ေ႐ႊေက်ာင္းျပဳျပင္ထိန္းသိမ္းေရး အေမရိကန္သံရံုးက ေဒၚလာ ၃ သိန္း ထပ္မံေထာက္ပံ့

မႏၲေလးေရႊေက်ာင္း

(Zawgyi/Unicode)

မႏၲေလးေ႐ႊနန္းေတာ္ေက်ာင္း ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းေတြမွာ အသုံးျပဳဖို႔ အေမရိကန္ေဒၚလာ ၃ သိန္း ထပ္မံေထာက္ပံ့ ကူညီသြားမယ္လို႔ အေမရိကန္သံ႐ုံးက ဒီကေန႔ ထုတ္ျပန္ပါတယ္။

ဒီေထာက္ပံ့မႈနဲ႔ ပါဆိုရင္ အေမရိကန္အစိုးရက ေ႐ႊေက်ာင္းျပဳျပင္ထိန္းသိမ္းေရးအတြက္ ေထာက္ပံ့ကူညီတာ စုစုေပါင္း အေမရိကန္ေဒၚလာ ၁.၁ သန္း ရွိသြားပါၿပီ။ သမိုင္းတန္ဖိုးႀကီးမားတဲ့ မႏၲေလးၿမိဳ႕က ေ႐ႊနန္းေတာ္ေက်ာင္း ျပဳျပင္ထိန္းသိမ္းေရး အေမရိကန္အေထာက္အပံ့ အေၾကာင္းကိုေတာ့ ကိုစည္သူတင္ျပေပးမွာပါ။

၁၉ ရာစု ကုန္းေဘာင္ေခတ္လက္ရာျဖစ္တဲ့ မႏၲေလးၿမိဳ႕က ေ႐ႊနန္းေတာ္ေက်ာင္း ျပဳျပင္ထိန္းသိမ္းေရးအတြက္ အကူအညီဟာ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ယဥ္ေက်းမႈအေမြအႏွစ္မ်ား ထိန္းသိမ္းေစာင့္ေရွာက္ေရး သံအမတ္ႀကီးမ်ား ရန္ပုံေငြအစီအစဥ္က တဆင့္ ေပးအပ္ကူညီတာျဖစ္တယ္လို႔ သံ႐ုံးေျပာခြင့္ရသူ Aryani Manring က ဗြီအိုေအကိုေျပာပါတယ္။

“လက္ရွိလုပ္ငန္းေဆာင္႐ြက္ေနတဲ့ မႏၲေလးေ႐ႊနန္းေတာ္ေက်ာင္း ျပဳျပင္ထိန္းသိမ္းေရး လုပ္ငန္းေတြအတြက္ အေမရိကန္ေဒၚလာ သုံးသိန္း ထပ္ေဆာင္းကူညီတယ္ဆိုတာ ေၾကညာခ်င္ပါတယ္။ ဒါနဲ႔ပါဆို ေ႐ႊေက်ာင္း ျပဳျပင္ေရးအတြက္ အေမရိကန္ကေထာက္ပံ့တာ ေဒၚလာ ၁.၁ သန္း ရွိသြားပါၿပီ။ အခုအေထာက္အပံ့က အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ယဥ္ေက်းမႈအေမြအႏွစ္မ်ား ထိန္းသိမ္းေစာင့္ေရွာက္ေရး သံအမတ္ႀကီးမ်ား ရန္ပုံေငြအစီအစဥ္က တဆင့္ ေပးအပ္ကူညီတာျဖစ္ပါတယ္။”

အခုအကူအညီဟာ ပ်က္စီးယိုယြင္းေနတဲ့ အစိတ္အပိုင္းေတြ ျပဳျပင္ထိန္းသိမ္းဖို႔အျပင္ ေဒသခံ လက္မႈပညာရွင္ေတြ၊ မႏၲေလးတိုင္းအတြင္းက ထိန္းသိမ္းေစာင့္ေရွာက္ေရး လုပ္ကိုင္သူေတြကို စြမ္းရည္ျမႇင့္သင္တန္းေပးတာေတြကိုပါ အသုံးျပဳသြားမယ္လို႔ သူကေျပာပါတယ္

