ျမန္မာအေပၚ ICJ မွာ တရားစြဲဆိုမႈ ေရွ႕အလားအလာ

International Court of Justice- ICJ ႏိုင္ငံတကာတရားရံုး
(Zawgyi/Unicode)

ကမၻာအျမင့္ဆံုး တရားရံုးျဖစ္တဲ့ ICJ မွာ ျမန္မာအစိုးရကို လူမ်ဳိးတုံးသတ္ျဖတ္မႈတားဆီးေရး စာခ်ဳပ္ ခ်ဳိးေဖာက္မႈနဲ႔ အမႈစဲြတင္လို္က္တဲ့ကိစၥဟာ ကမၻာ့ႏိုင္ငံအမ်ားစုလုပ္ဖို႔ခဲယဥ္းတဲ့ ႏိုင္ငံေရးအရႀကံဳ ေတြ႕ရမယ့္ အႏၱရာယ္ေတြကို ရင္ဆိုင္ၿပီးလုပ္ေဆာင္ခဲ့တဲ့ ဂမ္ဘီယာ ဒီမိုကရက္တစ္ အစိုးရသစ္ကို ေလးစားခ်ီးက်ဴးမိေၾကာင္း နယူးေရာက္ အေျခစိုက္ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖဲြ႔ႀကီးက ဗီြအိုေအကို ေျပာပါတယ္။

အခုလို ျမန္မာကို ICJ တရားရံုးမွာ အမႈဖြင့္လိုက္တဲ့အတြက္ ေရွ႕ဆက္အလားအလာေတြနဲ႔ ပတ္သက္လို႔ မအင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။

ရိုဟင္ဂ်ာမြတ္စလင္ေတြအေပၚ လူမ်ဳိးတုန္းသတ္ျဖတ္မႈကို အေရးယူအျပစ္ေပးဖို႔နဲ႕ အကာအကြယ္ေပး ဖို႔ ပ်က္ကြက္ခဲ့တယ္ဆိုတဲ့ စဲြခ်က္နဲ႔ ျမန္မာအစိုးရကို International Court of Justice- ICJ ႏိုင္ငံတကာတရားရံုးမွာ ဂမ္ဘီယာႏိုင္ငံက ႏို၀င္ဘာလ (၁၁) ရက္ တနလၤာေန႔က အမႈစဲြတင္လိုက္တာနဲ႔ ပတ္သက္လို႔ နယူးေရာက္အေျခစိုက္ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖဲြ႔ႀကီးရဲ႕ အာရွေရးရာတာ၀န္ခံ Brad Adams က အခုလိုေျပာပါတယ္။

“အဖဲြ႔၀င္ ၅၇ ႏိုင္ငံပါ၀င္တဲ့ OIC အစၥလာမ္မစ္ပူးေပါင္းေဆာင္ရြက္ေရးအဖဲြ႔ကို ကိုယ္စားျပဳၿပီး ဂမ္ဘီယာႏိုင္ငံက ျမန္မာအစိုးရကို အမႈစဲြတင္ရတဲ့ အေၾကာင္းအရင္းမွာ ေျပာထားတဲ့အခ်က္ေတြက နံပါတ္ (၁) ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးက ေတြ႕ရွိခဲ့တဲ့ အေထာက္အထားေတြအရ လူမ်ဳိးေရး ဒါမွမဟုတ္ ဘာသာေရးအရ ကဲြျပားေနတဲ့ အသိုင္းအ၀ိုင္း တခုလံုး ဒါမွမဟုတ္ အစိတ္အပိုင္းတခုလံုးကို ေသေၾကပ်က္စီးေအာင္ လုပ္ခဲ့တဲ့အတြက္ လူမ်ဳိးတုန္းသတ္ျဖတ္မႈ ဆိုတဲ့ ျပစ္မႈ ေျမာက္ေၾကာင္း၊ နံပါတ္ (၂) ရိုဟင္ဂ်ာေတြအေပၚ ေနာက္ထပ္ ျပစ္မႈက်ဴးလြန္မႈေတြ မျဖစ္ေပၚေစေရး ရပ္တန္႔ေအာင္ ICJ တရားရံုးအေနနဲ႕ အမိန္႔ထုတ္ျပန္ၿပီး ျမန္မာအစိုးရကို တားျမစ္ဖို႔ ျဖစ္ပါတယ္။”

