႐ိုဟင္ဂ်ာအေရး ႏိုင္ငံမဲ႔ကိစၥမွာ UNHCR ထည္႔သြင္းေဆြးေႏြး


ဘဂၤလားေဒရွ္႕က ရိုဟင္ဂ်ာ ဒုကၡသည္ေတြ ဌာေနျပန္ေရး လုပ္ငန္းစဥ္ မေအာင္ျမင္ ခဲ႔ေပမယ့္လည္း ဒုကၡသည္ေတြ ဌာေနျပန္ေရး အတြက္ ျမန္မာဘက္က လမ္းဖြင့္ထားတယ္ဆိုတာနဲ႔ ဆႏၵအေလ်ာက္ ဌာေနျပန္ေရးကို အေလးထားတယ္ဆိုတဲ႔ အေရးႀကီးတဲ႔ သတင္းစကားကိုေတာ့ ပါးႏုိင္ခဲ႔တယ္လို႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီးက UNHCR အမႈေဆာင္ ေကာ္မတီ အစည္းအေ၀း အဖြင့္မွာ မွတ္ခ်က္ေပး ေျပာဆိုသြားပါတယ္။ ဆြစ္ဇာလန္ ႏုိင္ငံ ဂ်ီနီဗာမွာ တနလာၤေန႔က စတင္လိုက္တဲ႔ UNHCR အမႈေဆာင္ ေကာ္မတီ အစည္းအေ၀းတြင္း ႏုိင္ငံမဲ႔ေတြ အေရး ေဆြးေႏြးခဲ႔ၾကတာမွာေတာ့ UNHCR ရဲ႕ ခ်စ္ၾကည္ေရး သံတမန္ ၾသစေတးလ် ရုပ္ရွင္ သရုပ္ေဆာင္ Cate Blanchett လည္း ပါ၀င္ခဲ႔ပါတယ္။ မသိဂၤ ီထုိက္ စုစည္းတင္ျပေပးမွာပါ။

ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီးရံုး UNHCR ရဲ႕ အႀကိမ္ ၇၀ ေျမာက္ အမႈေဆာင္ ေကာ္မတီ အစည္းအေ၀းကို ဆြစ္ဇာလန္ႏုိင္ငံ ဂ်ီနီဗာမွာ တနလာၤေန႔က စတင္တာမွာ ႏုိင္ငံမဲ႔ေတြ အေရးကို ေဆြးေႏြးခဲ႔ၾကပါတယ္။ UNHCR အမႈေဆာင္ ေကာ္မတီ အစည္းအေ၀းနဲ႔ ဆက္စပ္ အစည္းအေ၀းေတြကိုေတာ့ လူမႈ၀န္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ၀န္ႀကီး ေဒါက္တာ ၀င္းျမတ္ေအး တက္ေရာက္ေနတာပါ။ တနလာၤေန႔ အစည္းအေ၀း အဖြင့္မွာေတာ့ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး Filipo Grandi က ဒုကၡသည္အေရး အဖြင့္မိန္႔ခြန္းမွာ ရိုဟင္ဂ်ာေတြ ဌာေနျပန္ေရး အတြက္ ျမန္မာ အစိုးရဘက္က အသိအမွတ္ျပဳထားတဲ႔ အခ်က္ကို အခုလို ထည့္သြင္းေျပာဆိုသြားပါတယ္။

“ျမန္မာႏုိင္ငံ အစိုးရက ဘဂၤလားေဒရွ္႕က ဒုကၡသည္ေတြရဲ႕ ဌာေနျပန္ခြင့္ကို အသိအမွတ္ျပဳထားၿပီး ဆံုးျဖတ္ခ်က္ေတြကို အသိေပးႏုိင္ေရးနဲ႔ ယံုၾကည္ခ်က္ တည္ေဆာက္ႏုိင္ေရး အတြက္ ဒုကၡသည္ေတြနဲ႔ အေရးႀကီးတဲ႔ ေဆြးေႏြးမႈေတြ စတင္လုပ္ေဆာင္ေနပါတယ္။ UNHCR နဲ႔ UNDP တို႔ကလည္း ဌာေနျပန္ေရးမွာ အေထာက္အကူ ေပးတဲ႔ အေနနဲ႔ ရခုိင္ျပည္နယ္ ေျမာက္ပိုင္းမွာ လူမႈေပါင္းစည္းေရး ဆိုင္ရာ စီမံကိန္းေတြ ေဆာင္ရြက္ေနပါတယ္။ ဒါေတြက အေရးႀကီးတဲ႔ လုပ္ငန္းစဥ္ေတြ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒုကၡသည္ေတြရဲ႕ စိုးရိမ္ခ်က္ေတြ ျဖစ္တဲ႔ လြတ္လပ္စြာ သြားလာခြင့္၊ ႏုိင္ငံတြင္းက ဒုကၡသည္ေတြ အေရး ေျဖရွင္းဖို႔နဲ႔ ႏုိင္ငံသား ျဖစ္ခြင့္နဲ႔ ပတ္သက္ၿပီး ရွင္းရွင္းလင္းလင္း ရွိဖို႔ စတဲ႔ အေရးႀကီးတဲ႔ ကိစၥရပ္ေတြမွာေတာ့ ပိုၿပီး ထင္သာ ျမင္သာရွိတဲ႔ အေျပာင္းအလဲေတြ ျဖစ္ထြန္းလာဖို႔ လိုအပ္ေနပါတယ္။”

