အစိုးရအဖြဲ႕ဝင္ေတြရဲ႕ အရည္အခ်င္းမွာ ႏိုင္ငံျခားသားမျဖစ္ဖို႔အခ်က္ကို ျဖည့္စြက္

၂၀၁၉၊ ႏိုဝင္ဘာ ၂၀ ရက္ေန႔က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝး တက္ေရာက္တဲ့ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ အခ်ိဳ႕ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
တပ္မေတာ္သား ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဗိုလ္မႉးခ်ဳပ္ ေမာင္ေမာင္နဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ ၁၄၄ ဦးတင္သြင္းထားတဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္တဲ့ မူၾကမ္းအေပၚ ေလ့လာစီစစ္ေရး ပူးေပါင္းေကာ္မတီရဲ႕ အစီရင္ခံစာကို ဒီေန႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ ေဆြးေႏြးခဲ့ပါတယ္။

ဒီေန႔ ေဆြးေႏြးၾကတဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ ၁၃ ဦးထဲမွာ တပ္မေတာ္သားကိုယ္စားလွယ္ေတြက အမ်ားဆုံးျဖစ္ၿပီး ခုႏွစ္ဦး ပါဝင္ေဆြးေႏြးခဲ့ပါတယ္။

တပ္မေတာ္သားကိုယ္စားလွယ္ေတြက ဗိုလ္မႉးခ်ဳပ္ ေမာင္ေမာင္ တင္ျပထားတဲ့ ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ဥပေဒ မူၾကမ္းကို ဖြဲ႕စည္းပုံျပင္ဆင္ေရး ၄၅ ဦး ပူးေပါင္းေကာ္မတီ ရဲ႕ အစီရင္ခံစာၿပီးမွသာ တစ္ၿပိဳင္တည္း ယွဥ္တြဲၿပီး ေဆြးေႏြးမယ္ဆိုတဲ့ အဆိုျပဳခ်က္ကို လက္မခံဘဲ သီးျခားေဆြးေႏြးဖို႔ ေျပာပါတယ္။

ဗိုလ္မႉးခ်ဳပ္ ေမာင္ေမာင္ တင္ျပလာတဲ့ ဥပေဒမူၾကမ္းထဲမွာ ျပည္ေထာင္စုဝန္ႀကီးနဲ႔ တိုင္းနဲ႔ျပည္နယ္ ဝန္ႀကီးခ်ဳပ္ အရည္အခ်င္း သတ္မွတ္ခ်က္မွာ မိမိကိုယ္တိုင္ ႏိုင္ငံျခားသားမျဖစ္ဖို႔နဲ႔ ႏိုင္ငံျခားသားတစ္ဦးဦးနဲ႔ ေဆြမ်ိဳးေတာ္စပ္ပတ္သက္ေနတာမ်ိဳး မျဖစ္ဖို႔၊ ႏိုင္ငံျခားအစိုးရရဲ႕ ေက်းဇူးသစၥာကို ခံယူေစာင့္ေရွာက္႐ိုေသသူ မျဖစ္ရဆိုတဲ့ အခ်က္ကို ထပ္မံျဖည့္စြက္ဖို႔ ေဖာ္ျပထားပါတယ္။

တပ္မေတာ္သား ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဒုတိယဗိုလ္မႉးႀကီး ေဒၚစိုးစိုးျမင့္ က အစိုးရအဖြဲ႕ ဝန္ႀကီးေတြ အေနနဲ႔ ႏိုင္ငံကို သစၥာေစာင့္ သိဖို႔ဆိုရင္ သူကိုယ္တိုင္သာမက ေဆြမ်ိဳးေတာ္စပ္သူေတြပါ ႏိုင္ငံျခားသားမျဖစ္ဖို႔ လိုတယ္လို႔ ေျပာပါတယ္။

လြတ္လပ္ေရးႀကိဳးပမ္းမူ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ၁၉၄၇ ခုႏွစ္က ေျပာခဲ့တဲ့ မိန႔္ခြန္းတစ္ခုမွာ "တိုင္းျပဳျပည္ျပဳ လႊတ္ေတာ္က တိုက္႐ိုက္ေ႐ြးေကာက္ပြဲ လုပ္ခ်င္တယ္၊ အဲဒီေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားမဟုတ္တဲ့ ႏိုင္ငံျခားသား မပါေစရဘူးလို႔" ထည့္သြင္းေျပာၾကားခဲ့ေၾကာင္းနဲ႔ ဒါကိုၾကည့္ရင္ ျပည္ပႏိုင္ငံေတြရဲ႕ ၾသဇာလႊမ္းမိုးမူကို သတိထားတယ္ဆိုတာ ေတြ႕ျမင္ရမွာျဖစ္‌ေၾကာင္း တပ္မေတာ္သား ကိုယ္စားလွယ္ေတြက ကိုးကားေဆြးေႏြးပါတယ္။

