လႊတ္ေတာ္အမတ္ကို AA ဖမ္းဆီးစစ္ေဆးေန

(ဓါတ္ပံု- ရကၡိဳင့္တပ္မေတာ္ - သတင္းႏွင့္ ျပန္ၾကားေရးဌာန)

(Zawgyi / Unicode)

ရခိုင္လက္နက္ကိုင္ AAအဖြဲ႕က မေန႔ ႏုိ၀င္ဘာ ၃ ရက္ေန႔က ဖမ္းဆီးသြားခဲ့သူ ၁၀ ဦးထဲက အိႏၵိယႏိုင္ငံသားတဦး အေမာေဖါက္ျပီး ေသဆုံးသြားတယ္လုိ႔ AA အဖြဲ့က ေျပာပါတယ္။ အသက္ရွင္က်န္ေနတဲ့ အိႏၵိယနိုင္ငံသား (၅)ဦးနဲ႕ စကားျပန္အပါ၀င္ (၉)ဦးကို ဒီေန႕မနက္မွာ ျပန္လည္ လႊတ္ေပးလုိက္ေပမယ့္ ခ်င္းျပည္နယ္၊ ပလက္၀ျမိဳ႕နယ္က အမ်ိဳး သားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႕တင္းကိုေတာ့ ျပန္လြတ္မေပးေသးဘူးလုိ႔ တပ္မေတာ္ဖက္ကေရာ AA အဖြဲ႔ တာ၀န္ရွိသူေတြပါ ေျပာပါတယ္။ ဦးေဝွ႕တင္းကို ေသြးထိုးလွဳံေဆာ္မွဳနဲ႕ဆက္လက္စစ္ေဆးသြားမယ္လို႕AAဖက္က ဆိုပါတယ္။ ျမန္မာနဲ႔ အိႏၵိယအစုိးရတုိ႔အၾကားက အက်ဳိးတူလုပ္ငန္းေတြကုိ ေဆာင္ရြက္ေနစဥ္ အိႏၵိယလူမ်ုဳိးေတြ အဖမ္းဆီးခံရတာနဲ့ ေသဆုံးမွဳေတြရွိလာတာေၾကာင့္ ေဒသဖြံ႕ျဖိဳးေရးအျပင္ သံတမန္ေရးဆုိင္ရာကိစၥရပ္ေတြမွာ ထိခိုက္မွဳ ေတြရွိလာနိုင္တယ္လို ႕ေျပာဆိုမွဳေတြရွိေနတာပါ။ ဗြီအိုေအျမန္မာပိုင္းသတင္း ေထာက္နိုင္ကြန္းအိန္ကေန သတင္းေပး ပို႕ထားပါတယ္။

ခ်င္းျပည္နယ္ပလက္ဝၿမိဳ့နယ္က အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေ၀ွ႔တင္းအပါ၀င္ အိႏၵိယႏိုင္ငံ ကုမၸဏီက(၅)ဦး၊ စကားျပန္ ႏွစ္ဦးနဲ႕ေလွသမားႏွစ္ဦးကို မေန႕က ရခိုင္လက္နက္ကိုင္AAအဖြဲ႔က ဖမ္းဆီးသြားရာမွာ ဒီမနက္မွာ တခ်ိဳ႕ကိုျပန္ လႊတ္ေပး ခဲ့ေပမဲ့အိႏၵိယလုပ္ငန္းရွင္ တဦးေသဆုံးသြားတယ္လို႕ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အတြင္းေရးမွဴး ဗိုလ္မွဴး ခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

