ကြတ္ခိုင္၊ လြယ္ေက်ာက္ေစတီေတာင္ ဘုန္းႀကီး ေက်ာင္း ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး တပ္မေတာ္က သတင္းထုတ္ျပန္

(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ ႏိုဝင္ဘာ ၂

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ကြတ္ခိုင္ၿမိဳ႕နယ္၊ လြယ္ေက်ာက္ေက်း႐ြာ၊ လြယ္ေက်ာက္ ေစတီေတာင္ ဘုန္းႀကီး ေက်ာင္းအား ေအာက္တိုဘာ လ၂၈ ရက္၊ ညေနပိုင္းတြင္ တပ္မေတာ္မွ ၀င္ေရာက္၍ အဆိုပါ ဘုန္းႀကီးေက်ာင္းရွိ ဆရာေတာ္ ဦး၀ဏၰိတအား ႐ိုက္ႏွက္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္းအား သတင္းမီဒီယာအခ်ိဳ႕မွ ေအာက္တို ဘာလ ၃၁ ရက္ေန႔မွ စတင္၍ တစ္ဖက္သတ္ ေဖာ္ျပခ်က္ သတင္းမ်ား ထုတ္လႊင့္ ခဲ့သည္ကို ေတြ႕ရွိရသည္။


ျဖစ္စဥ္အမွန္မွာ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း လုံၿခဳံေရး ေဆာင္႐ြက္ေနေသာ တပ္ဖြဲ႕၀င္မ်ားသည္ အဆိုပါ ဘုန္းႀကီးေက်ာင္းအတြင္း၌ TNLA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ား ကြတ္ခိုင္ၿမိဳ႕အား ေႏွာင့္ယွက္ ပစ္ခတ္ရန္ အတြက္ လက္နက္/ခဲယမ္းမ်ား သို၀ွက္ ထားေၾကာင္း သတင္းအရ ေအာက္တိုဘာ ၂၈ ရက္ ညေနပိုင္းတြင္ တာ၀န္ရွိသူမ်ားႏွင့္ အတူ ၀င္ေရာက္စစ္ေဆးရာ ဆရာေတာ္ ဦး၀ဏၰိတ အား ေတြ႕ရွိရၿပီး ေက်ာင္း၀န္း အတြင္းမွ TNLA ဘက္တံဆိပ္ပါ ယူနီေဖာင္းမ်ား၊ လမ္းေလွ်ာက္ စကားေျပာစက္ႏွင့္ ၎ဆရာေတာ္၏ အိပ္ခန္းအတြင္းမွ မူးယစ္ေဆးဝါးမ်ားႏွင့္ မူးယစ္ေဆးဝါး သုံးစြဲရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားအျပင္ သံဃာ၀တ္ နည္းေတာ္ႏွင့္မညီစြာ အမ်ိဳးသမီးမ်ားႏွင့္ ယွဥ္တြဲ႐ိုက္ကူးထားသည့္ ဓာတ္ပုံမ်ား၊ အရပ္၀တ္ျဖင့္ အမ်ိဳးသမီးမ်ားႏွင့္ ယွဥ္တြဲ႐ိုက္ကူးထားသည့္ ဓာတ္ပုံမ်ား၊ ေျပာက္က်ားယူနီေဖာင္း၀တ္ဆင္၍ ႐ိုက္ထားသည့္ ဓာတ္ပုံမ်ား၊ ဆံပင္တုမ်ားႏွင့္ ညစ္ညမ္းစီဒီေခြမ်ားအား ေတြ႕ရွိရသျဖင့္ လုံၿခဳံေရးအရ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။


ထိုကဲ့သို႔ စစ္ေဆးစဥ္ ဦး၀ဏၰိတ သည္ မူးယစ္ေဆးဝါးသုံးစြဲၿပီး ေဆး အရွိန္ တက္သည့္ပုံစံျဖစ္ေနသျဖင့္ မ်က္ႏွာသစ္ျခင္း၊ မ်က္ႏွာအား ေရေလာင္းျခင္းမ်ား ျပဳေစၿပီးမွ စစ္ေဆးခဲ့ရသည္။