လူမ်ဳိးုတုန္းသတ္ျဖတ္မႈဟာ ႏိုင္ငံတကာ ရာဇ၀တ္က်ဴးလြန္မႈျဖစ္ၿပီး ICJ ႏိုင္ငံတကာတရားရံုး ကိုဖဲြ႔စည္းခဲ့တာဟာ ႏိုင္ငံတကာဥပေဒေတြကို ခ်ဳိးေဖာက္တဲ့ ႏိုင္ငံေတြကို အျခားႏိုင္ငံ တႏိုင္ငံက တရားစဲြႏိုင္ဖို႔အတြက္ ျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။

နယ္သာလန္ႏိုင္ငံ the Hague အေျခစိုက္ ICJ ႏိုင္ငံတကာ တရားရံုးကို တရားသူႀကီး ၁၅ ဦးနဲ႔ ဖဲြ႕စည္းထားတာျဖစ္ပါတယ္။ ဂန္ဘီယာအစိုးရေရွ႕ေနအဖဲြ႔ကေတာ့ သူတို႔ စဲြတင္ထားတဲ့အမႈကို တရားရံုးက လာမယ့္ ဒီဇင္ဘာလမွာ ၾကားနာစစ္ေဆးဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ဆိုပါတယ္။

အဲဒီလို ICJ က စတင္ ၾကားနာစစ္ေဆးၿပီဆိုတာနဲ႔ ျမန္မာအစိုးရ၊ လံုၿခံဳေရးေကာင္စီ ဒါမွမဟုတ္ ႏွစ္ခုစလံုး ဆင့္ေခၚၿပီဆိုရင္ တရားရံုးမွာ မျဖစ္မေန ရင္ဆိုင္ေျဖရွင္းရမွာျဖစ္တယ္လို႔ ႏိုင္ငံတကာဥပေဒပညာရွင္ေတြက ေျပာပါတယ္။

ေရွ႕ဆက္ျဖစ္လာမယ့္ အလားအလာနဲ႔ ပတ္သက္လို႔ Brad Adams ကအခုလို ေျပာပါတယ္။

“တကယ္လို႔မ်ား ျမန္မာဟာ လူမ်ဳိးတုန္းသတ္ျဖတ္မႈကို က်ဴးလြန္ခဲ့တယ္ဆိုတာကို ICJ ႏိုင္ငံတကာတရားရံုးက ေတြ႕ရွိမယ္ဆိုရင္ ျမန္မာအေပၚ ပိတ္ဆို႔အေရးယူမႈေတြဟာ အခု က်ေနာ္တို႔ ျမင္ေနရတာထက္ ပိုၿပီး ထိေရာက္ျပင္းထန္မယ့္ ဒဏ္ခတ္အေရးယူမႈေတြ ေတြ႕ရလိမ့္မယ္လို႔ က်ေနာ္ထင္ပါတယ္။ ICJ ဟာ ရာဇ၀တ္၀တ္ခံုရံုးမဟုတ္တဲ့အတြက္ အဓိကတာ၀န္ရွိတဲ့ ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႕အျခားသူေတြကို အေရးယူဖို႔ ဖမ္း၀ရမ္းေတာ့ မထုတ္ႏိုင္ပါဘူး။ တကယ္လို႔ ျမန္မာစစ္တပ္က လူမ်ဳိးတုန္းသတ္ျဖတ္မႈကို က်ဴးလြန္ခဲ့တယ္ဆိုတာကို ေတြ႕ရွိခဲ့မယ္ဆိုရင္ ႏိုင္ငံတကာ အသိုင္းအ၀ိုင္းဘက္က အလြန္ျပင္းထန္တဲ့ အေရးယူမႈေတြကို က်ေနာ္တို႔ ျမင္ရပါလိမ့္မယ္။ ဒါေပမယ့္ လံုၿခံဳေရးေကာင္စီအေနနဲ႔ ဆက္လက္အေရးယူေဆာင္ရြက္မယ့္ အေျခအေနေတာ့ က်ေနာ္မျမင္ပါဘူး။”