“အနာဂတ္မ်ိဳးဆက္သစ္အတြက္ သမိုင္းဝင္အေမြအႏွစ္ကို ထိန္းသိမ္းျပဳျပင္ေပးေနတာအျပင္ ဒီစီမံကိန္းကေန ေဒသခံလက္မႈပညာသည္ေတြ စိတ္ဝင္စားတဲ့ ေက်ာင္းသားေက်ာင္းသားေတြနဲ႔ ဧည့္လမ္းၫႊန္ေတြကိုပါသင္တန္းေတြ ေပးသြားဖို႔ ရည္႐ြယ္ထားပါတယ္။ ျမန္မာႏိုင္ငံမွာ ခရီးသြားေတြအမ်ားဆုံးလာတဲ့ ေနရာေတြထဲက တစ္ခုကို ျပဳျပင္ထိန္းသိမ္းခြင့္ရလို႔ ဝမ္းသားေၾကာင္းလည္း သံအမတ္ႀကီး မာစီရယ္က သတင္းစကားပါးထားပါတယ္။ ”

မႏၲေလးေ႐ႊေက်ာင္း ျပဳျပင္ေရးလုပ္ငန္းေတြကို ၂၀၁၄ ခုႏွစ္ကတည္းက အေမရိကန္အေျခစိုက္ ကမာၻ႔ေရွးေဟာင္းအေမြအႏွစ္ အေဆာက္အအုံမ်ား ထိန္းသိမ္းေစာင့္ေရွာက္ေရး ရန္ပုံေငြအဖြဲ႕ (World Monument Fund) နဲ႔ ေဒသခံလက္မႈပညာရွင္တို႔ ပူးေပါင္းၿပီး သုေတသနလုပ္ခဲ့တာပါ။ ပ်က္စီးယိုယြင္းေနတဲ့ ကြၽန္းတိုင္လုံးေတြ လဲလွယ္တာ၊ ေလွကားျပဳျပင္တာ၊ သစ္သားအႏုလက္ရာေတြကို ထိန္းသိမ္းတာ၊ အစားထိုးတာေတြကို စနစ္တက် လုပ္ကိုင္ေနၾကတာပါ။

ဒါ့အျပင္ ေ႐ႊေက်ာင္းပတ္ဝန္းက်င္ ေရစီးေရလာ ေကာင္းေအာင္နဲ႔ ေရရွည္ထိန္းသိမ္းႏိုင္မယ့္ အျပင္အဆင္ေတြကို မူလလက္ရာမပ်က္ ျပဳျပင္ထိန္းသိမ္းေနၾကတာပါ။ ဒီလုပ္ငန္းစဥ္မွာ World Monument Fund က ႀကီးၾကပ္တဲ့ အေမရိကန္ႏိုင္ငံသား ေရွးေဟာင္းထိန္းသိမ္းေရး ပညာရွင္ေတြပါသလို ေဒသခံ လက္မႈအႏုပညာရွင္ေတြအျပင္ ေရွးေဟာင္းအေမြအႏွစ္ ထိန္းသိမ္းေရး ေလ့လာေနတဲ့ ေက်ာင္းသူေက်ာင္းသားေတြ ပါဝင္ၾကတယ္လို႔ ထိန္းသိမ္းျပဳျပင္ေရးတာဝန္ရွိသူက ဗြီအိုေအနဲ႔ ေတြ႕ဆုံမႈတစ္ခုမွာ ေျပာဆိုထားပါတယ္။

..................

ရွှေကျောင်းပြုပြင်ထိန်းသိမ်းရေး အမေရိကန်သံရုံးက ဒေါ်လာ ၃ သိန်း ထပ်မံထောက်ပံ့

(Zawgyi/Unicode)

မန္တလေးရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ အမေရိကန်ဒေါ်လာ ၃ သိန်း ထပ်မံထောက်ပံ့ ကူညီသွားမယ်လို့ အမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဒီထောက်ပံ့မှုနဲ့ ပါဆိုရင် အမေရိကန်အစိုးရက ရွှေကျောင်းပြုပြင်ထိန်းသိမ်းရေးအတွက် ထောက်ပံ့ကူညီတာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၁ သန်း ရှိသွားပါပြီ။ သမိုင်းတန်ဖိုးကြီးမားတဲ့ မန္တလေးမြို့က ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေး အမေရိကန်အထောက်အပံ့ အကြောင်းကိုတော့ ကိုစည်သူတင်ပြပေးမှာပါ။

၁၉ ရာစု ကုန်းဘောင်ခေတ်လက်ရာဖြစ်တဲ့ မန္တလေးမြို့က ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေးအတွက် အကူအညီဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး သံအမတ်ကြီးများ ရန်ပုံငွေအစီအစဉ်က တဆင့် ပေးအပ်ကူညီတာဖြစ်တယ်လို့ သံရုံးပြောခွင့်ရသူ Aryani Manring က ဗွီအိုအေကိုပြောပါတယ်။

