ေရလမ္းခရီးသြားလာမႈ AA သတိေပးခ်က္ထုတ္ျပန္


(Zawgyi/Unicode)

ရခိုင္ျပည္နယ္အတြင္း ေရေၾကာင္းခရီးသြားလာမႈနဲ႕ ကုန္ပစၥည္းတင္ေဆာင္မႈ လုပ္ေဆာင္ရင္ AA ရခိုင္လက္နက္ကိုင္ တပ္ဖြဲ႔ကို အေၾကာင္းၾကားဖို႕AA ဘက္က မေန႔က သတင္းထုတ္ျပန္ထားတာပါ။ ျမန္မာစစ္တပ္ဘက္ကေန အရပ္ဘက္ ေလွေတြကို အသုံးျပဳျပီး စစ္လက္နက္ တပ္အင္အားေတြ တင္ေဆာင္ေနတဲ့ အေျခအေနေၾကာင့္ ဒီလိုထုတ္ျပန္တာလို႔ AA ဘက္က ေျပာပါတယ္။ ဒီလိုေရေၾကာင္း ခရီးသြားလာမႈကို ကန္႔သတ္လာတဲ့အတြက္ ေဒသခံ ေလွသမားေတြနဲ႔ ကုန္သည္ေတြက အခက္ေတြ႕ေနတယ္လို႔ ဆိုပါတယ္။ လက္ရွိ ရခိုင္ျပည္နယ္အတြင္းမွာ တိုက္ပြဲဆက္လက္ ျဖစ္ပြါးေနဆဲလည္း ျဖစ္ပါတယ္။ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္နိုင္ကြန္းအိန္ကေန သတင္းေပးပို႕ထားပါတယ္။

ရခုိင္ျပည္နယ္အတြင္း တုိက္ပြဲအရွိန္ျမင့္လာႏုိင္လို႔ ေရလမ္းခရီးသြားလာမႈေတြအတြက္ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔က သတိေပးခ်က္ထုတ္ျပန္ခဲ့တာပါ။

သတိေပးခ်က္ ထုတ္ျပန္ရတဲ့အေၾကာင္းကိုေတာ့ AA ေျပာခြင့္ရ ခိုင္သုခက အခုလိုေျပာပါတယ္။

“အခုက ဗမာစစ္တပ္ကေနျပီးေတာ့ သူတို႔ရိကၡာေတြ လက္နက္ေတြ ေနာက္လူအင္အားေတြကိုပို႕ေဆာင္တဲ့အခါမွာ စစ္သေဘၤာေတြေတာင္မကဘူးေပါ့။ ျပည္သူလူထုေတြပိုင္တဲ့အရပ္ဘက္စက္ေလွေတြကိုပါ အသုံးျပဳလာတဲ့ဥစၥာကို ေတြ႕ရတယ္။ ခရီးသြားျပည္သူေတြအေနနဲ႕ေနာ္ မလိုလားအပ္တဲ့ အထိခိုက္ေတြ မျဖစ္ရေအာင္လို႔ က်ေနာ္္တို႔ ဘက္ကသတိေပးခ်က္ထုတ္ျပန္ရတာျဖစ္တယ္။”

ေရလမ္းခရီးသည္ ပုိ႔ေဆာင္ေရးလုပ္ငန္းရွင္ေတြ ကုမၸဏီေတြအေနနဲ႕ သြားလာမဲ့ခရီးစဥ္၊ တင္ေဆာင္လာတဲ့ ပစၥည္း စာရင္းေတြကုိ အီးေမးလ္၊ ဗုိက္ဗာ၊ Skype တုိ႔နဲ႕ အေၾကာင္းၾကားဖို႕ကုိလည္း အသိေပးထားေၾကာင္းခိုင္သုခက ေျပာပါတယ္။

