ေအေအ အဖြဲ႕ ဖမ္းစဥ္ ေသဆုံးသူ အိႏၵိယႏိုင္ငံသားရဲ႕႐ုပ္အေလာင္းအိႏၵိယ ကို ျပန္သယ္ ဖို႔စီစဥ္ေန

အိႏၵိယႏိုင္ငံသား႐ုပ္အေလာင္း စစ္ေတြေဆး႐ုံ ကိုေရာက္ေန
(Zawgyi)⤵⤵⤵
ပလက္ဝ နဲ႔ ေက်ာက္ေတာ္ၾကား မွာ ေအေအအဖြဲ႕ရဲ႕ ဖမ္းဆီးခံ ရသူ ေတြထဲ က ေသဆုံးခဲ့သူ အသက္ ၆၀ အ႐ြယ္ အိႏၵိယႏိုင္ငံသား႐ုပ္အေလာင္း ဟာေက်ာက္ေတာ္ ၿမိဳ႕ကေန စစ္ေတြၿမိဳကိုေရာက္လာၿပီးေတာ့ စစ္ေတြၿမိဳက တစ္ဆင့္အိႏၵိယကို ျပန္သယ္ဖို႔ရွိေနတယ္လို႔ ဘီဘီစီ သတင္းေထာက္က ေျပာပါတယ္ ။

ဒါအျပင္ ေသဆုံးသူနဲ႔ အတူ ျပန္လြတ္လာသူေတြ ဟာလည္း ေက်ာက္ေတာ္ၿမိဳက ေနစစ္ေတြကို ေရာက္လာၿပီျဖစ္တယ္လို႔ သူကေျပာပါတယ္ ။

ေအေအအဖြဲ႕ ဖမ္းထားတဲ့သူေတြထဲက အိႏၵိယႏိုင္ငံသား ၅ ဦးအပါအဝင္ စကားျပန္ႏွစ္ဦးနဲ႔ စပိဘုတ္ေမာင္းသူ ႏွစ္ဦးတို႔ကို ဒီကေန႔မနက္ပိုင္းမွာ ျပန္လည္လႊတ္ေပးလိုက္ၿပီျဖစ္ေၾကာင္းနဲ႔ အိႏၵိယႏိုင္ငံသားတစ္ဦး ေသဆုံးသြားခဲ့တယ္လို႔ ခ်င္းျပည္နယ္ စည္ပင္သာယာေရး၊ လွ်ပ္စစ္နဲ႔ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးစိုးထက္က ဘီဘီစီကို ေျပာပါတယ္။

ဖမ္းဆီးခံလိုက္ရတဲ့ အိႏၵိယႏိုင္ငံသားေတြဟာ လက္ရွိရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္အတြင္းမွာ အိႏၵိယအစိုးရက လုပ္ကိုင္ေဆာင္႐ြက္ေနတဲ့ ကုလားတန္ဘက္စုံဖြံ႕ၿဖိဳးေရးစိမံကိန္းအတြက္ လာေရာက္ခဲ့ၾကတာျဖစ္ၿပီး ေက်ာက္ေတာ္ၿမိဳ႕နယ္ ေက်ာက္တန္းေက်း႐ြာအနီး အခုလိုဖမ္းဆီးခံလိုက္ရတာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္က ကုလားတန္စီမံကိန္း
ဖမ္းဆီးခံရတဲ့အထဲမွာပါဝင္တဲ့ ပလက္ဝၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကိုေတာ့ ျပန္လည္လႊတ္ေပးခဲ့ျခင္းမရွိဘဲ ေမးျမန္းစရာေတြရွိေနတဲ့အတြက္ ဆက္လက္ဖမ္းဆီးထားလိုက္တာျဖစ္တယ္လို႔ လြတ္လာသူေတြရဲ႕ ေျပာဆိုခ်က္အရ သိရေၾကာင္း ဦးစိုးထက္ကေျပာပါတယ္။