ေဟာင္ေကာင္အေျခစိုက္ အာရွလူ႕အခြင့္အေရးေကာ္မရွင္က ေရွ႕ေန ဦးမင္းလြင္ဦးရဲ႕ အျမင္ကေတာ့

“အျပစ္ရွိေၾကာင္း ေတြ႔တယ္ဆိုရင္ က်ေနာ္တို႔ ျပည္တြင္းဥပေဒ ျပဌာန္းခ်က္အရ ျပည္တြင္းမွာ ရံုးတင္စစ္ေဆးၿပီးေတာ့လည္း အေရးယူႏိုင္တယ္လို႔ ျပဌာန္းထားတဲ့ ျပဌာန္းခ်က္ရွိတယ္။ ဆိုေတာ့ အဲဒီအတိုင္း ဆက္လက္အေရးယူ ေဆာင္ရြက္သြားရင္ ဒီႏိုင္ငံတကာ တရားရံုးအထိ ေရာက္လာစရာအေၾကာင္းမရွိဘူးေပါ့ေလ။ အေရးယူထားၿပီးသား အမႈေတြ ရွိၿပီးျဖစ္သလို ေနာက္ထပ္သက္ေသေတြရွိလို႔ ေနာက္ထပ္ေတြ႔ရွိခ်က္ေတြအေပၚမွာ အေရးယူဖို႔ ျဖစ္လာတယ္ဆိုရင္လည္း က်ေနာ္တို႔ ျပည္တြင္းမွာရွိတဲ့ အစိုးရ ကိုယ္တိုင္က ႏိုင္ငံတကာ ဥပေဒကို လိုက္နာရမယ့္ ဓေလ့ထံုးတန္းေတြအရ လိုက္နာၿပီးေတာ့ ျပည္တြင္းတရားရံုးေတြမွာ စစ္ေဆးစီရင္ၿပီးေတာ့ အျပစ္ေပးႏိုင္တဲ့အေျခအေနမ်ိဳးျဖစ္တယ္လို႔ က်ေနာ္ျမင္ပါတယ္။”

မြတ္စလင္ အမ်ားစုေနထိုင္တဲ့ ဂမ္ဘီယာဟာ အေနာက္အာဖရိက ႏိုင္ငံငယ္တခုျဖစ္ၿပီး လူဦးေရ ၂ သန္းေက်ာ္ပဲရွိပါတယ္။ ဒါေပမယ့္ လက္ရွိ ဂမ္ဘီယာ အစိုးရသစ္ဟာ ဒီမိုကရက္တစ္အစိုးရျဖစ္ၿပီး သူတို႔ကိုယ္တိုင္ အာဏာရွင္စနစ္နဲ႔ လူ႕အခြင့္အေရးခ်ဳိးေဖာက္မႈေတြကို ရင္ဆုိင္ခံရတဲ့ အေတြ႕အႀကံဳေတြ ရွိခဲ့တယ္လို႔ Brad Adams ကေျပာပါတယ္။

“ဂမ္ဘီယာအစိုးရလိုမ်ဳိး အခ်ိန္ကုန္ အပင္ပမ္းခံ ႀကိဳးစားၿပီး၊ ႏိုင္ငံေရးအရလည္း အႏၱရာယ္မ်ားတဲ့ ကိစၥမ်ဳိးကို ရင္ဆိုင္ၿပီး လုပ္တဲ့ အစိုးရမ်ဳိး အလြန္ရွားပါတယ္။ ႏိုင္ငံတကာတရားရံုးလုိမ်ဳိးမွာ ႏိုင္ငံအခ်င္းခ်င္း အမႈရင္ဆိုင္ရတာမ်ဳိး ႏိုင္ငံအမ်ားစုက ႀကိဳက္ႏွစ္သက္တာမဟုတ္ပါဘူး။ ဒါေပမယ့္ ဂမ္ဘီယာႏိုင္ငံက အစိုးရသစ္မွာ အလြန္ဆိုးရြားတဲ့ အာဏာရွင္စနစ္နဲ႔ လူ႔အခြင့္အေရး ျပႆနာေတြကို သူတို႔ကိုယ္တိုင္ ရင္ဆိုင္ခဲ့ရတဲ့ အေတြ႕အႀကံဳရွိထားပါတယ္။ အခု ဒီမိုကေရစီ ေရြးေကာက္ပဲြကေန အႏိုင္ရလာတဲ့ အစိုးရသစ္မွာ တာ၀န္ထမ္းေဆာင္ေနတဲ့ ေရွ႕ေနခ်ဳပ္ဟာ လူ႔အခြင့္အေရး စံျပပုဂၢိဳလ္တဦးပါ။ အခုလို ႏိုင္ငံတကာတရားရံုးမွာ အမႈဖြင့္တရားစဲြဖို႔ ဂမ္ဘီယာက ဦးေဆာင္ၿပီးလုပ္ခဲ့တာကို က်ေနာ္တို႔ အလြန္ပဲ ခ်ီးက်ဴး ေထာမနာျပဳပါတယ္။”

ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္ခံထားျခင္းမရွိတဲ့ ျမန္မာအစိုးရကေတာ့ အခုလို ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ျပႆနာမွာ ႏိုင္ငံတကာ တရားရံုးေတြ၊ ခံုရံုးေတြ ပါ၀င္ပတ္သက္စရာမလိုေၾကာင္းနဲ႔ ကိုယ္ပိုင္ဖဲြစည္းထားတဲ့ ႏိုင္ငံတကာ စံုစမ္းစစ္ေဆးေရးေကာ္မရွင္နဲ႔ ကိုင္တြယ္ေဆာင္ရြက္ေနေၾကာင္း အရင္က တံု႔ျပန္ေျပာဆိုထားတာပါ။

၁၉၄၈ ခုႏွစ္ကုလသမဂၢရဲ႕ လူမ်ဳိးတုန္းသတ္ျဖတ္မႈ တားဆီးေရးဆိုင္ရာ သေဘာတူညီခ်က္ကို ျမန္မာက ၁၉၅၇ခုနွစ္မွာ လက္မွတ္ေရးထိုးထားပါတယ္။ ဒီသေဘာတူစာခ်ဳပ္အရ အျခားႏိုင္ငံတႏိုင္ငံ အေနနဲ႔ သူတို႔လိုက္နာရမယ့္ တာ၀န္ကို ခ်ဳိးေဖာက္တယ္လို႔ ယူဆတယ္ဆို ရင္ ICJ ႏိုင္ငံတကာတရားရံုး အေနနဲ႔ ကိုင္တြယ္ တရားစီရင္ခြင့္ ေပးထားတဲ့ ျပဌာန္းခ်က္ပါ၀င္ေနပါတယ္။ အခု ဂမ္ဘီယာႏိုင္ငံက ဒီျပဌာန္းခ်က္နဲ႔အညီ အဖဲြ႔၀င္ ၅၇ ႏိုင္ငံပါ၀င္တဲ့ OIC အစၥလာမ္မစ္ပူးေပါင္းေဆာင္ရြက္ေရး အဖဲြ႔အစည္းကို ကိုယ္စားျပဳၿပီး ျမန္မာကို စာခ်ဳပ္ ခ်ဳိးေဖာက္မႈနဲ႔ ကုလသမဂၢရဲ႕ အျမင့္ဆံုးတရားရံုးမွာ အမႈစဲြတင္ေလ်ာက္ထားခဲ့တာျဖစ္ပါတယ္။

ICJ တရားရံုးအေနနဲ႔ ျမန္မာ အမႈမတိုင္ခင္ ဆာဗာရီယားႏိုင္ငံမွာ လူမ်ဳိးတုံးသတ္ျဖတ္မႈက်ဴး လြန္ခဲ့တယ္ဆိုတဲ့စဲြခ်က္နဲ႔ Bosnia နဲ႕ Herzegovina က ၁၉၉၃ခုႏွစ္မွာ အမႈဖြင့္ တိုင္ၾကားခဲ့တဲ့ အမႈကို ICJ ဘက္က ေလးနွစ္ၾကာ စစ္ေဆးခဲ့ၿပီး Bosnia ဘက္ကို အႏိုင္ေပးခဲ့တဲ့ မွတ္တမ္းရွိခဲ့ပါတယ္။

..................

