ဒီဇင္ဘာလ ကုန္အထိ တန္ ၂သိန္းေလာက္ခြင့္ျပဳဖိုရွိ |
ျမန္မာႏိုင္ငံကေန ျပည္ပကို စပါးတင္ပို႔ခြင့္ကို တန္ခ်ိန္ ၂ သိန္းကေန ၅ သိန္းၾကားအထိ တင္ပို႔ခြင့္ျပဖို႔ရွိၿပီးေတာ့ စပါးတင္ပို႔လိုတဲ့ ကုမၸဏီေတြ အေနနဲ႔ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ကို ေလွ်ာက္ထားႏိုင္တယ္လို႔ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနက လက္ေထာက္အတြင္းဝန္ ဦးခင္ေမာင္လြင္က ဘီဘီစီကို ေျပာပါတယ္။
"စပါးတင္ပို႔ခြင့္ကို လာေလွ်ာက္တဲ့ ကုမၸဏီေတြရွိတယ္၊ စိစစ္ၿပီး ဦးေဆာင္ အဖြဲ႕ကို တင္ျပၿပီးေတာ့ ခြင့္ျပဳေပးသြားမွာပါ" လို႔လည္း သူက ေျပာပါတယ္။
တင္ျပေလွ်ာက္ထားတဲ့ အခါ မွာ ႏွစ္ဘက္ကုန္သည္ေတြခ်ိတ္ဆက္ထားတာေတြ တင္ျပဖို႔လိုမယ္၊အဲဒီတင္ျပမႈေပၚမွာ မူတည္ၿပီးခြင့္ျပဳေပးသြားမယ္လို႔ လည္း ဦးခင္ေမာင္လြင္ ကရွင္းျပပါတယ္။
အရင္ကေတာ့ ျမန္မာစပါးကို တ႐ုတ္ႏိုင္ငံကို အဓိကတင္ပို႔ခဲ့တာ ျဖစ္ၿပီးေတာ့ ၂၀၁၈ ခုႏွစ္ အတြင္းက စၿပီး စပါးကို နယ္စပ္ကေနတင္ပို႔တာကို ျပည္တြင္းက ဆန္စက္လုပ္ငန္းရွင္တခ်ိဳ႕ ကန႔္ကြက္လို အစိုးရက တားျမစ္ခဲ့တာ ျဖစ္ပါတယ္။
ပို႔ကုန္ သြင္းကုန္ သေဘာ ျဖစ္လို႔ကုမၼဏီ အေနနဲ႔ ပဲေလွ်ာက္ရမွာ ျဖစ္ |
အခု ခြင့္ျပဳတဲ့ သေဘာကေတာ့ ပို႔ကုန္ သြင္းကုန္ သေဘာ ျဖစ္လို႔ ကုမၸဏီ အေနနဲ႔ပဲ ေလွ်ာက္ရမွာ ျဖစ္တယ္လို႔လည္း ဦးခင္ေမာင္လြင္က ရွင္းျပပါတယ္။
"ကုမၸဏီေထာင္တာကလည္း အခုက သိပ္ခက္ခဲတဲ့ ကိစၥ မဟုတ္ေတာ့ဘူး။ သတ္မွတ္ခ်က္ ျပည့္စုံရင္ ခြင့္ျပဳေပးေနတာပဲလို႔"သူက ေျပာပါတယ္။
အရင္တုန္းက တ႐ုတ္ကုန္သည္ေတြက ျမန္မာႏိုင္ငံထဲအထိ ကိုယ္တိုင္လာဝယ္တာ ျဖစ္ၿပီးေတာ့ မူဆယ္၊မႏၲေလး တို႔ကေန ေကာ္မရွင္စားေတြ လႊတ္ၿပီး ဝယ္တာလို႔လည္း သာယာဝတီက လယ္သမားတစ္ဦးျဖစ္တဲ့ ဦးဝင္းေဇာ္ဦးက ေျပာပါတယ္။
အဲဒီတုန္းကေတာ့ ကိုယ္စားလွယ္၊စက္ပိုင္၊အဝယ္ဒိုင္ တစ္ဆင့္လာဝယ္ၾကေတာ့ စပါးတင္း တစ္ရာကို ၇ သိန္းေလာက္ အထိေတာ့ ေဈးရခဲ့တယ္လို႔လည္း လယ္သမားႀကီး ဦးဝင္းေဇာ္ဦးက ေျပာပါတယ္။
ဧရာဝတီ၊ပဲခူးနဲ႔ ရန္ကုန္ တိုင္းေဒသႀကီး ၃ခုမွာ က်ပ္ေငြ ၁၃ဘီလ်ံ သုံးၿပီး ဝယ္မယ္။ |
ျပည္တြင္း စပါးေဈး အလြန္မင္း က်ဆင္းတာကို ေျဖရွင္းႏိုင္ဖို႔အတြက္ အစိုးရအေနနဲ႔ ဧရာဝတီ၊ပဲခူးနဲ႔ ရန္ကုန္ တိုင္းတို႔မွာ က်ပ္ေငြ ၁၃ဘီလ်ံ သုံးၿပီး အေျခခံ စပါးေပါက္ေဈးအတိုင္း ဝယ္ယူသြားဖို႔ရွိတယ္လို႔ ဦးခင္ေမာင္လြင္ က ဘီဘီစီကို ေျပာပါတယ္။
" ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြက တင္ျပလာရင္ ဝယ္ယူေပးဖို႔ စီစဥ္ေနတာပါ။ ဧရာဝတီတိုင္းကိုေတာ့ ၆ ဘီလ်ံသုံးဖို႔ရွိတယ္။ ပဲခူးကေတာ့ ၅ဘီလ်ံသုံးမယ္ ရန္ကုန္ က ေတာ့ ၂ ဘီလ်ံပါ။ တင္ဒါေခၚၿပီး ဝယ္မွာပါ။ ဒီရက္ပိုင္းတြင္း ေခၚမွာပါ "လို႔ ဦးခင္ေမာင္လြင္က ေျပာပါတယ္။
အေျခခံေဈးႏႈန္းအျဖစ္ ၄၆ ေပါင္ကိုက္ စပါးတင္းတစ္ရာကို က်ပ္ ၅သိန္းႏႈန္းအျဖစ္ သတ္မွတ္ထား ေပမယ့္ ပဲခူးတိုင္း၊ ဧရာဝတီတိုင္း အပါအဝင္ ေနရာအေတာ္မ်ားမ်ားမွာ ေပါင္ ၅၀ ကိုက္ စပါးတင္းတစ္ရာကို က်ပ္ ၄သိန္းဝန္းက်င္နဲ႔သာ အေရာင္းအဝယ္ျဖစ္ေနတယ္လို႔ ေတာင္သူလယ္သမားေတြထံက သိရပါတယ္။
အစိုဓာတ္ ၁၄ ရာခိုင္ႏႈန္းရွိၿပီး အဖ်င္းအေမွာ္၊ ဖုန္၊ သဲ၊ ခဲ၊ ကင္းစင္ကာ အေရာင္အေသြး သတ္မွတ္ခ်က္ နဲ႔ကိုက္ညီတဲ့ ၄၆ ေပါင္ကိုက္ စပါးတင္း ၁ဝဝ ကို က်ပ္ ၅ သိန္း နဲ႔ဝယ္ဖို႔ ေတာင္သူလယ္သမား အခြင့္အေရးကာကြယ္ေရးနဲ႔ အက်ိဳးစီးပြားျမႇင့္တင္ေရး ဦးေဆာင္အဖြဲ႕က ေအာက္တိုဘာ ၁၅ ရက္က သတင္းထုတ္ ျပန္ထားပါတယ္။
ေအာက္တိုဘာလက အစိုးရက အခ်ိန္မီ ၀ယ္ေပးဖို႔ လယ္သမားေတြကေတာင္းဆို |
ဒုတိယ သမၼတ ၂ ဦးေဆာင္တဲ့ ေတာင္သူလယ္သမားအခြင့္အေရး ကာကြယ္ေရး နဲ႔ အက်ိဳးစီးပြားျမႇင့္တင္ေရး ဦးေဆာင္အဖြဲ ဟာ စပါးတန္ခ်ိန္ ႏွစ္သိန္းေလာက္ အထိကို ျပည္ပတင္ပို႔ခြင့္ကို အခုႏွစ္ကုန္မတိုင္မီ ခြင့္ျပဳေပးဖို႔ ရွိေနပါတယ္။
အစိုးရက လည္းစပါးဝယ္ဖို႔ ရွိသလို စပါးကို ျပည္ပတင္ပို႔ခြင္လည္း ကာလ တစ္ခု သတ္မွတ္ခြင့္ျပဳတာေၾကာင့္ ျပည္တြင္းစပါးေဈး တက္လာဖို႔ရွိတယ္လို႔လည္း ပဲခူးအေနာက္ျခမ္းက လယ္သမားေတြက ေျပာပါတယ္။
"စပါးကို ႏိုင္ငံျခားပို႔ရင္ အရင္က လယ္သမားက ေစ်းတိုက္႐ိုက္ ရေပမယ့္ အခု ဟာက ၾကားထဲမွာ ကုန္သည္ရယ္ ျမန္မာကုမၸဏီရယ္ ႏွစ္ဆင့္ခံၿပီးမွ ေရာက္မယ့္သေဘာ ျဖစ္တယ္။ ေဈးကေတာ့ မႏွစ္ကေလာက္ေတာ့ ရမယ္ မထင္ဘူး။ စပါးေဈးေတာ့ တက္မွာပါ" လို႔ သာယာဝတီက လယ္သမားႀကီး ဦးဝင္းေဇာ္ဦးကေျပာပါတယ္။
BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
စပါးတန်ချိန်၂ သိန်းကနေ ၅ သိန်းကြား ပြည်ပ တင်ပို့ခွင်ပြုမယ်
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒီဇင်ဘာလ ကုန်အထိ တန် ၂သိန်းလောက်ခွင့်ပြုဖိုရှိ
