AA ဖမ္းထားတဲ့ တပ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြ အေျခအေန

ရကၡိဳင့္တပ္ေတာ္(AA)က အခ်ိန္ ေလးလေက်ာ္ၾကာထိန္းသိမ္းထားတဲ့ ေနျပည္ေတာ္ ေျမတိုင္းဦးစီးဌာနက ဦးစီးအရာရွိ ဦးဇင္ေအာင္ ကို ေတြ႕ရစဥ္ / Photo: Arakan Army Video Capture
(Zawgyi)⤵⤵⤵
၂၀၁၈ ဒီဇင္ဘာကစလို႔ ရခိုင္ျပည္နယ္မွာ ရကၡိဳင့္တပ္ေတာ္ AA နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲေတြအတြင္း AA က စစ္ဘက္နဲ႔ ဆက္စပ္လို႔ဆိုၿပီး သံသယနဲ႔ ဖမ္းဆီးထားသူ အေရအတြက္ ပိုမ်ားလာေနပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ ထုတ္ျပန္ခ်က္ေတြအရ တပ္မေတာ္သားေတြ၊ ရဲတပ္ဖြဲ႕ဝင္ေတြ အပါအဝင္ ဖမ္းဆီးထားသူ ၃၀ ေက်ာ္ေလာက္ရွိတယ္လို႔ ခန႔္မွန္းရပါတယ္။

ၿပီးခဲ့တဲ့ႏိုဝင္ဘာ ၁၂ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ AA အဖြဲ႕ရဲ႕ ေၾကညာခ်က္မွာ ရဲတပ္ဖြဲ႕ဝင္ ကိုးဦး၊ တပ္မေတာ္သား ေျခာက္ဦး၊ အက်ဥ္းဦးစီးဝန္ထမ္း တစ္ဦး၊ တပ္အင္ဂ်င္နီယာ တစ္ဦး စုစုေပါင္း ၁၇ ဦးကို သုံ႔ပန္းခ်င္း လဲလွယ္လိုေၾကာင္းထုတ္ျပန္ခဲ့တာပါ။

သုံ႔ပန္းလဲလွယ္ေရးနဲ႔ပတ္သက္ၿပီးေတာ့ အစိုးရနဲ႔ တပ္မေတာ္ဘက္က လက္မခံႏိုင္ဘူးလို႔ ျငင္းဆိုထားပါတယ္။

AA ရကၡိဳင့္တပ္ေတာ္ရဲ႕ လုပ္ရပ္ေတြဟာ ဥပေဒနဲ႔မညီတဲ့အတြက္ AA က ကမ္းလွမ္းထားတဲ့ သုံ႔ပန္းလဲလွယ္ေရး အစီအစဥ္ကို လက္ခံမွာမဟုတ္ဘူးလို႔ ႏိုဝင္ဘာလ၁၅ ရက္ေန႔က ျပဳလုပ္တဲ့ သမၼတ႐ုံး သတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံး ေျပာခြင့္ရသူ ဦးေဇာ္ေဌးက ေျပာဆိုထားပါတယ္။

ဒါ့အျပင္ AA က ဖမ္းဆီးသြားတဲ့ စစ္သည္ေတြ၊ ရဲတပ္ဖြဲ႕ဝင္ေတြ၊ ဝန္ထမ္းေတြ ျပန္လြတ္ေျမာက္ေရးအတြက္ AA နဲ႔ ေဆြးေႏြးပြဲေတြမွာေရာ၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္က တဆင့္ေရာ၊ AA အေပၚ ၾသဇာလႊမ္းမိုးႏိုင္စြမ္းရွိတဲ့ အဖြဲ႕အစည္း လူပုဂၢိဳလ္ေတြကတဆင့္ပါ ႀကိဳးပမ္းခဲ့တယ္လို႔လည္း ေျပာၾကားထားပါတယ္။

