နေအိမ်ခြံဝင်းအတွင်း တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံးတစ်လုံးတွေ့ရှိ


(Zawgyi)⤵⤵⤵
နမ္မတီး နိုဝင်ဘာ ၁၃



မိုဃ်းကျ(မြစ်ကြီးနား)
Myanmaalinn
---------------
(Unicode)⤵⤵⤵
နေအိမ်ခြံဝင်ဒအတွင်း တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံးတစ်လုံးတွေ့ရှိ

နမ္မတီး နိုဝင်ဘာ ၁၃
ကချင်ပြည်နယ် နမ္မတီးမြို့တွင် နိုဝင်ဘာ ၁၂ ရက်က နေအိမ်ခြံဝင်း အတွင်း တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံးတစ်လုံးအား တွေ့ရှိခဲ့ကြောင်း မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၂ရ က် နံနက် ၈ နာရီက နမ္မတီးမြို့ မြို့မရပ်ကွက် အိမ်အမှတ်(၁၇၂)နေ ဒေါ်သန်းရင်(၆၈)နှစ်၏ နေအိမ်ခြံဝင်း အတွင်း လက်ပစ်ဗုံးတစ်လုံးတွေ့ရှိကြောင်း အိမ်ရှင် ဒေါ်သန်းရင်မှ နယ်မြေခံပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းနိုင်ဦးထံ ဆက်သွယ် အကြောင်းကြားခဲ့ရာ ၎င်းမှတဆင့် တာဝန်ရှိသူများအား ဆက်လက် အကြောင်းကြားခဲ့သဖြင့် နယ်မြေခံတပ်မတော် တပ်ရင်းမှ အရာရှိ စစ်သည်များ၊နယ်မြေရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အသိ သက်သေများ လာရောက်စစ်ဆေးရာ တွေ့ရှိရသည့် လက်ပစ်ဗုံးမှ တရုတ်စာတမ်းပါ အစိမ်းရောင် လက်ပစ်ဗုံးတစ်လုံးဖြစ်ပြီး လက်ပစ် ဗုံးတွင် လုံခြုံရေးစို့မပါရှိဘဲ လက်ပစ်ဗုံး၏ လီဗာတံမှာ အဆိုပါ တွေ့ရှိ သည့် လက်ပစ်ဗုံးနေရာမှ (၃)ပေခန့်အကွာတွင် စစ်ဆေးတွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်ကြောင့် နယ်မြေခံ တပ်မတော်သားများက ပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ် ကင်းဝေးစေရေး စနစ်တကျ သိမ်းဆည်းခဲ့ပြီး အဆိုပါ လက်ပစ်ဗုံးတွေ့ရှိသည့် နေအိမ်တွင် အမျိုးသမီး(၃)ဦးသာနေထိုင်ကြောင်း သတင်းရရှိသည်။

မိုဃ်းကျ(မြစ်ကြီးနား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
နေအိမ်ခြံဝင်းအတွင်း တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံးတစ်လုံးတွေ့ရှိ နေအိမ်ခြံဝင်းအတွင်း တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံးတစ်လုံးတွေ့ရှိ Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.