ေရယုန္လကၡဏာမ်ား


(Zawgyi)⤵⤵⤵
ေရယုန္ဆိုတာ ဗိုင္းရပ္စ္ပိုးတစ္မ်ိဳးေၾကာင့္ျဖစ္တာပါ။ ႏႈတ္ခမ္းတဝိုက္မွာ အရည္ၾကည္ဖုမ်ား ေပါက္ျခင္းျဖစ္တယ္။ တခါတရံအစုလိုက္ေပါက္တတ္ၿပီး အဖုမ်ားေပါက္သြားတဲ့အခါ အသားမာအျဖစ္၊ အနာအျဖစ္က်န္ခဲ့တတ္ပါတယ္။ အနာက်က္ရန္ ရက္သတၱပတ္ အနည္းငယ္ၾကာတတ္ေပမယ့္ အမာ႐ြတ္ေတာ့မက်န္ခဲ့တတ္ပါဘူး။

ေရယုန္ေတြက အနာကိုထိေတြ႕မိပါက ကူးႏိုင္ပါတယ္၊ ဥပမာ-အနမ္းေပးျခင္းကဲ့သို႔ျဖစ္တယ္။ ေရယုန္ဗိုင္းရပ္စ္ Herpes Simplex Virus(ဟားပီးစ္ ဆင္းပလတ္စ္ ဗိုင္းရပ္စ္) (HDV-1) နဲ႔ HSV-2 တို႔ေၾကာင့္ျဖစ္ရျခင္းျဖစ္တယ္။ ဗိုင္းရပ္စ္ႏွစ္မ်ိဳးစလုံးက ပါးစပ္နဲ႔ လိင္အဂၤါေနရာမ်ားကို ထိခိုက္ေစတတ္ပါတယ္။ HSV-2 ကေတာ့ မ်ားေသာအားျဖင့္ လိင္အဂၤါေနရာမွာပဲ အနာျဖစ္ေစတယ္။ ခံတြင္းျဖင့္ ကာမစပ္ယွက္တဲ့အခါမ်ိဳးမွာ ကူးစက္တတ္ပါတယ္။ ဗိုင္းရပ္စ္ရွိတာနဲ႔ ေရယုန္ေပါက္မယ္လ ို႔ မဆိုလိုပါဘူး။ အနာေတြမေတြ႕ရလည္း ေရာဂါပိုးကူးစက္ေနတာျဖစ္ႏိုင္ပါတယ္။

အခုအခ်ိန္ထိ HSV ဗိုင္းရပ္စ္အတြက္ ကုသဖို႔ေဆးမရွိေသးပါဘူး။ ဆိုလိုတာက လကၡဏာေတြက အခ်ိန္မေ႐ြးျပန္ျဖစ္ႏိုင္ပါတယ္။ အတတ္ႏိုင္ဆုံးကုသမႈကေတာ့ အနာမ်ားအျမန္သက္သာၿပီး ျပန္ျဖစ္တာကိုေလွ်ာ့ခ်ဖို႔ ဗိုင္းရပ္စ္သတ္ေဆးမ်ားသာ သုံးႏိုင္ပါေသးတယ္။

အျဖစ္မ်ားတဲ့လကၡဏာေတြ

ကေလးေတြမွာလည္းျဖစ္ႏိုင္ပါတယ္။ herpes simplex gingivostomatitis(ဂ်င္ဂ်ီဗိုစတိုမတိုင္းတစ္ဆ္) လို႔ေခၚတယ္။ ငါးႏွစ္ထက္ငယ္တဲ့ကေလးေတြမွာျဖစ္ႏိုင္ၿပီး လကၡဏာေတြကေတာ့-