စစ္ေဆးေနခ်ိန္၌လည္း စစ္ေဆးသူမ်ားအား ၿခိမ္းေျခာက္ေျပာဆိုျခင္း၊ ဟိန္းေဟာက္ေျပာဆိုျခင္းမ်ား ျပဳလုပ္ခဲ့သျဖင့္ စစ္ေဆးသည့္ တာ၀န္ရွိသူမ်ားႏွင့္ အခ်င္းမ်ားခဲ့ရသည္။ ဦး၀ဏၰိတ အား စစ္ေဆး ခဲ့ၿပီးေနာက္ တပ္မေတာ္မွ တာ၀န္ရွိ သူမ်ားသည္ ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္ႏွင့္ ၎ထံမွ ရရွိေသာ သံဃာေတာ္ႏွင့္ မအပ္စပ္ေသာပစၥည္းမ်ား၊ ဝိနည္းႏွင့္ မညီေသာ သက္ေသပစၥည္းမ်ား ဓာတ္ပုံ မွတ္တမ္းမ်ားႏွင့္ အတူ ကြတ္ခိုင္ ၿမိဳ႕နယ္ သံဃနာယက ဥကၠဌဆရာေတာ္ ဘဒၵႏၲသုနႏၵ ထံသို႔ သြားေရာက္ ေလွ်ာက္တင္ျပသခဲ့ရာ ဆရာေတာ္မွ အလားတူ ျဖစ္စဥ္မ်ိဳး ျဖစ္ပြားလာပါက သာသနာ ညိဳးႏြမ္းေစမႈျဖင့္ တရားစြဲဆို မည္ဟု ျပန္လည္မိန္႔ၾကားခဲ့ၿပီး တပ္မေတာ္ဘက္ ကိုလည္း ၎ကိစၥမ်ိဳး ျဖစ္ပြားလာပါက သက္ဆိုင္ရာ သံဃအဖြဲ႕အစည္းထံ ဦးစြာတိုင္ၾကား ရန္ႏွင့္ ကိုယ္ထိ လက္ေရာက္ ေဆာင္႐ြက္ျခင္းမ်ား မျပဳရန္ မိန္႔ဆိုခဲ့သည္။


ထို႔အျပင္ ဦးဝဏၰိတ ထံမွရရွိေသာ သံဃာေတာ္ႏွင့္ မအပ္စပ္ေသာ ပစၥည္းမ်ား၊ အၾကမ္းဖက္ ေသာင္းက်န္းသူ မ်ားႏွင့္ ဆက္စပ္မႈရွိႏိုင္ေသာ ပစၥည္းမ်ား၊ မွတ္တမ္း ဓာတ္ပုံမ်ားအား ကြတ္ခိုင္ၿမိဳ႕၊ ပေလာင္ယဥ္ေက်း မႈအဖြဲ႕အားလည္း ေခၚယူျပသ အသိေပးခဲ့သည္။

တပ္မေတာ္အေနျဖင့္ ၎ျဖစ္စဥ္ႏွင့္ ပတ္သက္၍ လိုအပ္သည့္ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္သြားမည္ ျဖစ္ၿပီး စစ္စည္းကမ္းဆိုင္ရာ လိုက္နာမႈအားနည္းျခင္းမ်ား ေတြ႕ရွိရပါက လုပ္ထုံးလုပ္နည္း မ်ားႏွင့္အညီ ဆက္လက္ ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး
ေ႐ႊႀတိဂံေဒသ သတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------------
(Unicode)⤵⤵⤵

ကွတ်ခိုင်၊ လွယ်ကျောက်စေတီတောင် ဘုန်းကြီး ကျောင်း ဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်က သတင်းထုတ်ပြန်

တောင်ကြီး၊ နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွတ်ခိုင်မြို့နယ်၊ လွယ်ကျောက်ကျေးရွာ၊ လွယ်ကျောက် စေတီတောင် ဘုန်းကြီး ကျောင်းအား အောက်တိုဘာ လ၂၈ ရက်၊ ညနေပိုင်းတွင် တပ်မတော်မှ ဝင်ရောက်၍ အဆိုပါ ဘုန်းကြီးကျောင်းရှိ ဆရာတော် ဦးဝဏ္ဏိတအား ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းအား သတင်းမီဒီယာအချို့မှ အောက်တို ဘာလ ၃၁ ရက်နေ့မှ စတင်၍ တစ်ဖက်သတ် ဖော်ပြချက် သတင်းများ ထုတ်လွှင့် ခဲ့သည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အဆိုပါ ဘုန်းကြီးကျောင်းအတွင်း၌ TNLA အကြမ်းဖက် သောင်းကျန်းသူများ ကွတ်ခိုင်မြို့အား နှောင့်ယှက် ပစ်ခတ်ရန် အတွက် လက်နက်/ခဲယမ်းများ သိုဝှက် ထားကြောင်း သတင်းအရ အောက်တိုဘာ ၂၈ ရက် ညနေပိုင်းတွင် တာဝန်ရှိသူများနှင့် အတူ ဝင်ရောက်စစ်ဆေးရာ ဆရာတော် ဦးဝဏ္ဏိတ အား တွေ့ရှိရပြီး ကျောင်းဝန်း အတွင်းမှ TNLA ဘက်တံဆိပ်ပါ ယူနီဖောင်းများ၊ လမ်းလျှောက် စကားပြောစက်နှင့် ၎င်းဆရာတော်၏ အိပ်ခန်းအတွင်းမှ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအပြင် သံဃာဝတ် နည်းတော်နှင့်မညီစွာ အမျိုးသမီးများနှင့် ယှဉ်တွဲရိုက်ကူးထားသည့် ဓာတ်ပုံများ၊ အရပ်ဝတ်ဖြင့် အမျိုးသမီးများနှင့် ယှဉ်တွဲရိုက်ကူးထားသည့် ဓာတ်ပုံများ၊ ပြောက်ကျားယူနီဖောင်းဝတ်ဆင်၍ ရိုက်ထားသည့် ဓာတ်ပုံများ၊ ဆံပင်တုများနှင့် ညစ်ညမ်းစီဒီခွေများအား တွေ့ရှိရသဖြင့် လုံခြုံရေးအရ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ စစ်ဆေးစဉ် ဦးဝဏ္ဏိတ သည် မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေး အရှိန် တက်သည့်ပုံစံဖြစ်နေသဖြင့် မျက်နှာသစ်ခြင်း၊ မျက်နှာအား ရေလောင်းခြင်းများ ပြုစေပြီးမှ စစ်ဆေးခဲ့ရသည်။

