ျမန္မာႏုိင္ငံကူးစာအုပ္ Passport အတုလုပ္တဲ့ဂိုဏ္း ဘန္ေကာက္မွာဖမ္းမိ

myanmar passport
Zawgyi

ျမန္မာႏုိင္ငံကူးစာအုပ္ေတြမွာ ထိုင္းျပည္ဝင္ခြင့္ဗီဇာ အတုေတြထုၿပီး ေရာင္းစားေနတဲ့ ထိုင္းႏုိ္င္ငံ၊ ဘန္ေကာက္ၿမိဳ႕ေတာ္အေျခစိုက္ ဂိုဏ္းတဂိုဏ္းကို ထိုင္းအာဏာပိုင္ေတြက ေဖာ္ထုတ္ ဖမ္းဆီး လို္က္ပါတယ္။ ထိုင္းေတာင္ပိုင္း၊ ဆုန္ခလာခ႐ိုင္မွာ ဗီဇာအတုနဲ႔ အခ်က္အလက္ေတြ ျပန္ျပင္ ထားတဲ့ ျမန္မာႏိုင္ငံကူးစာအုပ္ ကိုင္ေဆာင္ထားသူ ျမန္မာႏုိ္င္ငံသားတဦးကို ဖမ္းမိတာကေန ေနာက္ဆက္တြဲအေနနဲ႔ ဂိုဏ္းတဂိုဏ္းလံုးကုိ ဖမ္္းဆီးလိုက္တာပါ။ ဗီြအိုေအ ထိုုင္းအေျခစိုက္ သတင္းေထာက္ မေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕ကေန ကုန္ပစၥည္းပို႔ေဆာင္ေရးလမ္းေၾကာင္းကိုသံုးၿပီး ျမန္မာ ႏုိင္ငံကူးစာအုပ္အတုေတြ ပို႔ေနတဲ့ဂိုဏ္းကို ေဖာ္ထုတ္ဖမ္းဆီးလိုက္တဲ့အေၾကာင္း ေအာက္တိုဘာလ ၁၁ ရက္ေန႔က ဘန္ေကာက္ၿမိဳ႕၊ ထိုင္္း လူဝင္မႈႀကီးၾကပ္ေရးဗ်ဴ႐ိုမွာ လုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ထုိင္း လဝကဦးစီးအရာရွိ Sompong Chingdao က ေျပာသြားပါတယ္။

“ျမန္မာႏိုင္ငံသားေတြကို နယ္စပ္ေနရာအသီးသီးကေနေခၚလာၿပီး ျမန္မာႏုိင္ငံကူး စာအုပ္အတု ေတြ လုပ္ေပးေနတာျဖစ္တယ္၊ အဲဒီစာအုပ္ေတြဟာ မဲေဆာက္ကေန သယ္လာတာျဖစ္တယ္၊ ကုန္ပုိ႔ေဆာင္ေနတဲ့စံနစ္နဲ႔ ပုိ႔တာ၊ လူကုိယ္တုိင္သယ္လာတာ ရွိတယ္၊ အဲဒီဂိုဏ္းကုိ ေစာင့္ၾကည့္ ေနတာကုိၾကာၿပီ၊ ဒီအဖဲြ႔မွာပါတဲ့သူေတြကုိ ဖမ္း၀ရမ္း ထုတ္ထားတာျဖစ္တယ္၊ ျမန္မာႏို္င္ငံကူး စာအုပ္အတုေတြကို ထုိင္းႏိုင္ငံ ဗီဇာတံုးေတြ ထုၿပီး ျမန္မာႏိုင္ငံသားေတြကို ျပန္ေရာင္းစားေန တာျဖစ္တယ္၊ ႏိုင္ငံကူးစာအုပ္အတု လုပ္တဲ့ဂိုဏ္းကုိ ဖမ္းမိတာကေတာ့ ႏိုင္ငံကူးစာအုပ္ေတြကုိ ကားဂိတ္ကေန သြားယူေန တုန္း ဖမ္းမိတာျဖစ္တယ္” လို႔ မစၥတာ Chingdao ကေျပာပါတယ္။ ထိုင္းေတာင္ပိုင္း ဆုန္ခလာခ႐ိုင္မွာ နိုင္ငံကူးစာအုပ္အတု ကိုင္ေဆာင္ထားတဲ့ ျမန္မာႏိုင္ငံသား ကိုေက်ာ္ ဆိုသူကို စတင္ဖမ္းမိခဲ့ရာက စာအုပ္အတုလုပ္ေနတဲ့ဂိုဏ္းကုိ ဆက္လက္ ေဖာ္ထုတ္ ဖမ္းဆီးနိုင္ခဲ့တာပါ။