တပ္မေတာ္ သတင္းမွန္ျပားၾကားေရးအဖြဲ႕ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ႏိုင္ငံအခ်င္းခ်င္း စစ္ျဖစ္ပြားခဲ့ၿပီး စစ္ပြဲအတြင္း ဖမ္းဆီးခဲ့တဲ့ သုံ႔ပန္းအခ်င္းခ်င္း လဲလွယ္တာေတြရွိခဲ့ေပမယ့္ ဘယ္ႏိုင္ငံ ဘယ္တပ္မေတာ္ကမွ အၾကမ္းဖက္သူေတြ ဖမ္းဆီးသြားတဲ့သူေတြနဲ႔ လဲလွယ္တာမ်ိဳးမရွိသလို ညႇိႏႈိင္းၿပီး ေဆာင္႐ြက္ခဲ့တာ မရွိဘူးလို႔ ႏိုဝင္ဘာလ ၁၂ ေန႔က RFA ကို ေျပာပါတယ္။

အလားတူ AA အဖြဲ႕က ႏိုဝင္ဘာ ၁၉ ရက္ေန႔က တပ္မ (၇၇) လက္ေအာက္ခံ ခမရ(၃၁၃)က စစ္ေၾကာင္းက အရာရွိ  ႏွစ္ဦးအပါအဝင္ ၁၃ ဦး လက္နက္ခ်လို႔ ဖမ္းဆီးထားတယ္လို႔ AA က သတင္းထုတ္ျပန္ထားပါတယ္။

အဲဒီထုတ္ျပန္ခ်က္နဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကေတာ့ မဟုတ္မွန္ေၾကာင္းနဲ႔ ၂၀၁၇ ခုႏွစ္က အေၾကာင္းအရာကို ျပန္တင္ထားတာျဖစ္ေၾကာင္း RFA ကို တုံ႔ျပန္ထား ပါတယ္။

AA လက္ထဲမွာ ဖမ္းဆီးခံထားရတဲ့ အေရအတြက္ကိုေတာ့ လတ္တေလာမွာ တပ္မေတာ္က စုေဆာင္းထားျခင္း မရွိေသးဘူးလို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကေတာ့ နယ္ေျမရွင္းလင္းေရးေတြ ဆက္လုပ္ သြားမွာျဖစ္သလို အဲဒီလို ရွင္းလင္းေရးေဆာင္႐ြက္ရင္း  ဖမ္းဆီးထားသူေတြကို ျပန္လည္ကယ္တင္သြားမယ္လို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ကေတာ့ ဆက္ၿပီးနယ္ေျမရွင္းလင္းေရး လုပ္ေနမွာပဲေလ။ သူတို႔ေခၚထားတဲ့ေနရာေတြ ဘာေတြနဲ႔ ကြၽန္ေတာ္တို႔ နယ္ေျမရွင္းတဲ့အခါေတြ႕ရင္ေတာ့ ျပန္ၿပီးေတာ့မွ ေခၚႏိုင္မွာေပါ့။ ကြၽန္ေတာ္ကေတာ့ ရေအာင္ေတာ့ နယ္ေျမရွင္းလင္းေရး လိုက္လုပ္မယ္။ ကြၽန္ေတာ္တို႔ရဲ႕ တာဝန္ကိုက နယ္ေျမရွင္းလင္းေရးပဲ”

AA ကလည္း သူတို႔ ဖမ္းဆီးထားတဲ့ သုံ႔ပန္းအေရအတြက္ကို ထုတ္ေဖာ္ေျပာဆိုဖု႔ိ ျငင္းဆိုပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခ ေျပာတာက …

