ရဲဝင္ဖမ္းစဥ္ မူးယစ္သုံးစြဲသူက မယားျဖစ္သူအား ဓါးစာခံအျဖစ္သုံးၿပီး မိမိကိုယ္ကိုကာကြယ္

(Zawgyi)⤵⤵⤵
နိုဝင္ဘာလ ၁၃ ရက္ ၂၀၁၉

သၽွမ္းျပည္ေတာင္ပိုင္းလြိဳင္လင္ၿမိဳ႕နယ္အတြင္း ေက်းလက္ေဒသခံတဦးအား မူးယစ္ေဆးဝါး မွုျဖင့္ ရဲမ်ားလိုက္လံဖမ္းဆီးရာတြင္ အဖမ္းမခံဘဲ ဇနီးျဖစ္သူအားဓါးျဖင့္ခုတ္ခဲ့ေၾကာင္း သိရသည္။

နိုဝင္ဘာလ ၁၀ ရက္ေန႔က လြိဳင္လင္ၿမိဳ႕နယ္ ပန္ေခါက္ဝိုးရြာေန စိုင္းဇိန အသက္ ၄၁ အား မူးယစ္ေဆးဝါးမွုျဖင့္ ၎ေနအိမ္အထိ ရဲမ်ားလိုက္လံဖမ္းဆီးရာ အဖမ္းမခံဘဲ ဇနီးျဖစ္သူ နန္းေရႊဝါ အသက္ ၃၄ ႏွစ္အား ဓါးစာခံအျဖစ္ဖမ္းခ်ဳပ္ကာ ဓါးျဖင့္ခုတ္ၿပီး ထြက္ေျပးရန္ႀကိဳးစား ခဲ့သည္ဟုသိရသည္။

လြိဳင္လင္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အမတ္ နန္းျမေထြးက - “ဟုတ္တယ္။ သူ႔ကို မနက္ ၈ နာရီ ကတည္းက ပုလိပ္ေတြသြားဖမ္းတာ မြန္းလြဲ ၂ နာရီမွသူ ထြက္ေျပးဖို႔ႀကိဳးစားေတာ့ ပုလိပ္ေတြက သူ႔ကိုဖမ္းလိုက္တာ။ သူ႔မိန္းမကိုဓါးနဲ႔ခုတ္လိုက္လို႔ သူ႔မိန္းမ ဂုတ္ေတြ လက္ေတြမွာ ထိခိုက္ဒဏ္ရာရ သြားတယ္။ သူ႔မိန္းမ နန္းဝါ ေတာင္ႀကီးတက္ေဆးကုရတာ ဒီေန႔ နိုဝင္ဘာ ၁၃ ရက္မွ ေဆး႐ုံက ဆင္းလာတာ ”- ဟု သၽွမ္းသံေတာ္ဆင့္အားေျပာသည္။

စိုင္းဇိနအား ပုလိပ္မ်ား ပစ္ခတ္ဖမ္းဆီးရာ ဒဏ္ရာအနည္းငယ္ရရွိၿပီး လက္ရွိတြင္ လြိဳင္လင္ရဲစခန္းတြင္ခ်ဳပ္ေႏွာင္ထားျခင္းခံရေၾကာင္းလည္း ဆိုပါသည္။

လြိဳင္လင္ေဒသခံ လုံးဆုက လည္း-“ သူေဆးနဲ႔ပတ္သက္တယ္လို႔သတင္းရလို႔ ပုလိပ္ေတြသြားဖမ္းတာ လို႔ေျပာတယ္။ သူက အဖမ္းမခံဘူး။ သူ႔မိန္းမကိုဖမ္းခ်ဳပ္ ဓါးနဲ႔ေထာက္ၿပီး ပုလိပ္ေတြကိုအဖမ္းမခံဘဲျပန္ခ်ိန္တာေလ။ သူထြက္ေျပးဖို႔ႀကိဳးစားေတာ့သူ႔ကို ပစ္လိုက္တာ သူ႔မ်က္ႏွာေတြ ရင္ဘတ္ေတြမွာ ရွပ္ထိဒဏ္ရာရသြားတယ္။ သူ႔ဆီက ယာဘအျပားေပါင္း ၁၀၀ ေက်ာ္ရတယ္လို႔ ၾကားသိရပါတယ္ ”- ဟု ေျပာသည္။

လက္ရွိတြင္ ေဒသတြင္း ယာဘစိတ္ႂကြေဆး တျပားလၽွင္က်ပ္ ၁၀၀၀ ျဖင့္ေရာင္းဝယ္ရာ စိုင္းဇိန ထံမွ ေဆးျပား ၁၁၈ ျပား ဖမ္းမိသျဖင့္ ကာလတန္ဖိုးမွာ က်ပ္ ၁၁၈၀၀၀ ခန႔္ရွိသည္ဟုဆိုပါသည္။

စိုင္းဇိန ႏွင့္ နန္းေရႊဝါ တို႔တြင္ သား ၁ ဦး သမီး ၁ ဦးရွိေၾကာင္းသိရသည္။
လက္ရွိတြင္ စိုင္းဇိန အား ပ ၉၉/၂၀၁၉ ၊ ပုဒ္မ ၄၅၂/၅၀၆/၄၂၇ တို႔ျဖင့္ ရဲမ်ားက အမွုဖြင့္အေရးယူထားေၾကာင္းလည္း သိရပါသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
--------------
(Unicode)⤵⤵⤵
ရဲဝင်ဖမ်းစဉ် မူးယစ်သုံးစွဲသူက မယားဖြစ်သူအား ဓါးစာခံအဖြစ်သုံးပြီး မိမိကိုယ်ကိုကာကွယ်

