရတဲ့အတွက် ဒေသတွင်းနိုင်ငံတွေအတွက် ပလန်ချရင်း ကိုယ့်နိုင်ငံရဲ့ လူမှုရေးစီးပွားရေးအတွက်လည်း ပံ့ပိုးကူညီနိုင်တဲ့ဟာတွေကို ကူညီလို့ရတာပေါ့။ အထူးသဖြင့် ယူနက်စကို ရုံးခွဲ ကလည်းဖွင့်ထားတဲ့အတွက် ပထမဆုံး ယူနက်စကို မြန်မာကို ပိုပြီး အဆင့်မြှင့်လို့ရ မယ်။''လို့လည်း ဦးသန်းဇော်ဦး ကပြောပြပါတယ်။

မြန်မာနိုင်ငံဟာ ယူနက်စကို အလုပ်အမှုဆောင်အဖွဲ့ Executive Board အဖွဲ့ဝင်နေရာအတွက် အာရှ ပစိဖိတ် အုပ်စုအတွင်း ယှဉ်ပြိုင်ခဲ့ရာ မဲပေးပိုင်ခွင့်ရှိတဲ့အဖွဲ့ဝင်နိုင်ငံ ၁၈၀ အနက် ၁၄၂ နိုင်ငံရဲ့ ထောက်ခံမှု နဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ယူနက်စကိုမှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိတဲ့ အနက် မြန်မာနိုင်ငံဟာ ၁၉၄၉ ခုနှစ်ကတည်းက အဖွဲ့ဝင်ဖြစ်ခဲ့ပြီး အခုကျမှ အလုပ်အမှုဆောင်အဖွဲ့ဝင် ၅၈ နိုင်ငံထဲမှာ အရွေးခံရတာလည်း ဖြစ်ပါတယ်။

အကြိမ်(၄၀)မြောက် ယူနက်စကို အထွေထွေညီလာခံအတွင်း ယူနက်စကို အလုပ်အမှုဆောင်အဖွဲ့ Executive Board အဖွဲ့ဝင် နေရာများ ရွေးကောက်ပွဲကို နိုဝင်ဘာ၂၀ ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အကြိမ် (၄၀) မြောက် ယူနက်စကို အထွေထွေညီလာခံကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ နိုဝင်ဘာ ၁၂ ရက်ကနေ စတင်ကျင်းပခဲ့ပြီး ၂၇ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

BBC Burmese
https://www.bbc.com
ယူနက္စကိုရဲ႕ အလုပ္အမႈေဆာင္ႏိုင္ငံအျဖစ္ ျမန္မာေ႐ြးခ်ယ္ခံရျခင္းက ဘယ္လို အက်ိဳးရလဒ္ေတြရလာႏိုင္လဲ ယူနက္စကိုရဲ႕ အလုပ္အမႈေဆာင္ႏိုင္ငံအျဖစ္ ျမန္မာေ႐ြးခ်ယ္ခံရျခင္းက ဘယ္လို အက်ိဳးရလဒ္ေတြရလာႏိုင္လဲ Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.