"မေန႔က ေခၚသြားတုန္းကေတာ့ အိႏၵိယႏိုင္ငံသား ၅ ေယာက္၊ ဘာသာျပန္ စစ္ေတြက ႏွစ္ေယာက္၊ ေနာက္ ပလက္ဝက စပိဘုတ္ေမာင္းတဲ့ႏွစ္ေယာက္ ၉ ေယာက္။ ဦးေဝွ႔တင္းအပါအဝင္ ၁၀ ေယာက္ေပါ့ခင္ဗ်ား။ ၉ ေယာက္ကို လႊတ္ေပးၿပီး ေတာ့ ဦးေဝွ႔တင္းကိုေတာ့ သူတို႔ေမးစရာရွိလို႔ဆိုၿပီးေတာ့ ေခၚထားလိုက္တယ္။ တစ္ဦးကေတာ့ ေခၚသြားတဲ့အခ်ိန္မွာ အေမာေဖာက္လို႔ ေသဆုံးသြားတာလို႔ သိရပါတယ္"လို႔ ဦးစိုးထက္ကေျပာပါတယ္။

ေအေအ အဖြဲ႕ ေျပာခြင့္ရသူ ခိုင္သုခ ကေတာ့ ကုလားတန္ျမစ္ထဲ မွာ လုံၿခဳံေရးေဆာင္ ႐ြက္စဥ္ စပိဘုတ္ ႏွစ္စီးကို ရပ္ပီးစစ္ေဆးခဲ့ေၾကာင္းနဲ႔ ကမ္းကပ္စစ္ေဆးစဥ္ မွာ အိႏၵိယႏိုင္ငံ သား ႏွလုံးေဖာက္ၿပီးေသဆုံးသြားခဲ့တာျဖစ္တယ္လို႔လည္း ဘီဘီစီကို ေျပာပါတယ္။

ဒါအျပင္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းဟာ စစ္တပ္နဲ႔ပူးေပါင္းၿပီး ေအေအ အဖြဲ႕ရဲ႕ သတင္းအခ်က္ေတြကို စုေဆာင္းဖို႔ ခမီးလူငယ္ေတြကို စုဖြဲ႕ထားတာ ရယ္၊ ခမီးနဲ႔ ရခိုင္ၾကား ဘာသာေရး လူမ်ိဳးေရးပဋိ ပကၡ ျဖစ္လာေအာင္ ပလက္ဝ ၿမိဳ႕နယ္ထဲ မွာေဆာင္႐ြက္ေနလို႔ ေမးျမန္းစရာေတြရွိတဲ့ အတြက္ ဖမ္းထားတာျဖစ္တယ္လို႔ လည္း ခိုင္သုခ ကေျပာပါတယ္။

ခ်င္းျပည္နယ္ မဲဆႏၵနယ္အမွတ္ ၁၁ ရဲ႕ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကိုေတာ့ ဆက္ေခၚထားတုန္းလို႔ သူကေျပာပါတယ္။

အိႏၵိယႏိုင္ငံသား ၅ ဦးတို႔မွာ RPP ကုမၸဏီရဲ႕ ပိုင္ရွင္ R.J.Sharma နဲ႔ ဒါ႐ိုက္တာအဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ အင္ဂ်င္နီယာ Vinoo Gobal၊ RPO ကုမၸဏီက Agy gothiyam နဲ႔ အိႏၵိယအစိုးရရဲ႕ ႏိုင္ငံပိုင္ကုမၸဏီတစ္ခုျဖစ္တဲ့ EPIM ကုမၸဏီက အင္ဂ်င္နီယာတစ္ဦးျဖစ္သူ N.Shyam တို႔ျဖစ္ၾကၿပီး စကားျပန္ႏွစ္ဦးကေတာ့ စစ္ေတြၿမိဳ႕က ဟိႏၵဴလူမ်ိဳးေတြျဖစ္ၾကပါတယ္။

