ICJ ၾကားနာပြဲအတြက္ ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႔ သက္ေသအေထာက္အထား ကူညီမည္


(Zawgyi/Unicode)

ICJ ႏိုင္ငံတကာ တရားရံုးမွာ ျမန္မာႏိုင္ငံအေပၚ လူမ်ိဳးတုံုးသတ္ျဖတ္မႈနဲ႔ ၾကားနာစစ္ေဆးတဲ့အခါ လုိအပ္တဲ့ အခ်က္အလက္ အေထာက္အထားေတြ ကူညီေပးသြားမွာ ျဖစ္တယ္လို႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ဝင္ ၃ ဖြဲ႔က ေျပာဆိုလိုက္ပါတယ္။ ေခတ္အဆက္ဆက္ လူ႔အခြင့္အေရး ခ်ိဳးေဖါက္ခံေနရတဲ့ ျပႆနာကို ကိုင္တြယ္မယ့္ ICJ ၾကားနာပြဲကို အျပည့္အဝ ေထာက္ခံတယ္လို႔ AA အပါအဝင္ တိုင္းရင္းလက္နက္ကိုင္ ၃ ဖြဲ႔ေၾကညာခ်က္ ထုတ္ျပန္လိုက္တာပါ။ VOA သတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံကို လူမ်ိဳးတံုး သတ္ျဖတ္မႈဆိုင္ရာ ကုလသမဂၢ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္ဆိုၿပီးေတာ့ ICC နဲ႔ ICJ မွာတရားစြဲဆိုခံထားရတာနဲ႔ ပတ္သတ္ၿပီး ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ဝင္ ၃ ဖြဲ႔ျဖစ္တဲ့ ကိုကန္႔ MNDAA၊ တေအာင္းTNLA၊ ရခိုင္လက္နက္ကိုင္ AA တို႔က ေထာက္ခံေၾကာင္း ထုတ္ျပန္ခ်က္ တေစာင္ကို ဒီကေန႔ မနက္ပိုင္းက ထုတ္ျပန္ခဲ့ပါတယ္။

ရခိုက္လက္နက္ပိုင္ AA အဖြဲ႔အေနနဲ႔ ICJ ကို အျပည့္အဝ ေထာက္ခံၿပီး လိုအပ္တဲ့ အခ်က္အလက္ေတြနဲ႔ အတူ ပူေပါင္းေဆာင္ရြက္ဖို႔ အဆင္သင့္ရွိတယ္ လို႔ AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“ICJ ကေနၿပီးေတာ့ ျမန္မာစစ္တပ္ေခါင္းေဆာင္ေတြကို အေရးယူဖို႔ ႀကိဳးပမ္းတဲ့ဟာကို က်ေနာ္တို႔ ညီေနာင္မဟာမိတ္ ၃ ဖြဲ႔က ေထာက္ခံတဲ့အေၾကာင္း အတိအလင္း ထုတ္ျပန္တာ ျဖစ္တယ္။ ေထာက္ခံတယ္ဆိုတာက စစ္ရာဇဝတ္မႈကို ေန႔စဥ္ရက္စက္ က်ဴးလြန္ထားတဲ့ စစ္ရာဇဝတ္ေကာင္ေတြကို တရားမွ်တမႈအတြက္ အေရးယူဖို႔ လုပ္ေဆာင္တဲ့ဥစၥာဟာ မွန္ကန္တဲ့ လုပ္ရပ္ျဖစ္တယ္။ အဲဒါၾကာင့္ က်ေနာ္တို႔ဘက္က ေထာက္ခံတယ္။ လိုအပ္တဲ့ဟာကိုလည္း အျပည့္အဝ ေဆာင္ရြက္သြားမယ္ဆိုတဲ့ က်ေနာ္တို႔ရဲ႕ သေဘာထားကို အတိအလင္း ထုတ္ျပန္တာျဖစ္တယ္။

