ရေသ့ေတာင္အနီး ျမန္မာေရတပ္နဲ႔ တိုက္ပြဲျဖစ္ဟု AA ေျပာဆို

ရေသ့ေတာင္အနီး ျမန္မာေရတပ္နဲ႔ တိုက္ပြဲျဖစ္ဟု AA ေျပာဆို
(Zawgyi/Unicode)

ရေသ့ေတာင္ၿမိဳ႕နယ္ ေ႐ြေလာင္းတင္ေက်း႐ြာအနီးမွာ မေန႔ညက တပ္မေတာ္ေရတပ္ေမာ္ေတာ္ေတြကို ရခိုင္လက္နက္ကိုင္ AAအဖြဲ႕က ဒုံးက်ည္နဲ႔ပစ္ခတ္ၿပီး အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့တယ္လို႔ AAဖက္က ေျပာပါတယ္။

တပ္မေတာ္က လက္နက္ႀကီးေတြနဲ႔ ျပန္ ပစ္ခတ္ခဲ့တာေၾကာင့္ ေဒသခံေတြ ေၾကာက္လန႔္ၿပီး ထြတ္ေျပးသြားၾကတယ္လို႔ ေ႐ြေလာင္းတင္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။ ဒီသတင္းအျပည့္အစုံကိုေတာ့ ဗီြအိုေအ သတင္းေထာက္ ကိုသက္ႏိုင္က ေပးပို႔ထားတာပါ။

AA ရခိုင္လက္နက္ကိုင္အဖြဲ႕က ရေသ့ေတာင္ၿမိဳ႕နယ္ ေ႐ြေလာင္းတင္ေက်း႐ြာအနီး စစ္ဆင္ေရး လုပ္ဖို႔ထြက္လာတဲ့ တပ္မေတာ္ ေရတပ္ေမာ္ေတာ္ကို AAအဖြဲ႕က ၾကားျဖတ္ၿပီးေတာ့ ၁၀၇ မီလီမီတာ ဒုံးက်ည္နဲ႔ ပစ္ခတ္ခဲ့တယ္လို႔ AAေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

"မေန႔ညကေပါ့ေနာ္ ဗမာစစ္တပ္ရဲ႕ ဗမာေရတပ္ဖက္ေနၿပီးေတာ့ က်ေနာ္တို႔ကို စစ္ဆင္ေရးလုပ္ဖို႔ ခ်ီတက္လာတဲ့အခ်ိန္ က်ေနာ္တို႔ဖက္ကလည္း သူတို႔ကို ၾကားျဖတ္ၿပီးေတာ့ တိုက္ခိုက္တာရွိတယ္။ ရေသ့ေတာင္ၿမိဳ႕နယ္ ထဲမွာေပါ့ေနာ္။ အဲဒီမွာေတာ့ ဒီက်ေနာ္တို႔ဖက္က ဗမာေရတပ္ကို ၁၀၇ မီလီမီတာ ဒုံးက်ည္နဲ႔ ပစ္ခတ္ခဲ့တာရွိတယ္။ သူတို႔ဘက္က ထိခိုက္ေသဆုံးမႈကိုေတာ့ စုံစမ္းတုန္းပဲ ရွိေသးတယ္ဗ်ာ။ ဗမာစစ္တပ္ဖက္ကေနၿပီးေတာ့ ကမ္းေျခမွာ ရွိတဲ့ ႐ြာေတြကို လက္နက္ႀကီးေတြနဲ႔ အႀကိမ္ေပါင္းမ်ားစြာ ပစ္ခတ္တာရွိတယ္။ အဲဒီမွာ တစ္ခ်ိဳ႕ ႐ြာကို လာထိတာေတြ ရွိတာေပါ့ေနာ္ ႐ြာကအိမ္တစ္ခ်ိဳ႕ ပ်က္စီးတာရွိတယ္လို႔လည္း သိရတယ္ဗ်ာ။ "