"ေသဆုံးသြားတဲ့သူက RPP ကုမၸဏီရဲ႕ ဒါ႐ိုက္တာ အဖြဲ႕ဝင္ အင္ဂ်င္နီယာ VInoo Gobal ျဖစ္ပါတယ္။ သူက ႏွစ္လုံးေရာဂါရွိတယ္။ ႏွလုံးေဖာက္ၿပီးေတာ့ ဆုံးသြားတာပါ။ ေတာင္ေပၚကိုအတက္မွာ ေသဆုံးသြားတာပါ။"လို႔ သူတို႔နဲ႔နီးစပ္သူတစ္ဦးက ေျပာပါတယ္။

ဖမ္းဆီးခံလိုက္ရတဲ့ အိႏၵိယႏိုင္ငံသား ၅ ဦးမွာ အိႏၵိယ-ျမန္မာ အစိုးရခ်င္း ခ်ိတ္ဆက္ေဆာင္႐ြက္ေနတဲ့ ကုလားတန္ဘက္စုံ စီမံကိန္းရဲ႕ ပလက္ဝ-ၿမိတ္ဝ လမ္းပိုင္းကို တာဝန္ယူေဖာက္လုပ္မယ့္ ကုမၸဏီေတြရဲ႕ တာဝန္ရွိသူေတြျဖစ္ၿပီး အဲ့ဒီလမ္းေဖာက္လုပ္မယ့္ကိစၥနဲ႔ပတ္သက္လို႔ လာေရာက္ခဲ့ၾကတာျဖစ္ေၾကာင္း Eassar ကုမၸဏီနဲ႔ နီးစပ္သူတစ္ဦးက ေျပာပါတယ္။

အဲ့ဒီလမ္းကို ေဖာက္လုပ္ဖို႔အတြက္ ၿပီးခဲ့တဲ့ႏွစ္က တင္ဒါေအာင္ျမင္ခဲ့တဲ့ CNC Myanmar road constration (India) Co.Ltdဟာ ေဒဝါလီခံလိုက္ရတာေၾကာင့္ RPP နဲ႔ RPO ကုမၸဏီတို႔က တာဝန္ယူေဖာက္လုပ္ႏိုင္ေရး လုပ္ငန္းလႊဲေျပာင္းမႈေတြ ျပဳလုပ္ဖို႔အတြက္ တာဝန္ရွိသူေတြ လာေရာက္ခဲ့ၾကတာျဖစ္တယ္လို႔ ဆိုပါတယ္။

 အိႏၵိယႏိုင္ငံသား႐ုပ္အေလာင္း ဟာ စစ္ေတြေဆး႐ုံ ကေနအိႏၵိယ ကိုသယ္မယ္
အိႏၵိယႏိုင္ငံသား ၅ ဦးတို႔ဟာ ႏိုဝင္ဘာ ၂ ရက္ေန႔က စစ္ေတြၿမိဳ႕ကို ေလယာဥ္နဲ႔ေရာက္ရွိလာခဲ့ၾကတာျဖစ္ၿပီး လုပ္ငန္းလႊဲေျပာင္းေရးကိစၥေတြကို ေဆာင္႐ြက္ၿပီးစီးလို႔ရွိရင္ ႏိုဝင္ဘာ ၃ ရက္ေန႔ညေနပိုင္းမွာ ျပန္မွာျဖစ္ေပမယ့္ ပလက္ဝၿမိဳနယ္က အျပန္မွာ ဖမ္းဆီးခံလိုက္ရတာျဖစ္ပါတယ္။