“စစ္သုံ႔ပန္းအေရအတြက္ကေတာ့ ကြၽန္ေတာ္တို႔ လုံၿခဳံေရးကိစၥျဖစ္တဲ့အတြက္ေၾကာင့္မို႔ ေလာေလာဆယ္ မွာေတာ့ အားလုံးေျပာလို႔ မရေသးဘူးဗ်။ အေရအတြက္ကိုေတာ့ ေျပာလို႔မရဘူး။ ဒါေပမဲ့ သူတို႔ကိုေတာ့ ကြၽန္ေတာ္တို႔ ေကာင္းေကာင္းမြန္မြန္ပဲ ဆက္ၿပီးထိန္းသိမ္းထားမွာျဖစ္တယ္”

AA ဘက္က ဖမ္းဆီးထားသူေတြနဲ႔ တပ္မေတာ္က ဖမ္းဆီးအမႈဖြင့္ထားသူေတြကို လဲလွယ္ဖို႔ အစီအစဥ္ဟာ အစိုးရနဲ႔ တပ္မေတာ္က ျငင္းဆိုထားတဲ့အတြက္ အေကာင္အထည္ေပၚလာမယ့္ အေျခအေန မရွိေသးပါဘူး။

ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးေမာင္ေမာင္အုန္း ကေတာ့ အခု AA က ဖမ္းဆီးထားသူေတြ ျပန္လည္ လြတ္ေျမာက္ဖို႔ ၾကားဝင္ညႇိႏႈိင္းေပးသူရွိရင္ တစ္မ်ိဳးတဖုံျဖစ္လာႏိုင္ေပမယ့္ လက္ရွိအေနအထားအရ ဒီကိစၥဟာ ကိုင္တြယ္ရခက္မယ္လို႔ သုံးသပ္ပါတယ္။

“ၾကားကေန ဝင္ေရာက္ ျဖန္ေျဖညႇိႏႈိင္းေပးမယ့္သူ ရွိရင္ေတာ့ တစ္မ်ိဳးေပါ့ေနာ္။ အခုအေနအထားက  တစ္ဖက္က ေတာင္းဆိုတယ္ တစ္ဖက္ကလည္း မျဖစ္ႏိုင္ဘူးဆိုတဲ့အခါက်ေတာ့ ဒီကိစၥဟာ နည္းနည္းလုပ္ရ ခက္မယ္လို႔ထင္တယ္။ အေပၚမွာျဖစ္ေနတဲ့ ဒီႏိုင္ငံေရး အခင္းအက်င္းအရမွာ သူတို႔ေတြက ၾကားထဲကေန သားေကာင္ေတြျဖစ္ရတဲ့ အေနအထားေတြ ဆိုေတာ့ကာ ကြၽန္ေတာ္တို႔ကေတာ့ လႊတ္ေတာ္ကိုယ္စားအပါအဝင္ အားလုံးက သားေကာင္ေတြျဖစ္တဲ့အတြက္ ဒါက အဲလိုလုပ္ေၾကးဆိုရင္ေတာ့လည္း ဟိုဘက္ဒီဘက္ လုပ္လို႔ဆုံးမွာ မဟုတ္ေတာ့ဘူး။ ကြၽန္ေတာ္အျမင္ေျပာရရင္ေတာ့ ဒါဟာေနာက္ဆုံးအႀကိမ္ပဲ ျဖစ္ေစခ်င္တယ္။ ဒါေလးေတြကိုေတာ့ ထိန္းထိန္းသိမ္းသိမ္း လုပ္ေစခ်င္တယ္ေပါ့ဗ်ာ”

တပ္မေတာ္ အၿငိမ္းစားအရာရွိ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာေအာင္မ်ိဳးကေတာ့ AA အဖြဲ႕ကို အၾကမ္းဖက္အဖြဲ႕လို႔ သေဘာထားတဲ့အတြက္ လဲလွယ္တဲ့ကိစၥဟာလည္း ျဖစ္လာႏိုင္စရာမရွိဘူးလို႔ သုံးသပ္ပါတယ္။