“မေန႕က ပလက္၀ေနျပီးေတာ့က ေက်ာက္ေတာ္ကို ထြက္လာတဲ့အဖြဲ႕ေတြေပါ့။ အဲဒီမွာက အိႏၵိယျမန္မာ မီဇိုရမ္ကားလမ္း ေဖာက္လုပ္ေရးေဆာင္ရြက္ေနတဲ့ EPIကုမၸဏီက အိႏၵိယနိုင္ငံသား ႏွစ္ေယာက္။ RPP ကုမၸဏီက အိႏၵိယနိုင္ငံသား(၃) ေယာက္ စကားျပန္(၂)ေယာက္ စက္ေလွေမာင္းသမား (၂)ေယာက္။ ေနာက္ခ်င္းျပည္နယ္အမတ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စား လွယ္က တေယာက္။ (၁၀)ေယာက္ကို ပလက္၀ကေနစစ္ေတြကို ထြက္လာတဲ့ စပိစ္ဘုတ္နဲ႕ ထြက္လာတာကို ေန႕လယ္ (၂)နာရီေလာက္မွာ ေက်ာက္ေတာ္ကိုေရာက္ရွိလာတာမရွိတဲ့အတြက္ ဆက္သြယ္ျပီးစုံစမ္းေနတယ္။ စုံစမ္းတဲ့ အခါမွာေတာ့ ကြ်န္ေတာ္တို႕ ေပ်ာက္ဆုံးေၾကာင္းသိရတယ္။ သူတို႕ကေတာ့ အဲဒီေန႕မနက္မွာဘဲ ေက်ာက္တန္းေက်းရြာမွာ AAအဖြဲ႕ကေန ျပီးေတာ့က ဖမ္းဆီးေခၚေဆာင္သြားတယ္ဆိုတာသိရတယ္။ AA(၇)ေယာက္ေလာက္က ေသနတ္ေဖာက္ျပီး ထြက္တား တယ္။ ေလာင္းေလွနဲ႕ေအာက္ဖက္ကရြာတရြာကိုေခၚသြားျပီး အေနာက္ဖက္ကို ေျခလွ်င္ခရီးေခၚသြားတယ္ ေျပာ တယ္။ (၂)နာရီခြဲေလာက္ၾကာတဲ့အခ်ိန္မွာ အိႏၵိယနိုင္ငံသားတဦး အေမာေဖာက္ျပီးေသတယ္။ ေသဆုံးသြားတဲ့အတြက္ ေၾကာင့္မို႕ လို႕ လႊတ္ေတာ္ကိုယ္စားလွယ္ ကိုေတာ့ သူတို႕ေခၚထားတယ္။ က်န္တဲ့သူေတြျပန္လႊတ္ေပးလိုက္ျပီးၾကားတယ္။ ေက်ာက္ေတာ္ကိုေတာ့ မနက္(၈)နာရီေရာက္တယ္လို႕သိရတယ္။ အဲလႊတ္ေတာ္ကိုယ္စားလွယ္ကေတာ့ဖမ္းထားတုန္းေပါ့။”

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႕တင္း ျပန္လည္လြတ္ေျမာက္ေရးအတြက္ တပ္မေတာ္ ကေန ဆက္လက္လုပ္ ေဆာင္ေနတယ္လို႕ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ဆက္ေျပာပါတယ္။

ရခိုင္လက္နက္ကိုင္AAအဖြဲ႕ကေတာ့ လုံျခံဳေရးအရ စစ္ေဆးေမးျမန္းတာျဖစ္ျပီး အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႕တင္းကိုသာ ဆက္လက္ဖမ္းဆီးထားျပီး က်န္တဲ့သူေတြကို ဒီေန႕မနက္မွာ ျပန္လႊတ္ေပးခဲ့တယ္လို႕ AAေျပာခြင့္ရ ခိုင္သုခက ဆိုပါတယ္။