မြန်မာအပေါ် ICJ မှာ တရားစွဲဆိုမှု ရှေ့အလားအလာ

(Unicode)

ကမ္ဘာအမြင့်ဆုံး တရားရုံးဖြစ်တဲ့ ICJ မှာ မြန်မာအစိုးရကို လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး စာချုပ် ချိုးဖောက်မှုနဲ့ အမှုစွဲတင်လိုက်တဲ့ကိစ္စဟာ ကမ္ဘာ့နိုင်ငံအများစုလုပ်ဖို့ခဲယဉ်းတဲ့ နိုင်ငံရေးအရကြုံ တွေ့ရမယ့် အန္တရာယ်တွေကို ရင်ဆိုင်ပြီးလုပ်ဆောင်ခဲ့တဲ့ ဂမ်ဘီယာ ဒီမိုကရက်တစ် အစိုးရသစ်ကို လေးစားချီးကျူးမိကြောင်း နယူးရောက် အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက ဗွီအိုအေကို ပြောပါတယ်။

အခုလို မြန်မာကို ICJ တရားရုံးမှာ အမှုဖွင့်လိုက်တဲ့အတွက် ရှေ့ဆက်အလားအလာတွေနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကို အရေးယူအပြစ်ပေးဖို့နဲ့ အကာအကွယ်ပေး ဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာအစိုးရကို International Court of Justice- ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက နိုဝင်ဘာလ (၁၁) ရက် တနင်္လာနေ့က အမှုစွဲတင်လိုက်တာနဲ့ ပတ်သက်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က အခုလိုပြောပါတယ်။

“အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်တဲ့ OIC အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ကိုယ်စားပြုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာအစိုးရကို အမှုစွဲတင်ရတဲ့ အကြောင်းအရင်းမှာ ပြောထားတဲ့အချက်တွေက နံပါတ် (၁) မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးက တွေ့ရှိခဲ့တဲ့ အထောက်အထားတွေအရ လူမျိုးရေး ဒါမှမဟုတ် ဘာသာရေးအရ ကွဲပြားနေတဲ့ အသိုင်းအဝိုင်း တခုလုံး ဒါမှမဟုတ် အစိတ်အပိုင်းတခုလုံးကို သေကြေပျက်စီးအောင် လုပ်ခဲ့တဲ့အတွက် လူမျိုးတုန်းသတ်ဖြတ်မှု ဆိုတဲ့ ပြစ်မှု မြောက်ကြောင်း၊ နံပါတ် (၂) ရိုဟင်ဂျာတွေအပေါ် နောက်ထပ် ပြစ်မှုကျူးလွန်မှုတွေ မဖြစ်ပေါ်စေရေး ရပ်တန့်အောင် ICJ တရားရုံးအနေနဲ့ အမိန့်ထုတ်ပြန်ပြီး မြန်မာအစိုးရကို တားမြစ်ဖို့ ဖြစ်ပါတယ်။”

လူမျိုးုတုန်းသတ်ဖြတ်မှုဟာ နိုင်ငံတကာ ရာဇဝတ်ကျူးလွန်မှုဖြစ်ပြီး ICJ နိုင်ငံတကာတရားရုံး ကိုဖွဲ့စည်းခဲ့တာဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တဲ့ နိုင်ငံတွေကို အခြားနိုင်ငံ တနိုင်ငံက တရားစွဲနိုင်ဖို့အတွက် ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

နယ်သာလန်နိုင်ငံ the Hague အခြေစိုက် ICJ နိုင်ငံတကာ တရားရုံးကို တရားသူကြီး ၁၅ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဂန်ဘီယာအစိုးရရှေ့နေအဖွဲ့ကတော့ သူတို့ စွဲတင်ထားတဲ့အမှုကို တရားရုံးက လာမယ့် ဒီဇင်ဘာလမှာ ကြားနာစစ်ဆေးဖို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။

အဲဒီလို ICJ က စတင် ကြားနာစစ်ဆေးပြီဆိုတာနဲ့ မြန်မာအစိုးရ၊ လုံခြုံရေးကောင်စီ ဒါမှမဟုတ် နှစ်ခုစလုံး ဆင့်ခေါ်ပြီဆိုရင် တရားရုံးမှာ မဖြစ်မနေ ရင်ဆိုင်ဖြေရှင်းရမှာဖြစ်တယ်လို့ နိုင်ငံတကာဥပဒေပညာရှင်တွေက ပြောပါတယ်။