“သူ႔ကို အၾကမ္းဖက္အဖြဲ႕ သတ္မွတ္ထားတယ္ဆိုရင္ေတာ့ ဒီလဲလွယ္ေရးဟာ ဘယ္ေတာ့မွ ျဖစ္လာမွာ မဟုတ္ဘူး။ AA ကေတာ့ ဒီလူေတြ သြားေလရာမွာ ပါသြားၿပီးေတာ့ အေျခတက်မရွိတဲ့အခါၾကေတာ့ သူ႔အတြက္က ဝန္ထုပ္ဝန္ပိုးျဖစ္လာမယ္။ သူတစ္ခုခု နည္းလမ္းနဲ႔ လက္လြတ္ေအာင္ႀကိဳးစားရင္ ႀကိဳးစား၊ မႀကိဳးစားရင္လည္း ဒီလို ဓားစာခံလိုဖမ္းတဲ့လုပ္ရပ္ေတြက မွားတယ္ဆိုတာကို တေျဖးေျဖးနဲ႔ စိတ္ပ်က္ လာမယ္။ ၾကားထဲက လူေတြအေနနဲ႔ေတာ့ ေတာ္ေတာ္ေလးေတာ့ သနားစရာေပါ့ေနာ္ အဲဒီလိုေလးေတာ့ ျဖစ္ေနတာေပါ့”

AA အဖြဲ႕နဲ႔ဆက္စပ္ၿပီး အစိုးရနဲ႔ တပ္မေတာ္က ဖမ္းဆီးထားသူေတြကို တည္ဆဲဥပေဒနဲ႔အညီ စစ္ေဆးအေရး ယူေနၿပီး သူတို႔ကို သုံ႔ပန္းအျဖစ္ မသတ္မွတ္ဘူးလို႔ ဦးေဇာ္ေဌးက ေျပာထားတာပါ။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကေတာ့ ၿပီးခဲ့တဲ့ ဇြန္လမွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလကေန ဇြန္လဆန္းပိုင္းအထိ ႏွစ္ဖက္ တိုက္ပြဲေတြအတြင္း တပ္မေတာ္က AA အဖြဲ႕နဲ႔ ပတ္သက္တယ္ဆိုၿပီး သံသယရွိသူ ၉၀ ဦးကို ဖမ္းဆီးစစ္ေဆးခဲ့သလို လက္ရွိစစ္ေဆးေနဆဲ ၃၆ ဦး၊ ျပန္လႊတ္ေပးခဲ့သူ ရွစ္ဦး၊ အမႈျဖစ္ပြားေနသူ ၄၅ ဦး၊ ျပစ္ဒဏ္ခ်မွတ္ၿပီးသူ သုံးဦးရွိတယ္လို႔ ေျပာဆိုထားပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ေမယုျမစ္ထဲမွာ ေျပးဆြဲေနတဲ့ ေ႐ႊနဒီအျမန္ေရယာဥ္ကို ေအာက္တိုဘာ ၂၆ ရက္ေန႔က AA အဖြဲ႕က ေရယာဥ္ေပၚလိုက္ပါလာတဲ့ အရပ္သား ၂၅ ေယာက္ကို ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၅ ရက္ေန႔က ျပန္လည္လႊတ္ေပးခဲ့ပါတယ္။

ၿပီးခဲ့တဲ့လေတြအတြင္း AA အဖြဲ႕ ဖမ္းဆီးေခၚေဆာင္တာ ခံရသူေတြထဲမွာ ျပန္လြတ္လာသူ အမ်ားအျပားရွိပါတယ္။ အထင္ရွားဆုံး ဖမ္းဆီးမႈေတြထဲမွာ မီးသတ္သမား အေယာက္ ၂ဝ ခန႔္ အဖမ္းခံရတဲ့ျဖစ္ရပ္နဲ႔ အိႏၵိယႏိုင္ငံသားေတြ ဖမ္းဆီးခံရတဲ့ ျဖစ္ရပ္ေတြျဖစ္ပါတယ္။

