၂၁ ရာစု ပင္လုံကို မတ္လကုန္မွာ က်င္းပဖို႔ သေဘာတူ

အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္အဖြဲ႕နဲ႔ NCA အပစ္ရပ္စာခ်ဳပ္ လက္မွတ္ထိုးထားတဲ့ အဖြဲ႕ ၁၀ ဖြဲ႕က ကိုယ္စားလွယ္ေတြ ၂၀၁၉၊ ႏိုဝင္ဘာ ၂၀ ရက္ေန႔က ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးစဥ္ / ဓါတ္ပုံ - ေအာင္မိုးျမင့္/ RFA
(Zawgyi)⤵⤵⤵
ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕ကိုေရာက္ရွိေနတဲ့ အစိုးရ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ PC အဖြဲ႕ဟာ ဒီကေန႔ မနက္ ၁၀ နာရီက NCA အပစ္ရပ္ စာခ်ဳပ္မွာ လက္မွတ္ထိုးထားတဲ့ အဖြဲ႕ ၁၀ ဖြဲ႕က ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့တာပါ။

ႏွစ္နာရီၾကာတဲ့ ေဆြးေႏြးပြဲမွာ ႏွစ္ဘက္ႀကဳံေတြ႕ေနၾကရတဲ့ အခက္အခဲေတြ၊  အစိုးရ ရင္ဆိုင္ေနရတဲ့ ႏိုင္ငံတကာ အေျခအေနေတြကို ေဆြးေႏြးခဲ့ၾကသလို ေရွ႕ဆက္ၿပီး ၿငိမ္းခ်မ္းေရး အေကာင္အထည္ေဖာ္မႈေတြ စတင္ႏိုင္ဖို႔ သေဘာထား ရယူႏိုင္ခဲ့ၾကတယ္လို႔ အစိုးရအဖြဲ႕က ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက သတင္းေထာက္ေတြကို ေျပာပါတယ္။

“၂၀၂၀ အလြန္ လုပ္ငန္းစဥ္ေတြ ဘယ္လိုသြားၾကမလဲ၊ အေကာင္အထည္ေဖာ္မႈေတြ ဘယ္လိုလုပ္ၾကမလဲ ဆိုတာ အဲဒါေတြကို က်ေနာ္တို႔ အခ်ိန္ေပးၿပီးေတာ့ ႏွစ္ဘက္ လုပ္ရအုံးမွာျဖစ္တယ္၊ အဲဒီေတာ့က်မွ က်ေနာ္တို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ရဲ႕ NCA ေလးႏွစ္ျပည့္ လုပ္ငန္းစဥ္၊ ပထမဆုံးလုပ္ငန္းစဥ္ပါ ဒီလာမည့္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ ရာစုပင္လုံမွာ ခ်ဳပ္ဆိုမည့္ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ရဲ႕ အစိတ္အပိုင္း ၃ ေပါ့ေနာ္၊ ၃ မွာပါမည့္ဟာေတြ ျဖစ္ပါတယ္။ အဲဒါေတြကို က်ေနာ္တို႔ ႀကိဳးပမ္းသြားဖို႔ပဲ၊ အဲ့ေတာ့ လမ္းစက ဘယ္ကစမလဲဆိုေတာ့ JICM အစည္းအေဝးက စမွတ္ ျဖစ္သြားမယ္၊ အဲဒီ အစည္းအေဝးကို အျမန္ဆုံးသြားဖို႔ ႏွစ္ဘက္ ေဆြးေႏြး သေဘာထားၾကတယ္၊ ေနာက္ နံပါတ္ ၂ အခ်က္ကေတာ့ ညီလာခံေပါ့ေနာ္ ညီလာခံကို ဘယ္ပုံစံ ဘယ္လိုသြားၾကမလဲဆိုတဲ့ Timeline ေပါ့၊ အၾကမ္းမ်ဥ္း အဆိုျပဳခ်က္ က်ေနာ္တို႔ အစိုးရက အဆိုျပဳပါတယ္၊ ဥပမာအားျဖင့္ က်ေနာ္တို႔ ဒီ မတ္လေပါ့ေနာ္၊ မတ္လ တပ္မေတာ္ေန႔ ေနာက္ပိုင္း ၊ ဒါ တပ္မေတာ္ေန႔ ေနာက္ပိုင္းေပါ့ အဲ့ရက္ပိုင္းမွာ က်င္းပႏိုင္ဖို႔ ဒါ အစိုးရ ရဲ႕ အဆိုျပဳခ်က္အေနနဲ႔ အဆိုျပဳတာ ျဖစ္ပါတယ္”