တပ္မေတာ္သားကိုယ္စားလွယ္ေတြရဲ႕ ဒီေန႔ ေဆြးေႏြးတဲ့အခ်က္ေတြထဲမွာ အစိုးရအဖြဲ႕ ဝန္ႀကီးဌာနေတြမွာ ႏိုင္ငံျခားသား အႀကံေပးေတြကို ခန႔္အပ္တာနဲ႔ ပတ္သက္ၿပီး တိုင္းျပည္အတြက္ တကယ္အက်ိဳးရွိ မရွိနဲ႔ သူတို႔ေတြက ႏိုင္ငံျခားသားေတြျဖစ္တဲ့အတြက္ ဘယ္အတိုင္းအတာအထိ ယုံၾကည္ရမလဲဆိုၿပီး ျပင္းျပင္းထန္ထန္ ေဝဖန္တာကို ေတြ႕ရပါတယ္။

NLD ပါတီက ကိုယ္စားလွယ္တခ်ိဳ႕ကေတာ့ အခု တပ္မေတာ္ဘက္က ျပင္ဆင္လိုတဲ့ ျပည္ေထာင္စုဝန္ႀကီး အရည္အခ်င္းသတ္မွတ္ခ်က္ ပုဒ္မ ၂၃၂ ဟာ ေဒၚေအာင္ဆန္းစုၾကည္ကို သမၼတ မျဖစ္ေရး တားဆီးထားတဲ့ ပုဒ္မ ၅၉ စ လိုပဲ လို႔ ယူဆပါတယ္။

NLD ပါတီ မေကြးတိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္ ၁ က ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလွဆန္းက ျပင္ဆင္လိုတဲ့ ဥပေဒပုဒ္မဟာ ပုဂၢိဳလ္ တစ္ဦးတစ္ေယာက္ကို ရည္ၫႊန္းတယ္လို႔ ယူဆေၾကာင္းေျပာပါတယ္။

လက္ရွိ လႊတ္ေတာ္မွာ တပ္မေတာ္သား ကိုယ္စားလွယ္ေတြနဲ႔ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီ က ကိုယ္စားလွယ္ေတြ တင္သြင္းထားတဲ့ ဥပေဒမူၾကမ္း ေလးခုရွိၿပီး သူတို႔က သီးျခားစီသာ ေဆြးေႏြးလိုၾကပါတယ္။

ဒါေပမဲ့ ျပည္ေထာင္စု လႊတ္ေတာ္က ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ၄၅ ဦး ပူးေပါင္းေကာ္မတီရဲ႕ ျပင္ဆင္ခ်က္မူၾကမ္း ထြက္လာမွာသာ တစ္ၿပိဳင္တည္း ယွဥ္တြဲ ေဆြးေႏြးဖို႔ ဆုံးျဖတ္တဲ့အတြက္ ကန႔္ကြက္ေနၾကတာပါ။

ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ၄၅ ဦး ပူးေပါင္းေကာ္မတီက ႏိုင္ငံေရးပါတီေတြနဲ႔ ကိုယ္စားလွယ္ေတြ တင္ျပလာတဲ့ ျပင္ဆင္လိုတဲ့ အခ်က္ေပါင္း ၃၇၀၀ ေက်ာ္ကို ေလ့လာစိစစ္ေနတာပါ။

ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေသာင္းေအးက ဒီေန႔ လႊတ္ေတာ္မွာ ေဆြးေႏြးစဥ္ ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ၄၅ ဦးပူးေပါင္းေကာ္မတီကို နည္းဥပေဒေတြနဲ႔ မညီဘဲ မဲခြဲၿပီးေဆာင္႐ြက္ခဲ့တယ္လို႔ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