• သြားဖုံးေရာင္ရမ္းနာက်င္ျခင္း
• ပါးစပ္တဝိုက္အနာငယ္မ်ားေပါက္ျခင္း
• လည္ေခ်ာင္းနာျခင္း၊ အာသီးေရာင္ျခင္း
• မၾကာခဏသြားရည္က်ျခင္း
• ဖ်ားျခင္း – ၃၈ ဒီဂရီဆဲလ္စီးယပ္စ္ ဝန္းက်င္
• ေရဓါတ္ခန္းေျခာက္ျခင္း
• ပ်ိဳ႕ျခင္း
• ေခါင္းကိုက္ျခင္း တို႔ျဖစ္တယ္။

herpes simplex gingivostomatitis ဟာကေလးေတြမွာျဖစ္ေလ့ရွိေပမယ့္ လူႀကီးေတြမွာလည္းျဖစ္ႏိုင္ပါတယ္။ လူႀကီးေတြမွာ ၇ရက္မွ ၁၄ ရက္ခန္႔ထိၾကာႏိုင္ၿပီး၊ အနာက်က္ဖို႔ သုံးပတ္ေလာက္ၾကာကာ ျပန္ေတာ့မျဖစ္တတ္ပါဘူး။

ပထမဆုံးအႀကိမ္လကၡဏာေတြျပတဲ့အခါ ‘ပထမဆုံး၊ကနဦး ေရာဂါပိုးဝင္ျခင္း’ လို႔သတ္မွတ္တတ္ၿပီး အာသီးေရာင္ကာ၊ သို႔မဟုတ္ အာသီးေရာင္ျခင္းမရွိဘဲ လည္ေခ်ာင္းနာတတ္ပါတယ္။ ပါးစပ္တဝိုက္မွာ အနာမ်ားေပါက္ၿပီး ခံတြင္းနံ႔ဆိုးတတ္တယ္။ အနာေတြက အလည္ဗဟိုမွာ အဝါေရာင္ သို႔မဟုတ္ မီးခိုးေရာင္ေတြ ျဖစ္တတ္ပါတယ္။

HSV ဗိုင္းရပ္စ္ရွိတဲ့ ကေလးေတြဟာ ေနာက္ပိုင္းမွ ေရယုန္ေတြထပ္ၿပီးေပါက္လာႏိုင္ပါတယ္။ အခါအားေလ်ာ္စြာ ထပ္ကာထပ္ကာ ေပါက္လာႏိုင္ၿပီး ပထမဆုံးအႀကိမ္ေလာက္ေတာ့ မျပင္းထန္ေတာ့ပါဘူး။

HSV ဗိုင္းရပ္စ္ေနာက္တစ္ႀကိမ္ေရာဂါျပန္ျဖစ္ျခင္းေတြဟာ ပထမဆုံးအႀကိမ္ေတြထက္ပိုၿပီး သက္သာပါတယ္။ အခ်ိန္လည္းပိုတိုၿပီး ျပင္းထန္မႈလည္း အရင္ထက္နည္းေလ့ရွိတယ္။ ဖ်ားျခင္း၊ ေခါင္းကိုက္ျခင္း မရွိတတ္ေတာ့ဘဲ ေရယုန္ေတြေပါက္႐ုံေလာက္ပဲျဖစ္တတ္ပါတယ္။ အာသီးေတာ့ေရာင္ေကာင္းေရာင္ႏိုင္ပါေသးတယ္။

ေရယုန္ေတြရဲ႕ အခ်က္ျပလကၡဏာေတြကေတာ့ ပါးစပ္တဝိုက္မွာ ယားယံမယ္၊ စပ္ဖ်င္းဖ်င္းျဖစ္ပါလိမ့္မယ္။ ၿပီးတဲ့အခါ ေအာက္ႏႈတ္ခမ္းစြန္းမွာ အရည္ၾကည္ဖုေလးေတြေပါက္လာပါမယ္။

ေနာက္တစ္ႀကိမ္ျပန္ေပါက္တဲ့ေရယုန္ေတြဟာ ပထမအႀကိမ္နဲ႔ ေနရာတူတူျပန္ေပါက္တတ္ပါတယ္။ အ႐ြယ္အစားကေတာ့ ပိုႀကီးလာၿပီး ပိုေနရထိုင္ရခက္ေစႏိုင္ပါတယ္။ အခ်က္ျပလကၡဏာစေပၚခ်ိန္မွ ၄၈ နာရီအၾကာေလာက္မွာ အဖုေတြေပါက္သြားကာ အရည္ေတြထြက္လာၿပီး ေနာက္အနာက်က္သြားပါတယ္။ ကုသမႈမရွိလည္း ၇ ရက္မွ ၁၀ ရက္အတြင္း ေပ်ာက္တတ္ၿပီး အမာ႐ြတ္မက်န္ခဲ့ပါဘူး။