တပ္မေတာ္အဆက္ဆက္ တိုင္းရင္းသားေဒသေတြမွာ လူ႔ခြင့္အေရး ခ်ိဳးေဖာကခဲ့တဲ့ တပ္မေတာ္ရဲ႕ လုပ္ရပ္ကို အေရးယူေဆာင္ရြက္မယ့္ ကိစၥကို ေထာက္ခံတယ္လို႔ TNLA ျပန္ၾကားေရးတာဝန္ခံ ဗုိလ္မွဴးတာအိုက္ေက်ာ္က ေျပာပါတယ္။

“က်ေနာ္တို႔ တိုင္းရင္းသားေဒသေတြမွာ အထူးသျဖင့္ကေတာ့ ေတာတြင္းမွာေပါ့ ရွိေနတဲ့ ျပည္သူေတြကို အခုမွ မဟုတ္ပါဘူး အရင္ကတည္းက တပ္မေတာ္အဆက္ဆက္က က်ဴးလြန္မႈေတြ လူ႔အခြင့္အေရး က်ဴးလြန္မႈေတြ မတရား သတ္ျဖတ္ခံရတာတို႔ ဖမ္းဆီးခံရတာတို႔ ဒီလိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရတာတို႔ အမ်ိဳးမ်ိဳးေတြ ရွိခဲ့တယ္။ အဲတာကို အစိုးရပဲ ျဖစ္ျဖစ္၊ တပ္မေတာ္ပဲျဖစ္ျဖစ္ အဲဒါေတြကို အေရးယူေဆာင္ရြက္တာ မေတြ႔ရဘူး။ ေလာေလာဆယ္ အခုျဖစ္ေနတဲ့ အခ်ိန္မွာ အေရးယူလို႔ရတဲ့ အခ်ိန္အခါမွာေတာ့ ဒီလိုမ်ိဳး တပ္မေတာ္ရဲ႕ လုပ္ရပ္ကို ႏိုင္ငံတကာက အေရးယူဖို႔ လုပ္ရပ္ကို က်ေနာ္တို႔ ေထာက္ခံတယ္။”

တပ္မေတာ္က က်ဳးလြန္ထားတဲ့ စစ္ရာဇဝတ္မႈေတြကို ေျမာက္ပိုင္း မဟာမိတ္သံုးဖြဲ႔က သက္ေသအေထာက္အထားေတြနဲ႔ စာရင္းျပဳစုထားတာေၾကာင့္ တိုင္းရင္းသားေတြရဲ႕ တရားမွ်တမႈေတြအတြက္ အခ်က္အလက္ေတြကို ေပးပို႔သြားမွာ ျဖစ္တယ္လို႔လည္း AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“အခ်က္အလက္ေတြ ေထာက္ပံ့မယ္ဆိုတဲ့ ဟာက အခုလိုမ်ိဳးက်ေနာ္တို႔ မွတ္တမ္းတင္ၿပီးေတာ့ စနစ္တက် ရရွိထားတဲ့ ဗမာစစ္တပ္ဘက္က က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြကို သက္ေသအေထာက္အထား အခိုင္အမာနဲ႔ ေနၿပီးေတာ့ က်ေနာ္တို႔ဘက္က ေထာက္ပံ့ေပးမယ္ဆိုတဲ့ ဟာကို ရည္ရြယ္ၿပီးေတာ့ က်ေနာ္တို႔ေျပာတာျဖစ္တယ္။ တျခား တိုင္းရင္းသားေဒသေတြမွာလည္းပဲ ဒီလိုပါပဲေနာ္။ ျပည္သူေတြကို ဗမာစစ္တပ္ဘက္က က်ဴးလြန္တဲ့ စစ္ရာဇဝတ္မႈေတြကို မွတ္တမ္းတင္ထားတာေတြ အမ်ားႀကီးရွိတယ္။ အဲဒီဟာကို က်ေနာ္တို႔ ျပည္သူေတြရဲ႕ တရားမၽွတမႈအတြက္ လိုအပ္ရင္ ICJ ကို အဲဒီအေထာက္အထားေတြ ပို႔ေပးသြားဖို႔ အဆင္သင့္ရွိတယ္။”

အခုလို ေျမာက္ပိုင္း မဟာမိတ္သံုးဖြဲ႔ရဲ႕ ICJ ကို ေထာက္ခံတဲ့ ထုတ္ျပန္ခ်က္နဲ႔ ပတ္သတ္ၿပီး တပ္မေတာ္အေနနဲ႔ ဘာမွတ္ခ်က္မွမေပးခ်င္ဘူးလို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