“ကြ်န္ေတာ္တို႕ေတာ့ အိႏၵိယနိုင္ငံသားေတြနဲ႕ပက္သက္ျပီးေတာ့ ဘာမွေတာ့ ေထြေထြထူးထူး ကိစၥမရွိသလို ေျပာစရာလဲမရွိပါဘူး ဆိုေတာ့ သူတို႕ကို ေကာင္းေကာင္းမြန္မြန္ဘဲ မေန႕ကညေနကတည္းက ျပန္လႊတ္ေပးဖို႕လုပ္တာ။ ဒါေပမဲ့လို႕ ညမိုးခ်ဳပ္ သြားတဲ့ အခါက်ေတာ့ လမ္းခရီးမွာ သူတို႕ဗမာစစ္တပ္ထုတ္ထားတဲ့ ပုဒ္မ(၁၄၄)ကို သူတို႕ျဖတ္ေက်ာ္ ရမယ္ဆိုေတာ့ လုံျခံဳေရး အရတခုခုျဖစ္သြားလို႕ရွိရင္ ဒါမေကာင္းဘူးဆိုျပီးေတာ့ ကြ်န္ေတာ္တို႕ ဒီမနက္မွာမွဘဲ အိႏၵိယနိုင္ငံသားေတြေရာ စကား ျပန္ႏွစ္ေယာက္ေရာ ေနာက္စက္ေလွေမာင္းသူႏွစ္္ေယာက္ေပါ့ေနာ္ (၉)ေယာက္လုံးကြ်န္ေတာ္တို႕ ျပန္လႊတ္ေပးလိုက္တာ ေပါ့ေနာ္။ အဲဒီမွာစိတ္မေကာင္းစရာတခုကေတာ့ အိႏၵိယနိုင္ငံသား(၅)ဦးထဲက အသက္(၆၁)ႏွစ္ရွိတဲ့ သူ႕ဟာသူ အေမာ ေဖာက္ျပီးေတာ့ အဲဒီမွာဆုံးသြားတာရွိတယ္ဗ်။ ကြ်န္ေတာ္တို႕ေဆးမွဴးေတြကေတာ့ ကယ္တင္နိုင္ဖို႕အတြက္ အမ်ားၾကီး လုပ္တာေပါ့ေနာ္။ ဒါေပမဲ့လို႕သူကအခ်ိန္တို အတြင္းမွာ ဆုံးသြားတာ။ ဦးေ၀ွ႕တင္းကိုေတာ့ ကြ်န္ေတာ္တို႕ဆက္ျပီးေတာ့ ထိန္းသိမ္းထား တာရွိ တယ္ဗ်။"

ပလက္ဝၿမိဳ့နယ္ အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေဝွ႕တင္းကို ဆက္လက္ထိန္းသိမ္းထားတဲ့ အေၾကာင္းရင္းကိုေတာ့ AAေျပာခြင့္ရ ခိုင္သုခကအခုလိုဆက္ေျပာပါတယ္။

“ဦးေ၀ွ႕တင္းဟာ ပလက္၀ၿမိဳ႕နယ္ထဲမွာ အဓိက လူဦးေရအမ်ားဆုံးျဖစ္တဲ့ ရခိုင္နဲ႕ ခမီးလူမ်ိဳးေတြ ၾကားမွာေပါ့ေနာ္။ ဘာသာေရးလူမ်ိဳးေရး အမုန္းတရားေတြပြားလာေအာင္ေနျပီးေတာ့မွ ခမီးလူငယ္ေတြကို ေသြးထိုးလွဳံ႕ေဆာ္ျပီးေတာ့မွာ လုပ္ေနတာေတြရွိတယ္။ ဦးေ၀ွ႕တင္းဟာ ဗမာစစ္တပ္နဲ႕ ပူးေပါင္းျပီးေတာ့ ခမီးလူငယ္တခ်ိဳ႕ကို AAရဲ႕သတင္းေတြကို စုံစမ္းဖို႕အတြက္ တာ၀န္ေပးၿပီးေတာ့ လုပ္ေနတာရွိတယ္။ ကြ်န္ေတာ္တုုိ႔က လုံျခံဳေရးအရ ဆက္ျပီးေတာ့စစ္ေဆးသြားဖို႕ အတြက္ေတာ့ရွိတယ္ဗ်။”

ျမန္မာအစိုးရနဲ႕ အိႏၵိယနိုင္ငံအစိုးရတို႕ပူးေပါင္းျပီး ကုလားတန္စီမံကိန္းအတြက္ လုပ္ေဆာင္ရာမွာ အိႏၵိယ-ျမန္မာ-မီဇိုရမ္ ကားလမ္းဟာလဲ အေရးပါေနပါတယ္။ အိႏိၵယနိုင္ငံသားေတြဟာ ပလက္၀လမ္းကိုၾကည့္ရွဳရာကေန အဖမ္းခံရတယ္လို႕ ခ်င္းျပည္နယ္ အစိုးရအဖြဲ႕၀င္ စည္ပင္၀န္ႀကီး ဦးစိုးထက္ကေျပာပါတယ္။

“ဒီကုမၸဏီေတြက ရန္ကုန္ကေန ျပီးေတာ့ စစ္ေတြ ေက်ာက္ေတာ္၊ ပလက္၀လမ္းအတိုင္း ပလက္၀ဒီလမ္းကို သြားၾကည့္ တယ္ေလ။ ၾကည့္ၿပီးလို႕အစည္းေ၀းေတြၿပီးလို႕ သူတို႕ပလက္၀ ကေနျပီးေတာ့ ျပန္ျပီးေတာ့ေက်ာက္ေတာ္-စစ္ေတြ-ရန္ကုန္ လမ္းအျပန္မွာ ပလက္၀နဲ႕ ေက်ာက္ေတာ္ဖက္မွာ အဖမ္းခံရတာ။”