ဘာေတြကျဖစ္ေစလဲ

HSV ဗိုင္းရပ္စ္ေၾကာင့္ျဖစ္တယ္။ ဗိုင္းရပ္စ္ႏွစ္မ်ိဳးရွိပါတယ္။
HSV-1 ဗိုင္းရပ္စ္– ထိုဗိုင္းရပ္စ္က မ်ားေသာအားျဖင့္ ႏႈတ္ခမ္းတဝိုက္ေရယုန္ေတြသာေပါက္ေစၿပီး HSV-2 ဗိုင္းရပ္စ္ကေတာ့ လိင္အဂၤါေနရာေတြမွာ အနာေတြ၊ ေရယုန္ေတြျဖစ္ေစေလ့ရွိပါတယ္။

ဒါေပမယ့္ ႏွစ္မ်ိဳးစလုံးက ႏွစ္ေနရာစလုံးမွာ ေရယုန္ေပါက္ႏိုင္ေစပါတယ္။ တခ်ိဳ႕အခါေတြမွာ ေရာဂါပိုးကူးစက္ထားေပမယ့္ ေရယုန္လုံးဝမေပါက္တာ၊ လကၡဏာေတြမျပတာလည္းျဖစ္ႏိုင္ပါတယ္။

အနာေတြကေန အရည္ေတြထြက္ေနတဲ့အခါ ကူးစက္ႏိုင္ႏႈန္းအမ်ားဆုံးျဖစ္တယ္။ ဒါေပမယ့္ လကၡဏာမျပဘဲ ပိုးရွိေနတာလည္းျဖစ္ႏိုင္တာေၾကာင့္ ေရယုန္မေပါက္လည္း ေရာဂါပိုးကူးစက္ႏိုင္ပါတယ္။ HSV ဗိုင္းရပ္စ္နဲ႔ တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္ျဖစ္ေစ ထိေတြ႕မိပါက ေရာဂါကူးစက္ႏိုင္ပါတယ္။ စားေသာက္ပစၥည္းမ်ားအတူတူသုံးျခင္း၊ မုတ္ဆိတ္ရိတ္ဓါး တူတူသုံးျခင္း၊ နမ္းျခင္း ေတြဟာ HSV-1 ဗိုင္းရပ္စ္ကူးစက္ေစၿပီး ခံတြင္းျဖင့္ကာမစပ္ယွက္ျခင္းက HSV-1 ကိုလိမ္အဂၤါဆီကူးေစၿပီး HSV-2 ကိုပါးစပ္ဆီကူးေစႏိုင္ပါတယ္။

ေရယုန္အနာေတြေပ်က္သြားတာဟာ ဗိုင္းရပ္စ္မရွိေတာ့ဘူး လို႔ဆိုလိုတာမဟုတ္ပါဘူး။ ေရာဂါပိုးဟာ ခႏၶာကိုယ္ထဲမွာေနၿပီး ေရယုန္ေတြျပန္ျပန္ျဖစ္ေစႏိုင္ပါတယ္။

လကၡဏာေတြျပန္ေပၚလာေအာင္ လႈံ႕ေဆာ္ႏိုင္တဲ့ အရာေတြကေတာ့-

• ဖ်ားျခင္း၊ အျခားဗိုင္းရပ္စ္ပိုးတစ္မ်ိဳးထပ္ဝင္ျခင္း
• ေဟာ္မုန္းေျပာင္းလဲျခင္း (ဓမၼတာလာခ်ိန္ကဲ့သို႔)
• စိတ္ဖိစီးမႈ
• ပင္ပန္းႏြမ္းနယ္ျခင္း
• ေန၊ ေလ ထိျခင္း
• ကိုယ္ခံအားစနစ္ေျပာင္းလဲျခင္း