“က်ေနာ္ဘာာမွ မေျပာခ်င္ဘူး။ ဘာမွလည္း မွတ္ခ်က္ မေပးခ်င္ဘူး။”

ျမန္မာႏိုင္ငံဟာ လူမ်ိဳးတံုး သတ္ျဖတ္မႈဆိုင္ရာ ကုလသမဂၢ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္ဆိုၿပီးေတာ့ ကုလသမဂၢရဲ႕ အျမင့္ဆံုးတရားစီရင္ေရး ပင္မအဖြဲ႔အစည္းႀကီးျဖစ္တဲ့ ICJ ႏိုင္ငံတကာတရားရံုးမွာ ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုထားတာပါ။

နယ္သာလန္ႏိုင္ငံ The Hague က ICJ ႏိုင္ငံတကာတရားရံုးမွာ ျမန္မာႏိုင္ငံအမႈကို လာမယ့္ဒီဇင္ဘာလ ၁၀ ရက္ေန႔ စတင္ၾကားနာမွာလည္း ျဖစ္ပါတယ္ခင္ဗ်ား။

[Unicode Version]

ICJ ကြားနာပွဲအတွက် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ သက်သေအထောက်အထားကူညီမည်

ICJ နိုင်ငံတကာ တရားရုံးမှာ မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ကြားနာစစ်ဆေးတဲ့အခါ လိုအပ်တဲ့ အချက်အလက် အထောက်အထားတွေ ကူညီပေးသွားမှာ ဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၃ ဖွဲ့က ပြောဆိုလိုက်ပါတယ်။ ခေတ်အဆက်ဆက် လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ ပြဿနာကို ကိုင်တွယ်မယ့် ICJ ကြားနာပွဲကို အပြည့်အဝ ထောက်ခံတယ်လို့ AA အပါအဝင် တိုင်းရင်းလက်နက်ကိုင် ၃ ဖွဲ့ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ VOA သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကို လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီးတော့ ICC နဲ့ ICJ မှာတရားစွဲဆိုခံထားရတာနဲ့ ပတ်သတ်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၃ ဖွဲ့ဖြစ်တဲ့ ကိုကန့် MNDAA၊ တအောင်းTNLA၊ ရခိုင်လက်နက်ကိုင် AA တို့က ထောက်ခံကြောင်း ထုတ်ပြန်ချက် တစောင်ကို ဒီကနေ့ မနက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

ရခိုက်လက်နက်ပိုင် AA အဖွဲ့အနေနဲ့ ICJ ကို အပြည့်အဝ ထောက်ခံပြီး လိုအပ်တဲ့ အချက်အလက်တွေနဲ့ အတူ ပူပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ် လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ICJ ကနေပြီးတော့ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို အရေးယူဖို့ ကြိုးပမ်းတဲ့ဟာကို ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထောက်ခံတဲ့အကြောင်း အတိအလင်း ထုတ်ပြန်တာ ဖြစ်တယ်။ ထောက်ခံတယ်ဆိုတာက စစ်ရာဇဝတ်မှုကို နေ့စဉ်ရက်စက် ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်ကောင်တွေကို တရားမျှတမှုအတွက် အရေးယူဖို့ လုပ်ဆောင်တဲ့ဥစ္စာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်။ အဲဒါကြာင့် ကျနော်တို့ဘက်က ထောက်ခံတယ်။ လိုအပ်တဲ့ဟာကိုလည်း အပြည့်အဝ ဆောင်ရွက်သွားမယ်ဆိုတဲ့ ကျနော်တို့ရဲ့ သဘောထားကို အတိအလင်း ထုတ်ပြန်တာဖြစ်တယ်။

