မိုင္းျဖတ္ၿမိဳ႕မွာ ကားနဲ႔ဆိုင္ကယ္ မ်က္ႏွာခ်င္းဆိုင္တိုက္မႈျဖစ္ပြားရာမွ တစ္ဦးေသဆုံး

(Zawgyi)⤵⤵⤵
တာခ်ီလိတ္၊ ႏိုဝင္ဘာ ၁၄

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခ႐ိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ ဆိုင္ေလေက်း႐ြာအနီး က်ိဳင္းတုံ-တာခ်ီလိတ္သြား ျပည္ေထာင္စု ကားလမ္းမႀကီးေပၚမွာ ၂၀၁၉ခုႏွစ္၊ ႏိုဝင္ဘာလ(၁၃)ရက္​​ေန႔ ညေန (၃)နာရီခြဲခန္႔က မိုင္တိုင္အမွတ္ (၇၀၀/၇၀၁) ကီလိုမီတာၾကားမွာ ဆိုင္ကယ္နဲ႔ကား မ်က္ႏွာခ်င္းဆိုင္တိုက္မႈျဖစ္ပြားရာမွ ဆိုင္ကယ္ ေမာင္းသူ အမ်ိဳးသား(၁)ဦး ေသဆုံးတယ္လို႔ သိရပါတယ္။

ဆိုင္ကယ္ယာဥ္ေမာင္း ဦးအားလို႔ (၅၁)ႏွစ္ ေမာင္းႏွင္ၿပီး ေနာက္မွဇနီးျဖစ္သူ ေဒၚနာကယ္ စီးနင္းလိုက္ပါလာတဲ့ HONDA Wave 110(ျဖဴ/နီၾကား)နံပါတ္မပါ (လိုင္စင္စီစစ္ဆဲ)ယာဥ္မွာ က်ိဳင္းတုံဘက္မွ မိုင္းျဖတ္ဘက္ကို ေမာင္းႏွင္လာၿပီး လမ္းရဲ႕​ယာဘက္မွာ စက္ပ်က္လို႔ရပ္ထားတဲ့ ကုန္တင္ယာဥ္ကို ေက်ာ္တက္စဥ္ မိုင္းျဖတ္ဘက္မွ က်ိဳင္းတုံဘက္ကို ယာဥ္ေမာင္း ဇာနည္မင္းမင္း (၄၁)ႏွစ္ေမာင္းႏွင္လာတဲ့ (MDY-5k/---)မစ္ဆူဘီရွီ (အျဖဴေရာင္) (၁၂)ဘီးယာဥ္ လိုင္စဥ္စီစစ္ဆဲ ယာဥ္နဲ႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ၿပီး ဆိုင္ကယ္ေမာင္းသူ ဦးအားလို႔မွာ ဒဏ္ရာမ်ားနဲ႔ အခင္းျဖစ္ပြားရာေနရာမွာ ေသဆုံးခဲ့ၿပီး ေနာက္မွစီးႏွင္းလိုက္ပါလာတဲ့ ဇနီးျဖစ္သူမွာ ဒဏ္ရာမ်ားရရွိၿပီး(မစိုးရိမ္ရ)နဲ႔ မိုင္းျဖတ္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။

ျဖစ္စဥ္မွ ယာဥ္ေမာင္း ဇာနည္မင္းမင္း ေမာင္းႏွင္တဲ့ယာဥ္မွာ ေမာင္းႏွင္ထြက္ေျပးခဲ့သျဖင့္ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ တာဝန္မႉး ဒုရဲအုပ္ေက်ာ္ေက်ာ္ႏိုင္ နဲ႔ တပ္ဖြဲ႕ဝင္မ်ား၊ က်ိဳင္းတုံၿမိဳ႕ ယာဥ္ထိန္းရဲတပ္ဖြဲ႕တို႔မွ ေနာင္ႏြန္ပူးေပါင္းစစ္ေဆးေရးဂိတ္မွာ ပိတ္ဆို႔ဖမ္းဆီးခဲ့ရာ ညေန (၅)နာရီခန္႔မွာ ယာဥ္ေမာင္းနဲ႔ ယာဥ္အားဖမ္းဆီးရမိခဲ့တယ္လို႔ သိရၿပီး ေမာ္ေတာ္ယာဥ္နဲ႔ ေမာ္ေတာ္ဆိုင္ကယ္ကိုမဆင္မျခင္ေမာင္းႏွင္ကာ ယာဥ္တိုက္မႈျဖစ္ပြားၿပီး ေသဆုံးခဲ့သူ ဆိုင္ကယ္ယာဥ္ေမာင္းနဲ႔ ေမာ္ေတာ္ယာဥ္ေမာင္းတို႔ (၂)ဦးကို မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ အမႈဖြင့္အေရးယူေဆာင္႐ြက္လ်က္ထားတယ္လို႔ သိရပါတယ္။