ကုသမႈ

ကံဆိုးစြာနဲ႔ပဲ ေရယုန္အနာေတြကိုေရာ HSV ဗိုင္းရပ္စ္ကိုေရာ ကုသနည္းမရွိေသးပါဘူး။ ေရယုန္ေတြက သူ႔အလိုလိုေပ်ာက္သြားတတ္ၿပီး အျမန္ေပ်ာက္ဖို႔အတြက္ေတာ့ ခရင္တစ္မ်ိဳးမ်ိဳး၊ ေဆးတစ္မ်ိဳးမ်ိဳး သုံးေပးႏိုင္ပါတယ္။

ပထမဆုံးေရာဂါပိုးဝင္ျခင္းအတြက္

ပထမဆုံးအႀကိမ္အနာေတြအတြက္ကေတာ့ ဗိုင္းရပ္စ္သတ္ေဆးေသာက္ေဆးတခ်ိဳ႕က နာက်င္မႈသက္သာေစႏိုင္ၿပီး အျမန္အနာက်က္ေစႏိုင္ပါလိမ့္မယ္။

ကေလးေတြအတြက္ ပထမဆုံးအႀကိမ္ျဖစ္တဲ့ အနာေတြဟာ နာက်င္လြန္းတာေၾကာင့္ စားေသာက္ဖို႔၊ အိပ္ဖို႔ အေႏွာင့္အယွက္ျဖစ္ႏိုင္ပါတယ္။ ကေလးကိုေရေသာက္ဖို႔၊ အရည္ေတြေသာက္ဖို႔ အားေပးျခင္းျဖင့္ ေရဓါတ္မဆုံးရႈံးေအာင္ ကာကြယ္ရပါမယ္။

လူႀကီးေတြနဲ႔ ကေလးႀကီးေတြအတြက္ေတာ့ အနာသက္သာေစဖို႔ ပါးစပ္ေဆးရည္တစ္မ်ိဳး သုံးစြဲႏိုင္ပါတယ္။

ျပန္ျဖစ္ေသာအနာေတြအတြက္

ေနာက္တစ္ႀကိမ္ျပန္ျဖစ္တဲ့အခါ ဒီအခ်က္ေတြနဲ႔ ေနရာသက္သာေစႏိုင္ပါတယ္-
ခရင္ လိမ္းေဆးေတြဟာ နာက်င္မႈ၊ ယားယံမႈကိုသက္သာေစႏိုင္ၿပီး အနာက်က္ျမန္ေစပါလိမ့္မယ္။

ဗိုင္းရပ္စ္သတ္ေဆးေသာက္ေဆးေတြဟာလည္း ပထမဆုံးလကၡဏာေတြ (ယားယံျခင္း၊ စပ္ဖ်င္းဖ်င္းျဖစ္ျခင္း) ေတြျဖစ္စဥ္ ေသာက္ထားႏိုင္ပါတယ္။ အနာေပါက္ခ်ိန္မွေသာက္ရင္ အာနိသင္သိပ္မရွိတတ္ပါဘူး။

မၾကာခဏ အနာေတြေပါက္တတ္သူေတြအတြက္ ေန႔စဥ္ဗိုင္းရပ္စ္သတ္ေဆးမွီဝဲျခင္းျဖင့္ ျပန္ျဖစ္ႏႈန္းကို ေလွ်ာ့ခ်ႏိုင္ပါလိမ့္မယ္။

ကိုယ္ခံအားနည္းသူေတြအတြက္ကေတာ့ ေရယုန္ျပန္မေပါက္ေအာင္ ကာကြယ္ႏိုင္ဖို႔အတြက္ ေဆးပမာဏပိုမ်ားမ်ားလိုပါလိမ့္မယ္။