တပ်မတော်အဆက်ဆက် တိုင်းရင်းသားဒေသတွေမှာ လူ့ခွင့်အရေး ချိုးဖောကခဲ့တဲ့ တပ်မတော်ရဲ့ လုပ်ရပ်ကို အရေးယူဆောင်ရွက်မယ့် ကိစ္စကို ထောက်ခံတယ်လို့ TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော်က ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ အထူးသဖြင့်ကတော့ တောတွင်းမှာပေါ့ ရှိနေတဲ့ ပြည်သူတွေကို အခုမှ မဟုတ်ပါဘူး အရင်ကတည်းက တပ်မတော်အဆက်ဆက်က ကျူးလွန်မှုတွေ လူ့အခွင့်အရေး ကျူးလွန်မှုတွေ မတရား သတ်ဖြတ်ခံရတာတို့ ဖမ်းဆီးခံရတာတို့ ဒီလိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတို့ အမျိုးမျိုးတွေ ရှိခဲ့တယ်။ အဲတာကို အစိုးရပဲ ဖြစ်ဖြစ်၊ တပ်မတော်ပဲဖြစ်ဖြစ် အဲဒါတွေကို အရေးယူဆောင်ရွက်တာ မတွေ့ရဘူး။ လောလောဆယ် အခုဖြစ်နေတဲ့ အချိန်မှာ အရေးယူလို့ရတဲ့ အချိန်အခါမှာတော့ ဒီလိုမျိုး တပ်မတော်ရဲ့ လုပ်ရပ်ကို နိုင်ငံတကာက အရေးယူဖို့ လုပ်ရပ်ကို ကျနော်တို့ ထောက်ခံတယ်။”

တပ်မတော်က ကျုးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က သက်သေအထောက်အထားတွေနဲ့ စာရင်းပြုစုထားတာကြောင့် တိုင်းရင်းသားတွေရဲ့ တရားမျှတမှုတွေအတွက် အချက်အလက်တွေကို ပေးပို့သွားမှာ ဖြစ်တယ်လို့လည်း AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“အချက်အလက်တွေ ထောက်ပံ့မယ်ဆိုတဲ့ ဟာက အခုလိုမျိုးကျနော်တို့ မှတ်တမ်းတင်ပြီးတော့ စနစ်တကျ ရရှိထားတဲ့ ဗမာစစ်တပ်ဘက်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို သက်သေအထောက်အထား အခိုင်အမာနဲ့ နေပြီးတော့ ကျနော်တို့ဘက်က ထောက်ပံ့ပေးမယ်ဆိုတဲ့ ဟာကို ရည်ရွယ်ပြီးတော့ ကျနော်တို့ပြောတာဖြစ်တယ်။ တခြား တိုင်းရင်းသားဒေသတွေမှာလည်းပဲ ဒီလိုပါပဲနော်။ ပြည်သူတွေကို ဗမာစစ်တပ်ဘက်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ထားတာတွေ အများကြီးရှိတယ်။ အဲဒီဟာကို ကျနော်တို့ ပြည်သူတွေရဲ့ တရားမျှတမှုအတွက် လိုအပ်ရင် ICJ ကို အဲဒီအထောက်အထားတွေ ပို့ပေးသွားဖို့ အဆင်သင့်ရှိတယ်။”

အခုလို မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ရဲ့ ICJ ကို ထောက်ခံတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သတ်ပြီး တပ်မတော်အနေနဲ့ ဘာမှတ်ချက်မှမပေးချင်ဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“ကျနော်ဘာာမှ မပြောချင်ဘူး။ ဘာမှလည်း မှတ်ချက် မပေးချင်ဘူး။”

မြန်မာနိုင်ငံဟာ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီးတော့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားစီရင်ရေး ပင်မအဖွဲ့အစည်းကြီးဖြစ်တဲ့ ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတာပါ။

နယ်သာလန်နိုင်ငံ The Hague က ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံအမှုကို လာမယ့်ဒီဇင်ဘာလ ၁၀ ရက်နေ့ စတင်ကြားနာမှာလည်း ဖြစ်ပါတယ်ခင်ဗျား။

သက္ႏိုင္/ VOA Burmese
https://burmese.voanews.com
ICJ ၾကားနာပြဲအတြက္ ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႔ သက္ေသအေထာက္အထား ကူညီမည္ ICJ ၾကားနာပြဲအတြက္ ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႔ သက္ေသအေထာက္အထား ကူညီမည္ Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.