လက္ရွိမွာ အဲ့ဒီစီမံကိန္းအတြင္း စစ္ေတြေရနက္ဆိပ္ကမ္းနဲ႔ ပလက္ဝေရနက္ဆိပ္ကမ္းေတြကို ေဆာက္လုပ္ၿပီးစီးေနၿပီျဖစ္ ေပမယ့္ ပလက္ဝကေန အိႏၵိယနယ္စပ္ ၿမိတ္ဝအထိ ၁၀၉ ဒသမ ၂ ကီလိုမီတာအရွည္ လမ္းကို ေဖာက္လုပ္ဖို႔က်န္ရွိေနတာ လဲျဖစ္ပါတယ္။

ေနာက္ဆုံးထပ္မံရရွိတဲ့ သတင္းေတြအရ ေတာ့ေအေအအဖြဲ႕ရဲ႕ ဖမ္းဆီးခံ ရသူ ေတြထဲ က ေသဆုံးသူ အသက္ ၆၀ ေက်ာ္ အ႐ြယ္ အိႏၵိယႏိုင္ငံသား႐ုပ္အေလာင္း ဟာ စစ္ေတြေဆး႐ုံကို ေရာက္ရွိေနတယ္လို႔လည္းဘီဘီစီ သတင္းေထာက္ကေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
အေအေ အဖွဲ့ ဖမ်းစဉ် သေဆုံးသူ အိန္ဒိယနိုင်ငံသားရဲ့ရုပ်အလောင်းအိန္ဒိယ ကို ပြန်သယ် ဖို့စီစဉ်နေ

Image caption အိန္ဒိယနိုင်ငံသားရုပ်အလောင်း စစ်တွေဆေးရုံ ကိုရောက်နေ

ပလက်ဝ နဲ့ ကျောက်တော်ကြား မှာ အေအေအဖွဲ့ရဲ့ ဖမ်းဆီးခံ ရသူ တွေထဲ က သေဆုံးခဲ့သူ အသက် ၆၀ အရွယ် အိန္ဒိယနိုင်ငံသားရုပ်အလောင်း ဟာကျောက်တော် မြို့ကနေ စစ်တွေမြိုကိုရောက်လာပြီးတော့ စစ်တွေမြိုက တစ်ဆင့်အိန္ဒိယကို ပြန်သယ်ဖို့ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ် ။

ဒါအပြင် သေဆုံးသူနဲ့ အတူ ပြန်လွတ်လာသူတွေ ဟာလည်း ကျောက်တော်မြိုက နေစစ်တွေကို ရောက်လာပြီဖြစ်တယ်လို့ သူကပြောပါတယ် ။

အေအေအဖွဲ့ ဖမ်းထားတဲ့သူတွေထဲက အိန္ဒိယနိုင်ငံသား ၅ ဦးအပါအဝင် စကားပြန်နှစ်ဦးနဲ့ စပိဘုတ်မောင်းသူ နှစ်ဦးတို့ကို ဒီကနေ့မနက်ပိုင်းမှာ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းနဲ့ အိန္ဒိယနိုင်ငံသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုးထက်က ဘီဘီစီကို ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ အိန္ဒိယနိုင်ငံသားတွေဟာ လက်ရှိရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းမှာ အိန္ဒိယအစိုးရက လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစိမံကိန်းအတွက် လာရောက်ခဲ့ကြတာဖြစ်ပြီး ကျောက်တော်မြို့နယ် ကျောက်တန်းကျေးရွာအနီး အခုလိုဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
Image caption ရခိုင်ပြည်နယ်က ကုလားတန်စီမံကိန်း

ဖမ်းဆီးခံရတဲ့အထဲမှာပါဝင်တဲ့ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုတော့ ပြန်လည်လွှတ်ပေးခဲ့ခြင်းမရှိဘဲ မေးမြန်းစရာတွေရှိနေတဲ့အတွက် ဆက်လက်ဖမ်းဆီးထားလိုက်တာဖြစ်တယ်လို့ လွတ်လာသူတွေရဲ့ ပြောဆိုချက်အရ သိရကြောင်း ဦးစိုးထက်ကပြောပါတယ်။