ဒါေၾကာင့္ ေရယုန္ေပါက္ျခင္းကာကြယ္ဖို႔၊ လကၡဏာေတြသက္သာေစဖို႔အတြက္ ကိုယ္ခံအားစနစ္အားေကာင္းေအာင္ အားျဖည့္ေဆးမ်ားမွီဝဲသင့္ပါတယ္။ ဗီတာမင္-စီ၊ လိုင္ဆင္း(lysine) ေတြဟာ ေရယုန္ေပါက္ခ်ိန္မွာ သက္သာရာေစမယ့္ အားျဖည့္ေဆးတခ်ိဳ႕ျဖစ္တယ္။ ဗီတာမင္-စီကို ေဆးျပားအျဖစ္ ေသာက္ႏိုင္သလို၊ အနာေပၚမွာ ခရင္အျဖစ္ သို႔မဟုတ္ အရည္အျဖစ္လည္းလိမ္းႏိုင္ပါတယ္။ Lysine ကို ေဆးျပားအေနနဲ႔ေသာက္ႏိုင္ၿပီး၊ Lemon ပါတဲ့ လိမ္းေဆးေတြသုံးႏိုင္ပါတယ္။ Zinc oxide လိမ္းေဆးေတြဟာလည္း လကၡဏာမ်ားကို အခ်ိန္တိုတိုနဲ႔ေပ်ာက္ကင္းဖို႔ ကူညီေပးပါတယ္။

ေရးသားသူ Dr.Aye Myat Myat Noe
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Kaung Thar
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
----------------
(Unicode)⤵⤵⤵
ရေယုန်လက္ခဏာများ

ရေယုန်ဆိုတာ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်တာပါ။ နှုတ်ခမ်းတဝိုက်မှာ အရည်ကြည်ဖုများ ပေါက်ခြင်းဖြစ်တယ်။ တခါတရံအစုလိုက်ပေါက်တတ်ပြီး အဖုများပေါက်သွားတဲ့အခါ အသားမာအဖြစ်၊ အနာအဖြစ်ကျန်ခဲ့တတ်ပါတယ်။ အနာကျက်ရန် ရက်သတ္တပတ် အနည်းငယ်ကြာတတ်ပေမယ့် အမာရွတ်တော့မကျန်ခဲ့တတ်ပါဘူး။

ရေယုန်တွေက အနာကိုထိတွေ့မိပါက ကူးနိုင်ပါတယ်၊ ဥပမာ-အနမ်းပေးခြင်းကဲ့သို့ဖြစ်တယ်။ ရေယုန်ဗိုင်းရပ်စ် Herpes Simplex Virus(ဟားပီးစ် ဆင်းပလတ်စ် ဗိုင်းရပ်စ်) (HDV-1) နဲ့ HSV-2 တို့ကြောင့်ဖြစ်ရခြင်းဖြစ်တယ်။ ဗိုင်းရပ်စ်နှစ်မျိုးစလုံးက ပါးစပ်နဲ့ လိင်အင်္ဂါနေရာများကို ထိခိုက်စေတတ်ပါတယ်။ HSV-2 ကတော့ များသောအားဖြင့် လိင်အင်္ဂါနေရာမှာပဲ အနာဖြစ်စေတယ်။ ခံတွင်းဖြင့် ကာမစပ်ယှက်တဲ့အခါမျိုးမှာ ကူးစက်တတ်ပါတယ်။ ဗိုင်းရပ်စ်ရှိတာနဲ့ ရေယုန်ပေါက်မယ်လ ို့ မဆိုလိုပါဘူး။ အနာတွေမတွေ့ရလည်း ရောဂါပိုးကူးစက်နေတာဖြစ်နိုင်ပါတယ်။

အခုအချိန်ထိ HSV ဗိုင်းရပ်စ်အတွက် ကုသဖို့ဆေးမရှိသေးပါဘူး။ ဆိုလိုတာက လက္ခဏာတွေက အချိန်မရွေးပြန်ဖြစ်နိုင်ပါတယ်။ အတတ်နိုင်ဆုံးကုသမှုကတော့ အနာများအမြန်သက်သာပြီး ပြန်ဖြစ်တာကိုလျှော့ချဖို့ ဗိုင်းရပ်စ်သတ်ဆေးများသာ သုံးနိုင်ပါသေးတယ်။

အဖြစ်များတဲ့လက္ခဏာတွေ

ကလေးတွေမှာလည်းဖြစ်နိုင်ပါတယ်။ herpes simplex gingivostomatitis(ဂျင်ဂျီဗိုစတိုမတိုင်းတစ်ဆ်) လို့ခေါ်တယ်။ ငါးနှစ်ထက်ငယ်တဲ့ကလေးတွေမှာဖြစ်နိုင်ပြီး လက္ခဏာတွေကတော့-

• သွားဖုံးရောင်ရမ်းနာကျင်ခြင်း
• ပါးစပ်တဝိုက်အနာငယ်များပေါက်ခြင်း
• လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်း
• မကြာခဏသွားရည်ကျခြင်း
• ဖျားခြင်း – ၃၈ ဒီဂရီဆဲလ်စီးယပ်စ် ဝန်းကျင်
• ရေဓါတ်ခန်းခြောက်ခြင်း
• ပျို့ခြင်း
• ခေါင်းကိုက်ခြင်း တို့ဖြစ်တယ်။

herpes simplex gingivostomatitis ဟာကလေးတွေမှာဖြစ်လေ့ရှိပေမယ့် လူကြီးတွေမှာလည်းဖြစ်နိုင်ပါတယ်။ လူကြီးတွေမှာ ၇ရက်မှ ၁၄ ရက်ခန့်ထိကြာနိုင်ပြီး၊ အနာကျက်ဖို့ သုံးပတ်လောက်ကြာကာ ပြန်တော့မဖြစ်တတ်ပါဘူး။

ပထမဆုံးအကြိမ်လက္ခဏာတွေပြတဲ့အခါ ‘ပထမဆုံး၊ကနဦး ရောဂါပိုးဝင်ခြင်း’ လို့သတ်မှတ်တတ်ပြီး အာသီးရောင်ကာ၊ သို့မဟုတ် အာသီးရောင်ခြင်းမရှိဘဲ လည်ချောင်းနာတတ်ပါတယ်။ ပါးစပ်တဝိုက်မှာ အနာများပေါက်ပြီး ခံတွင်းနံ့ဆိုးတတ်တယ်။ အနာတွေက အလည်ဗဟိုမှာ အဝါရောင် သို့မဟုတ် မီးခိုးရောင်တွေ ဖြစ်တတ်ပါတယ်။

HSV ဗိုင်းရပ်စ်ရှိတဲ့ ကလေးတွေဟာ နောက်ပိုင်းမှ ရေယုန်တွေထပ်ပြီးပေါက်လာနိုင်ပါတယ်။ အခါအားလျော်စွာ ထပ်ကာထပ်ကာ ပေါက်လာနိုင်ပြီး ပထမဆုံးအကြိမ်လောက်တော့ မပြင်းထန်တော့ပါဘူး။

HSV ဗိုင်းရပ်စ်နောက်တစ်ကြိမ်ရောဂါပြန်ဖြစ်ခြင်းတွေဟာ ပထမဆုံးအကြိမ်တွေထက်ပိုပြီး သက်သာပါတယ်။ အချိန်လည်းပိုတိုပြီး ပြင်းထန်မှုလည်း အရင်ထက်နည်းလေ့ရှိတယ်။ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း မရှိတတ်တော့ဘဲ ရေယုန်တွေပေါက်ရုံလောက်ပဲဖြစ်တတ်ပါတယ်။ အာသီးတော့ရောင်ကောင်းရောင်နိုင်ပါသေးတယ်။

ရေယုန်တွေရဲ့ အချက်ပြလက္ခဏာတွေကတော့ ပါးစပ်တဝိုက်မှာ ယားယံမယ်၊ စပ်ဖျင်းဖျင်းဖြစ်ပါလိမ့်မယ်။ ပြီးတဲ့အခါ အောက်နှုတ်ခမ်းစွန်းမှာ အရည်ကြည်ဖုလေးတွေပေါက်လာပါမယ်။

နောက်တစ်ကြိမ်ပြန်ပေါက်တဲ့ရေယုန်တွေဟာ ပထမအကြိမ်နဲ့ နေရာတူတူပြန်ပေါက်တတ်ပါတယ်။ အရွယ်အစားကတော့ ပိုကြီးလာပြီး ပိုနေရထိုင်ရခက်စေနိုင်ပါတယ်။ အချက်ပြလက္ခဏာစပေါ်ချိန်မှ ၄၈ နာရီအကြာလောက်မှာ အဖုတွေပေါက်သွားကာ အရည်တွေထွက်လာပြီး နောက်အနာကျက်သွားပါတယ်။ ကုသမှုမရှိလည်း ၇ ရက်မှ ၁၀ ရက်အတွင်း ပျောက်တတ်ပြီး အမာရွတ်မကျန်ခဲ့ပါဘူး။

ဘာတွေကဖြစ်စေလဲ

HSV ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်။ ဗိုင်းရပ်စ်နှစ်မျိုးရှိပါတယ်။
HSV-1 ဗိုင်းရပ်စ်– ထိုဗိုင်းရပ်စ်က များသောအားဖြင့် နှုတ်ခမ်းတဝိုက်ရေယုန်တွေသာပေါက်စေပြီး HSV-2 ဗိုင်းရပ်စ်ကတော့ လိင်အင်္ဂါနေရာတွေမှာ အနာတွေ၊ ရေယုန်တွေဖြစ်စေလေ့ရှိပါတယ်။

ဒါပေမယ့် နှစ်မျိုးစလုံးက နှစ်နေရာစလုံးမှာ ရေယုန်ပေါက်နိုင်စေပါတယ်။ တချို့အခါတွေမှာ ရောဂါပိုးကူးစက်ထားပေမယ့် ရေယုန်လုံးဝမပေါက်တာ၊ လက္ခဏာတွေမပြတာလည်းဖြစ်နိုင်ပါတယ်။

အနာတွေကနေ အရည်တွေထွက်နေတဲ့အခါ ကူးစက်နိုင်နှုန်းအများဆုံးဖြစ်တယ်။ ဒါပေမယ့် လက္ခဏာမပြဘဲ ပိုးရှိနေတာလည်းဖြစ်နိုင်တာကြောင့် ရေယုန်မပေါက်လည်း ရောဂါပိုးကူးစက်နိုင်ပါတယ်။ HSV ဗိုင်းရပ်စ်နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထိတွေ့မိပါက ရောဂါကူးစက်နိုင်ပါတယ်။ စားသောက်ပစ္စည်းများအတူတူသုံးခြင်း၊ မုတ်ဆိတ်ရိတ်ဓါး တူတူသုံးခြင်း၊ နမ်းခြင်း တွေဟာ HSV-1 ဗိုင်းရပ်စ်ကူးစက်စေပြီး ခံတွင်းဖြင့်ကာမစပ်ယှက်ခြင်းက HSV-1 ကိုလိမ်အင်္ဂါဆီကူးစေပြီး HSV-2 ကိုပါးစပ်ဆီကူးစေနိုင်ပါတယ်။

ရေယုန်အနာတွေပျေက်သွားတာဟာ ဗိုင်းရပ်စ်မရှိတော့ဘူး လို့ဆိုလိုတာမဟုတ်ပါဘူး။ ရောဂါပိုးဟာ ခန္ဓာကိုယ်ထဲမှာနေပြီး ရေယုန်တွေပြန်ပြန်ဖြစ်စေနိုင်ပါတယ်။

လက္ခဏာတွေပြန်ပေါ်လာအောင် လှုံ့ဆော်နိုင်တဲ့ အရာတွေကတော့-

• ဖျားခြင်း၊ အခြားဗိုင်းရပ်စ်ပိုးတစ်မျိုးထပ်ဝင်ခြင်း
• ဟော်မုန်းပြောင်းလဲခြင်း (ဓမ္မတာလာချိန်ကဲ့သို့)
• စိတ်ဖိစီးမှု
• ပင်ပန်းနွမ်းနယ်ခြင်း
• နေ၊ လေ ထိခြင်း
• ကိုယ်ခံအားစနစ်ပြောင်းလဲခြင်း

ကုသမှု

ကံဆိုးစွာနဲ့ပဲ ရေယုန်အနာတွေကိုရော HSV ဗိုင်းရပ်စ်ကိုရော ကုသနည်းမရှိသေးပါဘူး။ ရေယုန်တွေက သူ့အလိုလိုပျောက်သွားတတ်ပြီး အမြန်ပျောက်ဖို့အတွက်တော့ ခရင်တစ်မျိုးမျိုး၊ ဆေးတစ်မျိုးမျိုး သုံးပေးနိုင်ပါတယ်။

