ၿမိဳင္ၿမိဳ႕နယ္၌ ေရနံတြင္းမီးေလာင္မႈျဖစ္ပြား

(Zawgyi)⤵⤵⤵
ေနျပည္ေတာ္ ၂ ႏိုဝင္ဘာ

ၿမိဳင္ၿမိဳ႕နယ္၊ ဝယ္ေတာင္ (မ) ေက်း႐ြာအေနာက္ေတာင္ဘက္ ၂ မိုင္ခန႔္အကြာရွိ သေျပညိဳ ေရနံေမွာ္ အတြင္း၌ ႏိုဝင္ဘာလ ၁ ရက္ေန႔ ညေန ၅ နာရီ ၁၅ မိနစ္က ေရနံတြင္းမီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ သေျပညိဳေရနံေမွာ္အတြင္း၌ ဝယ္ေတာင္ (တ) ေက်း႐ြာေန ေရနံတြင္းပိုင္ရွင္ ဖိုးလျပည့္ (၂၇) ႏွစ္ႏွင့္ အလုပ္သမား ကိုျမင့္ေအာင္ (၃၅) ႏွစ္တို႔သည္ အင္ဂ်င္စက္ျဖင့္ ဆီခပ္ေနစဥ္ ေရနံတြင္းဂက္စ္မွတစ္ဆင့္ မီးစတင္ေလာင္ကြၽမ္းခဲ့ရာ ေရနံတြင္း၏ေျမာက္ဘက္ ၁၃ ေပခန႔္အကြာရွိ ၁၅ ေပပတ္လည္ အနက္ ၁၀ ေပခန႔္ ေျမႀကီးအတြင္းေလွာင္ထားသည့္ ေရနံစိမ္း ပီပါ အလုံး ၃၀ ခန႔္အား မီးကူးစက္ေလာင္ကြၽမ္းခဲ့သည္။

မီးေလာင္မႈအား ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့ရာ ည ၈ နာရီ ၂၅ မိနစ္အခ်ိန္တြင္ မီးၿငိမ္းသြားေၾကာင္းႏွင့္ မီးေလာင္မႈႏွင့္ပတ္သက္၍ ဖိုးလျပည့္အား ဗဟင္းနယ္ေျမရဲစခန္းမွ အမႈဖြင့္စစ္ေဆးလ်က္ရွိ ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
--------------
(Unicode)⤵⤵⤵
မြိုင်မြို့နယ်၌ ရေနံတွင်းမီးလောင်မှုဖြစ်ပွား

နေပြည်တော် ၂ နိုဝင်ဘာ

မြိုင်မြို့နယ်၊ ဝယ်တောင် (မ) ကျေးရွာအနောက်တောင်ဘက် ၂ မိုင်ခန့်အကွာရှိ သပြေညို ရေနံမှော် အတွင်း၌ နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်က ရေနံတွင်းမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သပြေညိုရေနံမှော်အတွင်း၌ ဝယ်တောင် (တ) ကျေးရွာနေ ရေနံတွင်းပိုင်ရှင် ဖိုးလပြည့် (၂၇) နှစ်နှင့် အလုပ်သမား ကိုမြင့်အောင် (၃၅) နှစ်တို့သည် အင်ဂျင်စက်ဖြင့် ဆီခပ်နေစဉ် ရေနံတွင်းဂက်စ်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ ရေနံတွင်း၏မြောက်ဘက် ၁၃ ပေခန့်အကွာရှိ ၁၅ ပေပတ်လည် အနက် ၁၀ ပေခန့် မြေကြီးအတွင်းလှောင်ထားသည့် ရေနံစိမ်း ပီပါ အလုံး ၃၀ ခန့်အား မီးကူးစက်လောင်ကျွမ်းခဲ့သည်။

မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၂၅ မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်၍ ဖိုးလပြည့်အား ဗဟင်းနယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ၿမိဳင္ၿမိဳ႕နယ္၌ ေရနံတြင္းမီးေလာင္မႈျဖစ္ပြား ၿမိဳင္ၿမိဳ႕နယ္၌ ေရနံတြင္းမီးေလာင္မႈျဖစ္ပြား Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.