အဲဒီထဲက မီးသတ္အရာရွိ တစ္ဦး၊ အိႏၵိယႏိုင္ငံသား တစ္ဦးတို႔ဟာ အထိန္းသိမ္းခံထားရစဥ္ ေသဆုံးသြားပါတယ္။ AA အဖြဲ႕ကေတာ့ အဲဒီ ႏွစ္‌ေယာက္ ေသဆုံးမႈဟာ ႏွိပ္စက္ညႇဥ္းပန္းခံရလို႔ ေသဆုံးတာ မဟုတ္ဘဲ အေမာေဖာက္ၿပီး ႏွလုံးေရာဂါနဲ႔ ေသဆုံးသြားတယ္လို႔ ေျပာထားပါတယ္။

တဖက္မွာလည္း AA နဲ႔ ပတ္သက္ဆက္ႏြယ္တယ္ဆိုတဲ့ သံသယနဲ႔ တပ္မေတာ္ကဖမ္းဆီးၿပီး အမႈဖြင့္ခံထားရသူ လက္ရွိမွာ ရာနဲ႔ခ်ီ ရွိေနၿပီလို႔ ရခိုင္လူမႈအဖြဲ႕အစည္းေတြနဲ႔ ေရွ႕ေနေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း ေျပာၾကပါတယ္။

ႏွစ္ဖက္အျပန္အလွန္ ဖမ္းဆီးထားသူေတြ ပိုမ်ားလာတဲ့အျပင္ တိုက္ပြဲလည္း စိပ္လာသလို ထိခိုက္ဒဏ္ရာရသူ၊ ေသဆုံးသူနဲ႔ စစ္ေဘးတိမ္းေရွာင္ေနရသူေတြလည္း ပိုမ်ားလာေနတာေၾကာင့္ ရခိုင္ျပည္နယ္အတြက္ စိုးရိမ္စရာျဖစ္ေနပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
AA ဖမ်းထားတဲ့ တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အခြေအနေ

ရက္ခိုင့်တပ်တော်(AA)က အချိန် လေးလကျော်ကြာထိန်းသိမ်းထားတဲ့ နေပြည်တော် မြေတိုင်းဦးစီးဌာနက ဦးစီးအရာရှိ ဦးဇင်အောင် ကို တွေ့ရစဉ်
Photo: Arakan Army Video Capture

၂၀၁၈ ဒီဇင်ဘာကစလို့ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေအတွင်း AA က စစ်ဘက်နဲ့ ဆက်စပ်လို့ဆိုပြီး သံသယနဲ့ ဖမ်းဆီးထားသူ အရေအတွက် ပိုများလာနေပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်တွေအရ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် ဖမ်းဆီးထားသူ ၃၀ ကျော်လောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၁၂ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ AA အဖွဲ့ရဲ့ ကြေညာချက်မှာ ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ တပ်မတော်သား ခြောက်ဦး၊ အကျဉ်းဦးစီးဝန်ထမ်း တစ်ဦး၊ တပ်အင်ဂျင်နီယာ တစ်ဦး စုစုပေါင်း ၁၇ ဦးကို သုံ့ပန်းချင်း လဲလှယ်လိုကြောင်းထုတ်ပြန်ခဲ့တာပါ။

သုံ့ပန်းလဲလှယ်ရေးနဲ့ပတ်သက်ပြီးတော့ အစိုးရနဲ့ တပ်မတော်ဘက်က လက်မခံနိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။

AA ရက္ခိုင့်တပ်တော်ရဲ့ လုပ်ရပ်တွေဟာ ဥပဒေနဲ့မညီတဲ့အတွက် AA က ကမ်းလှမ်းထားတဲ့ သုံ့ပန်းလဲလှယ်ရေး အစီအစဉ်ကို လက်ခံမှာမဟုတ်ဘူးလို့ နိုဝင်ဘာလ၁၅ ရက်နေ့က ပြုလုပ်တဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောဆိုထားပါတယ်။