အဲဒီမွာ NLD ပါတီက အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ၾကည္ၫြန႔္က လႊတ္ေတာ္က ဆုံးျဖတ္ၿပီးသားျဖစ္တဲ့ကိစၥကို ျပန္လွန္ေျပာဆိုေနတာဟာ ဥပေဒနဲ႔ မညီေၾကာင္းနဲ႔ ဦးေသာင္းေအးရဲ႕ ၄၅ ဦးေကာ္မတီအေပၚ ေဝဖန္ခ်က္ကို လႊတ္ေတာ္ကသာ ပယ္ဖ်က္ေပးဖို႔ေတာင္းဆိုရာမွာ လႊတ္ေတာ္ နာယက က ခြင့္ျပဳခဲ့ပါတယ္။

ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီ က ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေသာင္းေအးက လက္ရွိတင္ျပထားတဲ့ ဥပေဒမူၾကမ္းေတြကို မေဆြးေႏြးဘဲ ေဆြးေႏြးဆဲျဖစ္တဲ့ မူၾကမ္းတစ္ခုကို ေစာင့္ပါဆိုတာက ဥပေဒကို ေလးစားလိုက္နာမႈလိုအပ္တယ္လို႔ ယူဆေၾကာင္း သတင္းေထာက္ေတြကို ေျပာပါတယ္။

ရခိုင္အမ်ိဳးသားပါတီ ANP က ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဦးလွေစာက ဘယ္ပါတီက တင္ျပတာပဲျဖစ္ျဖစ္ တိုင္းနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြ သက္ဆိုင္ရာ လႊတ္ေတာ္ေတြက ခန႔္အပ္တာနဲ႔ဆိုင္တဲ့ ပုဒ္မ ၂၆၁ ျပင္ဆင္ေရးကို အားေပးတယ္လို႔ ေျပာပါတယ္။

ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက ဦးသိန္းထြန္းနဲ႔ ေဒါက္တာ ေမာင္သင္းတို႔ တင္ျပခဲ့တဲ့ ဥပေဒၾကမ္းေတြထဲမွာ သမၼတရဲ႕ လုပ္ပိုင္ခြင့္တခ်ိဳ႕ကို ေလွ်ာ့ခ်တဲ့ပုဒ္မ၊ တိုင္းနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြကို သက္ဆိုင္ရာ လႊတ္ေတာ္ေတြက ခန႔္အပ္တာနဲ႔ဆိုင္တဲ့ ပုဒ္မ ၂၆၁ ကို ျပင္ဆင္ဖို႔ အခ်က္ေတြပါဝင္ပါတယ္။

တပ္မေတာ္သားေတြ တင္ျပတဲ့ ဥပေဒမူၾကမ္းေတြထဲမွာလည္း လႊတ္ေတာ္ကို ဖ်က္သိမ္းဖို႔ အခြင့္အေရးရွိတဲ့ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီရဲ႕ တာဝန္နဲ႔ အခန္းက႑၊ ျပည္ေထာင္စုဝန္ႀကီး၊ တိုင္းနဲ႔ျပည္နယ္ ဝန္ႀကီးခ်ဳပ္ အရည္အခ်င္း သတ္မွတ္ခ်က္ေတြမွာလည္း ႏိုင္ငံျခားသားမျဖစ္ဖို႔နဲ႔ ႏိုင္ငံျခားသားတစ္ဦးဦးနဲ႔ ေဆြမ်ိဳးေတာ္စပ္ပတ္သက္ေနတာမ်ိဳး မျဖစ္ဖို႔ ဆိုတဲ့ အခ်က္ေတြ ပါဝင္လာပါတယ္။

တပ္မေတာ္သား ကိုယ္စားလွယ္ ဗိုလ္မႉးခ်ဳပ္ ေမာင္ေမာင္နဲ႔ ကိုယ္စားလွယ္ ၁၄၄ ဦး တင္သြင္းထားတဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္တဲ့ မူၾကမ္းအေပၚ ေလ့လာစီစစ္ေရး ပူးေပါင္းေကာ္မတီရဲ႕ အစီရင္ခံစာနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ေနာက္ရက္ေတြမွာ ထပ္မံ ေဆြးေႏြးမွာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
အစိုးရအဖွဲ့ဝင်တွေရဲ့ အရည်အချင်းမှာ နိုင်ငံခြားသားမဖြစ်ဖို့အချက်ကို ဖြည့်စွက်

၂၀၁၉၊ နိုဝင်ဘာ ၂၀ ရက်နေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တက်ရောက်တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အချို့ကို တွေ့ရစဉ်
Photo: Pyidaungsu Hluttaw