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
နိုဝင်ဘာလ ၁၃ ရက် ၂၀၁၉

သျှမ်းပြည်တောင်ပိုင်းလွိုင်လင်မြို့နယ်အတွင်း ကျေးလက်ဒေသခံတဦးအား မူးယစ်ဆေးဝါး မှုဖြင့် ရဲများလိုက်လံဖမ်းဆီးရာတွင် အဖမ်းမခံဘဲ ဇနီးဖြစ်သူအားဓါးဖြင့်ခုတ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့က လွိုင်လင်မြို့နယ် ပန်ခေါက်ဝိုးရွာနေ စိုင်းဇိန အသက် ၄၁ အား မူးယစ်ဆေးဝါးမှုဖြင့် ၎င်းနေအိမ်အထိ ရဲများလိုက်လံဖမ်းဆီးရာ အဖမ်းမခံဘဲ ဇနီးဖြစ်သူ နန်းရွှေဝါ အသက် ၃၄ နှစ်အား ဓါးစာခံအဖြစ်ဖမ်းချုပ်ကာ ဓါးဖြင့်ခုတ်ပြီး ထွက်ပြေးရန်ကြိုးစား ခဲ့သည်ဟုသိရသည်။

လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းမြထွေးက - “ဟုတ်တယ်။ သူ့ကို မနက် ၈ နာရီ ကတည်းက ပုလိပ်တွေသွားဖမ်းတာ မွန်းလွဲ ၂ နာရီမှသူ ထွက်ပြေးဖို့ကြိုးစားတော့ ပုလိပ်တွေက သူ့ကိုဖမ်းလိုက်တာ။ သူ့မိန်းမကိုဓါးနဲ့ခုတ်လိုက်လို့ သူ့မိန်းမ ဂုတ်တွေ လက်တွေမှာ ထိခိုက်ဒဏ်ရာရ သွားတယ်။ သူ့မိန်းမ နန်းဝါ တောင်ကြီးတက်ဆေးကုရတာ ဒီနေ့ နိုဝင်ဘာ ၁၃ ရက်မှ ဆေးရုံက ဆင်းလာတာ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

စိုင်းဇိနအား ပုလိပ်များ ပစ်ခတ်ဖမ်းဆီးရာ ဒဏ်ရာအနည်းငယ်ရရှိပြီး လက်ရှိတွင် လွိုင်လင်ရဲစခန်းတွင်ချုပ်နှောင်ထားခြင်းခံရကြောင်းလည်း ဆိုပါသည်။

လွိုင်လင်ဒေသခံ လုံးဆုက လည်း-“ သူဆေးနဲ့ပတ်သက်တယ်လို့သတင်းရလို့ ပုလိပ်တွေသွားဖမ်းတာ လို့ပြောတယ်။ သူက အဖမ်းမခံဘူး။ သူ့မိန်းမကိုဖမ်းချုပ် ဓါးနဲ့ထောက်ပြီး ပုလိပ်တွေကိုအဖမ်းမခံဘဲပြန်ချိန်တာလေ။ သူထွက်ပြေးဖို့ကြိုးစားတော့သူ့ကို ပစ်လိုက်တာ သူ့မျက်နှာတွေ ရင်ဘတ်တွေမှာ ရှပ်ထိဒဏ်ရာရသွားတယ်။ သူ့ဆီက ယာဘအပြားပေါင်း ၁၀၀ ကျော်ရတယ်လို့ ကြားသိရပါတယ် ”- ဟု ပြောသည်။

လက်ရှိတွင် ဒေသတွင်း ယာဘစိတ်ကြွဆေး တပြားလျှင်ကျပ် ၁၀၀၀ ဖြင့်ရောင်းဝယ်ရာ စိုင်းဇိန ထံမှ ဆေးပြား ၁၁၈ ပြား ဖမ်းမိသဖြင့် ကာလတန်ဖိုးမှာ ကျပ် ၁၁၈၀၀၀ ခန့်ရှိသည်ဟုဆိုပါသည်။

စိုင်းဇိန နှင့် နန်းရွှေဝါ တို့တွင် သား ၁ ဦး သမီး ၁ ဦးရှိကြောင်းသိရသည်။
လက်ရှိတွင် စိုင်းဇိန အား ပ ၉၉/၂၀၁၉ ၊ ပုဒ်မ ၄၅၂/၅၀၆/၄၂၇ တို့ဖြင့် ရဲများက အမှုဖွင့်အရေးယူထားကြောင်းလည်း သိရပါသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ရဲဝင္ဖမ္းစဥ္ မူးယစ္သုံးစြဲသူက မယားျဖစ္သူအား ဓါးစာခံအျဖစ္သုံးၿပီး မိမိကိုယ္ကိုကာကြယ္ ရဲဝင္ဖမ္းစဥ္ မူးယစ္သုံးစြဲသူက မယားျဖစ္သူအား ဓါးစာခံအျဖစ္သုံးၿပီး မိမိကိုယ္ကိုကာကြယ္ Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.