ဒါ့အပြင် AA က ဖမ်းဆီးသွားတဲ့ စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေ ပြန်လွတ်မြောက်ရေးအတွက် AA နဲ့ ဆွေးနွေးပွဲတွေမှာရော၊ ငြိမ်းချမ်းရေးကော်မရှင်က တဆင့်ရော၊ AA အပေါ် သြဇာလွှမ်းမိုးနိုင်စွမ်းရှိတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေကတဆင့်ပါ ကြိုးပမ်းခဲ့တယ်လို့လည်း ပြောကြားထားပါတယ်။

တပ်မတော် သတင်းမှန်ပြားကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ နိုင်ငံအချင်းချင်း စစ်ဖြစ်ပွားခဲ့ပြီး စစ်ပွဲအတွင်း ဖမ်းဆီးခဲ့တဲ့ သုံ့ပန်းအချင်းချင်း လဲလှယ်တာတွေရှိခဲ့ပေမယ့် ဘယ်နိုင်ငံ ဘယ်တပ်မတော်ကမှ အကြမ်းဖက်သူတွေ ဖမ်းဆီးသွားတဲ့သူတွေနဲ့ လဲလှယ်တာမျိုးမရှိသလို ညှိနှိုင်းပြီး ဆောင်ရွက်ခဲ့တာ မရှိဘူးလို့ နိုဝင်ဘာလ ၁၂ နေ့က RFA ကို ပြောပါတယ်။

အလားတူ AA အဖွဲ့က နိုဝင်ဘာ ၁၉ ရက်နေ့က တပ်မ (၇၇) လက်အောက်ခံ ခမရ(၃၁၃)က စစ်ကြောင်းက အရာရှိ  နှစ်ဦးအပါအဝင် ၁၃ ဦး လက်နက်ချလို့ ဖမ်းဆီးထားတယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ မဟုတ်မှန်ကြောင်းနဲ့ ၂၀၁၇ ခုနှစ်က အကြောင်းအရာကို ပြန်တင်ထားတာဖြစ်ကြောင်း RFA ကို တုံ့ပြန်ထား ပါတယ်။

AA လက်ထဲမှာ ဖမ်းဆီးခံထားရတဲ့ အရေအတွက်ကိုတော့ လတ်တလောမှာ တပ်မတော်က စုဆောင်းထားခြင်း မရှိသေးဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ် သွားမှာဖြစ်သလို အဲဒီလို ရှင်းလင်းရေးဆောင်ရွက်ရင်း  ဖမ်းဆီးထားသူတွေကို ပြန်လည်ကယ်တင်သွားမယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ဆက်ပြီးနယ်မြေရှင်းလင်းရေး လုပ်နေမှာပဲလေ။ သူတို့ခေါ်ထားတဲ့နေရာတွေ ဘာတွေနဲ့ ကျွန်တော်တို့ နယ်မြေရှင်းတဲ့အခါတွေ့ရင်တော့ ပြန်ပြီးတော့မှ ခေါ်နိုင်မှာပေါ့။ ကျွန်တော်ကတော့ ရအောင်တော့ နယ်မြေရှင်းလင်းရေး လိုက်လုပ်မယ်။ ကျွန်တော်တို့ရဲ့ တာဝန်ကိုက နယ်မြေရှင်းလင်းရေးပဲ”

AA ကလည်း သူတို့ ဖမ်းဆီးထားတဲ့ သုံ့ပန်းအရေအတွက်ကို ထုတ်ဖော်ပြောဆိုဖု့ိ ငြင်းဆိုပါတယ်။

ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ပြောတာက …

“စစ်သုံ့ပန်းအရေအတွက်ကတော့ ကျွန်တော်တို့ လုံခြုံရေးကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့ လောလောဆယ် မှာတော့ အားလုံးပြောလို့ မရသေးဘူးဗျ။ အရေအတွက်ကိုတော့ ပြောလို့မရဘူး။ ဒါပေမဲ့ သူတို့ကိုတော့ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်ပဲ ဆက်ပြီးထိန်းသိမ်းထားမှာဖြစ်တယ်”