ရှေ့ဆက်ဖြစ်လာမယ့် အလားအလာနဲ့ ပတ်သက်လို့ Brad Adams ကအခုလို ပြောပါတယ်။

“တကယ်လို့များ မြန်မာဟာ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်ဆိုတာကို ICJ နိုင်ငံတကာတရားရုံးက တွေ့ရှိမယ်ဆိုရင် မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေဟာ အခု ကျနော်တို့ မြင်နေရတာထက် ပိုပြီး ထိရောက်ပြင်းထန်မယ့် ဒဏ်ခတ်အရေးယူမှုတွေ တွေ့ရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ICJ ဟာ ရာဇဝတ်ဝတ်ခုံရုံးမဟုတ်တဲ့အတွက် အဓိကတာဝန်ရှိတဲ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့အခြားသူတွေကို အရေးယူဖို့ ဖမ်းဝရမ်းတော့ မထုတ်နိုင်ပါဘူး။ တကယ်လို့ မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က အလွန်ပြင်းထန်တဲ့ အရေးယူမှုတွေကို ကျနော်တို့ မြင်ရပါလိမ့်မယ်။ ဒါပေမယ့် လုံခြုံရေးကောင်စီအနေနဲ့ ဆက်လက်အရေးယူဆောင်ရွက်မယ့် အခြေအနေတော့ ကျနော်မမြင်ပါဘူး။”

ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးရဲ့ အမြင်ကတော့

“အပြစ်ရှိကြောင်း တွေ့တယ်ဆိုရင် ကျနော်တို့ ပြည်တွင်းဥပဒေ ပြဌာန်းချက်အရ ပြည်တွင်းမှာ ရုံးတင်စစ်ဆေးပြီးတော့လည်း အရေးယူနိုင်တယ်လို့ ပြဌာန်းထားတဲ့ ပြဌာန်းချက်ရှိတယ်။ ဆိုတော့ အဲဒီအတိုင်း ဆက်လက်အရေးယူ ဆောင်ရွက်သွားရင် ဒီနိုင်ငံတကာ တရားရုံးအထိ ရောက်လာစရာအကြောင်းမရှိဘူးပေါ့လေ။ အရေးယူထားပြီးသား အမှုတွေ ရှိပြီးဖြစ်သလို နောက်ထပ်သက်သေတွေရှိလို့ နောက်ထပ်တွေ့ရှိချက်တွေအပေါ်မှာ အရေးယူဖို့ ဖြစ်လာတယ်ဆိုရင်လည်း ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ အစိုးရ ကိုယ်တိုင်က နိုင်ငံတကာ ဥပဒေကို လိုက်နာရမယ့် ဓလေ့ထုံးတန်းတွေအရ လိုက်နာပြီးတော့ ပြည်တွင်းတရားရုံးတွေမှာ စစ်ဆေးစီရင်ပြီးတော့ အပြစ်ပေးနိုင်တဲ့အခြေအနေမျိုးဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။”

မွတ်စလင် အများစုနေထိုင်တဲ့ ဂမ်ဘီယာဟာ အနောက်အာဖရိက နိုင်ငံငယ်တခုဖြစ်ပြီး လူဦးရေ ၂ သန်းကျော်ပဲရှိပါတယ်။ ဒါပေမယ့် လက်ရှိ ဂမ်ဘီယာ အစိုးရသစ်ဟာ ဒီမိုကရက်တစ်အစိုးရဖြစ်ပြီး သူတို့ကိုယ်တိုင် အာဏာရှင်စနစ်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရင်ဆိုင်ခံရတဲ့ အတွေ့အကြုံတွေ ရှိခဲ့တယ်လို့ Brad Adams ကပြောပါတယ်။