ဒီျဖစ္စဥ္မွာ အိႏၵိယလူမ်ုဳိးေတြ အဖမ္းဆီးခံရတာအျပင္ အသက္ဆုံးရႈံးမႈပါ ျဖစ္သြားခဲ့တာေၾကာင့္ ေဒသဖြံ႕ျဖိဳးေရးနဲ႕ ႏုိင္ငံရဲ႕သံတမန္ ေရးဆုိင္ရာ ရွဳပ္ေထြးမွဳေတြ ရွိလာနိုင္တယ္လို႕ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြ႔ဲ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း ကေျပာပါတယ္။

“ကြ်န္ေတာ္တို႕ ျပည္တြင္းဖြံ႕ျဖိဳးေရးလုပ္ငန္းေတြ အဲဒီအကူညီေပးေရးလုပ္ငန္းေတြ ေဆာင္ရြက္ေနတဲ့ ဟာေတြေရာ ထိခိုက္ေစတာေပါ့။ေနာက္တခုကေတာ့ ႏွစ္နိုင္ငံေပါ့ နိုင္ငံျခားဆက္ဆံေရး နဲ႕ပက္သက္လာလို႕လဲ သူတို႕ နိုင္ငံသားတေယာက္ အသက္ဆုံးရွဳံးရတယ္ဆိုေတာ့ ဟိုဖက္ကလဲ အိႏၵိယဖက္ကလဲ ကြ်န္ေတာ္တို႕ဆိီကို စုံစမ္းေမးျမန္းမႈေတြျပဳလုပ္မွာဘဲ။”

ဒီကိစၥနဲ႔ပတ္သက္လုိ႔ ျမန္မာႏုိင္ငံျခားေရးဌာနရဲ႕ သေဘာထားကုိ သိရွိႏုိင္ဖုိ႔ ဗီြအုိေအက ဆက္သြယ္ခဲ့ေပမယ့္ အခုခ်ိန္ထိ အေၾကာင္းျပန္ၾကားလာျခင္း မရွိေသးပါဘူး။

ျပီးခဲ့တဲ့မတ္လ (၁၆)ရက္ေန႕တုန္းက ကုလားတန္းျမစ္ကူးတံတားအတြက္ အသံုးျပဳဖို႕ ရန္ကုန္ကေန သေဘၤာနဲ႕ တင္ေဆာင္လာတဲ့ တံတားသံေဘာင္တန္ခ်ိန္ (၃၀၀) နီးပါးကို AAအဖြဲ႕ကေန မီးရွိဳ႕ဖ်က္စီးခဲ့ပါတယ္။

လက္ရွိရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသနဲ႕ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္အတြင္း ျမန္မာစစ္တပ္နဲ႕ရခိုင္လက္နက္ကိုင္ AAတို႕အၾကား စစ္ေရးတင္းမာေနဆဲအေျခအေနရွိေနပါတယ္။ ဒီလိုစစ္ေရးပဋိပကၡျဖစ္စဥ္အတြင္း တဖက္နဲ႕တဖက္ အျပန္အလွန္ ဖမ္းဆီးမွဳေတြျပဳလုပ္ေနတာေၾကာင့္ ေဒသခံေတြအပါ၀င္ ခရီးသြားေတြအတြက္ လုံျခံဳေရး စိုးရိမ္ေနရတဲ့ အေျခအေနမွာ ရွိေနပါတယ္။

....................

လွှတ်တော်အမတ်ကို AA ဖမ်းဆီးစစ်ဆေးနေ

( Unicode)