ဒီအစည္းအေဝးမွာ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ ခရီးစဥ္ကိစၥ နဲ႔ပတ္သက္ၿပီး ေနာက္ေနာင္ EAO အဖြဲ႕ေခါင္းေဆာင္ေတြ ဒီလိုျဖစ္စဥ္မ်ိဳး မျဖစ္ရေအာင္ အစိုးရ ၊ တပ္မေတာ္တို႔ပါဝင္တဲ့ အစည္းအေဝးေတြမွာ အသိေပး ဆုံးျဖတ္ၿပီးမွ ေသခ်ာစီစဥ္သြားဖို႔ ကိစၥေတြ ေဆြးေႏြးခဲ့ၾကတယ္လို႔ ေျပာေရးဆိုခြင့္ရွိသူ ႏိုင္ေအာင္မေငး က သတင္းေထာက္ေတြကို ေျပာပါတယ္။

“ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၃၀ ရက္ေန႔က တစ္ဆို႔မႈတစ္ခုျဖစ္သြားတယ္၊ ခရီးစဥ္အတြက္ေၾကာင့္နဲ႔ ဒါကို က်ေနာ္တို႔က PC ကေနၿပီးေတာ့ ဒီကိစၥကို ေျဖေလ်ာ့ဖို႔အတြက္ ေနာက္တစ္ဆင့္သြားဖို႔အတြက္ လာၿပီးေတာ့ ေျပာျပတယ္ ဒါကိုလည္း က်ေနာ္တို႔က လက္ခံတယ္၊ အခုဆိုရင္ ဒီကိစၥကေတာ့ အားလုံး ေျပေပ်ာက္သြားၿပီး၊ ေရွ႕ဆက္ JICM ေဆြးေႏြးပြဲ ျဖစ္ဖို႔ကို အခု က်ေနာ္တို႔က ႏွစ္ဘက္က အလုပ္အဖြဲ႕မ်ား သေဘာတူၾကတယ္၊ ဒါဆို ဒီဟာေတာ့ က်ေနာ္တို႔ ဆုံးျဖတ္ခ်က္ ခ်လို႔မရဘူး PPST မွာ က်ေနာ္တို႔ တင္မယ္၊ PPST ကေတာ့ လာမည့္ ဒီဇင္ဘာ ၂ ရက္ ၃ ရက္ ၂/၃/၄ မွာထိုင္မယ္၊ အဲ့ဒီမွာဆို အေသးစိတ္ လုပ္ငန္းစဥ္ကို က်ေနာ္တို႔ JICM ကေန ဆုံးျဖတ္ခ်က္ ခ်ထားတာရွိတယ္။ အဲ့ဒါကို က်ေနာ္တို႔ တင္မယ္ တင္ၿပီးေတာ့ အေသးစိတ္ ဘာလုပ္မလဲ၊ ေနာက္ၿပီးေတာ့ အစိုးရက တင္ျပထားတဲ့ JICM အစည္းအေဝးကို ဒီဇင္ဘာလ ၁၈၊ ၁၉ မွာလုပ္ဖို႔အတြက္က က်ေနာ္တို႔ တင္ျပမယ္ေပါ့”

ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ ရာစု ပင္လုံ အစည္းအေဝးမွာ NCA အပစ္ရပ္ သေဘာတူစာခ်ဳပ္ လက္မွတ္မေရးထိုးၾကရေသးတဲ့ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕အစည္းေတြ ပါဝင္ႏိုင္ဖို႔ အတြက္ မၾကာခင္ရက္ပိုင္းမွာ KIO အပါအဝင္ AA, TNLA နဲ႔ ကိုးကန႔္ အဖြဲ႕  ေလးဖြဲ႕ကို ၿငိမ္းခ်မ္းေရး ေကာ္မရွင္က သြားေရာက္ ေတြ႕ဆုံဖို႔ ရွိၿပီး တိုက္ပြဲေတြ ရပ္တန႔္ႏိုင္ေရး အတြက္လည္း ႀကိဳးစားေနတယ္လို႔ ဦးေဇာ္ေဌး က ဆက္ေျပာပါတယ္။

“အဓိက အားျဖင့္ေတာ့ ဒီအဖြဲ႕ေတြ အေနနဲ႔ က်ေနာ္တို႔ ဒီ ပစ္ခတ္တိုက္ခိုက္မႈေတြ ကင္းေဝးဖို႔ေပါ့ေနာ္၊ ဒီဟာကို ရဖို႔အတြက္ကို က်ေနာ္တို႔က ပဏာမ အပစ္ရပ္ သေဘာတူညီခ်က္ ရဖို႔ ညႇိေနတာ ရွိတယ္၊ ဒီဟာ ရသြားရင္ေတာ့ ႏွစ္ဘက္ လက္မွတ္ထိုးႏိုင္တဲ့အဆင့္ ေရာက္သြားၿပီ ဆိုရင္ေတာ့  ဒီပစ္ခတ္တိုက္ခိုက္မႈေတြ ေလ်ာ့နည္း က်ဆင္းသြားမယ္လို႔ က်ေနာ္တို႔က ေမွ်ာ္လင့္ၿပီး လုပ္ေနတာ ျဖစ္တယ္၊ သို႔ေသာ္ အဓိကအားျဖင့္ေတာ့ ဒီ ပဏာမ အပစ္ရပ္ သေဘာတူညီခ်က္ ၿပီးရင္ ေနာက္တဆင့္ ဘယ္လိုဆက္သြားမလဲ ဆိုတဲ့ဟာေပၚမွာလည္း ႏွစ္ဦးႏွစ္ဘက္ ေသခ်ာဖို႔လိုတယ္၊ အဲ့ဒါကိုလည္း ေတြ႕ဖို႔ မၾကာခင္မွာလည္း ေတြ႕ဆုံဖို႔ ရွိတယ္ ေတြ႕ၿပီးရင္ က်ေနာ္တို႔ ေဆြးေႏြးမွာ ျဖစ္ပါတယ္။ ဒါဟာလည္း အေက်အလည္ ေဆြးေႏြးၿပီးမွ လက္မွတ္ထိုးႏိုင္တဲ့ အေနအထားေပါ့ ဒါကို ေမွ်ာ္လင့္ၿပီးသြားေနတာ ျဖစ္ပါတယ္”

NCA အပစ္ရပ္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕ ၁၀ ဖြဲ႕နဲ႔ အစိုးရ တပ္မေတာ္တို႔ပါဝင္တဲ့ တစ္ႏိုင္ငံလုံး ပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္ထည္ေဖာ္မႈ ဆိုင္ရာ ညႇိႏႈိင္း အစည္းအေဝး JICM ကို ေအာက္တိုဘာ ၃၀ ရက္ေန႔မွာ က်င္းပဖို႔ စီစဥ္ခဲ့ေပမယ့္ RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ ေနျပည္ေတာ္ ခရီးစဥ္ ပ်က္ခဲ့ၿပီးေနာက္ ယေန႔အခ်ိန္ထိ ျပန္လည္မက်င္းပႏိုင္ပဲ ျဖစ္ေနခဲ့တာပါ။