ျမန္မာနိုင္ငံကူး စာအုပ္အတု ၁၄ အုပ္နဲ႔ အသက္ ၃၂ အရြယ္ မနီလာ၊ အသက္ ၃၃ ႏွစ္ အရြယ္ ကိုဇင္တို႔နဲ႔အတူ တရားမ၀င္ ျမန္မာနိုင္ငံသား ၁၀ ဦးကို ဘန္ေကာက္ၿမိဳ႕မွာ ဖမ္းဆီးခဲ့တာ ျဖစ္ပါ တယ္။ ဖမ္းဆီးခံရသူေတြရဲ႕ ၀န္ခံခ်က္အရ ျမန္မာနိုင္ငံသားေတြကို လူေမွာင္ခိုသမားေတြက ဘန္ေကာက္ကိုေခၚလာေပးၿပီး ဒီဂိုဏ္းက နိုင္ငံကူးစာအုပ္ အတုေတြ လုပ္ေပးေနတာ ျဖစ္တယ္လို႔ ထုိင္းအာဏာပုိင္ေတြကေျပာပါတယ္။

ေအာက္တိုဘာလ ၁၁ ရက္ေန႔က ဖမ္းမိသည့္ ျမန္မာႏုိင္ငံကူးစာအုပ္ အတုလုပ္သူမ်ားႏွင့္ စစ္ေဆးေနသည့္ ထိုင္းအာဏာပိုင္မ်ား။
ဖမ္းဆီးခံရတဲ့ ျမန္မာႏို္င္ငံသူ မနီလာဟာ ျမန္မာနိုင္ငံကူးစာအုပ္ေတြမွာ ထိုင္းႏို္င္ငံရဲ႕ တံဆိပ္တုံး အတုေတြ၊ ဗီဇာအတုေတြထုၿပီး ႏိုင္ငံကူးစာအုပ္ Passport တအုပ္ကို ထိုင္းဘတ္ေငြ ၁၈,၀၀၀ ယူၿပီးေတာ့ စာအုပ္အတုလုပ္ငန္း လုပ္ေနတာျဖစ္တယ္လို႔လည္း ထိုင္းအာဏာပုိင္ေတြက သတင္းစာရွင္းလင္းပဲြအတြင္းမွာ ေျပာဆုိသြားပါတယ္။

ဗီဇာတံဆိပ္တံုးမထုရေသးတဲ့ နိုင္ငံကူးစာအုပ္ေတြကိုေတာ့ ျမန္မာနိုင္ငံတြင္းကေန ယူလာၿပီး ထိုင္း-ျမန္မာနယ္စပ္ ျမ၀တီကတဆင့္ မဲေဆာက္ၿမိဳ႕၊ မဲေဆာက္ကေန ကုန္စည္ပို႔ေဆာင္ေရး စနစ္နဲ႔ ဘန္ေကာက္ကို ဆက္ပို႔တာလို႔ ထုိင္းအာဏာပိုင္ေတြက ေျပာပါတ္ယ။

၂၀၁၉ ခု ႏွစ္စပုိင္းတုန္းကတႀကိမ္ ျမန္မာႏုိင္ငံကူးစာအုပ္ အတုလုပ္သူေတြကို ဖမ္းမိခဲ့ၿပီး တဲ့ေနာက္ အခုတႀကိမ္ ထပ္ၿပီး အလားတူဂိုဏ္းမ်ဳိးကို ဖမ္းဆီးမိတာျဖစ္ပါတယ္။

ေအးေအးမာ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
---------------
Unicode

မြန်မာနိုင်ငံကူးစာအုပ် Passport အတုလုပ်တဲ့ဂိုဏ်း ဘန်ကောက်မှာဖမ်းမိ
13 အောက်တိုဘာ၊ 2019

မြန်မာနိုင်ငံကူးစာအုပ်တွေမှာ ထိုင်းပြည်ဝင်ခွင့်ဗီဇာ အတုတွေထုပြီး ရောင်းစားနေတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်အခြေစိုက် ဂိုဏ်းတဂိုဏ်းကို ထိုင်းအာဏာပိုင်တွေက ဖော်ထုတ် ဖမ်းဆီး လိုက်ပါတယ်။ ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်မှာ ဗီဇာအတုနဲ့ အချက်အလက်တွေ ပြန်ပြင် ထားတဲ့ မြန်မာနိုင်ငံကူးစာအုပ် ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားတဦးကို ဖမ်းမိတာကနေ နောက်ဆက်တွဲအနေနဲ့ ဂိုဏ်းတဂိုဏ်းလုံးကို ဖမ်းဆီးလိုက်တာပါ။ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ ကုန်ပစ္စည်းပို့ဆောင်ရေးလမ်းကြောင်းကိုသုံးပြီး မြန်မာ နိုင်ငံကူးစာအုပ်အတုတွေ ပို့နေတဲ့ဂိုဏ်းကို ဖော်ထုတ်ဖမ်းဆီးလိုက်တဲ့အကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့က ဘန်ကောက်မြို့၊ ထိုင်း လူဝင်မှုကြီးကြပ်ရေးဗျူရိုမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထိုင်း လဝကဦးစီးအရာရှိ Sompong Chingdao က ပြောသွားပါတယ်။