စစ်ဆေးနေချိန်၌လည်း စစ်ဆေးသူများအား ခြိမ်းခြောက်ပြောဆိုခြင်း၊ ဟိန်းဟောက်ပြောဆိုခြင်းများ ပြုလုပ်ခဲ့သဖြင့် စစ်ဆေးသည့် တာဝန်ရှိသူများနှင့် အချင်းများခဲ့ရသည်။ ဦးဝဏ္ဏိတ အား စစ်ဆေး ခဲ့ပြီးနောက် တပ်မတော်မှ တာဝန်ရှိ သူများသည် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ၎င်းထံမှ ရရှိသော သံဃာတော်နှင့် မအပ်စပ်သောပစ္စည်းများ၊ ဝိနည်းနှင့် မညီသော သက်သေပစ္စည်းများ ဓာတ်ပုံ မှတ်တမ်းများနှင့် အတူ ကွတ်ခိုင် မြို့နယ် သံဃနာယက ဥက္ကဌဆရာတော် ဘဒ္ဒန္တသုနန္ဒ ထံသို့ သွားရောက် လျှောက်တင်ပြသခဲ့ရာ ဆရာတော်မှ အလားတူ ဖြစ်စဉ်မျိုး ဖြစ်ပွားလာပါက သာသနာ ညိုးနွမ်းစေမှုဖြင့် တရားစွဲဆို မည်ဟု ပြန်လည်မိန့်ကြားခဲ့ပြီး တပ်မတော်ဘက် ကိုလည်း ၎င်းကိစ္စမျိုး ဖြစ်ပွားလာပါက သက်ဆိုင်ရာ သံဃအဖွဲ့အစည်းထံ ဦးစွာတိုင်ကြား ရန်နှင့် ကိုယ်ထိ လက်ရောက် ဆောင်ရွက်ခြင်းများ မပြုရန် မိန့်ဆိုခဲ့သည်။

ထို့အပြင် ဦးဝဏ္ဏိတ ထံမှရရှိသော သံဃာတော်နှင့် မအပ်စပ်သော ပစ္စည်းများ၊ အကြမ်းဖက် သောင်းကျန်းသူ များနှင့် ဆက်စပ်မှုရှိနိုင်သော ပစ္စည်းများ၊ မှတ်တမ်း ဓာတ်ပုံများအား ကွတ်ခိုင်မြို့၊ ပလောင်ယဉ်ကျေး မှုအဖွဲ့အားလည်း ခေါ်ယူပြသ အသိပေးခဲ့သည်။

တပ်မတော်အနေဖြင့် ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး စစ်စည်းကမ်းဆိုင်ရာ လိုက်နာမှုအားနည်းခြင်းများ တွေ့ရှိရပါက လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဦးဝဏ္ဏိတ ထံမှရရှိသော သံဃာတော်နှင့် မအပ်စပ်သော ပစ္စည်းများ၊ အကြမ်းဖက် သောင်းကျန်းသူ များနှင့် ဆက်စပ်မှုရှိနိုင်သော ပစ္စည်းများ၊ မှတ်တမ်း ဓာတ်ပုံများအား ကွတ်ခိုင်မြို့၊ ပလောင်ယဉ်ကျေး မှုအဖွဲ့အားလည်း ခေါ်ယူပြသ အသိပေးခဲ့သည်။

တပ်မတော်အနေဖြင့် ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး စစ်စည်းကမ်းဆိုင်ရာ လိုက်နာမှုအားနည်းခြင်းများ တွေ့ရှိရပါက လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ရွှေတြိဂံဒေသ သတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ကြတ္ခိုင္၊ လြယ္ေက်ာက္ေစတီေတာင္ ဘုန္းႀကီး ေက်ာင္း ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး တပ္မေတာ္က သတင္းထုတ္ျပန္ ကြတ္ခိုင္၊ လြယ္ေက်ာက္ေစတီေတာင္ ဘုန္းႀကီး ေက်ာင္း ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး တပ္မေတာ္က သတင္းထုတ္ျပန္ Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.