“ဂမ်ဘီယာအစိုးရလိုမျိုး အချိန်ကုန် အပင်ပမ်းခံ ကြိုးစားပြီး၊ နိုင်ငံရေးအရလည်း အန္တရာယ်များတဲ့ ကိစ္စမျိုးကို ရင်ဆိုင်ပြီး လုပ်တဲ့ အစိုးရမျိုး အလွန်ရှားပါတယ်။ နိုင်ငံတကာတရားရုံးလိုမျိုးမှာ နိုင်ငံအချင်းချင်း အမှုရင်ဆိုင်ရတာမျိုး နိုင်ငံအများစုက ကြိုက်နှစ်သက်တာမဟုတ်ပါဘူး။ ဒါပေမယ့် ဂမ်ဘီယာနိုင်ငံက အစိုးရသစ်မှာ အလွန်ဆိုးရွားတဲ့ အာဏာရှင်စနစ်နဲ့ လူ့အခွင့်အရေး ပြဿနာတွေကို သူတို့ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံရှိထားပါတယ်။ အခု ဒီမိုကရေစီ ရွေးကောက်ပွဲကနေ အနိုင်ရလာတဲ့ အစိုးရသစ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရှေ့နေချုပ်ဟာ လူ့အခွင့်အရေး စံပြပုဂ္ဂိုလ်တဦးပါ။ အခုလို နိုင်ငံတကာတရားရုံးမှာ အမှုဖွင့်တရားစွဲဖို့ ဂမ်ဘီယာက ဦးဆောင်ပြီးလုပ်ခဲ့တာကို ကျနော်တို့ အလွန်ပဲ ချီးကျူး ထောမနာပြုပါတယ်။”

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံထားခြင်းမရှိတဲ့ မြန်မာအစိုးရကတော့ အခုလို ရခိုင်ပြည်နယ် မြောက်ပိုင်း ပြဿနာမှာ နိုင်ငံတကာ တရားရုံးတွေ၊ ခုံရုံးတွေ ပါဝင်ပတ်သက်စရာမလိုကြောင်းနဲ့ ကိုယ်ပိုင်ဖွဲစည်းထားတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ ကိုင်တွယ်ဆောင်ရွက်နေကြောင်း အရင်က တုံ့ပြန်ပြောဆိုထားတာပါ။

၁၉၄၈ ခုနှစ်ကုလသမဂ္ဂရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူညီချက်ကို မြန်မာက ၁၉၅၇ခုနှစ်မှာ လက်မှတ်ရေးထိုးထားပါတယ်။ ဒီသဘောတူစာချုပ်အရ အခြားနိုင်ငံတနိုင်ငံ အနေနဲ့ သူတို့လိုက်နာရမယ့် တာဝန်ကို ချိုးဖောက်တယ်လို့ ယူဆတယ်ဆို ရင် ICJ နိုင်ငံတကာတရားရုံး အနေနဲ့ ကိုင်တွယ် တရားစီရင်ခွင့် ပေးထားတဲ့ ပြဌာန်းချက်ပါဝင်နေပါတယ်။ အခု ဂမ်ဘီယာနိုင်ငံက ဒီပြဌာန်းချက်နဲ့အညီ အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်တဲ့ OIC အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းကို ကိုယ်စားပြုပြီး မြန်မာကို စာချုပ် ချိုးဖောက်မှုနဲ့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးမှာ အမှုစွဲတင်လျောက်ထားခဲ့တာဖြစ်ပါတယ်။

ICJ တရားရုံးအနေနဲ့ မြန်မာ အမှုမတိုင်ခင် ဆာဗာရီယားနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုကျူး လွန်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ Bosnia နဲ့ Herzegovina က ၁၉၉၃ခုနှစ်မှာ အမှုဖွင့် တိုင်ကြားခဲ့တဲ့ အမှုကို ICJ ဘက်က လေးနှစ်ကြာ စစ်ဆေးခဲ့ပြီး Bosnia ဘက်ကို အနိုင်ပေးခဲ့တဲ့ မှတ်တမ်းရှိခဲ့ပါတယ်။

အင္ၾကင္းႏုုိင္/ VOA Burmese
https://burmese.voanews.com
ျမန္မာအေပၚ ICJ မွာ တရားစြဲဆိုမႈ ေရွ႕အလားအလာ ျမန္မာအေပၚ ICJ မွာ တရားစြဲဆိုမႈ ေရွ႕အလားအလာ Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.