ရခုိင္ျပည္နယ္တြင္း ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ေႏွာင္းပိုင္းက အၾကမ္းဖက္မႈေတြ ေနာက္ပိုင္း ဘဂၤလားေဒရွ္႕ဘက္ကို ရိုဟင္ဂ်ာ သိန္းနဲ႔ခ်ီၿပီး ထြက္ေျပးခဲ႔ရတာ ျဖစ္ပါတယ္။ ဒီဒုကၡသည္ေတြ ဌာေနျပန္ေရး အတြက္ ျမန္မာနဲ႔ ဘဂၤလားေဒရွ္႕ ႏွစ္ႏုိင္ငံ သေဘာတူညီခ်က္နဲ႔ ႏွစ္ႀကိမ္တိုင္တိုင္ ႀကိဳးစားခဲ႔ေပမယ့္ မေအာင္ျမင္ေသးပါဘူး။ ျမန္မာ အစိုးရဘက္က ဒုကၡသည္ေတြကို ျပန္လက္ခံမယ္လို႔ ေျပာဆိုထားေပမယ့္ ရိုဟင္ဂ်ာ ဆိုတဲ႔ အသံုးအႏႈန္းကို လက္မခံပါဘူး။ ဒါ႔အျပင္ ႏုိင္ငံသား ျဖစ္ခြင့္နဲ႔ ပတ္သက္ၿပီးလည္း ခိုင္မာတဲ႔ အာမခံခ်က္ မေပးပါဘူး။ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး Filipo Grandi ကေတာ့ ဒုကၡသည္ေတြ ဌာေနျပန္ေရး မေအာင္ျမင္ေသးတဲ႔ အေပၚမွာ အခုလို ေျပာပါတယ္။

“ဌာေနျပန္ေရး စတင္ဖို႔ ၾသဂုတ္လ အတြင္း ႏွစ္ႏုိင္ငံ ပူးေပါင္းၿပီး ဒုတိယ အႀကိမ္ေျမာက္ ေဆာင္ရြက္မႈမွာလည္း ဒုကၡသည္ တဦးတေယာက္မွ မျပန္ခဲ႔ၾကပါဘူး။ ဒါေပမယ့္ ဒီလုပ္ငန္းစဥ္ဟာဆိုရင္ ဌာေနျပန္ေရး အတြက္ ဖြင့္ထားၿပီး ဆႏၵအေလ်ာက္ ျဖစ္ေစဖို႔ အေလးထားတယ္ဆိုတဲ႔ အေရးႀကီးတဲ႔ သတင္းစကားကိုေတာ့ ေပးႏုိင္ခဲ႔ပါတယ္။

ဒီအခ်က္ဟာဆိုရင္ ဒုကၡသည္ေတြရဲ႕ ေတာင္းဆိုခ်က္ေတြနဲ႔ ေရြးခ်ယ္မႈကသာ အခရာ ျဖစ္တဲ႔ ပိုၿပီး ထိေရာက္ႏုိင္တဲ႔ ခ်ဥ္းကပ္ေဆာင္ရြက္မႈ အတြက္ လမ္းပြင့္သြားေစႏုိင္တယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။ UNHCR အေနနဲ႔ကေတာ့ အၾကံဥာဏ္ေပးဖို႔နဲ႔ ေထာက္ပံ႔ဖို႔ အဆင့္သင့္ ရွိေနပါတယ္။”