“လက်ရှိလုပ်ငန်းဆောင်ရွက်နေတဲ့ မန္တလေးရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ သုံးသိန်း ထပ်ဆောင်းကူညီတယ်ဆိုတာ ကြေညာချင်ပါတယ်။ ဒါနဲ့ပါဆို ရွှေကျောင်း ပြုပြင်ရေးအတွက် အမေရိကန်ကထောက်ပံ့တာ ဒေါ်လာ ၁.၁ သန်း ရှိသွားပါပြီ။ အခုအထောက်အပံ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး သံအမတ်ကြီးများ ရန်ပုံငွေအစီအစဉ်က တဆင့် ပေးအပ်ကူညီတာဖြစ်ပါတယ်။”

အခုအကူအညီဟာ ပျက်စီးယိုယွင်းနေတဲ့ အစိတ်အပိုင်းတွေ ပြုပြင်ထိန်းသိမ်းဖို့အပြင် ဒေသခံ လက်မှုပညာရှင်တွေ၊ မန္တလေးတိုင်းအတွင်းက ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ကိုင်သူတွေကို စွမ်းရည်မြှင့်သင်တန်းပေးတာတွေကိုပါ အသုံးပြုသွားမယ်လို့ သူကပြောပါတယ်

“အနာဂတ်မျိုးဆက်သစ်အတွက် သမိုင်းဝင်အမွေအနှစ်ကို ထိန်းသိမ်းပြုပြင်ပေးနေတာအပြင် ဒီစီမံကိန်းကနေ ဒေသခံလက်မှုပညာသည်တွေ စိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသားတွေနဲ့ ဧည့်လမ်းညွှန်တွေကိုပါသင်တန်းတွေ ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ မြန်မာနိုင်ငံမှာ ခရီးသွားတွေအများဆုံးလာတဲ့ နေရာတွေထဲက တစ်ခုကို ပြုပြင်ထိန်းသိမ်းခွင့်ရလို့ ဝမ်းသားကြောင်းလည်း သံအမတ်ကြီး မာစီရယ်က သတင်းစကားပါးထားပါတယ်။ ”

မန္တလေးရွှေကျောင်း ပြုပြင်ရေးလုပ်ငန်းတွေကို ၂၀၁၄ ခုနှစ်ကတည်းက အမေရိကန်အခြေစိုက် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ (World Monument Fund) နဲ့ ဒေသခံလက်မှုပညာရှင်တို့ ပူးပေါင်းပြီး သုတေသနလုပ်ခဲ့တာပါ။ ပျက်စီးယိုယွင်းနေတဲ့ ကျွန်းတိုင်လုံးတွေ လဲလှယ်တာ၊ လှေကားပြုပြင်တာ၊ သစ်သားအနုလက်ရာတွေကို ထိန်းသိမ်းတာ၊ အစားထိုးတာတွေကို စနစ်တကျ လုပ်ကိုင်နေကြတာပါ။

ဒါ့အပြင် ရွှေကျောင်းပတ်ဝန်းကျင် ရေစီးရေလာ ကောင်းအောင်နဲ့ ရေရှည်ထိန်းသိမ်းနိုင်မယ့် အပြင်အဆင်တွေကို မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းနေကြတာပါ။ ဒီလုပ်ငန်းစဉ်မှာ World Monument Fund က ကြီးကြပ်တဲ့ အမေရိကန်နိုင်ငံသား ရှေးဟောင်းထိန်းသိမ်းရေး ပညာရှင်တွေပါသလို ဒေသခံ လက်မှုအနုပညာရှင်တွေအပြင် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး လေ့လာနေတဲ့ ကျောင်းသူကျောင်းသားတွေ ပါဝင်ကြတယ်လို့ ထိန်းသိမ်းပြုပြင်ရေးတာဝန်ရှိသူက ဗွီအိုအေနဲ့ တွေ့ဆုံမှုတစ်ခုမှာ ပြောဆိုထားပါတယ်။

ကိုစည္သူ/ VOA Burmese
https://burmese.voanews.com
ေ႐ႊေက်ာင္းျပဳျပင္ထိန္းသိမ္းေရး အေမရိကန္သံရံုးက ေဒၚလာ ၃ သိန္း ထပ္မံေထာက္ပံ့ ေ႐ႊေက်ာင္းျပဳျပင္ထိန္းသိမ္းေရး အေမရိကန္သံရံုးက ေဒၚလာ ၃ သိန္း ထပ္မံေထာက္ပံ့ Reviewed by THITHTOOLWIN on 23:39 Rating: 5
Powered by Blogger.