ရခိုင်လက်နက်ကိုင် AAအဖွဲ့က မနေ့ နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းဆီးသွားခဲ့သူ ၁၀ ဦးထဲက အိန္ဒိယနိုင်ငံသားတဦး အမောဖေါက်ပြီး သေဆုံးသွားတယ်လို့ AA အဖွဲ့က ပြောပါတယ်။ အသက်ရှင်ကျန်နေတဲ့ အိန္ဒိယနိုင်ငံသား (၅)ဦးနဲ့ စကားပြန်အပါဝင် (၉)ဦးကို ဒီနေ့မနက်မှာ ပြန်လည် လွှတ်ပေးလိုက်ပေမယ့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုတော့ ပြန်လွတ်မပေးသေးဘူးလို့ တပ်မတော်ဖက်ကရော AA အဖွဲ့ တာဝန်ရှိသူတွေပါ ပြောပါတယ်။ ဦးဝှေ့တင်းကို သွေးထိုးလှုံဆော်မှုနဲ့ဆက်လက်စစ်ဆေးသွားမယ်လို့AAဖက်က ဆိုပါတယ်။ မြန်မာနဲ့ အိန္ဒိယအစိုးရတို့အကြားက အကျိုးတူလုပ်ငန်းတွေကို ဆောင်ရွက်နေစဉ် အိန္ဒိယလူမျိုုးတွေ အဖမ်းဆီးခံရတာနဲ့ သေဆုံးမှုတွေရှိလာတာကြောင့် ဒေသဖွံ့ဖြိုးရေးအပြင် သံတမန်ရေးဆိုင်ရာကိစ္စရပ်တွေမှာ ထိခိုက်မှု တွေရှိလာနိုင်တယ်လို့ပြောဆိုမှုတွေရှိနေတာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်း ထောက်နိုင်ကွန်းအိန်ကနေ သတင်းပေး ပို့ထားပါတယ်။

ချင်းပြည်နယ်ပလက်ဝမြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါဝင် အိန္ဒိယနိုင်ငံ ကုမ္ပဏီက(၅)ဦး၊ စကားပြန် နှစ်ဦးနဲ့လှေသမားနှစ်ဦးကို မနေ့က ရခိုင်လက်နက်ကိုင်AAအဖွဲ့က ဖမ်းဆီးသွားရာမှာ ဒီမနက်မှာ တချို့ကိုပြန် လွှတ်ပေး ခဲ့ပေမဲ့အိန္ဒိယလုပ်ငန်းရှင် တဦးသေဆုံးသွားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“မနေ့က ပလက်ဝနေပြီးတော့က ကျောက်တော်ကို ထွက်လာတဲ့အဖွဲ့တွေပေါ့။ အဲဒီမှာက အိန္ဒိယမြန်မာ မီဇိုရမ်ကားလမ်း ဖောက်လုပ်ရေးဆောင်ရွက်နေတဲ့ EPIကုမ္ပဏီက အိန္ဒိယနိုင်ငံသား နှစ်ယောက်။ RPP ကုမ္ပဏီက အိန္ဒိယနိုင်ငံသား(၃) ယောက် စကားပြန်(၂)ယောက် စက်လှေမောင်းသမား (၂)ယောက်။ နောက်ချင်းပြည်နယ်အမတ် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်က တယောက်။ (၁၀)ယောက်ကို ပလက်ဝကနေစစ်တွေကို ထွက်လာတဲ့ စပိစ်ဘုတ်နဲ့ ထွက်လာတာကို နေ့လယ် (၂)နာရီလောက်မှာ ကျောက်တော်ကိုရောက်ရှိလာတာမရှိတဲ့အတွက် ဆက်သွယ်ပြီးစုံစမ်းနေတယ်။ စုံစမ်းတဲ့ အခါမှာတော့ ကျွန်တော်တို့ ပျောက်ဆုံးကြောင်းသိရတယ်။ သူတို့ကတော့ အဲဒီနေ့မနက်မှာဘဲ ကျောက်တန်းကျေးရွာမှာ AAအဖွဲ့ကနေ ပြီးတော့က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာသိရတယ်။ AA(၇)ယောက်လောက်က သေနတ်ဖောက်ပြီး ထွက်တား တယ်။ လောင်းလှေနဲ့အောက်ဖက်ကရွာတရွာကိုခေါ်သွားပြီး အနောက်ဖက်ကို ခြေလျှင်ခရီးခေါ်သွားတယ် ပြော တယ်။ (၂)နာရီခွဲလောက်ကြာတဲ့အချိန်မှာ အိန္ဒိယနိုင်ငံသားတဦး အမောဖောက်ပြီးသေတယ်။ သေဆုံးသွားတဲ့အတွက် ကြောင့်မို့ လို့ လွှတ်တော်ကိုယ်စားလှယ် ကိုတော့ သူတို့ခေါ်ထားတယ်။ ကျန်တဲ့သူတွေပြန်လွှတ်ပေးလိုက်ပြီးကြားတယ်။ ကျောက်တော်ကိုတော့ မနက်(၈)နာရီရောက်တယ်လို့သိရတယ်။ အဲလွှတ်တော်ကိုယ်စားလှယ်ကတော့ဖမ်းထားတုန်းပေါ့။”