UNHCR ရဲ႕ အႀကိမ္ ၇၀ ေျမာက္ အမႈေဆာင္ ေကာ္မတီ အစည္းအေ၀း အဖြင့္မွာဘဲ ကမၻာတလႊား ႏုိင္ငံမဲ႔ ျဖစ္ေနၾကရသူေတြ အေရးကိုလည္း အထူးေဆြးေႏြးခဲ႔ၾကပါတယ္။ ဒီေဆြးေႏြးပြဲ အၿပီးမွာ လုပ္တဲ႔ သတင္းစာ ရွင္းလင္းပြဲမွာေတာ့ UNHCR ရဲ႕ ခ်စ္ၾကည္ေရး သံတမန္ ၾသစေတးလ် ရုပ္ရွင္ သရုပ္ေဆာင္ Cate Blanchett က ကမၻာတလႊား ႏုိင္ငံမဲ႔ ျပႆနာကို ရိုဟင္ဂ်ာ အေရးလို ႀကီးထြားမလာဖို႔ လိုတယ္လို႔ တိုက္တြန္းသြားပါတယ္။

“ဘဂၤလားေဒရွ္႕ကို ၾကည့္မယ္ဆိုရင္ က်မ အဲဒီကို ေရာက္ခဲ႔ခ်ိန္မွာ ႏုိင္ငံမဲ႔ ရိုဟင္ဂ်ာေတြေၾကာင့္ ျဖစ္ရတဲ႔ ျပႆနာက အဆမတန္ ႀကီးမားပါတယ္။ ဒီျပသနာႀကီးကေန က်မတို႔ သင္ယူၾကရမယ္လို႔ ထင္ပါတယ္။ ေဒသတြင္း ျပႆနာေလးက ဆယ္စုႏွစ္ေတြနဲ႔ခ်ီ ၾကာလာတဲ႔ အခါမွာ ႏုိင္ငံ နယ္နိမိတ္ကို ေက်ာ္လြန္လာၿပီးေနာက္ ႏုိင္ငံတကာ ျပႆနာႀကီး ျဖစ္လာခဲ႔တာပါ။ ဆိုေတာ့ တျခား ႏုိင္ငံမဲ႔ ျပႆနာေတြကိုလည္း အခု ဘဂၤလားေဒရွ္႕ ႀကံဳေတြ႔ေနရတဲ႔ ရိုဟင္ဂ်ာ ျပသနာမ်ိဳး အထိ ႀကီးထြားမလာေစဖို႔ လိုအပ္ပါတယ္။”

ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ ေအဂ်င္စီ UNHCR က ကမၻာတလႊား ႏုိင္ငံမဲ႔ ျပႆနာေတြ ၂၀၂၄ ခုႏွစ္မွာ အဆံုးသတ္ႏုိင္ေရး ရည္ရြယ္တဲ႔ #IBelong ဆိုတဲ႔ လႈပ္ရွားမႈကို ၂၀၁၄ ခုႏွစ္မွာ စတင္ခဲ႔ၿပီး အခု ၂၀၁၉ ခုႏွစ္မွာ လႈပ္ရွားမႈကာလ ထက္၀က္ျပည့္ခ်ိန္ ျဖစ္ပါတယ္။ လႈပ္ရွားမႈ ကာလ ၅ ႏွစ္တာ အတြင္း ႏုိင္ငံမဲ႔ လူဦးေရ ၂၂၀၀၀၀ ဟာ ႏိုင္ငံသား ျဖစ္ခြင့္ရခဲ႔ၿပီး ျဖစ္ပါတယ္။ ဒီႏွစ္ ဇူလိုင္လမွာဘဲ Kyrgyztan ႏုိင္ငံက ေဖာ္ထုတ္သိရွိထားသမွ် ႏုိင္ငံမဲ႔ ျဖစ္မႈ အားလံုးကို အျပည့္အ၀ ေျဖရွင္းၿပီးၿပီလို႔ ကမၻာ့ ပထမဆံုး ႏုိင္ငံ အျဖစ္ ေၾကညာႏုိင္ခဲ႔ပါတယ္။

..................