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်နဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦးတင်သွင်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ မူကြမ်းအပေါ် လေ့လာစီစစ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ ဆွေးနွေးကြတဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦးထဲမှာ တပ်မတော်သားကိုယ်စားလှယ်တွေက အများဆုံးဖြစ်ပြီး ခုနှစ်ဦး ပါဝင်ဆွေးနွေးခဲ့ပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေက ဗိုလ်မှူးချုပ် မောင်မောင် တင်ပြထားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေ မူကြမ်းကို ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီ ရဲ့ အစီရင်ခံစာပြီးမှသာ တစ်ပြိုင်တည်း ယှဉ်တွဲပြီး ဆွေးနွေးမယ်ဆိုတဲ့ အဆိုပြုချက်ကို လက်မခံဘဲ သီးခြားဆွေးနွေးဖို့ ပြောပါတယ်။

ဗိုလ်မှူးချုပ် မောင်မောင် တင်ပြလာတဲ့ ဥပဒေမူကြမ်းထဲမှာ ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် အရည်အချင်း သတ်မှတ်ချက်မှာ မိမိကိုယ်တိုင် နိုင်ငံခြားသားမဖြစ်ဖို့နဲ့ နိုင်ငံခြားသားတစ်ဦးဦးနဲ့ ဆွေမျိုးတော်စပ်ပတ်သက်နေတာမျိုး မဖြစ်ဖို့၊ နိုင်ငံခြားအစိုးရရဲ့ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်ရိုသေသူ မဖြစ်ရဆိုတဲ့ အချက်ကို ထပ်မံဖြည့်စွက်ဖို့ ဖော်ပြထားပါတယ်။

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့် က အစိုးရအဖွဲ့ ဝန်ကြီးတွေ အနေနဲ့ နိုင်ငံကို သစ္စာစောင့် သိဖို့ဆိုရင် သူကိုယ်တိုင်သာမက ဆွေမျိုးတော်စပ်သူတွေပါ နိုင်ငံခြားသားမဖြစ်ဖို့ လိုတယ်လို့ ပြောပါတယ်။

လွတ်လပ်ရေးကြိုးပမ်းမူ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ်က ပြောခဲ့တဲ့ မိန့်ခွန်းတစ်ခုမှာ "တိုင်းပြုပြည်ပြု လွှတ်တော်က တိုက်ရိုက်ရွေးကောက်ပွဲ လုပ်ချင်တယ်၊ အဲဒီရွေးကောက်ပွဲမှာ အမျိုးသားမဟုတ်တဲ့ နိုင်ငံခြားသား မပါစေရဘူးလို့" ထည့်သွင်းပြောကြားခဲ့ကြောင်းနဲ့ ဒါကိုကြည့်ရင် ပြည်ပနိုင်ငံတွေရဲ့ သြဇာလွှမ်းမိုးမူကို သတိထားတယ်ဆိုတာ တွေ့မြင်ရမှာဖြစ်‌ကြောင်း တပ်မတော်သား ကိုယ်စားလှယ်တွေက ကိုးကားဆွေးနွေးပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ဒီနေ့ ဆွေးနွေးတဲ့အချက်တွေထဲမှာ အစိုးရအဖွဲ့ ဝန်ကြီးဌာနတွေမှာ နိုင်ငံခြားသား အကြံပေးတွေကို ခန့်အပ်တာနဲ့ ပတ်သက်ပြီး တိုင်းပြည်အတွက် တကယ်အကျိုးရှိ မရှိနဲ့ သူတို့တွေက နိုင်ငံခြားသားတွေဖြစ်တဲ့အတွက် ဘယ်အတိုင်းအတာအထိ ယုံကြည်ရမလဲဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်တာကို တွေ့ရပါတယ်။

NLD ပါတီက ကိုယ်စားလှယ်တချို့ကတော့ အခု တပ်မတော်ဘက်က ပြင်ဆင်လိုတဲ့ ပြည်ထောင်စုဝန်ကြီး အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၂၃၂ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်ရေး တားဆီးထားတဲ့ ပုဒ်မ ၅၉ စ လိုပဲ လို့ ယူဆပါတယ်။

NLD ပါတီ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးလှဆန်းက ပြင်ဆင်လိုတဲ့ ဥပဒေပုဒ်မဟာ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ရည်ညွှန်းတယ်လို့ ယူဆကြောင်းပြောပါတယ်။

