ေက်ာက္မဲၿမိဳ႕ ျပည္ေထာင္စုလမ္းမႀကီးေပၚ၌ ႏြားမ်ားသယ္လာသည့္ယာဥ္ ပစ္ခတ္ခံရ

(Zawgyi)⤵⤵⤵

ေက်ာက္မဲ ၂ ႏိုဝင္ဘာ

ေက်ာက္မဲၿမိဳ႕နယ္၊ ေခ်ာင္းေခ်ာက္ေက်း႐ြာအုပ္စု၊ ေခ်ာင္းေခ်ာက္ေက်း႐ြာအနီး ျပည္ေထာင္စု လမ္းမႀကီးေပၚ၌ တရားဝင္စာ႐ြက္စာတမ္းမ်ားျဖင့္ ႏြားမ်ားတင္ေဆာင္လာသည့္ ယာဥ္အား လက္နက္ငယ္ မ်ားျဖင့္ ပစ္ခတ္ခံရေၾကာင္း ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ သိရွိရသည္။

ျဖစ္စဥ္မွာ ေက်ာက္မဲၿမိဳ႕နယ္၊ ေခ်ာင္းေခ်ာက္ေက်း႐ြာအုပ္စု၊ ေခ်ာင္းေခ်ာက္ေက်း႐ြာအနီး ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္ (၁၁၇/၃-၄)ၾကားတြင္ ေနာင္ခ်ိဳဘက္မွ လားရႈိးဘက္သို႔ ပုလဲေ႐ႊဝါ ကုမၸဏီ တပ္ကုန္းၿမိဳ႕မွ တရားဝင္စာ႐ြက္စာတမ္းမ်ားျဖင့္ တင္ေဆာင္လာသည့္ ယာဥ္(၄)စီးအနက္ ယာဥ္ေမာင္း မ်ိဳးဝင္း(ခ)တင္ခ်ိဳဝင္း ေက်ာက္ဆည္ၿမိဳ႕ေနသူ ေမာင္းႏွင္လာသည့္ ယာဥ္ကို လက္နက္ငယ္မ်ားျဖင့္ ေျခာင္းေျမာင္းပစ္ခတ္သျဖင့္ အဆိုပါယာဥ္မွာ လမ္း၏ ယာဘက္သို႔ တိမ္းေစာင္း သြားၿပီး ယာဥ္ေမာင္း မ်ိဳးဝင္း(ခ) တင္ခ်ိဳဝင္းသည္ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးခဲ့ၿပီး ႏြားထိန္း ေက်ာ္ဆန္းဦး၊ ေမာင္လွ ေက်ာက္ဆည္ၿမိဳ႕ေနသူတို႔တြင္ ဒဏ္ရာ (မစိုးရိမ္ရ) ရရွိၿပီး ေက်ာက္မဲျပည္သူေဆး႐ုံတြင္ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သိရွိရသည္။

သိန္းထြန္းေအာင္
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
--------------
(Unicode)⤵⤵⤵

ကျောက်မဲမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်၌ နွားများသယ်လာသည့်ယာဉ် ပစ်ခတ်ခံရ

ကျောက်မဲ ၂ နိုဝင်ဘာ

ကျောက်မဲမြို့နယ်၊ ချောင်းချောက်ကျေးရွာအုပ်စု၊ ချောင်းချောက်ကျေးရွာအနီး ပြည်ထောင်စု လမ်းမကြီးပေါ်၌ တရားဝင်စာရွက်စာတမ်းများဖြင့် နွားများတင်ဆောင်လာသည့် ယာဉ်အား လက်နက်ငယ် များဖြင့် ပစ်ခတ်ခံရကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရှိရသည်။

ဖြစ်စဉ်မှာ ကျောက်မဲမြို့နယ်၊ ချောင်းချောက်ကျေးရွာအုပ်စု၊ ချောင်းချောက်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၁၇/၃-၄)ကြားတွင် နောင်ချိုဘက်မှ လားရှိုးဘက်သို့ ပုလဲရွှေဝါ ကုမ္ပဏီ တပ်ကုန်းမြို့မှ တရားဝင်စာရွက်စာတမ်းများဖြင့် တင်ဆောင်လာသည့် ယာဉ်(၄)စီးအနက် ယာဉ်မောင်း မျိုးဝင်း(ခ)တင်ချိုဝင်း ကျောက်ဆည်မြို့နေသူ မောင်းနှင်လာသည့် ယာဉ်ကို လက်နက်ငယ်များဖြင့် ခြောင်းမြောင်းပစ်ခတ်သဖြင့် အဆိုပါယာဉ်မှာ လမ်း၏ ယာဘက်သို့ တိမ်းစောင်း သွားပြီး ယာဉ်မောင်း မျိုးဝင်း(ခ) တင်ချိုဝင်းသည် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ပြီး နွားထိန်း ကျော်ဆန်းဦး၊ မောင်လှ ကျောက်ဆည်မြို့နေသူတို့တွင် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိပြီး ကျောက်မဲပြည်သူဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

သိန်းထွန်းအောင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ေက်ာက္မဲၿမိဳ႕ ျပည္ေထာင္စုလမ္းမႀကီးေပၚ၌ ႏြားမ်ားသယ္လာသည့္ယာဥ္ ပစ္ခတ္ခံရ ေက်ာက္မဲၿမိဳ႕ ျပည္ေထာင္စုလမ္းမႀကီးေပၚ၌ ႏြားမ်ားသယ္လာသည့္ယာဥ္ ပစ္ခတ္ခံရ Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.