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်ရေးအတွက် တပ်မတော် ကနေ ဆက်လက်လုပ် ဆောင်နေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

ရခိုင်လက်နက်ကိုင်AAအဖွဲ့ကတော့ လုံခြုံရေးအရ စစ်ဆေးမေးမြန်းတာဖြစ်ပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုသာ ဆက်လက်ဖမ်းဆီးထားပြီး ကျန်တဲ့သူတွေကို ဒီနေ့မနက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ AAပြောခွင့်ရ ခိုင်သုခက ဆိုပါတယ်။

“ကျွန်တော်တို့တော့ အိန္ဒိယနိုင်ငံသားတွေနဲ့ပက်သက်ပြီးတော့ ဘာမှတော့ ထွေထွေထူးထူး ကိစ္စမရှိသလို ပြောစရာလဲမရှိပါဘူး ဆိုတော့ သူတို့ကို ကောင်းကောင်းမွန်မွန်ဘဲ မနေ့ကညနေကတည်းက ပြန်လွှတ်ပေးဖို့လုပ်တာ။ ဒါပေမဲ့လို့ ညမိုးချုပ် သွားတဲ့ အခါကျတော့ လမ်းခရီးမှာ သူတို့ဗမာစစ်တပ်ထုတ်ထားတဲ့ ပုဒ်မ(၁၄၄)ကို သူတို့ဖြတ်ကျော် ရမယ်ဆိုတော့ လုံခြုံရေး အရတခုခုဖြစ်သွားလို့ရှိရင် ဒါမကောင်းဘူးဆိုပြီးတော့ ကျွန်တော်တို့ ဒီမနက်မှာမှဘဲ အိန္ဒိယနိုင်ငံသားတွေရော စကား ပြန်နှစ်ယောက်ရော နောက်စက်လှေမောင်းသူနှစ်ယောက်ပေါ့နော် (၉)ယောက်လုံးကျွန်တော်တို့ ပြန်လွှတ်ပေးလိုက်တာ ပေါ့နော်။ အဲဒီမှာစိတ်မကောင်းစရာတခုကတော့ အိန္ဒိယနိုင်ငံသား(၅)ဦးထဲက အသက်(၆၁)နှစ်ရှိတဲ့ သူ့ဟာသူ အမော ဖောက်ပြီးတော့ အဲဒီမှာဆုံးသွားတာရှိတယ်ဗျ။ ကျွန်တော်တို့ဆေးမှူးတွေကတော့ ကယ်တင်နိုင်ဖို့အတွက် အများကြီး လုပ်တာပေါ့နော်။ ဒါပေမဲ့လို့သူကအချိန်တို အတွင်းမှာ ဆုံးသွားတာ။ ဦးဝှေ့တင်းကိုတော့ ကျွန်တော်တို့ဆက်ပြီးတော့ ထိန်းသိမ်းထား တာရှိ တယ်ဗျ။

ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို ဆက်လက်ထိန်းသိမ်းထားတဲ့ အကြောင်းရင်းကိုတော့ AAပြောခွင့်ရ ခိုင်သုခကအခုလိုဆက်ပြောပါတယ်။

“ဦးဝှေ့တင်းဟာ ပလက်ဝမြို့နယ်ထဲမှာ အဓိက လူဦးရေအများဆုံးဖြစ်တဲ့ ရခိုင်နဲ့ ခမီးလူမျိုးတွေ ကြားမှာပေါ့နော်။ ဘာသာရေးလူမျိုးရေး အမုန်းတရားတွေပွားလာအောင်နေပြီးတော့မှ ခမီးလူငယ်တွေကို သွေးထိုးလှုံ့ဆော်ပြီးတော့မှာ လုပ်နေတာတွေရှိတယ်။ ဦးဝှေ့တင်းဟာ ဗမာစစ်တပ်နဲ့ ပူးပေါင်းပြီးတော့ ခမီးလူငယ်တချို့ကို AAရဲ့သတင်းတွေကို စုံစမ်းဖို့အတွက် တာဝန်ပေးပြီးတော့ လုပ်နေတာရှိတယ်။ ကျွန်တော်တို့က လုံခြုံရေးအရ ဆက်ပြီးတော့စစ်ဆေးသွားဖို့ အတွက်တော့ရှိတယ်ဗျ။”