"မနေ့က ခေါ်သွားတုန်းကတော့ အိန္ဒိယနိုင်ငံသား ၅ ယောက်၊ ဘာသာပြန် စစ်တွေက နှစ်ယောက်၊ နောက် ပလက်ဝက စပိဘုတ်မောင်းတဲ့နှစ်ယောက် ၉ ယောက်။ ဦးဝှေ့တင်းအပါအဝင် ၁၀ ယောက်ပေါ့ခင်ဗျား။ ၉ ယောက်ကို လွှတ်ပေးပြီး တော့ ဦးဝှေ့တင်းကိုတော့ သူတို့မေးစရာရှိလို့ဆိုပြီးတော့ ခေါ်ထားလိုက်တယ်။ တစ်ဦးကတော့ ခေါ်သွားတဲ့အချိန်မှာ အမောဖောက်လို့ သေဆုံးသွားတာလို့ သိရပါတယ်"လို့ ဦးစိုးထက်ကပြောပါတယ်။

အေအေ အဖွဲ့ ပြောခွင့်ရသူ ခိုင်သုခ ကတော့ ကုလားတန်မြစ်ထဲ မှာ လုံခြုံရေးဆောင် ရွက်စဉ် စပိဘုတ် နှစ်စီးကို ရပ်ပီးစစ်ဆေးခဲ့ကြောင်းနဲ့ ကမ်းကပ်စစ်ဆေးစဉ် မှာ အိန္ဒိယနိုင်ငံ သား နှလုံးဖောက်ပြီးသေဆုံးသွားခဲ့တာဖြစ်တယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။

ဒါအပြင် လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ စစ်တပ်နဲ့ပူးပေါင်းပြီး အေအေ အဖွဲ့ရဲ့ သတင်းအချက်တွေကို စုဆောင်းဖို့ ခမီးလူငယ်တွေကို စုဖွဲ့ထားတာ ရယ်၊ ခမီးနဲ့ ရခိုင်ကြား ဘာသာရေး လူမျိုးရေးပဋိ ပက္ခ ဖြစ်လာအောင် ပလက်ဝ မြို့နယ်ထဲ မှာဆောင်ရွက်နေလို့ မေးမြန်းစရာတွေရှိတဲ့ အတွက် ဖမ်းထားတာဖြစ်တယ်လို့ လည်း ခိုင်သုခ ကပြောပါတယ်။
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၁ ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုတော့ ဆက်ခေါ်ထားတုန်းလို့ သူကပြောပါတယ်။

အိန္ဒိယနိုင်ငံသား ၅ ဦးတို့မှာ RPP ကုမ္ပဏီရဲ့ ပိုင်ရှင် R.J.Sharma နဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အင်ဂျင်နီယာ Vinoo Gobal၊ RPO ကုမ္ပဏီက Agy gothiyam နဲ့ အိန္ဒိယအစိုးရရဲ့ နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ EPIM ကုမ္ပဏီက အင်ဂျင်နီယာတစ်ဦးဖြစ်သူ N.Shyam တို့ဖြစ်ကြပြီး စကားပြန်နှစ်ဦးကတော့ စစ်တွေမြို့က ဟိန္ဒူလူမျိုးတွေဖြစ်ကြပါတယ်။