မြန်မာနိုင်ငံကနေ ပြည်ပကို စပါးတင်ပို့ခွင့်ကို တန်ချိန် ၂ သိန်းကနေ ၅ သိန်းကြားအထိ တင်ပို့ခွင့်ပြဖို့ရှိပြီးတော့ စပါးတင်ပို့လိုတဲ့ ကုမ္ပဏီတွေ အနေနဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကို လျှောက်ထားနိုင်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဘီဘီစီကို ပြောပါတယ်။
"စပါးတင်ပို့ခွင့်ကို လာလျှောက်တဲ့ ကုမ္ပဏီတွေရှိတယ်၊ စိစစ်ပြီး ဦးဆောင် အဖွဲ့ကို တင်ပြပြီးတော့ ခွင့်ပြုပေးသွားမှာပါ" လို့လည်း သူက ပြောပါတယ်။
တင်ပြလျှောက်ထားတဲ့ အခါ မှာ နှစ်ဘက်ကုန်သည်တွေချိတ်ဆက်ထားတာတွေ တင်ပြဖို့လိုမယ်၊အဲဒီတင်ပြမှုပေါ်မှာ မူတည်ပြီးခွင့်ပြုပေးသွားမယ်လို့ လည်း ဦးခင်မောင်လွင် ကရှင်းပြပါတယ်။
အရင်ကတော့ မြန်မာစပါးကို တရုတ်နိုင်ငံကို အဓိကတင်ပို့ခဲ့တာ ဖြစ်ပြီးတော့ ၂၀၁၈ ခုနှစ် အတွင်းက စပြီး စပါးကို နယ်စပ်ကနေတင်ပို့တာကို ပြည်တွင်းက ဆန်စက်လုပ်ငန်းရှင်တချို့ ကန့်ကွက်လို အစိုးရက တားမြစ်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ပို့ကုန် သွင်းကုန် သဘော ဖြစ်လို့ကုမ္မဏီ အနေနဲ့ ပဲလျှောက်ရမှာ ဖြစ်
အခု ခွင့်ပြုတဲ့ သဘောကတော့ ပို့ကုန် သွင်းကုန် သဘော ဖြစ်လို့ ကုမ္ပဏီ အနေနဲ့ပဲ လျှောက်ရမှာ ဖြစ်တယ်လို့လည်း ဦးခင်မောင်လွင်က ရှင်းပြပါတယ်။
"ကုမ္ပဏီထောင်တာကလည်း အခုက သိပ်ခက်ခဲတဲ့ ကိစ္စ မဟုတ်တော့ဘူး။ သတ်မှတ်ချက် ပြည့်စုံရင် ခွင့်ပြုပေးနေတာပဲလို့"သူက ပြောပါတယ်။
အရင်တုန်းက တရုတ်ကုန်သည်တွေက မြန်မာနိုင်ငံထဲအထိ ကိုယ်တိုင်လာဝယ်တာ ဖြစ်ပြီးတော့ မူဆယ်၊မန္တလေး တို့ကနေ ကော်မရှင်စားတွေ လွှတ်ပြီး ဝယ်တာလို့လည်း သာယာဝတီက လယ်သမားတစ်ဦးဖြစ်တဲ့ ဦးဝင်းဇော်ဦးက ပြောပါတယ်။
အဲဒီတုန်းကတော့ ကိုယ်စားလှယ်၊စက်ပိုင်၊အဝယ်ဒိုင် တစ်ဆင့်လာဝယ်ကြတော့ စပါးတင်း တစ်ရာကို ၇ သိန်းလောက် အထိတော့ ဈေးရခဲ့တယ်လို့လည်း လယ်သမားကြီး ဦးဝင်းဇော်ဦးက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဧရာဝတီ၊ပဲခူးနဲ့ ရန်ကုန် တိုင်းဒေသကြီး ၃ခုမှာ ကျပ်ငွေ ၁၃ဘီလျံ သုံးပြီး ဝယ်မယ်။
ပြည်တွင်း စပါးဈေး အလွန်မင်း ကျဆင်းတာကို ဖြေရှင်းနိုင်ဖို့အတွက် အစိုးရအနေနဲ့ ဧရာဝတီ၊ပဲခူးနဲ့ ရန်ကုန် တိုင်းတို့မှာ ကျပ်ငွေ ၁၃ဘီလျံ သုံးပြီး အခြေခံ စပါးပေါက်ဈေးအတိုင်း ဝယ်ယူသွားဖို့ရှိတယ်လို့ ဦးခင်မောင်လွင် က ဘီဘီစီကို ပြောပါတယ်။
" ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက တင်ပြလာရင် ဝယ်ယူပေးဖို့ စီစဉ်နေတာပါ။ ဧရာဝတီတိုင်းကိုတော့ ၆ ဘီလျံသုံးဖို့ရှိတယ်။ ပဲခူးကတော့ ၅ဘီလျံသုံးမယ် ရန်ကုန် က တော့ ၂ ဘီလျံပါ။ တင်ဒါခေါ်ပြီး ဝယ်မှာပါ။ ဒီရက်ပိုင်းတွင်း ခေါ်မှာပါ "လို့ ဦးခင်မောင်လွင်က ပြောပါတယ်။
အခြေခံဈေးနှုန်းအဖြစ် ၄၆ ပေါင်ကိုက် စပါးတင်းတစ်ရာကို ကျပ် ၅သိန်းနှုန်းအဖြစ် သတ်မှတ်ထား ပေမယ့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း အပါအဝင် နေရာအတော်များများမှာ ပေါင် ၅၀ ကိုက် စပါးတင်းတစ်ရာကို ကျပ် ၄သိန်းဝန်းကျင်နဲ့သာ အရောင်းအဝယ်ဖြစ်နေတယ်လို့ တောင်သူလယ်သမားတွေထံက သိရပါတယ်။
အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ၊ ကင်းစင်ကာ အရောင်အသွေး သတ်မှတ်ချက် နဲ့ကိုက်ညီတဲ့ ၄၆ ပေါင်ကိုက် စပါးတင်း ၁ဝဝ ကို ကျပ် ၅ သိန်း နဲ့ဝယ်ဖို့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အောက်တိုဘာ ၁၅ ရက်က သတင်းထုတ် ပြန်ထားပါတယ်။
ဓာတ်ပုံ မူပိုင် Ba Thar Chaw
Image caption အောက်တိုဘာလက အစိုးရက အချိန်မီ ဝယ်ပေးဖို့ လယ်သမားတွေကတောင်းဆို
ဒုတိယ သမ္မတ ၂ ဦးဆောင်တဲ့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေး နဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ ဟာ စပါးတန်ချိန် နှစ်သိန်းလောက် အထိကို ပြည်ပတင်ပို့ခွင့်ကို အခုနှစ်ကုန်မတိုင်မီ ခွင့်ပြုပေးဖို့ ရှိနေပါတယ်။
အစိုးရက လည်းစပါးဝယ်ဖို့ ရှိသလို စပါးကို ပြည်ပတင်ပို့ခွင်လည်း ကာလ တစ်ခု သတ်မှတ်ခွင့်ပြုတာကြောင့် ပြည်တွင်းစပါးဈေး တက်လာဖို့ရှိတယ်လို့လည်း ပဲခူးအနောက်ခြမ်းက လယ်သမားတွေက ပြောပါတယ်။
"စပါးကို နိုင်ငံခြားပို့ရင် အရင်က လယ်သမားက ဈေးတိုက်ရိုက် ရပေမယ့် အခု ဟာက ကြားထဲမှာ ကုန်သည်ရယ် မြန်မာကုမ္ပဏီရယ် နှစ်ဆင့်ခံပြီးမှ ရောက်မယ့်သဘော ဖြစ်တယ်။ ဈေးကတော့ မနှစ်ကလောက်တော့ ရမယ် မထင်ဘူး။ စပါးဈေးတော့ တက်မှာပါ" လို့ သာယာဝတီက လယ်သမားကြီး ဦးဝင်းဇော်ဦးကပြောပါတယ်။
BBC Burmese
https://www.bbc.com
စပါးတန္ခ်ိန္၂ သိန္းကေန ၅ သိန္းၾကား ျပည္ပ တင္ပို႔ခြင္ျပဳမယ္
Reviewed by THITHTOOLWIN
on
09:15
Rating: