က်ိဳက္မေရာၿမိဳ႕နယ္၌ လူေနအိမ္အေဆာက္အအုံ( ၁၁)လုံး မီးေလာင္မႈ ျဖစ္ပြား

(Zawgyi)⤵⤵⤵
က်ိဳက္မေရာ ႏိုဝင္ဘာ ၂၁
ေမာ္လၿမိဳင္ခ႐ိုင္ က်ိဳက္မေရာၿမိဳ႕နယ္ က်ိဳက္ပရန္ေက်း႐ြာ၌ ယေန႔နံနက္ ၉ နာရီ ၁၅မိနစ္ အခ်ိန္က လူေန အိမ္ ႏွစ္ထပ္အေဆာက္အအုံ မီးေလာင္ ေနေၾကာင္းသတင္းရသျဖင့္ က်ိဳက္မေရာၿမိဳ႕နယ္ မီးသတ္ဦးစီးမႉး ႐ုံးမွဦးစီးအရာရွိ ဦး ဝင္းတင္ ႀကီးၾကပိ၍ အခင္းျဖစ္ရာေနရာသို႔ မီးၿငိမ္းသတ္ယာဥ္ ၅ စီး ၊ ေမာ္လၿမိဳင္ မီးသတ္ကား ၁၂စီး၊ စုစုေပါင္းမီးၿငိမ္းသတ္ ယာဥ္ (၁၇)စီး၊ မီးသတ္တပ္ဖြဲ႕ဝင္အင္အား (၄၀)အရန္ မီးသတ္တပ္ဖြဲ႕ဝင္ အင္အား၂၀၊စုစုေပါင္းအင္အား(၆၀)ဦးတို႔ျဖင့္ သြားေရာက္ မီးၿငိမ္းသတ္ခဲ့ရာ နံနက္ ၁၀နာရီအခ်ိနိတြင္ လုံးဝ မီးၿငိမ္း သတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါမီးေလာင္မႈမွာလွ်ပ္စစ္မီးဖို အသုံးျပဴရာမွအပူလြန္ကဲၿပီး အနီးရွိ အ ဝတ္ခ်င္းကို ကူးစက္ေလာင္ခဲ့ရျခင္းျဖစ္ေၾကာင္းႏွင့္မီးေလာင္မႈေၾကာင့္ ၂ ထပ္တိုက္ ပ်ဥ္ေထာင္အိမ္(၆)လုံး ၊ တစ္ထပ္အိမ္ ၅လုံး စုစုေပါင္း လူေနအိမ္ (၁၁)လုံးမီးေဘးသင့္ခဲ့ကာ လူႏွင့္တိရစာၦန္မ်ားထိခိုက္မႈ မရွိေၾကာင္းသိရသည္။

မီးေဘးသင့္အိမ္ေထာင္စုမ်ားသို႔ က်ိဳက္မေရာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေစာေက်ာ္ဝင္းေမာင္၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ ေဇာ္ဦး ၊ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ျမင့္ ႏွင့္ တာဝန္ရွိသူမ်ားကလိုအပ္သည္မ်ားကို သြားေရာက္ကူညီ ေဆာင္႐ြက္ ေပးခဲ့ေၾကာင္းသိရသည္။ မီးစတင္ေလာင္မႈႏွင့္ ပတ္သက္၍ အိမ္ရွင္ ဦးစိန္သန္း အသက္(၆၅)ႏွစ္အား သက္ဆိုင္ရာမွ စုံစမ္းအေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္းက်ိဳက္မေရာ ၿမိဳ႕နယ္မီးသတ္ဦးစီးဌာန တာဝန္ရွိသူထံမွ သိရသည္။

ခ်ိဳျမတ္ျမတ္ေထြး (က်ိဳက္မေရာ )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
-------------
(Unicode)⤵⤵⤵
ကျိုက်မရောမြို့နယ်၌ လူနေအိမ်အဆောက်အအုံ( ၁၁)လုံး မီးလောင်မှု ဖြစ်ပွား

ကျိုက်မရော နိုဝင်ဘာ ၂၁
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ကျိုက်ပရန်ကျေးရွာ၌ ယနေ့နံနက် ၉ နာရီ ၁၅မိနစ် အချိန်က လူနေ အိမ် နှစ်ထပ်အဆောက်အအုံ မီးလောင် နေကြောင်းသတင်းရသဖြင့် ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးမှူး ရုံးမှဦးစီးအရာရှိ ဦး ဝင်းတင် ကြီးကြပိ၍ အခင်းဖြစ်ရာနေရာသို့ မီးငြိမ်းသတ်ယာဉ် ၅ စီး ၊ မော်လမြိုင် မီးသတ်ကား ၁၂စီး၊ စုစုပေါင်း မီးငြိမ်း သတ်ယာဉ် (၁၇)စီး၊ မီးသတ်တပ်ဖွဲ့ဝင်အင်အား (၄၀)အရန် မီးသတ်တပ်ဖွဲ့ဝင် အင်အား၂၀၊စုစုပေါင်းအင်အား(၆၀)ဦးတို့ဖြင့် သွားရောက် မီးငြိမ်းသတ်ခဲ့ရာ နံနက် ၁၀နာရီအချိနိတွင် လုံးဝ မီးငြိမ်း သတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုမှာလျှပ်စစ်မီးဖို အသုံးပြူရာမှအပူလွန်ကဲပြီး အနီးရှိ အ ဝတ်ချင်းကို ကူးစက်လောင်ခဲ့ရခြင်းဖြစ်ကြောင်းနှင့်မီးလောင်မှုကြောင့် ၂ ထပ်တိုက် ပျဉ်ထောင်အိမ် (၆)လုံး ၊ တစ်ထပ်အိမ် ၅လုံး စုစုပေါင်းလူနေအိမ် (၁၁)လုံးမီးဘေးသင့်ခဲ့ကာ လူနှင့်တိရစ္ဆာန်များထိခိုက်မှု မရှိကြောင်းသိရသည်။

မီးဘေးသင့်အိမ်ထောင်စုများသို့ ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင် ဇော်ဦး ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့် နှင့် တာဝန်ရှိသူများကလိုအပ်သည်များကို သွားရောက်ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။ မီးစတင်လောင်မှုနှင့် ပတ်သက်၍ အိမ်ရှင် ဦးစိန်သန်း အသက်(၆၅)နှစ်အား သက်ဆိုင်ရာမှ စုံစမ်းအရေးယူ ဆောင်ရွက်လျက်ရှိကြောင်းကျိုက်မရော မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး (ကျိုက်မရော )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
က်ိဳက္မေရာၿမိဳ႕နယ္၌ လူေနအိမ္အေဆာက္အအုံ( ၁၁)လုံး မီးေလာင္မႈ ျဖစ္ပြား က်ိဳက္မေရာၿမိဳ႕နယ္၌ လူေနအိမ္အေဆာက္အအုံ( ၁၁)လုံး မီးေလာင္မႈ ျဖစ္ပြား Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.