"သေဆုံးသွားတဲ့သူက RPP ကုမ္ပဏီရဲ့ ဒါရိုက်တာ အဖွဲ့ဝင် အင်ဂျင်နီယာ VInoo Gobal ဖြစ်ပါတယ်။ သူက နှစ်လုံးရောဂါရှိတယ်။ နှလုံးဖောက်ပြီးတော့ ဆုံးသွားတာပါ။ တောင်ပေါ်ကိုအတက်မှာ သေဆုံးသွားတာပါ။"လို့ သူတို့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ အိန္ဒိယနိုင်ငံသား ၅ ဦးမှာ အိန္ဒိယ-မြန်မာ အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်နေတဲ့ ကုလားတန်ဘက်စုံ စီမံကိန်းရဲ့ ပလက်ဝ-မြိတ်ဝ လမ်းပိုင်းကို တာဝန်ယူဖောက်လုပ်မယ့် ကုမ္ပဏီတွေရဲ့ တာဝန်ရှိသူတွေဖြစ်ပြီး အဲ့ဒီလမ်းဖောက်လုပ်မယ့်ကိစ္စနဲ့ပတ်သက်လို့ လာရောက်ခဲ့ကြတာဖြစ်ကြောင်း Eassar ကုမ္ပဏီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဲ့ဒီလမ်းကို ဖောက်လုပ်ဖို့အတွက် ပြီးခဲ့တဲ့နှစ်က တင်ဒါအောင်မြင်ခဲ့တဲ့ CNC Myanmar road constration (India) Co.Ltdဟာ ဒေဝါလီခံလိုက်ရတာကြောင့် RPP နဲ့ RPO ကုမ္ပဏီတို့က တာဝန်ယူဖောက်လုပ်နိုင်ရေး လုပ်ငန်းလွှဲပြောင်းမှုတွေ ပြုလုပ်ဖို့အတွက် တာဝန်ရှိသူတွေ လာရောက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
Image caption အိန္ဒိယနိုင်ငံသားရုပ်အလောင်း ဟာ စစ်တွေဆေးရုံ ကနေအိန္ဒိယ ကိုသယ်မယ်

အိန္ဒိယနိုင်ငံသား ၅ ဦးတို့ဟာ နိုဝင်ဘာ ၂ ရက်နေ့က စစ်တွေမြို့ကို လေယာဉ်နဲ့ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး လုပ်ငန်းလွှဲပြောင်းရေးကိစ္စတွေကို ဆောင်ရွက်ပြီးစီးလို့ရှိရင် နိုဝင်ဘာ ၃ ရက်နေ့ညနေပိုင်းမှာ ပြန်မှာဖြစ်ပေမယ့် ပလက်ဝမြိုနယ်က အပြန်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

လက်ရှိမှာ အဲ့ဒီစီမံကိန်းအတွင်း စစ်တွေရေနက်ဆိပ်ကမ်းနဲ့ ပလက်ဝရေနက်ဆိပ်ကမ်းတွေကို ဆောက်လုပ်ပြီးစီးနေပြီဖြစ် ပေမယ့် ပလက်ဝကနေ အိန္ဒိယနယ်စပ် မြိတ်ဝအထိ ၁၀၉ ဒသမ ၂ ကီလိုမီတာအရှည် လမ်းကို ဖောက်လုပ်ဖို့ကျန်ရှိနေတာ လဲဖြစ်ပါတယ်။

နောက်ဆုံးထပ်မံရရှိတဲ့ သတင်းတွေအရ တော့အေအေအဖွဲ့ရဲ့ ဖမ်းဆီးခံ ရသူ တွေထဲ က သေဆုံးသူ အသက် ၆၀ ကျော် အရွယ် အိန္ဒိယနိုင်ငံသားရုပ်အလောင်း ဟာ စစ်တွေဆေးရုံကို ရောက်ရှိနေတယ်လို့လည်းဘီဘီစီ သတင်းထောက်ကပြောပါတယ်။

BBC Burmese
https://www.bbc.com
ေအေအ အဖြဲ႕ ဖမ္းစဥ္ ေသဆုံးသူ အိႏၵိယႏိုင္ငံသားရဲ႕႐ုပ္အေလာင္းအိႏၵိယ ကို ျပန္သယ္ ဖို႔စီစဥ္ေန ေအေအ အဖြဲ႕ ဖမ္းစဥ္ ေသဆုံးသူ အိႏၵိယႏိုင္ငံသားရဲ႕႐ုပ္အေလာင္းအိႏၵိယ ကို ျပန္သယ္ ဖို႔စီစဥ္ေန Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.