ဒီကေန႔ အစည္းအေဝးကိုေတာ့ ၿငိမ္းခ်မ္းေရးေကာ္မရွင္ PC မွ အၿငိမ္းစား ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး ဦးေဆာင္ၿပီး ဦးေဇာ္ေဌး၊ ဦးလွေမာင္ေ႐ႊ ႏွင့္ ဦးမိုးေဇာ္ဦး တို႔ ပါဝင္တက္ေရာက္ခဲ့ၿပီး NCA အပစ္ရပ္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕ ၁၀ ဖြဲ႕မွာေတာ့ ဗိုလ္မႉးႀကီး စိုင္းငင္း ဦးေဆာင္ၿပီး ဦးမ်ိဳးဝင္း၊ ေစာျမရာဇာလင္း၊ ခြန္ျမင့္ထြန္း၊ ဗိုလ္မႉးႀကီး ေစာစိန္ဝင္း၊ ဗိုလ္မႉးႀကီး ေစာေက်ာ္ၫြန႔္၊ ဗိုလ္မႉးႀကီး ေဆာ္လမြန္၊ ဆလိုင္း ထလာေဟး၊ ႏိုင္ေအာင္မေငး၊ ေစာေဂ်ာ္နီ တို႔ တက္ေရာက္ခဲ့ၾကပါတယ္။

ၿငိမ္းခ်မ္းေရး ေကာ္မရွင္ အဖြဲ႕ဟာ ႏိုဝင္ဘာလ ၂၂ ရက္ေန႔မွာ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU နဲ႔ သီးျခားေတြ႕ဆုံၿပီး အလြတ္သေဘာ ေဆြးေႏြးသြားဖို႔ ရွိေသးတယ္လို႔လည္း သိရပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
၂၁ ရာစု ပင်လုံကို မတ်လကုန်မှာ ကျင်းပဖို့ သဘောတူ

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့က ကိုယ်စားလှယ်တွေ ၂၀၁၉၊ နိုဝင်ဘာ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်
ဓါတ်ပုံ - အောင်မိုးမြင့်/ RFA

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကိုရောက်ရှိနေတဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့ဟာ ဒီကနေ့ မနက် ၁၀ နာရီက NCA အပစ်ရပ် စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

နှစ်နာရီကြာတဲ့ ဆွေးနွေးပွဲမှာ နှစ်ဘက်ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေ၊  အစိုးရ ရင်ဆိုင်နေရတဲ့ နိုင်ငံတကာ အခြေအနေတွေကို ဆွေးနွေးခဲ့ကြသလို ရှေ့ဆက်ပြီး ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုတွေ စတင်နိုင်ဖို့ သဘောထား ရယူနိုင်ခဲ့ကြတယ်လို့ အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်တွေကို ပြောပါတယ်။

“၂၀၂၀ အလွန် လုပ်ငန်းစဉ်တွေ ဘယ်လိုသွားကြမလဲ၊ အကောင်အထည်ဖော်မှုတွေ ဘယ်လိုလုပ်ကြမလဲ ဆိုတာ အဲဒါတွေကို ကျနော်တို့ အချိန်ပေးပြီးတော့ နှစ်ဘက် လုပ်ရအုံးမှာဖြစ်တယ်၊ အဲဒီတော့ကျမှ ကျနော်တို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ NCA လေးနှစ်ပြည့် လုပ်ငန်းစဉ်၊ ပထမဆုံးလုပ်ငန်းစဉ်ပါ ဒီလာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံမှာ ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း ၃ ပေါ့နော်၊ ၃ မှာပါမည့်ဟာတွေ ဖြစ်ပါတယ်။ အဲဒါတွေကို ကျနော်တို့ ကြိုးပမ်းသွားဖို့ပဲ၊ အဲ့တော့ လမ်းစက ဘယ်ကစမလဲဆိုတော့ JICM အစည်းအဝေးက စမှတ် ဖြစ်သွားမယ်၊ အဲဒီ အစည်းအဝေးကို အမြန်ဆုံးသွားဖို့ နှစ်ဘက် ဆွေးနွေး သဘောထားကြတယ်၊ နောက် နံပါတ် ၂ အချက်ကတော့ ညီလာခံပေါ့နော် ညီလာခံကို ဘယ်ပုံစံ ဘယ်လိုသွားကြမလဲဆိုတဲ့ Timeline ပေါ့၊ အကြမ်းမျဉ်း အဆိုပြုချက် ကျနော်တို့ အစိုးရက အဆိုပြုပါတယ်၊ ဥပမာအားဖြင့် ကျနော်တို့ ဒီ မတ်လပေါ့နော်၊ မတ်လ တပ်မတော်နေ့ နောက်ပိုင်း ၊ ဒါ တပ်မတော်နေ့ နောက်ပိုင်းပေါ့ အဲ့ရက်ပိုင်းမှာ ကျင်းပနိုင်ဖို့ ဒါ အစိုးရ ရဲ့ အဆိုပြုချက်အနေနဲ့ အဆိုပြုတာ ဖြစ်ပါတယ်”