ပထမဆုံးရောဂါပိုးဝင်ခြင်းအတွက်

ပထမဆုံးအကြိမ်အနာတွေအတွက်ကတော့ ဗိုင်းရပ်စ်သတ်ဆေးသောက်ဆေးတချို့က နာကျင်မှုသက်သာစေနိုင်ပြီး အမြန်အနာကျက်စေနိုင်ပါလိမ့်မယ်။

ကလေးတွေအတွက် ပထမဆုံးအကြိမ်ဖြစ်တဲ့ အနာတွေဟာ နာကျင်လွန်းတာကြောင့် စားသောက်ဖို့၊ အိပ်ဖို့ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ကလေးကိုရေသောက်ဖို့၊ အရည်တွေသောက်ဖို့ အားပေးခြင်းဖြင့် ရေဓါတ်မဆုံးရှုံးအောင် ကာကွယ်ရပါမယ်။

လူကြီးတွေနဲ့ ကလေးကြီးတွေအတွက်တော့ အနာသက်သာစေဖို့ ပါးစပ်ဆေးရည်တစ်မျိုး သုံးစွဲနိုင်ပါတယ်။

ပြန်ဖြစ်သောအနာတွေအတွက်

နောက်တစ်ကြိမ်ပြန်ဖြစ်တဲ့အခါ ဒီအချက်တွေနဲ့ နေရာသက်သာစေနိုင်ပါတယ်-
ခရင် လိမ်းဆေးတွေဟာ နာကျင်မှု၊ ယားယံမှုကိုသက်သာစေနိုင်ပြီး အနာကျက်မြန်စေပါလိမ့်မယ်။

ဗိုင်းရပ်စ်သတ်ဆေးသောက်ဆေးတွေဟာလည်း ပထမဆုံးလက္ခဏာတွေ (ယားယံခြင်း၊ စပ်ဖျင်းဖျင်းဖြစ်ခြင်း) တွေဖြစ်စဉ် သောက်ထားနိုင်ပါတယ်။ အနာပေါက်ချိန်မှသောက်ရင် အာနိသင်သိပ်မရှိတတ်ပါဘူး။

မကြာခဏ အနာတွေပေါက်တတ်သူတွေအတွက် နေ့စဉ်ဗိုင်းရပ်စ်သတ်ဆေးမှီဝဲခြင်းဖြင့် ပြန်ဖြစ်နှုန်းကို လျှော့ချနိုင်ပါလိမ့်မယ်။

ကိုယ်ခံအားနည်းသူတွေအတွက်ကတော့ ရေယုန်ပြန်မပေါက်အောင် ကာကွယ်နိုင်ဖို့အတွက် ဆေးပမာဏပိုများများလိုပါလိမ့်မယ်။

ဒါကြောင့် ရေယုန်ပေါက်ခြင်းကာကွယ်ဖို့၊ လက္ခဏာတွေသက်သာစေဖို့အတွက် ကိုယ်ခံအားစနစ်အားကောင်းအောင် အားဖြည့်ဆေးများမှီဝဲသင့်ပါတယ်။ ဗီတာမင်-စီ၊ လိုင်ဆင်း(lysine) တွေဟာ ရေယုန်ပေါက်ချိန်မှာ သက်သာရာစေမယ့် အားဖြည့်ဆေးတချို့ဖြစ်တယ်။ ဗီတာမင်-စီကို ဆေးပြားအဖြစ် သောက်နိုင်သလို၊ အနာပေါ်မှာ ခရင်အဖြစ် သို့မဟုတ် အရည်အဖြစ်လည်းလိမ်းနိုင်ပါတယ်။ Lysine ကို ဆေးပြားအနေနဲ့သောက်နိုင်ပြီး၊ Lemon ပါတဲ့ လိမ်းဆေးတွေသုံးနိုင်ပါတယ်။ Zinc oxide လိမ်းဆေးတွေဟာလည်း လက္ခဏာများကို အချိန်တိုတိုနဲ့ပျောက်ကင်းဖို့ ကူညီပေးပါတယ်။

ရေးသားသူ Dr.Aye Myat Myat Noe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ေရယုန္လကၡဏာမ်ား ေရယုန္လကၡဏာမ်ား Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.