အဲဒီေနာက္မွာေတာ့ ႏွစ္ဖက္အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားၿပီး တပ္မေတာ္က ပစ္လိုက္တဲ့ လက္နက္ႀကီး က်ည္ေတြေၾကာင့္ ေ႐ြေလာင္းတင္ ေက်း႐ြာမွာ IRCက ေဆာက္ေပးထားတဲ့ ေဆးခန္းတစ္ခုကိုလည္း လက္နက္ႀကီးက်ည္ ထိမွန္ ခဲ့ ၿပီး ႐ြားသားတစ္ခ်ိဳ႕လည္း ေၾကာက္လန႔္ၿပီး နီးစပ္ရာေက်း႐ြာေတြကို ထြက္ေျပးသြားၾကတယ္လို႔ တယ္လို႔ ေ႐ြေလာင္းတင္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးထြန္းေအး ကေျပာပါတယ္။

" မေန႔က ည ၉နာရီေလာက္မွာ ပစ္သံၾကားတယ္။ ပစ္သံၾကားေတာ့ ႐ြာကလည္း ေၾကာက္ၿပီးေတာ့ အဲလိုအသံေတြလည္း တစ္ခါမွမၾကားဖူးေတာ့ အကုန္လုံးေျပးၾက လႊားၾက ဘုန္းႀကီးေက်ာင္းေတြ ဘာေတြ ေပါ့။က်ေနာ္တို႔႐ြာမွာ IRC ကေပးထားတဲ့ ေဆးခန္းရွိတယ္။ အဲဒီေဆးခန္းကို ႏွစ္ခ်က္ထိတယ္။ မိုးလင္းေတာ့ သြားၾကည့္တယ္။ အခုလက္ရွိမွာ ႐ြာသားေတြကေတာ့ ဥဂၢါ ႐ြာကို ေျပသြားၾကတယ္။ ႐ြာမွာေနတဲ့ သူေတြလည္း ေနခဲ့ၾကတယ္။"

ရေသ့ေတာင္ၿမိဳ႕နယ္မွာ တပ္မေတာ္တိုက္ပြဲပြားခဲ့တယ္လို႔ ေဒသခံေတြနဲ႔ AAအဖြဲ႕ကေျပာေပမယ့္ ဘာတိုက္ပြဲမွမျဖစ္ဘူးလို႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ဝင္းေဇာ္ဦးက ေျပာပါတယ္။

"မဟုတ္ဘူး က်ေနာ္ေျပာတာမဟုတ္ဘူး ေနဗီက ဘယ္မွကို မသြားဘူး မဟုတ္ဘူး။"

မေန႔ကလည္း ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ အထြက္မွာ တပ္မေတာ္စစ္ေၾကာင္းတစ္ခုကို AAရခိုင္လက္နက္ကိုင္အဖြဲ႕က အေဝးထိန္း မိုင္းဆြဲတိုက္ခိုက္တာ လုပ္ခဲ့ပါတယ္။

......................

ရသေ့တောင်အနီး မြန်မာရေတပ်နဲ့ တိုက်ပွဲဖြစ်ဟု AA ပြောဆို

(Unicode)

ရသေ့တောင်မြို့နယ် ရွေလောင်းတင်ကျေးရွာအနီးမှာ မနေ့ညက တပ်မတော်ရေတပ်မော်တော်တွေကို ရခိုင်လက်နက်ကိုင် AAအဖွဲ့က ဒုံးကျည်နဲ့ပစ်ခတ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ AAဖက်က ပြောပါတယ်။ တပ်မတော်က လက်နက်ကြီးတွေနဲ့ ပြန် ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ကြောက်လန့်ပြီး ထွတ်ပြေးသွားကြတယ်လို့ ရွေလောင်းတင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗီအိုအေ သတင်းထောက် ကိုသက်နိုင်က ပေးပို့ထားတာပါ။

AA ရခိုင်လက်နက်ကိုင်အဖွဲ့က ရသေ့တောင်မြို့နယ် ရွေလောင်းတင်ကျေးရွာအနီး စစ်ဆင်ရေး လုပ်ဖို့ထွက်လာတဲ့ တပ်မတော် ရေတပ်မော်တော်ကို AAအဖွဲ့က ကြားဖြတ်ပြီးတော့ ၁၀၇ မီလီမီတာ ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တယ်လို့ AAပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"မနေ့ညကပေါ့နော် ဗမာစစ်တပ်ရဲ့ ဗမာရေတပ်ဖက်နေပြီးတော့ ကျနော်တို့ကို စစ်ဆင်ရေးလုပ်ဖို့ ချီတက်လာတဲ့အချိန် ကျနော်တို့ဖက်ကလည်း သူတို့ကို ကြားဖြတ်ပြီးတော့ တိုက်ခိုက်တာရှိတယ်။ ရသေ့တောင်မြို့နယ် ထဲမှာပေါ့နော်။ အဲဒီမှာတော့ ဒီကျနော်တို့ဖက်က ဗမာရေတပ်ကို ၁၀၇ မီလီမီတာ ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာရှိတယ်။ သူတို့ဘက်က ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းတုန်းပဲ ရှိသေးတယ်ဗျာ။ ဗမာစစ်တပ်ဖက်ကနေပြီးတော့ ကမ်းခြေမှာ ရှိတဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်တာရှိတယ်။ အဲဒီမှာ တစ်ချို့ ရွာကို လာထိတာတွေ ရှိတာပေါ့နော် ရွာကအိမ်တစ်ချို့ ပျက်စီးတာရှိတယ်လို့လည်း သိရတယ်ဗျာ။ "

အဲဒီနောက်မှာတော့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး တပ်မတော်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေကြောင့် ရွေလောင်းတင် ကျေးရွာမှာ IRCက ဆောက်ပေးထားတဲ့ ဆေးခန်းတစ်ခုကိုလည်း လက်နက်ကြီးကျည် ထိမှန် ခဲ့ ပြီး ရွားသားတစ်ချို့လည်း ကြောက်လန့်ပြီး နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးသွားကြတယ်လို့ တယ်လို့ ရွေလောင်းတင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းအေး ကပြောပါတယ်။

" မနေ့က ည ၉နာရီလောက်မှာ ပစ်သံကြားတယ်။ ပစ်သံကြားတော့ ရွာကလည်း ကြောက်ပြီးတော့ အဲလိုအသံတွေလည်း တစ်ခါမှမကြားဖူးတော့ အကုန်လုံးပြေးကြ လွှားကြ ဘုန်းကြီးကျောင်းတွေ ဘာတွေ ပေါ့။ကျနော်တို့ရွာမှာ IRC ကပေးထားတဲ့ ဆေးခန်းရှိတယ်။ အဲဒီဆေးခန်းကို နှစ်ချက်ထိတယ်။ မိုးလင်းတော့ သွားကြည့်တယ်။အခုလက်ရှိမှာ ရွာသားတွေကတော့ ဥဂ္ဂါ ရွာကို ပြေသွားကြတယ်။ ရွာမှာနေတဲ့ သူတွေလည်း နေခဲ့ကြတယ်။"

ရသေ့တောင်မြို့နယ်မှာ တပ်မတော်တိုက်ပွဲပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ AAအဖွဲ့ကပြောပေမယ့် ဘာတိုက်ပွဲမှမဖြစ်ဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဝင်းဇော်ဦးက ပြောပါတယ်။

"မဟုတ်ဘူး ကျနော်ပြောတာမဟုတ်ဘူး နေဗီက ဘယ်မှကို မသွားဘူး မဟုတ်ဘူး။"

မနေ့ကလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အထွက်မှာ တပ်မတော်စစ်ကြောင်းတစ်ခုကို AAရခိုင်လက်နက်ကိုင်အဖွဲ့က အဝေးထိန်း မိုင်းဆွဲတိုက်ခိုက်တာ လုပ်ခဲ့ပါတယ်။

သက္ႏိုင္/ VOA Burmese
https://burmese.voanews.com
ရေသ့ေတာင္အနီး ျမန္မာေရတပ္နဲ႔ တိုက္ပြဲျဖစ္ဟု AA ေျပာဆို ရေသ့ေတာင္အနီး ျမန္မာေရတပ္နဲ႔ တိုက္ပြဲျဖစ္ဟု AA ေျပာဆို Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.