ဒီအစည်းအဝေးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ခရီးစဉ်ကိစ္စ နဲ့ပတ်သက်ပြီး နောက်နောင် EAO အဖွဲ့ခေါင်းဆောင်တွေ ဒီလိုဖြစ်စဉ်မျိုး မဖြစ်ရအောင် အစိုးရ ၊ တပ်မတော်တို့ပါဝင်တဲ့ အစည်းအဝေးတွေမှာ အသိပေး ဆုံးဖြတ်ပြီးမှ သေချာစီစဉ်သွားဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး က သတင်းထောက်တွေကို ပြောပါတယ်။

“ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က တစ်ဆို့မှုတစ်ခုဖြစ်သွားတယ်၊ ခရီးစဉ်အတွက်ကြောင့်နဲ့ ဒါကို ကျနော်တို့က PC ကနေပြီးတော့ ဒီကိစ္စကို ဖြေလျော့ဖို့အတွက် နောက်တစ်ဆင့်သွားဖို့အတွက် လာပြီးတော့ ပြောပြတယ် ဒါကိုလည်း ကျနော်တို့က လက်ခံတယ်၊ အခုဆိုရင် ဒီကိစ္စကတော့ အားလုံး ပြေပျောက်သွားပြီး၊ ရှေ့ဆက် JICM ဆွေးနွေးပွဲ ဖြစ်ဖို့ကို အခု ကျနော်တို့က နှစ်ဘက်က အလုပ်အဖွဲ့များ သဘောတူကြတယ်၊ ဒါဆို ဒီဟာတော့ ကျနော်တို့ ဆုံးဖြတ်ချက် ချလို့မရဘူး PPST မှာ ကျနော်တို့ တင်မယ်၊ PPST ကတော့ လာမည့် ဒီဇင်ဘာ ၂ ရက် ၃ ရက် ၂/၃/၄ မှာထိုင်မယ်၊ အဲ့ဒီမှာဆို အသေးစိတ် လုပ်ငန်းစဉ်ကို ကျနော်တို့ JICM ကနေ ဆုံးဖြတ်ချက် ချထားတာရှိတယ်။ အဲ့ဒါကို ကျနော်တို့ တင်မယ် တင်ပြီးတော့ အသေးစိတ် ဘာလုပ်မလဲ၊ နောက်ပြီးတော့ အစိုးရက တင်ပြထားတဲ့ JICM အစည်းအဝေးကို ဒီဇင်ဘာလ ၁၈၊ ၁၉ မှာလုပ်ဖို့အတွက်က ကျနော်တို့ တင်ပြမယ်ပေါ့”

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးမှာ NCA အပစ်ရပ် သဘောတူစာချုပ် လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ပါဝင်နိုင်ဖို့ အတွက် မကြာခင်ရက်ပိုင်းမှာ KIO အပါအဝင် AA, TNLA နဲ့ ကိုးကန့် အဖွဲ့  လေးဖွဲ့ကို ငြိမ်းချမ်းရေး ကော်မရှင်က သွားရောက် တွေ့ဆုံဖို့ ရှိပြီး တိုက်ပွဲတွေ ရပ်တန့်နိုင်ရေး အတွက်လည်း ကြိုးစားနေတယ်လို့ ဦးဇော်ဌေး က ဆက်ပြောပါတယ်။

“အဓိက အားဖြင့်တော့ ဒီအဖွဲ့တွေ အနေနဲ့ ကျနော်တို့ ဒီ ပစ်ခတ်တိုက်ခိုက်မှုတွေ ကင်းဝေးဖို့ပေါ့နော်၊ ဒီဟာကို ရဖို့အတွက်ကို ကျနော်တို့က ပဏာမ အပစ်ရပ် သဘောတူညီချက် ရဖို့ ညှိနေတာ ရှိတယ်၊ ဒီဟာ ရသွားရင်တော့ နှစ်ဘက် လက်မှတ်ထိုးနိုင်တဲ့အဆင့် ရောက်သွားပြီ ဆိုရင်တော့  ဒီပစ်ခတ်တိုက်ခိုက်မှုတွေ လျော့နည်း ကျဆင်းသွားမယ်လို့ ကျနော်တို့က မျှော်လင့်ပြီး လုပ်နေတာ ဖြစ်တယ်၊ သို့သော် အဓိကအားဖြင့်တော့ ဒီ ပဏာမ အပစ်ရပ် သဘောတူညီချက် ပြီးရင် နောက်တဆင့် ဘယ်လိုဆက်သွားမလဲ ဆိုတဲ့ဟာပေါ်မှာလည်း နှစ်ဦးနှစ်ဘက် သေချာဖို့လိုတယ်၊ အဲ့ဒါကိုလည်း တွေ့ဖို့ မကြာခင်မှာလည်း တွေ့ဆုံဖို့ ရှိတယ် တွေ့ပြီးရင် ကျနော်တို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါဟာလည်း အကျေအလည် ဆွေးနွေးပြီးမှ လက်မှတ်ထိုးနိုင်တဲ့ အနေအထားပေါ့ ဒါကို မျှော်လင့်ပြီးသွားနေတာ ဖြစ်ပါတယ်”

NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၀ ဖွဲ့နဲ့ အစိုးရ တပ်မတော်တို့ပါဝင်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး JICM ကို အောက်တိုဘာ ၃၀ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နေပြည်တော် ခရီးစဉ် ပျက်ခဲ့ပြီးနောက် ယနေ့အချိန်ထိ ပြန်လည်မကျင်းပနိုင်ပဲ ဖြစ်နေခဲ့တာပါ။

ဒီကနေ့ အစည်းအဝေးကိုတော့ ငြိမ်းချမ်းရေးကော်မရှင် PC မှ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဦးဆောင်ပြီး ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ နှင့် ဦးမိုးဇော်ဦး တို့ ပါဝင်တက်ရောက်ခဲ့ပြီး NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၀ ဖွဲ့မှာတော့ ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်ပြီး ဦးမျိုးဝင်း၊ စောမြရာဇာလင်း၊ ခွန်မြင့်ထွန်း၊ ဗိုလ်မှူးကြီး စောစိန်ဝင်း၊ ဗိုလ်မှူးကြီး စောကျော်ညွန့်၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဆလိုင်း ထလာဟေး၊ နိုင်အောင်မငေး၊ စောဂျော်နီ တို့ တက်ရောက်ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဟာ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ သီးခြားတွေ့ဆုံပြီး အလွတ်သဘော ဆွေးနွေးသွားဖို့ ရှိသေးတယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.rfa.org
၂၁ ရာစု ပင္လုံကို မတ္လကုန္မွာ က်င္းပဖို႔ သေဘာတူ ၂၁ ရာစု ပင္လုံကို မတ္လကုန္မွာ က်င္းပဖို႔ သေဘာတူ Reviewed by THITHTOOLWIN on 22:12 Rating: 5
Powered by Blogger.