{Unicode}

ရိုဟင်ဂျာအရေး နိုင်ငံမဲ့ကိစ္စမှာ UNHCR ထည့်သွင်းဆွေးနွေး

ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေး လုပ်ငန်းစဉ် မအောင်မြင် ခဲ့ပေမယ့်လည်း ဒုက္ခသည်တွေ ဌာနေပြန်ရေး အတွက် မြန်မာဘက်က လမ်းဖွင့်ထားတယ်ဆိုတာနဲ့ ဆန္ဒအလျောက် ဌာနေပြန်ရေးကို အလေးထားတယ်ဆိုတဲ့ အရေးကြီးတဲ့ သတင်းစကားကိုတော့ ပါးနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက UNHCR အမှုဆောင် ကော်မတီ အစည်းအဝေး အဖွင့်မှာ မှတ်ချက်ပေး ပြောဆိုသွားပါတယ်။ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာ တနလာၤနေ့က စတင်လိုက်တဲ့ UNHCR အမှုဆောင် ကော်မတီ အစည်းအဝေးတွင်း နိုင်ငံမဲ့တွေ အရေး ဆွေးနွေးခဲ့ကြတာမှာတော့ UNHCR ရဲ့ ချစ်ကြည်ရေး သံတမန် သြစတေးလျ ရုပ်ရှင် သရုပ်ဆောင် Cate Blanchett လည်း ပါဝင်ခဲ့ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အကြိမ် ၇၀ မြောက် အမှုဆောင် ကော်မတီ အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ တနလာၤနေ့က စတင်တာမှာ နိုင်ငံမဲ့တွေ အရေးကို ဆွေးနွေးခဲ့ကြပါတယ်။ UNHCR အမှုဆောင် ကော်မတီ အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကိုတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်နေတာပါ။ တနလာၤနေ့ အစည်းအဝေး အဖွင့်မှာတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filipo Grandi က ဒုက္ခသည်အရေး အဖွင့်မိန့်ခွန်းမှာ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အတွက် မြန်မာ အစိုးရဘက်က အသိအမှတ်ပြုထားတဲ့ အချက်ကို အခုလို ထည့်သွင်းပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံ အစိုးရက ဘင်္ဂလားဒေရှ့်က ဒုက္ခသည်တွေရဲ့ ဌာနေပြန်ခွင့်ကို အသိအမှတ်ပြုထားပြီး ဆုံးဖြတ်ချက်တွေကို အသိပေးနိုင်ရေးနဲ့ ယုံကြည်ချက် တည်ဆောက်နိုင်ရေး အတွက် ဒုက္ခသည်တွေနဲ့ အရေးကြီးတဲ့ ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေပါတယ်။ UNHCR နဲ့ UNDP တို့ကလည်း ဌာနေပြန်ရေးမှာ အထောက်အကူ ပေးတဲ့ အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူမှုပေါင်းစည်းရေး ဆိုင်ရာ စီမံကိန်းတွေ ဆောင်ရွက်နေပါတယ်။ ဒါတွေက အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်တွေရဲ့ စိုးရိမ်ချက်တွေ ဖြစ်တဲ့ လွတ်လပ်စွာ သွားလာခွင့်၊ နိုင်ငံတွင်းက ဒုက္ခသည်တွေ အရေး ဖြေရှင်းဖို့နဲ့ နိုင်ငံသား ဖြစ်ခွင့်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ရှိဖို့ စတဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေမှာတော့ ပိုပြီး ထင်သာ မြင်သာရှိတဲ့ အပြောင်းအလဲတွေ ဖြစ်ထွန်းလာဖို့ လိုအပ်နေပါတယ်။”

ရခိုင်ပြည်နယ်တွင်း ၂၀၁၇ ခုနှစ် သြဂုတ်လ နှောင်းပိုင်းက အကြမ်းဖက်မှုတွေ နောက်ပိုင်း ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေ ဌာနေပြန်ရေး အတွက် မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ သဘောတူညီချက်နဲ့ နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့ပေမယ့် မအောင်မြင်သေးပါဘူး။ မြန်မာ အစိုးရဘက်က ဒုက္ခသည်တွေကို ပြန်လက်ခံမယ်လို့ ပြောဆိုထားပေမယ့် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ဒါ့အပြင် နိုင်ငံသား ဖြစ်ခွင့်နဲ့ ပတ်သက်ပြီးလည်း ခိုင်မာတဲ့ အာမခံချက် မပေးပါဘူး။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filipo Grandi ကတော့ ဒုက္ခသည်တွေ ဌာနေပြန်ရေး မအောင်မြင်သေးတဲ့ အပေါ်မှာ အခုလို ပြောပါတယ်။

“ဌာနေပြန်ရေး စတင်ဖို့ သြဂုတ်လ အတွင်း နှစ်နိုင်ငံ ပူးပေါင်းပြီး ဒုတိယ အကြိမ်မြောက် ဆောင်ရွက်မှုမှာလည်း ဒုက္ခသည် တဦးတယောက်မှ မပြန်ခဲ့ကြပါဘူး။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်ဟာဆိုရင် ဌာနေပြန်ရေး အတွက် ဖွင့်ထားပြီး ဆန္ဒအလျောက် ဖြစ်စေဖို့ အလေးထားတယ်ဆိုတဲ့ အရေးကြီးတဲ့ သတင်းစကားကိုတော့ ပေးနိုင်ခဲ့ပါတယ်။