မြန်မာအစိုးရနဲ့ အိန္ဒိယနိုင်ငံအစိုးရတို့ပူးပေါင်းပြီး ကုလားတန်စီမံကိန်းအတွက် လုပ်ဆောင်ရာမှာ အိန္ဒိယ-မြန်မာ-မီဇိုရမ် ကားလမ်းဟာလဲ အရေးပါနေပါတယ်။ အိန္ဒိယနိုင်ငံသားတွေဟာ ပလက်ဝလမ်းကိုကြည့်ရှုရာကနေ အဖမ်းခံရတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။

“ဒီကုမ္ပဏီတွေက ရန်ကုန်ကနေ ပြီးတော့ စစ်တွေ ကျောက်တော်၊ ပလက်ဝလမ်းအတိုင်း ပလက်ဝဒီလမ်းကို သွားကြည့် တယ်လေ။ ကြည့်ပြီးလို့အစည်းဝေးတွေပြီးလို့ သူတို့ပလက်၀ ကနေပြီးတော့ ပြန်ပြီးတော့ကျောက်တော်-စစ်တွေ-ရန်ကုန် လမ်းအပြန်မှာ ပလက်ဝနဲ့ ကျောက်တော်ဖက်မှာ အဖမ်းခံရတာ။”

ဒီဖြစ်စဉ်မှာ အိန္ဒိယလူမျိုုးတွေ အဖမ်းဆီးခံရတာအပြင် အသက်ဆုံးရှုံးမှုပါ ဖြစ်သွားခဲ့တာကြောင့် ဒေသဖွံ့ဖြိုးရေးနဲ့ နိုင်ငံရဲ့သံတမန် ရေးဆိုင်ရာ ရှုပ်ထွေးမှုတွေ ရှိလာနိုင်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွ့ဲ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောပါတယ်။

“ကျွန်တော်တို့ ပြည်တွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေ အဲဒီအကူညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဟာတွေရော ထိခိုက်စေတာပေါ့။နောက်တခုကတော့ နှစ်နိုင်ငံပေါ့ နိုင်ငံခြားဆက်ဆံရေး နဲ့ပက်သက်လာလို့လဲ သူတို့ နိုင်ငံသားတယောက် အသက်ဆုံးရှုံးရတယ်ဆိုတော့ ဟိုဖက်ကလဲ အိန္ဒိယဖက်ကလဲ ကျွန်တော်တို့ဆီကို စုံစမ်းမေးမြန်းမှုတွေပြုလုပ်မှာဘဲ။”

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံခြားရေးဌာနရဲ့ သဘောထားကို သိရှိနိုင်ဖို့ ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် အခုချိန်ထိ အကြောင်းပြန်ကြားလာခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့မတ်လ (၁၆)ရက်နေ့တုန်းက ကုလားတန်းမြစ်ကူးတံတားအတွက် အသုံးပြုဖို့ ရန်ကုန်ကနေ သင်္ဘောနဲ့ တင်ဆောင်လာတဲ့ တံတားသံဘောင်တန်ချိန် (၃၀၀) နီးပါးကို AAအဖွဲ့ကနေ မီးရှို့ဖျက်စီးခဲ့ပါတယ်။

လက်ရှိရခိုင်ပြည်နယ်မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင် AAတို့အကြား စစ်ရေးတင်းမာနေဆဲအခြေအနေရှိနေပါတယ်။ ဒီလိုစစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်း တဖက်နဲ့တဖက် အပြန်အလှန် ဖမ်းဆီးမှုတွေပြုလုပ်နေတာကြောင့် ဒေသခံတွေအပါဝင် ခရီးသွားတွေအတွက် လုံခြုံရေး စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ႏုိင္ကြန္းအိန္ / VOA Burmese
https://burmese.voanews.com
လႊတ္ေတာ္အမတ္ကို AA ဖမ္းဆီးစစ္ေဆးေန လႊတ္ေတာ္အမတ္ကို AA ဖမ္းဆီးစစ္ေဆးေန Reviewed by THITHTOOLWIN on 21:41 Rating: 5
Powered by Blogger.