လက်ရှိ လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ က ကိုယ်စားလှယ်တွေ တင်သွင်းထားတဲ့ ဥပဒေမူကြမ်း လေးခုရှိပြီး သူတို့က သီးခြားစီသာ ဆွေးနွေးလိုကြပါတယ်။

ဒါပေမဲ့ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီရဲ့ ပြင်ဆင်ချက်မူကြမ်း ထွက်လာမှာသာ တစ်ပြိုင်တည်း ယှဉ်တွဲ ဆွေးနွေးဖို့ ဆုံးဖြတ်တဲ့အတွက် ကန့်ကွက်နေကြတာပါ။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီက နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်တွေ တင်ပြလာတဲ့ ပြင်ဆင်လိုတဲ့ အချက်ပေါင်း ၃၇၀၀ ကျော်ကို လေ့လာစိစစ်နေတာပါ။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ဒီနေ့ လွှတ်တော်မှာ ဆွေးနွေးစဉ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၄၅ ဦးပူးပေါင်းကော်မတီကို နည်းဥပဒေတွေနဲ့ မညီဘဲ မဲခွဲပြီးဆောင်ရွက်ခဲ့တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီမှာ NLD ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က လွှတ်တော်က ဆုံးဖြတ်ပြီးသားဖြစ်တဲ့ကိစ္စကို ပြန်လှန်ပြောဆိုနေတာဟာ ဥပဒေနဲ့ မညီကြောင်းနဲ့ ဦးသောင်းအေးရဲ့ ၄၅ ဦးကော်မတီအပေါ် ဝေဖန်ချက်ကို လွှတ်တော်ကသာ ပယ်ဖျက်ပေးဖို့တောင်းဆိုရာမှာ လွှတ်တော် နာယက က ခွင့်ပြုခဲ့ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက လက်ရှိတင်ပြထားတဲ့ ဥပဒေမူကြမ်းတွေကို မဆွေးနွေးဘဲ ဆွေးနွေးဆဲဖြစ်တဲ့ မူကြမ်းတစ်ခုကို စောင့်ပါဆိုတာက ဥပဒေကို လေးစားလိုက်နာမှုလိုအပ်တယ်လို့ ယူဆကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ ANP က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ဘယ်ပါတီက တင်ပြတာပဲဖြစ်ဖြစ် တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ သက်ဆိုင်ရာ လွှတ်တော်တွေက ခန့်အပ်တာနဲ့ဆိုင်တဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို အားပေးတယ်လို့ ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးသိန်းထွန်းနဲ့ ဒေါက်တာ မောင်သင်းတို့ တင်ပြခဲ့တဲ့ ဥပဒေကြမ်းတွေထဲမှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်တချို့ကို လျှော့ချတဲ့ပုဒ်မ၊ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ လွှတ်တော်တွေက ခန့်အပ်တာနဲ့ဆိုင်တဲ့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ အချက်တွေပါဝင်ပါတယ်။

တပ်မတော်သားတွေ တင်ပြတဲ့ ဥပဒေမူကြမ်းတွေထဲမှာလည်း လွှတ်တော်ကို ဖျက်သိမ်းဖို့ အခွင့်အရေးရှိတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ တာဝန်နဲ့ အခန်းကဏ္ဍ၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် အရည်အချင်း သတ်မှတ်ချက်တွေမှာလည်း နိုင်ငံခြားသားမဖြစ်ဖို့နဲ့ နိုင်ငံခြားသားတစ်ဦးဦးနဲ့ ဆွေမျိုးတော်စပ်ပတ်သက်နေတာမျိုး မဖြစ်ဖို့ ဆိုတဲ့ အချက်တွေ ပါဝင်လာပါတယ်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်နဲ့ ကိုယ်စားလှယ် ၁၄၄ ဦး တင်သွင်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ မူကြမ်းအပေါ် လေ့လာစီစစ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေက နောက်ရက်တွေမှာ ထပ်မံ ဆွေးနွေးမှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
အစိုးရအဖြဲ႕ဝင္ေတြရဲ႕ အရည္အခ်င္းမွာ ႏိုင္ငံျခားသားမျဖစ္ဖို႔အခ်က္ကို ျဖည့္စြက္ အစိုးရအဖြဲ႕ဝင္ေတြရဲ႕ အရည္အခ်င္းမွာ ႏိုင္ငံျခားသားမျဖစ္ဖို႔အခ်က္ကို ျဖည့္စြက္ Reviewed by THITHTOOLWIN on 22:14 Rating: 5
Powered by Blogger.