သတင္း-ဇင္လတ္(ေ႐ႊႀတိဂံ)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
မိုင်းဖြတ်မြို့မှာ ကားနဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားရာမှ တစ်ဦးသေဆုံး

တာချီလိတ်၊ နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဆိုင်လေကျေးရွာအနီး ကျိုင်းတုံ-တာချီလိတ်သွား ပြည်ထောင်စု ကားလမ်းမကြီးပေါ်မှာ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ(၁၃)ရက်နေ့ ညနေ (၃)နာရီခွဲခန့်က မိုင်တိုင်အမှတ် (၇၀၀/၇၀၁) ကီလိုမီတာကြားမှာ ဆိုင်ကယ်နဲ့ကား မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားရာမှ ဆိုင်ကယ် မောင်းသူ အမျိုးသား(၁)ဦး သေဆုံးတယ်လို့ သိရပါတယ်။

ဆိုင်ကယ်ယာဉ်မောင်း ဦးအားလို့ (၅၁)နှစ် မောင်းနှင်ပြီး နောက်မှဇနီးဖြစ်သူ ဒေါ်နာကယ် စီးနင်းလိုက်ပါလာတဲ့ HONDA Wave 110(ဖြူ/နီကြား)နံပါတ်မပါ (လိုင်စင်စီစစ်ဆဲ)ယာဉ်မှာ ကျိုင်းတုံဘက်မှ မိုင်းဖြတ်ဘက်ကို မောင်းနှင်လာပြီး လမ်းရဲ့ယာဘက်မှာ စက်ပျက်လို့ရပ်ထားတဲ့ ကုန်တင်ယာဉ်ကို ကျော်တက်စဉ် မိုင်းဖြတ်ဘက်မှ ကျိုင်းတုံဘက်ကို ယာဉ်မောင်း ဇာနည်မင်းမင်း (၄၁)နှစ်မောင်းနှင်လာတဲ့ (MDY-5k/---)မစ်ဆူဘီရှီ (အဖြူရောင်) (၁၂)ဘီးယာဉ် လိုင်စဉ်စီစစ်ဆဲ ယာဉ်နဲ့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းသူ ဦးအားလို့မှာ ဒဏ်ရာများနဲ့ အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးခဲ့ပြီး နောက်မှစီးနှင်းလိုက်ပါလာတဲ့ ဇနီးဖြစ်သူမှာ ဒဏ်ရာများရရှိပြီး(မစိုးရိမ်ရ)နဲ့ မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှ ယာဉ်မောင်း ဇာနည်မင်းမင်း မောင်းနှင်တဲ့ယာဉ်မှာ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် မိုင်းဖြတ်မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်ကျော်ကျော်နိုင် နဲ့ တပ်ဖွဲ့ဝင်များ၊ ကျိုင်းတုံမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ နောင်နွန်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ညနေ (၅)နာရီခန့်မှာ ယာဉ်မောင်းနဲ့ ယာဉ်အားဖမ်းဆီးရမိခဲ့တယ်လို့ သိရပြီး မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်ကိုမဆင်မခြင်မောင်းနှင်ကာ ယာဉ်တိုက်မှုဖြစ်ပွားပြီး သေဆုံးခဲ့သူ ဆိုင်ကယ်ယာဉ်မောင်းနဲ့ မော်တော်ယာဉ်မောင်းတို့ (၂)ဦးကို မိုင်းဖြတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ထားတယ်လို့ သိရပါတယ်။

သတင်း-ဇင်လတ်(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
မိုင္းျဖတ္ၿမိဳ႕မွာ ကားနဲ႔ဆိုင္ကယ္ မ်က္ႏွာခ်င္းဆိုင္တိုက္မႈျဖစ္ပြားရာမွ တစ္ဦးေသဆုံး မိုင္းျဖတ္ၿမိဳ႕မွာ ကားနဲ႔ဆိုင္ကယ္ မ်က္ႏွာခ်င္းဆိုင္တိုက္မႈျဖစ္ပြားရာမွ တစ္ဦးေသဆုံး Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.