“က်ေနာ္္တို႔ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ျပည္သူေတြ အေၾကာင္းၾကားရမဲ့ ဗုိက္ဗာနံပါတ္ေတြ ေနာက္ျပီးလို႔ရွိရင္ အီးေမးလ္ရယ္ ေနာက္ျပီးေတာ့က်ေနာ္္တို႔ Skype လည္း ေပးထားတာ ရွိတယ္။ သူတို႔အေနနဲ႕ အဆင္ေျပသလိုေပါ့။ သင့္ေတာ္တဲ့ ဥစၥာနဲ႕ေနျပီးေတာ့ က်ေနာ္္တို႔ဆီကို အေၾကာင္းၾကားေပးလို႔ ရတယ္။ အရပ္သားနဲ႕စစ္ဘက္ကို ကြဲကြဲျပားျပားသိ ေအာင္လို႔ေပါ့ဗ်ာ။

ဒီလိုေရလမ္းခရီးကန္႔သတ္လာတဲ့အေပၚ ေဒသခံ ခရီးသည္ပို႕ေဆာင္ေရးနဲ႕ လုပ္ငန္းရွင္ေတြအတြက္ အခက္ခဲရွိ ေနတာပါ။

AA ဘက္က ထုတ္ျပန္ထားတဲ့ ဆက္သြယ္ရမဲ့ လိုင္းေတြမသိရွိဘူးလို႔ ေရေၾကာင္းပို႕ေဆာင္ေရး လုပ္ငန္းရွင္ တဦးက ေျပာပါတယ္။

“က်ေနာ္္တို႔က AA ထုတ္ျပန္တာဆိုလို႔ AA သတင္းဌာနက ဘယ္မွာရွိမွန္း မသိဘူးေလ က်ေနာ္္တို႔သြားတာက။ AA စခန္း ဘယ္သူ႕ကိုသတင္းပို႕ရမယ္ဆိုတာ တရား၀င္ဖြင့္ထားတာမွ မရွိဘဲ က်ေနာ္္တို႔က မသိဘူးေလ ျပည္သူ တေယာက္အေနနဲ႕။”

ကုလားတန္ျမစ္ေၾကာင္းကိုသာ အမွီျပဳေနရတဲ့ ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕က ကုန္သည္တဦးကေတာ့ ဒီလိုေရလမ္းခရီး သြားလာမႈ ကန္႔သတ္လာတာေၾကာင့္ ကုန္ပစၥည္းသယ္ေဆာင္ဖို႕ အခက္ေတြ႕မယ္လို ႔ဆိုပါတယ္။

“ပလက္၀ေဒသကေတာ့ ေရလမ္းကုိပဲ အသုံးျပဳတာမ ်ားတယ္။ အဲဒီလိုထုတ္ျပန္တယ္ဆိုေတာ့ သြားေရးလာေရးမွာ လုံျခံဳေရး မရွိဘူးလို႔ ေျပာလို႔ရမယ္ထင္တယ္။ သြားလာဖို႕အဆင္မေျပ ကုန္စည္စီးဆင္းမႈမွာ အဆင္မေျပဘူး ထင္တယ္။

ရခိုင္လက္နက္ကိုင္ AA ဘက္ကေန ေရလမ္း ခရီးသြားလာမႈေတြအတြက္ ကန္႔သတ္ ထုတ္ျပန္တဲ့အေပၚ အေနာက္ပိုင္း တိုင္းစစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးက အခုလိုေျပာပါတယ္။

“က်ေနာ္္တို႔ကေတာ့ သူ႕ထုတ္ျပန္ခ်က္ကို ဘာမွမွတ္ခ်က္ မေပးလိုဘူး။ က်ေနာ္္တို႔ကေတာ့ ကိုယ္လုပ္စရာရွိတာ လုပ္မွာပဲ။”

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္က တံတားစီမံကိန္းအတြက္ ပစၥည္းေတြ တင္ေဆာင္လာတဲ့ အရပ္သားေရယာဥ္ ၃ စီးနဲ႔ လုံၿခဳံေရးလိုက္ပါလာတဲ့ တပ္မေတာ္ေရယာဥ္ ၃ စီးတို႔ကို နိ၀င္ဘာ ၂၂ ရက္ေန႔က ရခိုင္လက္ကိုင္ AA အဖြဲ႔က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တာေၾကာင့္ တပ္သားတဦး ဒဏ္ရာရရွိခဲ့ပါတယ္။