AA ဘက်က ဖမ်းဆီးထားသူတွေနဲ့ တပ်မတော်က ဖမ်းဆီးအမှုဖွင့်ထားသူတွေကို လဲလှယ်ဖို့ အစီအစဉ်ဟာ အစိုးရနဲ့ တပ်မတော်က ငြင်းဆိုထားတဲ့အတွက် အကောင်အထည်ပေါ်လာမယ့် အခြေအနေ မရှိသေးပါဘူး။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း ကတော့ အခု AA က ဖမ်းဆီးထားသူတွေ ပြန်လည် လွတ်မြောက်ဖို့ ကြားဝင်ညှိနှိုင်းပေးသူရှိရင် တစ်မျိုးတဖုံဖြစ်လာနိုင်ပေမယ့် လက်ရှိအနေအထားအရ ဒီကိစ္စဟာ ကိုင်တွယ်ရခက်မယ်လို့ သုံးသပ်ပါတယ်။

“ကြားကနေ ဝင်ရောက် ဖြန်ဖြေညှိနှိုင်းပေးမယ့်သူ ရှိရင်တော့ တစ်မျိုးပေါ့နော်။ အခုအနေအထားက  တစ်ဖက်က တောင်းဆိုတယ် တစ်ဖက်ကလည်း မဖြစ်နိုင်ဘူးဆိုတဲ့အခါကျတော့ ဒီကိစ္စဟာ နည်းနည်းလုပ်ရ ခက်မယ်လို့ထင်တယ်။ အပေါ်မှာဖြစ်နေတဲ့ ဒီနိုင်ငံရေး အခင်းအကျင်းအရမှာ သူတို့တွေက ကြားထဲကနေ သားကောင်တွေဖြစ်ရတဲ့ အနေအထားတွေ ဆိုတော့ကာ ကျွန်တော်တို့ကတော့ လွှတ်တော်ကိုယ်စားအပါအဝင် အားလုံးက သားကောင်တွေဖြစ်တဲ့အတွက် ဒါက အဲလိုလုပ်ကြေးဆိုရင်တော့လည်း ဟိုဘက်ဒီဘက် လုပ်လို့ဆုံးမှာ မဟုတ်တော့ဘူး။ ကျွန်တော်အမြင်ပြောရရင်တော့ ဒါဟာနောက်ဆုံးအကြိမ်ပဲ ဖြစ်စေချင်တယ်။ ဒါလေးတွေကိုတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်စေချင်တယ်ပေါ့ဗျာ”

တပ်မတော် အငြိမ်းစားအရာရှိ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးကတော့ AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့လို့ သဘောထားတဲ့အတွက် လဲလှယ်တဲ့ကိစ္စဟာလည်း ဖြစ်လာနိုင်စရာမရှိဘူးလို့ သုံးသပ်ပါတယ်။

“သူ့ကို အကြမ်းဖက်အဖွဲ့ သတ်မှတ်ထားတယ်ဆိုရင်တော့ ဒီလဲလှယ်ရေးဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ AA ကတော့ ဒီလူတွေ သွားလေရာမှာ ပါသွားပြီးတော့ အခြေတကျမရှိတဲ့အခါကြတော့ သူ့အတွက်က ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ်။ သူတစ်ခုခု နည်းလမ်းနဲ့ လက်လွတ်အောင်ကြိုးစားရင် ကြိုးစား၊ မကြိုးစားရင်လည်း ဒီလို ဓားစာခံလိုဖမ်းတဲ့လုပ်ရပ်တွေက မှားတယ်ဆိုတာကို တဖြေးဖြေးနဲ့ စိတ်ပျက် လာမယ်။ ကြားထဲက လူတွေအနေနဲ့တော့ တော်တော်လေးတော့ သနားစရာပေါ့နော် အဲဒီလိုလေးတော့ ဖြစ်နေတာပေါ့”