ဒီအချက်ဟာဆိုရင် ဒုက္ခသည်တွေရဲ့ တောင်းဆိုချက်တွေနဲ့ ရွေးချယ်မှုကသာ အခရာ ဖြစ်တဲ့ ပိုပြီး ထိရောက်နိုင်တဲ့ ချဉ်းကပ်ဆောင်ရွက်မှု အတွက် လမ်းပွင့်သွားစေနိုင်တယ်လို့ ကျနော် မျှော်လင့်ပါတယ်။ UNHCR အနေနဲ့ကတော့ အကြံဉာဏ်ပေးဖို့နဲ့ ထောက်ပံ့ဖို့ အဆင့်သင့် ရှိနေပါတယ်။”

UNHCR ရဲ့ အကြိမ် ၇၀ မြောက် အမှုဆောင် ကော်မတီ အစည်းအဝေး အဖွင့်မှာဘဲ ကမ္ဘာတလွှား နိုင်ငံမဲ့ ဖြစ်နေကြရသူတွေ အရေးကိုလည်း အထူးဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲ အပြီးမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ UNHCR ရဲ့ ချစ်ကြည်ရေး သံတမန် သြစတေးလျ ရုပ်ရှင် သရုပ်ဆောင် Cate Blanchett က ကမ္ဘာတလွှား နိုင်ငံမဲ့ ပြဿနာကို ရိုဟင်ဂျာ အရေးလို ကြီးထွားမလာဖို့ လိုတယ်လို့ တိုက်တွန်းသွားပါတယ်။

“ဘင်္ဂလားဒေရှ့်ကို ကြည့်မယ်ဆိုရင် ကျမ အဲဒီကို ရောက်ခဲ့ချိန်မှာ နိုင်ငံမဲ့ ရိုဟင်ဂျာတွေကြောင့် ဖြစ်ရတဲ့ ပြဿနာက အဆမတန် ကြီးမားပါတယ်။ ဒီပြသနာကြီးကနေ ကျမတို့ သင်ယူကြရမယ်လို့ ထင်ပါတယ်။ ဒေသတွင်း ပြဿနာလေးက ဆယ်စုနှစ်တွေနဲ့ချီ ကြာလာတဲ့ အခါမှာ နိုင်ငံ နယ်နိမိတ်ကို ကျော်လွန်လာပြီးနောက် နိုင်ငံတကာ ပြဿနာကြီး ဖြစ်လာခဲ့တာပါ။ ဆိုတော့ တခြား နိုင်ငံမဲ့ ပြဿနာတွေကိုလည်း အခု ဘင်္ဂလားဒေရှ့် ကြုံတွေ့နေရတဲ့ ရိုဟင်ဂျာ ပြသနာမျိုး အထိ ကြီးထွားမလာစေဖို့ လိုအပ်ပါတယ်။”

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR က ကမ္ဘာတလွှား နိုင်ငံမဲ့ ပြဿနာတွေ ၂၀၂၄ ခုနှစ်မှာ အဆုံးသတ်နိုင်ရေး ရည်ရွယ်တဲ့ #IBelong ဆိုတဲ့ လှုပ်ရှားမှုကို ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့ပြီး အခု ၂၀၁၉ ခုနှစ်မှာ လှုပ်ရှားမှုကာလ ထက်ဝက်ပြည့်ချိန် ဖြစ်ပါတယ်။ လှုပ်ရှားမှု ကာလ ၅ နှစ်တာ အတွင်း နိုင်ငံမဲ့ လူဦးရေ ၂၂၀၀၀၀ ဟာ နိုင်ငံသား ဖြစ်ခွင့်ရခဲ့ပြီး ဖြစ်ပါတယ်။ ဒီနှစ် ဇူလိုင်လမှာဘဲ Kyrgyztan နိုင်ငံက ဖော်ထုတ်သိရှိထားသမျှ နိုင်ငံမဲ့ ဖြစ်မှု အားလုံးကို အပြည့်အ၀ ဖြေရှင်းပြီးပြီလို့ ကမ္ဘာ့ ပထမဆုံး နိုင်ငံ အဖြစ် ကြေညာနိုင်ခဲ့ပါတယ်။

မသိဂႌထုိက္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
႐ိုဟင္ဂ်ာအေရး ႏိုင္ငံမဲ႔ကိစၥမွာ UNHCR ထည္႔သြင္းေဆြးေႏြး ႐ိုဟင္ဂ်ာအေရး ႏိုင္ငံမဲ႔ကိစၥမွာ UNHCR ထည္႔သြင္းေဆြးေႏြး Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.