လက္ရွိ ရခိုင္ျပည္နယ္အတြင္း ျမန္မာ့တပ္မေတာ္နဲ႕ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားေနဆဲလည္း ျဖစ္ပါတယ္။

အေနာက္ပိုင္း တိုင္းစစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးက ေျမာက္ဦးျမိဳ႕နယ္ဘက္မွာ တိုက္ပြဲျဖစ္ပြားေနဆဲလို႔ ေျပာပါတယ္။

“ႏွစ္ဘက္ ထိေတြ႕မႈေတြကေတာ့ က်ေနာ္္တို႔ ေက်ာင္းေတာင္ေပါ့။ ပန္းေျမာင္းရဲ႕ အေရွ႕ဘက္ျခမ္း။ ေက်ာင္းေတာင္ေျမာက္ဘက္ျခမ္းမွာေတာ့ တိုက္ပြဲျဖစ္ေနတာရွိတယ္။၃ ရက္ေလာက္ရွိျပီး။ က်န္တဲ့ ေနရာကေတာ့ အဲဒီေလာက္ထိ မျပင္းဘူးေပါ့ေလ။”

ရခိုင္ AA ေျပာခြင့္ရခိုင္သုခကေတာ့ ေျမာက္ဦး ေျမပုံ ပုဏၰားကြ်န္းျမိဳ႕နယ္ဘက္မွာ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း ေျပာပါတယ္။

“အဓိကကေတာ့ ေက်ာင္းေတာင္ရြာရဲ႕ေျမာက္ဘက္မွာရွိတဲ့ ပြိဳင့္ ၁၂၂ ေတာင္ကုန္းေပါ့ေနာ္။ အဲဒီေတာင္ကုန္းကို ဗမာစစ္ တပ္ဘက္ကေနျပီးေတာ့ထိုးစစ္ဆင္တယ္။ ဆိုေတာ့ သူတို႔ဘက္က လက္နက္ၾကီးပစ္ကူေတြကေတာ့ ပစ္တာရွိတယ္။ နို၀င္ဘာ ၂၇ ရက္ေန႔ မွာ ရဟတ္ယာဥ္ ႏွစ္စီးေပၚကေန ေရာ့ကက္ေတြ စက္ေသနတ္ေတြေနျပီးေတာ့ လာပစ္တာ ရွိတယ္။ တိုက္ပြဲကေတာ့ ျပင္းထန္တာေပါ့ေနာ္။ ျပီးေတာ့ နို၀င္ဘာလ ၂၇ ရက္ေန႔မွာ ေျမပုံျမိဳ႕နယ္ ဒဂၤါရားနဲ႕ စည္ေတာင္ ရြာအၾကားမွာ ဗမာစစ္တပ္ရဲ႕ စစ္ေၾကာင္း တခုကို က်ေနာ္္တို႔ဘက္ကရီမုမိုင္းနဲ႕ တိုက္ခိုက္ခဲ့တာရွိတယ္။ ပုဏၰားကြ်န္း ျမိဳ႕နယ္ၾကက္ေခ်းရြာရဲ႕ အေနာက္ဘက္ေပါ့ေနာ္။ က်ေနာ္္တို႔ရဲ႕လႈပ္ရွားစစ္ေၾကာင္း တခုကို ဗမာစစ္တပ္ဘက္က ထိုးစစ္ ဆင္ေနတာ အခု ႏွစ္ပါတ္ေက်ာ္ ရွိေနျပီေပါ့ေနာ္။