AA အဖွဲ့နဲ့ဆက်စပ်ပြီး အစိုးရနဲ့ တပ်မတော်က ဖမ်းဆီးထားသူတွေကို တည်ဆဲဥပဒေနဲ့အညီ စစ်ဆေးအရေး ယူနေပြီး သူတို့ကို သုံ့ပန်းအဖြစ် မသတ်မှတ်ဘူးလို့ ဦးဇော်ဌေးက ပြောထားတာပါ။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ ပြီးခဲ့တဲ့ ဇွန်လမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ဇွန်လဆန်းပိုင်းအထိ နှစ်ဖက် တိုက်ပွဲတွေအတွင်း တပ်မတော်က AA အဖွဲ့နဲ့ ပတ်သက်တယ်ဆိုပြီး သံသယရှိသူ ၉၀ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့သလို လက်ရှိစစ်ဆေးနေဆဲ ၃၆ ဦး၊ ပြန်လွှတ်ပေးခဲ့သူ ရှစ်ဦး၊ အမှုဖြစ်ပွားနေသူ ၄၅ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီးသူ သုံးဦးရှိတယ်လို့ ပြောဆိုထားပါတယ်။

ရသေ့တောင်မြို့နယ် မေယုမြစ်ထဲမှာ ပြေးဆွဲနေတဲ့ ရွှေနဒီအမြန်ရေယာဉ်ကို အောက်တိုဘာ ၂၆ ရက်နေ့က AA အဖွဲ့က ရေယာဉ်ပေါ်လိုက်ပါလာတဲ့ အရပ်သား ၂၅ ယောက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း AA အဖွဲ့ ဖမ်းဆီးခေါ်ဆောင်တာ ခံရသူတွေထဲမှာ ပြန်လွတ်လာသူ အများအပြားရှိပါတယ်။ အထင်ရှားဆုံး ဖမ်းဆီးမှုတွေထဲမှာ မီးသတ်သမား အယောက် ၂ဝ ခန့် အဖမ်းခံရတဲ့ဖြစ်ရပ်နဲ့ အိန္ဒိယနိုင်ငံသားတွေ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ်။

အဲဒီထဲက မီးသတ်အရာရှိ တစ်ဦး၊ အိန္ဒိယနိုင်ငံသား တစ်ဦးတို့ဟာ အထိန်းသိမ်းခံထားရစဉ် သေဆုံးသွားပါတယ်။ AA အဖွဲ့ကတော့ အဲဒီ နှစ်‌ယောက် သေဆုံးမှုဟာ နှိပ်စက်ညှဉ်းပန်းခံရလို့ သေဆုံးတာ မဟုတ်ဘဲ အမောဖောက်ပြီး နှလုံးရောဂါနဲ့ သေဆုံးသွားတယ်လို့ ပြောထားပါတယ်။

တဖက်မှာလည်း AA နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်ကဖမ်းဆီးပြီး အမှုဖွင့်ခံထားရသူ လက်ရှိမှာ ရာနဲ့ချီ ရှိနေပြီလို့ ရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ ရှေ့နေတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြောကြပါတယ်။

နှစ်ဖက်အပြန်အလှန် ဖမ်းဆီးထားသူတွေ ပိုများလာတဲ့အပြင် တိုက်ပွဲလည်း စိပ်လာသလို ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူနဲ့ စစ်ဘေးတိမ်းရှောင်နေရသူတွေလည်း ပိုများလာနေတာကြောင့် ရခိုင်ပြည်နယ်အတွက် စိုးရိမ်စရာဖြစ်နေပါတယ်။

RFA Burmese
https://www.rfa.org
AA ဖမ္းထားတဲ့ တပ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြ အေျခအေန AA ဖမ္းထားတဲ့ တပ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြ အေျခအေန Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.