“မြန်မာနိုင်ငံသားတွေကို နယ်စပ်နေရာအသီးသီးကနေခေါ်လာပြီး မြန်မာနိုင်ငံကူး စာအုပ်အတု တွေ လုပ်ပေးနေတာဖြစ်တယ်၊ အဲဒီစာအုပ်တွေဟာ မဲဆောက်ကနေ သယ်လာတာဖြစ်တယ်၊ ကုန်ပို့ဆောင်နေတဲ့စံနစ်နဲ့ ပို့တာ၊ လူကိုယ်တိုင်သယ်လာတာ ရှိတယ်၊ အဲဒီဂိုဏ်းကို စောင့်ကြည့် နေတာကိုကြာပြီ၊ ဒီအဖွဲ့မှာပါတဲ့သူတွေကို ဖမ်းဝရမ်း ထုတ်ထားတာဖြစ်တယ်၊ မြန်မာနိုင်ငံကူး စာအုပ်အတုတွေကို ထိုင်းနိုင်ငံ ဗီဇာတုံးတွေ ထုပြီး မြန်မာနိုင်ငံသားတွေကို ပြန်ရောင်းစားနေ တာဖြစ်တယ်၊ နိုင်ငံကူးစာအုပ်အတု လုပ်တဲ့ဂိုဏ်းကို ဖမ်းမိတာကတော့ နိုင်ငံကူးစာအုပ်တွေကို ကားဂိတ်ကနေ သွားယူနေ တုန်း ဖမ်းမိတာဖြစ်တယ်” လို့ မစ္စတာ Chingdao ကပြောပါတယ်။ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်မှာ နိုင်ငံကူးစာအုပ်အတု ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ကိုကျော် ဆိုသူကို စတင်ဖမ်းမိခဲ့ရာက စာအုပ်အတုလုပ်နေတဲ့ဂိုဏ်းကို ဆက်လက် ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တာပါ။

မြန်မာနိုင်ငံကူး စာအုပ်အတု ၁၄ အုပ်နဲ့ အသက် ၃၂ အရွယ် မနီလာ၊ အသက် ၃၃ နှစ် အရွယ် ကိုဇင်တို့နဲ့အတူ တရားမဝင် မြန်မာနိုင်ငံသား ၁၀ ဦးကို ဘန်ကောက်မြို့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါ တယ်။ ဖမ်းဆီးခံရသူတွေရဲ့ ဝန်ခံချက်အရ မြန်မာနိုင်ငံသားတွေကို လူမှောင်ခိုသမားတွေက ဘန်ကောက်ကိုခေါ်လာပေးပြီး ဒီဂိုဏ်းက နိုင်ငံကူးစာအုပ် အတုတွေ လုပ်ပေးနေတာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့က ဖမ်းမိသည့် မြန်မာနိုင်ငံကူးစာအုပ် အတုလုပ်သူများနှင့် စစ်ဆေးနေသည့် ထိုင်းအာဏာပိုင်များ။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသူ မနီလာဟာ မြန်မာနိုင်ငံကူးစာအုပ်တွေမှာ ထိုင်းနိုင်ငံရဲ့ တံဆိပ်တုံး အတုတွေ၊ ဗီဇာအတုတွေထုပြီး နိုင်ငံကူးစာအုပ် Passport တအုပ်ကို ထိုင်းဘတ်ငွေ ၁၈,၀၀၀ ယူပြီးတော့ စာအုပ်အတုလုပ်ငန်း လုပ်နေတာဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောဆိုသွားပါတယ်။

ဗီဇာတံဆိပ်တုံးမထုရသေးတဲ့ နိုင်ငံကူးစာအုပ်တွေကိုတော့ မြန်မာနိုင်ငံတွင်းကနေ ယူလာပြီး ထိုင်း-မြန်မာနယ်စပ် မြဝတီကတဆင့် မဲဆောက်မြို့၊ မဲဆောက်ကနေ ကုန်စည်ပို့ဆောင်ရေး စနစ်နဲ့ ဘန်ကောက်ကို ဆက်ပို့တာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတ်ယ။

၂၀၁၉ ခု နှစ်စပိုင်းတုန်းကတကြိမ် မြန်မာနိုင်ငံကူးစာအုပ် အတုလုပ်သူတွေကို ဖမ်းမိခဲ့ပြီး တဲ့နောက် အခုတကြိမ် ထပ်ပြီး အလားတူဂိုဏ်းမျိုးကို ဖမ်းဆီးမိတာဖြစ်ပါတယ်။

အေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ျမန္မာႏုိင္ငံကူးစာအုပ္ Passport အတုလုပ္တဲ့ဂိုဏ္း ဘန္ေကာက္မွာဖမ္းမိ ျမန္မာႏုိင္ငံကူးစာအုပ္ Passport အတုလုပ္တဲ့ဂိုဏ္း ဘန္ေကာက္မွာဖမ္းမိ Reviewed by THITHTOOLWIN on 02:06 Rating: 5
Powered by Blogger.