ဒီလိုျဖစ္ပြားတဲ့တိုက္ပြဲမွာ ႏွစ္ဘက္ ထိခိုက္မႈ ရွိတယ္လို႔ ခိုင္သုခက ဆိုပါတယ္။

ရခိုင္ျပည္နယ္အတြင္း AA စခန္းေတြကို ျမန္မာစစ္တပ္ဘက္က နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ေနတာေၾကာင့္ အခု ဒီဇင္ဘာလအတြင္း တိုက္ပြဲေတြ ျပင္းထန္လာဖို႔ရွိတယ္လို႔ တပ္မေတာ္ဘက္က သတိေပးပါတယ္။

လက္ရွိ ရခိုင္ျပည္ေျမာက္ပိုင္းအတြင္း ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ အရပ္သားေသဆုံးသူ ၉၀ ဝန္းက်င္နဲ႔ ထိခိုက္ ဒဏ္ရာရသူ ၁၂၀ ေက်ာ္ေလာက္ ရွိခဲ့ၿပီး ဖမ္းဆီးခံရသူ ၂၀၀ နီးပါး ရွိခဲ့သလို စစ္ေရွာင္ဦးေရ ၉၀၀၀၀ ခန္႔ ရွိေနျပီလို႔ ရခိုင္လူမႈအဖြဲ႔အစည္းေတြက စစ္တမ္းေကာက္ယူထားပါတယ္။


[Unicode Version]

ရေလမ်းခရီးသွားလာမှု AA သတိပေးချက်ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း ရေကြောင်းခရီးသွားလာမှုနဲ့ ကုန်ပစ္စည်းတင်ဆောင်မှု လုပ်ဆောင်ရင် AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ကို အကြောင်းကြားဖို့AA ဘက်က မနေ့က သတင်းထုတ်ပြန်ထားတာပါ။ မြန်မာစစ်တပ်ဘက်ကနေ အရပ်ဘက် လှေတွေကို အသုံးပြုပြီး စစ်လက်နက် တပ်အင်အားတွေ တင်ဆောင်နေတဲ့ အခြေအနေကြောင့် ဒီလိုထုတ်ပြန်တာလို့ AA ဘက်က ပြောပါတယ်။ ဒီလိုရေကြောင်း ခရီးသွားလာမှုကို ကန့်သတ်လာတဲ့အတွက် ဒေသခံ လှေသမားတွေနဲ့ ကုန်သည်တွေက အခက်တွေ့နေတယ်လို့ ဆိုပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲဆက်လက် ဖြစ်ပွါးနေဆဲလည်း ဖြစ်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲအရှိန်မြင့်လာနိုင်လို့ ရေလမ်းခရီးသွားလာမှုတွေအတွက် ရခိုင်လက်နက်ကိုင် AA အဖွဲ့က သတိပေးချက်ထုတ်ပြန်ခဲ့တာပါ။

သတိပေးချက် ထုတ်ပြန်ရတဲ့အကြောင်းကိုတော့ AA ပြောခွင့်ရ ခိုင်သုခက အခုလိုပြောပါတယ်။

“အခုက ဗမာစစ်တပ်ကနေပြီးတော့ သူတို့ရိက္ခာတွေ လက်နက်တွေ နောက်လူအင်အားတွေကိုပို့ဆောင်တဲ့အခါမှာ စစ်သင်္ဘောတွေတောင်မကဘူးပေါ့။ ပြည်သူလူထုတွေပိုင်တဲ့အရပ်ဘက်စက်လှေတွေကိုပါ အသုံးပြုလာတဲ့ဥစ္စာကို တွေ့ရတယ်။ ခရီးသွားပြည်သူတွေအနေနဲ့နော် မလိုလားအပ်တဲ့ အထိခိုက်တွေ မဖြစ်ရအောင်လို့ ကျနော်တို့ ဘက်ကသတိပေးချက်ထုတ်ပြန်ရတာဖြစ်တယ်။”

ရေလမ်းခရီးသည် ပို့ဆောင်ရေးလုပ်ငန်းရှင်တွေ ကုမ္ပဏီတွေအနေနဲ့ သွားလာမဲ့ခရီးစဉ်၊ တင်ဆောင်လာတဲ့ ပစ္စည်း စာရင်းတွေကို အီးမေးလ်၊ ဗိုက်ဗာ၊ Skype တို့နဲ့ အကြောင်းကြားဖို့ကိုလည်း အသိပေးထားကြောင်းခိုင်သုခက ပြောပါတယ်။

“ကျနော်တို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြည်သူတွေ အကြောင်းကြားရမဲ့ ဗိုက်ဗာနံပါတ်တွေ နောက်ပြီးလို့ရှိရင် အီးမေးလ်ရယ် နောက်ပြီးတော့ကျနော်တို့ Skype လည်း ပေးထားတာ ရှိတယ်။ သူတို့အနေနဲ့ အဆင်ပြေသလိုပေါ့။ သင့်တော်တဲ့ ဥစ္စာနဲ့နေပြီးတော့ ကျနော်တို့ဆီကို အကြောင်းကြားပေးလို့ ရတယ်။ အရပ်သားနဲ့စစ်ဘက်ကို ကွဲကွဲပြားပြားသိ အောင်လို့ပေါ့ဗျာ။

ဒီလိုရေလမ်းခရီးကန့်သတ်လာတဲ့အပေါ် ဒေသခံ ခရီးသည်ပို့ဆောင်ရေးနဲ့ လုပ်ငန်းရှင်တွေအတွက် အခက်ခဲရှိ နေတာပါ။

AA ဘက်က ထုတ်ပြန်ထားတဲ့ ဆက်သွယ်ရမဲ့ လိုင်းတွေမသိရှိဘူးလို့ ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းရှင် တဦးက ပြောပါတယ်။

“ကျနော်တို့က AA ထုတ်ပြန်တာဆိုလို့ AA သတင်းဌာနက ဘယ်မှာရှိမှန်း မသိဘူးလေ ကျနော်တို့သွားတာက။ AA စခန်း ဘယ်သူ့ကိုသတင်းပို့ရမယ်ဆိုတာ တရားဝင်ဖွင့်ထားတာမှ မရှိဘဲ ကျနော်တို့က မသိဘူးလေ ပြည်သူ တယောက်အနေနဲ့။”

ကုလားတန်မြစ်ကြောင်းကိုသာ အမှီပြုနေရတဲ့ ချင်းပြည်နယ် ပလက်ဝမြို့က ကုန်သည်တဦးကတော့ ဒီလိုရေလမ်းခရီး သွားလာမှု ကန့်သတ်လာတာကြောင့် ကုန်ပစ္စည်းသယ်ဆောင်ဖို့ အခက်တွေ့မယ်လို့ဆိုပါတယ်။

“ပလက်ဝဒေသကတော့ ရေလမ်းကိုပဲ အသုံးပြုတာမ ျားတယ်။ အဲဒီလိုထုတ်ပြန်တယ်ဆိုတော့ သွားရေးလာရေးမှာ လုံခြုံရေး မရှိဘူးလို့ ပြောလို့ရမယ်ထင်တယ်။ သွားလာဖို့အဆင်မပြေ ကုန်စည်စီးဆင်းမှုမှာ အဆင်မပြေဘူး ထင်တယ်။

ရခိုင်လက်နက်ကိုင် AA ဘက်ကနေ ရေလမ်း ခရီးသွားလာမှုတွေအတွက် ကန့်သတ် ထုတ်ပြန်တဲ့အပေါ် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက အခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ သူ့ထုတ်ပြန်ချက်ကို ဘာမှမှတ်ချက် မပေးလိုဘူး။ ကျနော်တို့ကတော့ ကိုယ်လုပ်စရာရှိတာ လုပ်မှာပဲ။”

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က တံတားစီမံကိန်းအတွက် ပစ္စည်းတွေ တင်ဆောင်လာတဲ့ အရပ်သားရေယာဉ် ၃ စီးနဲ့ လုံခြုံရေးလိုက်ပါလာတဲ့ တပ်မတော်ရေယာဉ် ၃ စီးတို့ကို နိဝင်ဘာ ၂၂ ရက်နေ့က ရခိုင်လက်ကိုင် AA အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တပ်သားတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေဆဲလည်း ဖြစ်ပါတယ်။

အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက မြောက်ဦးမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားနေဆဲလို့ ပြောပါတယ်။

“နှစ်ဘက် ထိတွေ့မှုတွေကတော့ ကျနော်တို့ ကျောင်းတောင်ပေါ့။ ပန်းမြောင်းရဲ့ အရှေ့ဘက်ခြမ်း။ ကျောင်းတောင်မြောက်ဘက်ခြမ်းမှာတော့ တိုက်ပွဲဖြစ်နေတာရှိတယ်။၃ ရက်လောက်ရှိပြီး။ ကျန်တဲ့ နေရာကတော့ အဲဒီလောက်ထိ မပြင်းဘူးပေါ့လေ။”

ရခိုင် AA ပြောခွင့်ရခိုင်သုခကတော့ မြောက်ဦး မြေပုံ ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြောပါတယ်။

“အဓိကကတော့ ကျောင်းတောင်ရွာရဲ့မြောက်ဘက်မှာရှိတဲ့ ပွိုင့် ၁၂၂ တောင်ကုန်းပေါ့နော်။ အဲဒီတောင်ကုန်းကို ဗမာစစ် တပ်ဘက်ကနေပြီးတော့ထိုးစစ်ဆင်တယ်။ ဆိုတော့ သူတို့ဘက်က လက်နက်ကြီးပစ်ကူတွေကတော့ ပစ်တာရှိတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့ မှာ ရဟတ်ယာဉ် နှစ်စီးပေါ်ကနေ ရော့ကက်တွေ စက်သေနတ်တွေနေပြီးတော့ လာပစ်တာ ရှိတယ်။ တိုက်ပွဲကတော့ ပြင်းထန်တာပေါ့နော်။ ပြီးတော့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မြေပုံမြို့နယ် ဒင်္ဂါရားနဲ့ စည်တောင် ရွာအကြားမှာ ဗမာစစ်တပ်ရဲ့ စစ်ကြောင်း တခုကို ကျနော်တို့ဘက်ကရီမုမိုင်းနဲ့ တိုက်ခိုက်ခဲ့တာရှိတယ်။ ပုဏ္ဏားကျွန်း မြို့နယ်ကြက်ချေးရွာရဲ့ အနောက်ဘက်ပေါ့နော်။ ကျနော်တို့ရဲ့လှုပ်ရှားစစ်ကြောင်း တခုကို ဗမာစစ်တပ်ဘက်က ထိုးစစ် ဆင်နေတာ အခု နှစ်ပါတ်ကျော် ရှိနေပြီပေါ့နော်။

ဒီလိုဖြစ်ပွားတဲ့တိုက်ပွဲမှာ နှစ်ဘက် ထိခိုက်မှု ရှိတယ်လို့ ခိုင်သုခက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း AA စခန်းတွေကို မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် အခု ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေ ပြင်းထန်လာဖို့ရှိတယ်လို့ တပ်မတော်ဘက်က သတိပေးပါတယ်။

လက်ရှိ ရခိုင်ပြည်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးသူ ၉၀ ဝန်းကျင်နဲ့ ထိခိုက် ဒဏ်ရာရသူ ၁၂၀ ကျော်လောက် ရှိခဲ့ပြီး ဖမ်းဆီးခံရသူ ၂၀၀ နီးပါး ရှိခဲ့သလို စစ်ရှောင်ဦးရေ ၉၀၀၀၀ ခန့် ရှိနေပြီလို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက စစ်တမ်းကောက်ယူထားပါတယ်။

ကိုႏိုင္ကြန္းအိန္/ VOA Burmese
https://burmese.voanews.com
ေရလမ္းခရီးသြားလာမႈ AA သတိေပးခ်က္ထုတ္ျပန္ ေရလမ္းခရီးသြားလာမႈ AA သတိေပးခ်က္ထုတ္ျပန္ Reviewed by THITHTOOLWIN on 21:12 Rating: 5
Powered by Blogger.